မှတ် မှတ် မှတ်

aye.kkNovember 20, 20141min36230

ငယ်ငယ်တုန်းက သတိမေ့တတ်လွန်းတော့

မိတ်ဆွေဘကြီးက မမေ့တတ်အောင် သင်ပေးတယ် ။

ဥပမာပြောပြပြီး လက်တွေ ့သင်ပေးတာ။

ပြူတွင်းတံခါးပေါက် ကို ဘကြီးက သူကိုယ်တိုင် ပိတ်ပြတယ် ။

ပထဦးဆုံး ပြူတင်းတံခါးဂျက်ကို စတင်ကိုင်လိုက်တော့ ကိုင်တာကို ကိုင်တယ်လို ့မှတ်ခိုင်းတယ် ။

ပြူတင်းပေါက်ပိတ်ဘို ့အတွက်လက်နှစ်ဖက်နဲ ့ပြူတင်းတံခါးရွက်နှစ်ဖက်ကို အတွင်းဘက်ကိုဆွဲယူလိုက်တော့ ယူတယ် ယူတယ်လို ့မှတ်ခိုင်းတယ် ။

ပြူတင်းပေါက်ဂျက်ကို ချလိုက်တဲ့အချိန် ချလိုက်တာကို ချတယ်လို ့မှတ်ခိုင်းတယ် ။

ပြူတင်းတံခါးနှစ်ဖက် ပိတ်ပြီးသွားတော့ ပိတ်ပြီးပြီ ပိတ်ပြီးပြီလို ့ မှတ်ခိုင်းတယ် ။

မမေ့တဲ့နည်းလေးပေါ့ ။

သတိရှိဘို ့အတွက် လေ့ကျင့်ပေးလိုက်တာပါ။

ဘာပဲလုပ်လုပ် အမှတ်ပါရင် တော့ တော်ယုံမေ့ဘို ့မလွယ်တာ အမှန်ပါပဲ ။

သတိတရားကပ်နေရင် မေ့ဘို ့မလွယ်တာ ကိုယ်တွေ ့သိလာခဲ့ပါတယ် ။

ဒီအသက်အရွယ်ရောက်လာတော့ ဝိပဿ       နာအားထုတ်ဖြစ်တော့မှ သတိကပ်ပြီး အမှတ်ပါမှ ရ ကောက်ရောဂီ မဖြစ်တာ

ကိုယ်တွေ ့သိမြင်လာခဲ့တယ် ။ အမှတ်ပါမှ ယ ပလက် ယောဂီ ဖြစ်တာ နားလည်သိမြင်ခဲ့ပါတယ် ။

အမှတ်မပါပဲ အားထုတ်ရင်တော့ ရကောက်ရောဂီပေါ့နော် ။

ဘာအလုပ်ပဲလုပ်လုပ်ပါ မေ့တတ်သူများအတွက်တော့ မှတ်နိုင်ရင် မမေ့နိုင်ပါဘူး ။

မှတ် မှတ် မှတ် ဘို့အတွက် ပြောပြ လိုက်ပါရစေ ။။

 

30 comments

  • aye.kk

    November 20, 2014 at 5:12 pm

    မေ့တတ်ရင်မှတ်ဘို ့အတွက်ပါ။

  • padonmar

    November 21, 2014 at 12:25 am

    အခုတလော ဟိုမေ့သည်မေ့ ဆိုတာ အမှတ်သတိလွတ်နေလို့ပဲဆိုတာ သဘောပေါက်ပါပြီ။
    ကျေးဇူးပါ အေးကေကေ။

  • ဦးဦးပါလေရာ

    November 21, 2014 at 12:48 am

    တရားသံလေးကြားလို့ ရွာထဲ ဝင်ကြည့်တာ မအေး ရေ…
    ငယ်ငယ် လူလွတ်တုန်းကတော့ မှတ်တာနဲနဲ လွတ်တာများများနဲ့ ရောဂီဖြစ်ဖူးပါတယ်..
    လူလတ်ပိုင်း အိမ်ထောင်ကျကတည်းက တရားနဲ့ ဝေးသွားလိုက်တာ…
    အခုအဖိုးကြီးဖြစ်လို့ ပြန်လှည့်မယ်လုပ်တော့
    မထိုင်နိုင်တော့လို့ ရိပ်သာတွေနဲ့ ဝေးနေရတယ်..

  • အလင်းဆက်

    November 21, 2014 at 8:40 am

    မမေ့ကြနဲ့တဲ့

    အင်မတန် မေ့တတ်တဲ့ ကျနော်တော့
    အဲ့ဒီ မမေ့ကြနဲ့ဆိုတဲ့ ဂေါတမကိုယ်တော်ကြီးရဲ့ အမှာစကားကိုတော့
    မမေ့. . . .

    ဖြစ်တာပျက်တာလေးကို လိုက် လိုက် သိပြီး မှတ်ရတာကို ကြိုက်ပါတယ်။

  • aye.kk

    November 21, 2014 at 9:20 am

    မပဒုမ္မာ၊ဦးဦးပါလေရာ၊အလင်းဆက်
    အားလုံးကို ကျေးကျေးပါ ။
    ဦးဦးပါလေရာ လာချင်ရင် ခရီးနီးပါ၏ ။ မထိုင်နိုင်ရင် ကုလားထိုင်မှာထိုင်ပြီး မှတ်လို ့ရပါတယ် ။
    မှတ်နိုင်ဘို ့သာ အဓိက ကျ ပါတယ် ။ ဖိတ်ခေါ်ပါ၏ ။

  • အောင် မိုးသူ

    November 21, 2014 at 9:37 am

    မေ့တတ်တာတအားပါပဲ စက်ဘီးလေးစီးပြီး မုန့်ဟင်းခါးသွားစားတယ် ပြန်တော့အိမ်ကိုလမ်းလျှောက်ပြန်လာတယ်။ အိမ်ရောက်တော့အေးဆေးပေါ့ နေ့လည်ကျမှ သတိရတယ် စက်ဘီကျန်ခဲ့မယ်။ နောက်တော့ အမေပြောသလိုပဲ ထသွားပြန်ကြည့်ဆိုသလို သတိလေးကပ်ထားမိတယ်။

  • aye.kk

    November 21, 2014 at 10:04 am

    အောင်မိုးသူ
    အန်တီမေ့တတ်တာကမ်းကုန်ပါရော ။
    ဈေးမှာသားကိုမုန့်ဝယ်ကျွေးထားတဲ ့ဆိုင်မှာထားခဲ့ပြီး မေ့ပြန်လာတာ။
    ခလေးရောလို ့အန်တီအမျိုးသားမေးတော့မှ ဈေးမှာထားခဲ့မိတာ ပြန်သတိရတယ် ။
    ကိုယ့်ရဲ ့မေ့တတ်မှုကြောင့် ဈေးသည်က ဈေးသိမ်းချိန်ရောက်တာတောင် ခလေးကို လာပြန်ခေါ်နိုးနဲ ့
    စောင့်ပေးနေရရှာတယ် ။ သားကလည်း အမေမတွေ ့တော့လို ့ငို ။ ခင်ပွန်းကလည်း စိတ်ပူ
    ဈေးသည်ကလည်း အချိန်တွေ အကုန်ခံပြီးစောင့်နေရ ပေါ့နော် ။
    ကိုယ့်ရဲ ့သတိမေ့တတ်မှဟာ သူတစ်ပါးကိုလည်း အကျိုးထိခိုက်ပျက်စီးစေနိုင်တယ် ။
    အဓိက ကတော့ သတိမရှိရင် အကျိုးပျက်စီးမှု ဖြစ်စေနိုင်ပါတယ် ။
    အမှတ်မပါရင် သတိလွတ်တတ်ပါတယ် ။ မေ့တယ်ဆိုတာလည်း
    အမှတ်လွတ်လို ့ပါပဲ ။

  • ဦးကြောင်ကြီး

    November 21, 2014 at 12:25 pm

    အမှတ်မရှိ
    သရက်စေ့
    ဘဝဂ်အထိ
    ကလက်ဘိ..
    ပါးစပ်ကလိ
    သေနတ်ထိ
    လဖက်တမြိ
    သဘက်ကွိ..။

  • aye.kk

    November 21, 2014 at 3:21 pm

    အသိမရှိတော့
    သတိမကပ်ဘူး
    သတိမကပ်တော့
    အမှုမဲ့အမှတ်မဲ့။
    မဲ့ပါများတော့ရွဲ ့
    ရွဲ ့ပါများတော့စောင်း
    ကြောင်ကြီးဆိုတာ တချောင်းချောင်း ကြွက်ခုတ်ဘို ့။

  • CharTooLan

    November 21, 2014 at 3:55 pm

    အင်းးး မှတ် မှတ် မှတ်… မှတ်လွန်းတော့လဲ စွဲသွားတယ်….
    အစွဲကလဲ ကင်းရအုံးမှာဆိုတော့လေ…
    ဘိုလုပ်ရမလဲ ခည 🙁

  • aye.kk

    November 21, 2014 at 7:05 pm

    မှတ်တာနဲ ့စွဲတာ
    တစ်ခြားစီပါကွယ်။
    စွဲတာကဒိဌိ ။
    အစွဲကင်းအောင်
    ဒိဌိပြုတ်အောင်မှတ်ခိုင်းတာပါကွယ် ။

    • CharTooLan

      November 22, 2014 at 9:32 am

      ကျနော်နားလည်တာကတော့ မှတ်ထားရင် စွဲနေမှာပဲ (တရားသဘောအရတော့မသိ)
      တစ်ချက် တစ်ချက် ချင်းကိုသိနေခိုင်းတာက သတိဆိုပိုမှန်မလားလို့ဘာ (ကိုယ့်အတွေးနဲ့ကိုယ်ပေါ့လေ)

      • aye.kk

        November 22, 2014 at 3:41 pm

        ချာတူးလန်ရေ
        အန်တီငယ်ငယ်က တရားအားထုတ်တဲ့ အရွယ်မဟုတ်ဘူး။ တရားသဘောလည်း အန်တီမသိဘူး။
        အန်တီ အသက်၈နှစ်အရွယ်က ကတန်းပွဲတန်းဆော့ရင်း ဦးနှောက်မှာ ထိခိုက်ဒဏ်ရာရလိုက်တဲ့အတွက် စာကျက်ရင်တောင်အခုကျက်အခုမေ့ဖြစ်တာ ။
        မေ့တဲ့စိတ်ကြောင့် အဖေဆူတာ ခဏခဏခံရတယ် ။ဘကြီးကိုပြောပြတော့ ဘကြီးကမမေ့တတ်အောင် သင်ပေးတာ ကိုယ်အလုပ်လုပ်နေတဲ့ပြုလုပ်ဆဲ အလုပ်ပေါ်မှာ
        စိတ်အာရုံ ရောက်အောင် စိတ်အဆိုနဲ ့ဆိုပြီးပြုလုပ်ခိုင်းတာ ။ အာရုံကသိထားတဲ့အတွက် သတိရှိသွားတယ် ။အာရုံဆိုတာလည်း ဦးနှောက်ကိုပြောတာပါ ။ အခုတရားအားထုတ်တော့မှသာ စိတ်ဓမ္မာရုံတဲ ့အာရုံမှန်သမျှအပေါ်မှာ ဖြစ်ပေါ်နေသမျှ ကို စိတ်အဆိုနဲ ့မှတ်သိနေရတာ သတိတရား ကိုယ်နဲ ့မကွာကပ်နေရအောင် ပြုလုပ်ခိုင်းတယ်ဆိုတာ နားလည်လာခဲ့တာပါ။

        • CharTooLan

          November 22, 2014 at 3:46 pm

          ကျေးကျေး အံတီအေး 🙂

  • kai

    November 22, 2014 at 2:24 am

    Our brains deliberately make us forget things, to prevent insanity
    The ability to retain and recall information is an imperfect process even at the best of times — a shortcoming that now appears to be no accident. A new study shows that our brains are actively making us forget unimportant details, and that if it didn’t, we’d probably go insane.

    Indeed, people with so-called “photographic memory,” or eidetic memory, claim to be living in a kind of hell. One person with this capacity, Jill Price, complained that: “Most have called it a gift but I call it a burden. I run my entire life through my head every day and it drives me crazy!!!”
    ..
    And as scientists from the University of Basel in Switzerland are now suggesting, the human brain must forget unimportant information in order to remain efficient. What’s more, serious mental illness can arise if this process is disrupted. This would imply that the brain is actively — rather than passively — working to rid itself of superfluous information. As the authors note in their study, which now appears in Cell, “A plastic nervous system requires the ability not only to acquire and store but also to forget.”

    http://io9.com/our-brains-deliberately-make-us-forget-things-to-preve-1543846375

    • kai

      November 22, 2014 at 2:27 am

      လူ့ဦးနှောက်ရဲ့သဘောသဘာဝကိုက.. အကုန် မှတ်မှတ်မှတ်.. နဲ့.. မှတ်မိနေရင်.. ရုးမယ့်သဘောရှိပါတယ်.. တဲ့..။ :k:

      • aye.kk

        November 22, 2014 at 3:22 pm

        မှတ်ခိုင်းတာ မြင်ရင်မြင်တယ်မှတ် ကြားရင်ကြားတယ်မှတ် စားရင်စားတယ်မှတ် ။
        ပစ္စုပ္ပန်ဖြစ်ဆဲခိုက် မှတ်တာမို ့။ မြင်တဲ့အပေါ်မှာ ဒေါသ လောဘ မောဟ မဖြစ်ပေါ်ရအောင်
        မှတ်တာ ။ စိတ်အစဉ်က စီးနေတဲ့ ရေအလျင် ပမာလိုပဲလေ ။ မြင်နေရတာရေပဲ ။ ရှေ့ရေလည်းမဟုတ်ဘူး နောက်ရေလည်းမဟုတ်ဘူး ။ တွေ ့နေရတာကတော့ ရေပဲ။
        ပေတရာပေါ်မှာ သွားနေတဲ့ လည်နေတဲ့ ကားဘီးလိုပေါ့ ။
        ဦးနှောက်ထဲမှာ စွဲဘို ့ပြုလုပ်ခိုင်းတာ မဟုတ်ဘူး စွဲနေတာတွေကို ရှင်းသွားအောင် ပြုလုပ်ခိုင်းတာ။
        ကြည်သွားအောင် ကြည်လင်နေအောင် ပြုလုပ်ခိုင်းတာ သတိကောင်းအောင် ပြုလုပ်ခိုင်းတာ ။
        စိတ်အဆိုနဲ ့မှတ်သိခိုင်းတာပါ ။ အတိတ် အနာဂါတ် မထားခိုင်းပါဘူး ။ ပစ္စုပ္ပန်တည့်တည့်သာ ဖြစ်ဆဲကိုမှတ်သိခိုင်းတာ ။ ပစ္စုပ္ပန်တည့်တည့် မှတ်မှသာ သတိမြဲတာပါ။ သတိရှိဘို ့အတွက် ပြုလုပ်ခိုင်းတာပါ။

  • ကိုခိုင်ရေ

    တရားသိတဲ့လူက မှတ်ပြီးတာနဲ့ဖြတ်ထားနိုင်ပါတယ်

    ကျနော်ကတော့ ရေလည်အောင်ရှင်းမပြတတ်ဘူး

    ဆရာကြီးရွှေဥဒေါင်းရဲ့ ဒိဌေဒိဌမတ္တံ မှာ ဒီ မှတ်တဲ့အကြောင်းတွေရှင်းပြထားပါတယ်

  • ကိုခိုင်ရေ
    မှတ်ပြီးရင်ဖြတ်တတ်ဘို့လိုပါတယ်
    မှတ်ပြီးမဖြတ်တတ်သူက တော့ ရူးတာပေါ့

    မှတ်ပြီးဖြတ်တာ သိချင်ရင် ဆရာကြိးရွှေဥဒေါင်းရဲ့
    ဒိဌေ ဒိဌ မတ္တံကိုဖတ်ကြည့်ရင်ရှင်းသွားပါမယ်

  • manawphyulay

    November 22, 2014 at 11:00 am

    မနောလည်း တစ်ခါတလေ ဖြစ်တတ်တယ်။ ခုလို သိထားတော့ မှတ်ရလွယ်သွားတာပေါ့နော်..

  • manawphyulay

    November 22, 2014 at 11:46 am

    အမှတ်တရား
    နှလုံးသားမှာ
    ခံစားထိမိ သတိရှိမှ
    မှတ်မိ မမှတ်မိကို သိနိုင်မည်….

    • aye.kk

      November 22, 2014 at 4:49 pm

      မနောဖြူရေ
      အန်တီပြောချင်တာက စိတ်ဓမ္မာရုံ၅ပါး မလွတ်စေဖို ့ပါ ။
      မမေ့တတ်အောင် အာရုံဆိုတဲ့စိတ်ကို ပစ္စုပ္ပန်တည့်တည့်ဖြစ်ဆဲခိုက်မှာ စိတ်အဆိုနဲ ့မှတ်ခိုင်းတတ်ပါစေ ။
      စိတ်ဓမ္မာရုံဖြစ်တဲ့ ရူပက္ခန္ဓာ၁ပါး နာမ်ခန္ဓာ၅ပါး မလွတ်အောင် မှတ်ဘို ့လိုအပ်ပါတယ် ။

  • aye.kk

    November 22, 2014 at 2:57 pm

    သူကြီး
    စီးနေတဲ့ရေလိုပါပဲ ။ မြင်နေရတာရေပါပဲ ။
    အဲလိုပါပဲ ။ပစ္စုပ္ပန်တည့်တည့်ကို မှတ်ခိုင်းတာပါ ။
    ဦးနှောက်ထဲသိမ်းဆည်းပြီး မှတ်ခိုင်းတာ မဟုတ်ပါ ။
    မိမိ မြင်သမျှ ကြားသမျှ စားသမျှ တွေးတောကြံစည်သမျှ ပစ္စုပ္ပန်တည့်တည့် ဖြစ်နေဆဲကို ဆိုလိုတာပါ ။ စိတ်အာရုံဆိုတဲ့ ဓမ္မာရုံပေါ့နော် ။ ရုပ်ခန္ဓာ၁ပါး နာမ်ခန္ဓာ၄ပါး စိတ်အစဉ်မှာ
    ဖြစ်ပေါ်ခံစားသမျှ စိတ်အဆိုနဲ ့မှတ်သိခိုင်းတာပါ။ လိုချင်တဲ့စိတ်ဖြစ်ပေါ်နေရင်လည်း လိုချင်တဲ့စိတ်အာရုံ
    ပျောက်သွားတဲ့ထိ မှတ်သိခိုင်းတာ ။ နည်းမှန် လမ်းမှန် အကျင့်မှန်ဖြစ်တဲ့ သတိပဌာန်တရား ပွားများပြီး မှတ်သိနေရင် စွဲလမ်းတဲ့အာရုံအလျှင်း ပျောက်သွားပါတယ် ။ ဒါဟာ ကိုယ်တိုင်မကျင့်ပဲ မသိနိုင်တာ မို ့ရှင်းပြရုံနဲ ့တော့ လမ်းမဆုံးပါဘူး ။ စွဲဘို ့မှတ်ခိုင်းတာမဟုတ်ပါဘူး ။ ကျမ အခု ဒီpost ရဲ ့သဘော ပြောလိုတာက မေ့တယ်ဆိုတာ သတိမရှိလို ့ပါ ။ သတိကောင်းအောင် ကိုယ်ကိုင်တွယ်သမျှ ပြုလုပ်သမျှတွေ စိတ်အဆိုနဲ ့မှတ်သိနေလိုက်ရင် မိမိရဲ ့ဦးနှောက်မှာ မေ့ဘို ့က မလွယ်ကူနိုင်ပါဘူး ။ ဒါက
    ကျမကိုယ်တိုင် ကိုယ်တွေ ့လက်တွေ ့သိတာမို ့ချရေးပြတာပါ။

    • kai

      November 22, 2014 at 3:29 pm

      လွန်ခဲ့တဲအနှစ်၂၅နှစ်လောက်က.. ချမ်းမြေ့ကျောင်းမှာ တရားစခန်းဝင်ပြီးသကာလ… သူငယ်ချင်းအိမ်သွားတာလည်တာ..သတိရမိတယ်..။
      ချမ်းမြေ့က.. အင်မတန်စည်းကမ်းကြီးတာ.. ထမင်းစားတာတောင်.. ဇွန်းကိုမတယ်..မတယ်..။ ပါးစပ်ထဲယူလာတယ်..ယူတယ်..။ ဝါးတယ်..ဝါးတယ်..။ မြိုတယ်..မြိုတယ်.. စသဖြင့်မှတ်ခိုင်းတာ…။

      အဲလိုနဲ့..
      မြို့ထဲက.. သူငယ်ချင်းတိုက်ခန်းအပေါ်ထပ်ရဲ့.. လှေကားကျဥ်းလေးပေါ်ကနေ..တက်တာ.. တရားစခန်းအကျင့်ပါပြီး. ခြေတလှမ်းခြင်းသွားမှတ်မိလို့.. ခြေချော်သွားတာ.. ကံကောင်းလို့..အောက်အထိပြုတ်မကျတယ်…။
      ခြေထောက်ကတော့ ..တေ်ာတော်နာသွားတာဗျ..

      အင်း..
      အနာနဲ့သိတဲ့.. အသိ..။ :k:

      • မြစပဲရိုး

        November 22, 2014 at 9:17 pm

        သူကြီး ဟာက အမှတ် နဲ့ လဲ တက်တယ် ပြောသေး ခြေလဲချော်သေး ဆိုတော့
        အမှတ် က တစ်ခြား ခြေက တစ်ခြား ဖြစ်နေတာ ထုတ်ကြော်ငြာ ပြလိုက်တာလား။ lol:-))

      • Foreign Resident

        November 23, 2014 at 7:39 am

        kai says:
        ” လွန်ခဲ့တဲအနှစ်၂၅နှစ်လောက်က..
        ချမ်းမြေ့ကျောင်းမှာ တရားစခန်းဝင်ပြီးသကာလ ”

        ကဲ မ padonmar ရေ ၊ တွေ့ပြီလား ။

        ကျနော်ပြောပါတယ် ။
        ကျနောတို့ သူကြီး ချမ်းမြေ့ မှာ တရားစခန်း ဝင်ဖူးပါတယ် လို့ ။
        သူကြီး တစ်နေရာရာမှာ မန့်ခဲ့ဘူးပါတယ် လို့ ။

        အဲ့ဒဟာကို မ padonmar က ၊
        မယုံဘူး ၊ အဲဒီ မန့် ရှာပေး ဆိုလို့ ၊ ကျနော့်မှာ ဒုက္ခ ရောက်နေတာ ။
        အခု တွေ့ပြီမလား ။ ဟီ ဟိ ။

        By the way ၊ သူကြီးရေ ၊ ကျနော်တို့ကို သတ်နေတာလားဟင် ။
        အခုက ၊ Comment တစ်ခု ရေးတိုင်း ၊ I’m not a robot ဖြေရယုံတင် မကတော့ဘူး ၊
        Captcha က အင်္ဂလိပ် စာလုံးတွဲ ခက်ခက် ၂ ခုကိုပါ ဖြေခိုင်းနေပြီဗျ ။

        မြန်မာပြည်က ချာတူးလန် Connection နှင့် ဝင်ရသူတွေမတော့ ၊ ဒုက္ခ ။

  • aye.kk

    November 22, 2014 at 4:07 pm

    ဪသူကြီး သူကြီး
    စိတ်ဆိုတဲ့ အရှုခံအာရုံပေါ်မရောက်ပဲ မှတ်လိုက်တာကိုး။
    ရုပ်ဆိ်ုတာက အသေ ။ နာမ်ကခိုင်းမှရုပ်ကပြုလုပ်နိုင်တာ။
    နာမ်ဆိုတာက အာရုံလေ ။ နာမ်ခန္ဓာက၄ပါးတောင်ရှိတာ ။
    အမြင်အာရုံ ဖြစ်တဲ့ နာမ်ခန္ဓာအာရုံလွတ်သွားလို ့ဖြစ်တာ ။
    နာမ်ကမမှတ်သိလိုက်နိုင်တော့လို ့ဖြစ်သွားတာလေ။
    နာမ်ဆိုတာ စိတ်။ ဘာအလုပ်ပဲလုပ်လုပ် သတိတရားကြီးကြီးမားမား ထားနိုင်မှတော်ကာ
    ကြပါတယ် ။အရှုခံအာရုံဖြစ်တဲ့ နာမ်ခန္ဓာ၄ပါးမလွတ်အောင်မှတ်ပါ။သူကြီး။

  • မြစပဲရိုး

    November 22, 2014 at 9:14 pm

    ဟန်ကျတာဘဲ။
    ဘီဘီစီ က စာတွေ ကို ဒီမှာ ဆက်ချလို့ ရပြီ။
    အဲဒီထဲမှာ ရေးထားမှ ရိုးရိုး ရှင်းရှင်း လေးရယ် ကော အစ်မရယ်။

    What is Buddhist meditation?
    In the most general definition, meditation is a way of taking control of the mind so that it becomes peaceful and focused, and the meditator becomes more aware.
    The purpose of meditation is to stop the mind rushing about in an aimless (or even a purposeful) stream of thoughts. People often say that the aim of meditation is to still the mind.

    Meditation is a mental and physical course of action that a person uses to separate themselves from their thoughts and feelings in order to become fully aware.
    Meditation does not always have a religious element. It is a natural part of the human experience and is increasingly used as a therapy for promoting good health and boosting the immune system.

    Successful meditation means simply being – not judging, not thinking, just being aware, at peace and living each moment as it unfolds.
    when they eat they focus totally on the food and on the act of eating;
    when they meditate they open the mind to the reality of the moment, not allowing thoughts, feelings or sensations to preoccupy them, not even thoughts about enlightenment or Buddhism;
    when they work, they only work;
    when they brush their teeth, that’s all they do — they don’t think about other things at the same time.

    အစ်မပြောတဲ့ လက်ရှိ လုပ်နေတာလေး ကို သိတိကပ်ပြီး မှတ် လိုက် တဲ့ သဘောပေါ့။
    အဲဒီ အချိန် တစ်ခြား အာရုံတွေမရှိတော့ ကိုယ်လုပ်လိုက်တာလေး ကို မှတ်မှတ်ရရ ကျန်နေစေ တဲ့ သဘောပါမှာပါ။
    အစ်မရဲ့ မိတ်ဆွေ ဘကြီး ပြောတာ လက်တွေ့အသုံးကျတာ အမှန်ပါ အစ်မရေ။

    မသိသူကျော်သွား သိသူဖော်စား နေတဲ့ စကား လို ကျွန်မတို့ မြန်မာပြည်ထဲ တရားဓမ္မရေကြည် တွေ ရှိနေပါရက် နဲ့ မသောက်တတ်ကြတာ စိတ်မကောင်းစရာပါဘဲ။

  • aye.kk

    November 22, 2014 at 9:59 pm

    မြစပဲရိုးရေ
    ဆွေးနွေးချပြပေးတာ ကျေးဇူးတင်ပါတယ်။

  • ဦးကြောင်ကြီး

    November 24, 2014 at 7:11 am

    မှက်မှက်မှက်
    ကြက်ငှက်ဝက်
    ရက်စက်ချက်
    မသတ်ဖြတ်အပ်..

Leave a Reply