41 comments

  • ကြွေလွင့် ပန်း

    November 21, 2014 at 10:23 am

    အဖြူရယ်
    ဒီအရောင်ကြောင့် ငါ့စိတ်တွေ တစ်ပိုင်းတစ်စအရောင်ဆိုး
    ငါ့နေ့တွေလဲ အရောင်တွေစုံခဲ့ဖူးတယ်
    အဖြူရောင်မှာ လေးနက်ခြင်းတစ်ခုရှိသလိုလို။

    မင်းနာမည်တစ်ခုကိုက ဖြူစင်ခြင်းသက်သက်
    ငါ့ရင်ဗလာကြီးလဲ အဲ့ဒီအရောင်တစ်ခုစွန်းသွားမှ
    အိမ်မက်တွေမက်။

    ဆိုးခဲ့ပါတယ်ကွယ်
    ငါကိုက အရောင်မရှိတာမှ တပ်မက်ခဲ့တာ

    ခုများတော့
    ငါ့ နေ့နေ့ညညတွေ
    ဆေးမှင်ရည်ကျဲ။ ။

  • weiwei

    November 21, 2014 at 10:24 am

    ကေဇီ့ ရေနွေးဖြစ် ..

    ဒီ အဖြူရောင်လေး စကားလုံးပြတိုက်ထဲ ရောက်တော့မယ် …

    • ကေဇီ

      November 21, 2014 at 10:44 am

      ရေနွေးတွေ တည်တည်ပြီး သောက်တာလည်း များနေပြီ။ ဟိဟိ

      :mrgreenn:

  • ကြွေလွင့် ပန်း

    November 21, 2014 at 10:27 am

    အဖြူရောင်
    သူ့ကိုယ်တိုင်ကိုက ဆေးရောင်တွေ စုနေသယောင်ယောင်

    ငါအဲ့ဒီအရောင်ကိုမှ မက်မောနေခဲ့တာ
    သူ့နဲ့ကျမှ ငါ့ဘဝက ဆေးရောင်စုံ

    တစ်ကယ်ပါ
    အရောင်မရှိတဲ့ မင်းနာမည်လေးတစ်ခုကျမှ
    ငါ့ ညညတွေ အိမ်မက်တွေမက်
    မတည်မြဲခြင်းတစ်ခုကို ယုံမှတ်နေခဲ့

    ခုများတော့
    နေ့နေ့ညည
    မင့်အကြောင်းတွေးမိရုံနဲ့
    ငါ့ဘဝ ဆေးရောင်စုံချက်။ ။

    • ကေဇီ

      November 21, 2014 at 10:42 am

      ကျနော့ ခံစားချက် ကွက်တိပဲပါပဲ။
      ဘာလို့ ကျနော်ကျ အဲလို မဖွဲ့နွဲ့နိုင်လည်း မသိ.။
      အနုပညာဆိုတာ ပါရမီပါပဲ ကိုရင်။

      :a:

  • မဟာရာဇာ အံစာတုံး

    November 21, 2014 at 10:46 am

    ဒီအဖြူ မမိုက်ယင်
    နောက်ခါ အမည်းကို ရစ်သိုင်းကြည့် ….

    • ကေဇီ

      November 21, 2014 at 1:47 pm

      ဟုတ်တယ်။
      မီးသွေးသည် ကို ကြံစည်ရမယ်။

      :k:

  • ဦးကြောင်ကြီး

    November 21, 2014 at 1:14 pm

    အဖြူ ရောင်မင်း
    လူပြောင်ဝင်း
    ခြူ ကောင်လင်း
    သူလှောင်ထင်း..

    • ကေဇီ

      November 21, 2014 at 1:44 pm

      အဖြူရောင်ကို ဖြူစင်တယ် အန္တရယ်မရှိဘူးလို့ တစ်သက်လုံး သိထားခဲ့တာ။
      :a:

      • Mr. MarGa

        November 21, 2014 at 1:50 pm

        စင်းလုံးချော ဆိုတာ ရှိရဲ့လား???
        ခတ်ကျွဲမှန်ရင်တော့ ချိုရာမကင်းဘူးလေကွီ
        ငိငိ

        • ကေဇီ

          November 21, 2014 at 2:23 pm

          ကိုယ့် အထင်တွေ ဟာ အမြဲမှန်ရမယ်လို့ တသက်လုံး ထင်ထားဖူးးးခဲ့!!

          အဟွတ်.။

          :kwi:

      • CharTooLan

        November 22, 2014 at 2:04 pm

        ငယ်သေးတော့လဲ စံပယ်ကိုအဖြူလို့ထင်မှာပေါ့ ခွိခွိ 😛

        • ကေဇီ

          November 22, 2014 at 6:10 pm

          ဂလိုပဲ..!!
          အသက်သာ ကြီးးးတယ် အချိန်မစီးးး ဘူးးး
          အသားးးပဲ တိုးးးလာတာ

          :kwi:

  • တောင်ပေါ်သား

    November 21, 2014 at 2:10 pm

    သူက အဖြူ ဆို ကိုယ်က အမည်း
    သဲကွဲစွာကွာခြားလှမှတော့
    သွားဦးပေါ့ ရေစက် ရေ ၊

    • ကေဇီ

      November 21, 2014 at 2:26 pm

      မျက်စိရှေ့က အဖြူရောင်တွေ
      အရောင်စွန်းသွားတာကို မမြင်ချင်တာနဲ့
      အမည်းရောင်ကိုပဲ ရွေးချယ်တော့မယ်။

      :k:

      • အလင်းဆက်

        November 21, 2014 at 4:22 pm

        အနက်တွေက ပိုတောင် စွန်းတတ်သေး။
        ဘဝတလျှောက်လုံးနီးပါး အနက်တွေကို သုံးခဲ့တာ
        အစွန်းအထင်း ပိုများတာအသိဆုံး

        :k:

  • အလင်းဆက်

    November 21, 2014 at 3:49 pm

    ဘာလို့များ ကဗျာဆိုတဲ့ category ထဲ မထည့်ထားပါလိမ့်။

    အေးလေ
    ကျနော်ကလည်း မြင်သမျှ စကားလုံးတော်တော်များများကို ကဗျာလို ဖတ်နေမိတာကိုးးးးး

    😆

    • ကေဇီ

      November 21, 2014 at 5:54 pm

      ဟိးးးး
      ကဗျာလို့ မသတ်မှတ်ရဲလို့ ဟ!!!
      :mrgreenn:

  • ကန္နားစီး မိဂီ

    November 21, 2014 at 10:06 pm

    ဟိုလေ ပိုင်ဆိုင်ခွင့်မရပေမယ့်
    ကျော် စကားဂျို ကို ဂျစ် ဒယ်
    အာ့လည်း အဖြူရောင်မလား ညင်င်င်င်

    • ကေဇီ

      November 24, 2014 at 9:49 am

      အဲ~~
      စကားဂျို ကို ဂျစ်တဲ့ အဖြူရောင်က ကျ နည်းနည်း ညှီသွားပြီ။
      ဟိဟိ

      :kwi:

  • uncle gyi

    November 21, 2014 at 10:41 pm

    အဖြူမှာဆေးရောင်စုံသွားတော့
    တချို့ကခမ်းနားထယ်ဝါတဲ့နေရာရသွားသလို
    တချို့ကအမှိုက်ပုံးထဲရောက်သွားတယ်

    • ကေဇီ

      November 22, 2014 at 6:36 pm

      အဖြူ ကိုယ်တိုင်မှာကို က အရောင် ရ မျိုးပါတာ မမြင်ရလို့ကိုး

      :a:

  • kyeemite

    November 22, 2014 at 1:38 pm

    .အဖြူ ရောင်ဆိုကတည်းက
    .အရောင်တစ်ခုရှိနေမှန်း
    .ငါသတိထားမိခဲ့ဖို့ကောင်းပါရဲ့
    .ဒါပေမဲ့ငါ့နှလုံးသားခပ်အအ က
    .မင်းရဲ့အဖြူရောင်အပြုံးပေါ်ကြွေကျခဲ့တယ်..
    .ဒါပေမဲ့ ငါမှားတယ်မထင်ခဲ့ပါဘူး ကလေး(မီး)ရယ် …
    .နောင်ဘဝဆိုတာရှိသေးရင်တောင်
    .ထပ်ခါထပ်ခါမှားအုံးမဲ့
    .နှလုံးသားခပ်အအနဲ့ကောင်ပါ……အဟွတ်..ဟွတ် :k:

    • ကေဇီ

      November 22, 2014 at 6:13 pm

      ကျန်းးးးး
      မိုက်မိုက်က စာတင်မက ချောင်းးဆိုးးတာပါ ဆင့်ပွားးးခံစားး ထားးးသကိုးးးး
      အဟွတ်!!
      အဟွတ်!!!
      :kwi:

  • မြစပဲရိုး

    November 22, 2014 at 9:35 pm

    မီး – အဖြူရောင်
    ဘူပြောတာလဲ

    မြူ – အဖြူရောင်
    ဘူပြောတာလဲ

    မြစ် – အဖြူရောင်
    ဘူပြောတာလဲ

    မှိုင်း – အဖြူရောင်
    ဘူပြောတာလဲ

    ရောင်စဉ် ခုနှစ်သွယ် – ခင်မောင်တိုး သီချင်းပေါ့။
    အရီးပြောတာ။

    ခံစား နေတယ်ပေါ့လေ။
    ဗိုက်တင်း နေတယ်လား။ :))

    • ကေဇီ

      November 23, 2014 at 4:41 pm

      သများးးရဲ့
      မြစ်
      မြူ
      မီးး
      မှိုင်းးး တွေ ကတော့ အဖြူရောင်တွေ ကြီးးပဲ
      ခိခုခုခိ

      :mrgreenn:

      • မြစပဲရိုး

        November 23, 2014 at 5:10 pm

        ဟားဟ။
        အရီးကတော့
        ညစ် နေတဲ့ မြစ်
        . မှောင် နေတဲ့ မြူ
        ရဲ နေတဲ့ မီး
        ညို နေတဲ့ မှိုင်း
        . တွေချည်း မြင်နေတော့တာ။
        Joking …. :))

        PS –
        Post ထဲ ဝင်ပြီး ရင်းဂလိပ် စာလုံး စာမေးပွဲ မဖြေဘဲ အလွယ်နည်း နဲ့ reply လုပ်ရင် ကိုယ့်မှတ်ချက် ကို
        Spam ထဲ ပို့ ပစ် နေတာကော။ 🙄

  • အရောင်ပေါင်းစုရင်ဖြူသွားသလို
    စိတ်တွေပေါင်းစုလို့ဖြူသွားရင်အကောင်းသားနော်+

    • ကေဇီ

      November 24, 2014 at 9:51 am

      စိတ်တွေကကျ
      တစ်စိတ်ကို တစ်ရောင်လို့ သတ်မှတ်လို့ မရ။
      လူတစ်ယောက်မှာရှိတာလည်း တစ်စိတ်ထဲမက ဆိုတော့ ရမယ် မထင်။
      ဟီးဟီး

      :k:

  • surmi

    November 24, 2014 at 11:17 am

    ဘာမှန်းတော့မသိ
    ပို့စ်ဖွင့်လိုက်တာ ဘာမှမမြင်ရ
    သဂျီးမေးခွန်းဖြေဖို့ကြိုးစားရတာနဲ့ တစ်ကြိမ်မန့်တာ သုံးကြိမ်စာပင်ပန်း 🙁

    • ကေဇီ

      November 24, 2014 at 11:21 am

      ပြောထားတယ်။
      ဘယ်လိုမှ မအိုကေတာကို ဘယ် အညှိုး (အဲလေ) ဘယ် အိုင်ဒီရာနဲ့ လုပ်လည်း မသိဘူးးး
      တဂျီးနှယ်၊ ရွာကို လူမလာစေချင်ဘူးလားမသိ။
      😥

      ပုံက ဖွဘုတ် ရွာထဲ ဦးမိုက် တင်ထားပေးတယ်။
      :mrgreenn:

  • Wow

    November 24, 2014 at 4:58 pm

    ဖြူချင်ဖြူ
    မဲချင်မဲ
    ရောင်စုံချင်စုံ
    မင်းကို ဘယ်မှ ပေးမသွားတာ…
    ကိုယ့်အချစ်လို့.. ယုံ…

    အာဟိ…. နာကွ… ဘာဖစ်တွားဘီလဲတော့တိဝူး :mrgreen:

    • Crystalline

      November 25, 2014 at 2:11 pm

      သများလည်းသိဝူး…. အဖြူရောင်မင်းကို…အဖြူရောင်မြင်းလို့မှားဖတ်ပြီး.. ဝင်လာတာ.. :mrgreenn:

      • Wow

        November 25, 2014 at 3:18 pm

        မြင်းသားတော့စားရဘီ ဆိုပီးတော့လား :mrgreen:

      • ခင်ဇော်

        November 25, 2014 at 3:21 pm

        ကတောက်!!
        နာ့ ပို့(စ)
        ဒီ ၂ ယောက် ဖျက်မှ နာ့ အဖြူရောင်လေး လည်း မြင်းဖြစ်တော့တယ်။
        :k:

  • ခင် ခ

    November 25, 2014 at 3:42 pm

    အဖြူရောင်ကို သန့်စင်မှု ရိုးသားမှု လို့တင်စားခဲ့ကြတယ်။
    တစ်ခါတလေ အဖြူရောင်ဟာ ကြာလာတဲ့အခါ အဖြူရောင်ဘဝဖျော့လာကြတယ် အဲဒါ ပတ်ဝန်းကျင်က ဖုန်မှုန့်တွေကြောင့်ပါလို့ ဆိုကြရင် ပါတ်ဝန်းကျင်ကြောင့် အဖြူရောင်ဟာပြောင်းတတ်သလား တွေးစရာဖြစ်လာတယ်၊ ဒါဆို သန့်စင်မှု ရိုသားမှုဟာလည်း ပါတ်ဝန်းကျင်ကြောင့်များ သန့်စင်မှုနဲ့ရိုးသားမှု၏ နောက်ကွယ်ဇာတ်လမ်းတွေ ဟာလဲ စာရေးဖွဲစရာ ကုန်နိုင်ဖွယ်မရှိ ဖြစ်တည်ခဲ့ကြတယ်လေ။
    ဒါပေမယ့် နောက်ဆုံးနိဂုံးချုပ် ဘဝဇာတ်သိမ်း မီးပုံတိုးကြရင်တော့ အားလုံအဖြူရောင်ဆန်ဆန် အဖြစ်သာ လွင့်လေတော့တယ်လေ။
    ခေါင်းတိုင်ထိပ်က မီးခိုးဖြူတန်းနဲ့ လေတိုက်လို့လွှင့်လေသော ပြာတို့သည်က ဘာမှမသိ ပကတိအဖြူပင် ဖြစ်လေရော့လားကွယ်။

    • ခင်ဇော်

      November 25, 2014 at 3:49 pm

      အာ့ကြောင့် သများတို့က ခပ်ပြောင်ပြောင်ပဲ၊
      ရိုးသားသယောင် အဖြူဟန်ဆောင်မနေဝူးးး
      အဟီးဟီးးး
      :kwi:

  • ကူမားရ်

    November 26, 2014 at 11:59 am

    သက်တန့်တွေရဲ့…
    ရောင်စဉ်နဲ့မှား…
    အဖြူရောင်မှာလေ တစ်ကယ် ရောအပြစ်ရှိလို့လား။

    ရိုးသားစွာ မာန ကင်း…
    သဘာဝအချင်း အဖြူ…
    သူ့အရောင် ကြောင့် လင်း…
    သူ့အဆင်းနဲ့အေးပါစေ…
    သူသာလေ နုံ့နဲ…
    သူအံခဲတာလူမသိ…
    သူရှိလို့ပျော်ပါစေ…
    သူ့ကျောပေါ် ဒါဏ်ရာ…
    သူနာတာ မငိုငြီး…
    သူထည်းတည်းရင်ဆိုင်…
    သူမပိုင် နိုင်ခဲ့သော…
    သူ့ဘဝသူ့အကြောင်း…
    သူ့အပေါင်းဖော်တွေ…
    သူ့အတွက်လေ…
    သူ့ရတက်မပွေစေချင်…
    သူ့အရောင်လွင်…
    သူ့အသွင်ကို…
    သူ့ပါတ်ဝန်းကျင်…
    သူတို့မြင်ကြလျင်…
    သူတို့နှလုံး…
    သူတို့ရွှင်ပြုံးပါစေ…
    သူလေအဖြူရောင်…
    သူ့မေတ္တာဖြင့်…
    သူ့လောက ကို…
    သူအမှောင်ခွင်း…
    သူ အလင်းဆောင်…
    သူ့အရောင်တွေစွန်းထင်းလည်း…
    သူလေ ကြည်နူး…
    သူလွမ်းဖူးသည်…
    သူ့အဆင်းသည် အဖြူရောင်…။

    • ခင်ဇော်

      November 27, 2014 at 6:04 am

      OMD…!!
      Oh my Dad…..!! :mrgreenn:

      So called U Swe..!!

      :chit:

Leave a Reply