ဂဇက်–> ကဗျာ–> စကားလုံးပြတိုက်

alinsettNovember 20, 20141min21011

 

(ကဗျာချစ်သူတစ်စု ပူးပေါင်းပြီး  . ..

နှစ်ချီအောင် ဖန်တီးခဲ့တဲ့ ကဗျာပြခန်းလေးကို ပြန်လွမ်းတာက အစပြုပါတယ်။ )

 

:k:

 

နောက်တစ်ချက်က ကဗျာတွေ စာတွေအကြောင်း မဖတ်ရ / မပြောရရင် မနေနိုင်တာရောပဲ။

 

ဒါကြောင့် ကဗျာတွေ စာတွေအကြောင်း နည်းနည်းပြောချင်လာလို့…

ဒီအစီအစဉ်လေးကို အစဆွဲထုတ်ကြည့်တယ် ဆိုဘာဇို ့။

 

——-

ကဗျာ… .

 

မောင်သူရ ကဗျာတွေကို ချစ်တယ်။

~~~~~~~~

ဘယ်လို ကဗျာ အမျိုးအစားကိုမဆို ချစ်နိုင်တယ်။

ကျွန်တော် ချစ်၍ ကျွန်တော် ဖတ်သော ကဗျာ… = (ရေးရိုး အစဉ်အလာ အသံချိုတယ်ဆိုတဲ့ ကဗျာတွေပေါ့)

 

ကျွန်တော် ချစ်၍ ကျွန်တော် ရေးသော ကဗျာ…= (မော်ဒန်/ပိုစ့်မော်ဒန် အငွေ့အသက်ပါတဲ့ ယနေ့ကဗျာတွေ)

 

ကဗျာကို ကျွန်တော် ရေးခဲပါတယ်။

 

ကိုယ်တိုင်ရေးတာထက် တခြားသူတွေ ရေးထားတာလေးတွေကို ပိုစိတ်ဝင်စားပြီး စောင့်ကြည့်ချင်တာ။ သူများရေးတာတွေ ဖတ်ပြီး ခံစားချင်တာ။ ဝေဖန်ချင်တာ ။

 

ဒီနေ့ ကဗျာတွေရဲ့ သွားရာလမ်း…

ဒီနေ့ကဗျာတွေရဲ့ ဦးတည်ရာနဲ့… အရွေ့အမျော…

ဒီနေ့ကဗျာတွေရဲ့ အငွေ့အသက်နဲ့ အလင်းအလျဉ်… . . .

အဲ့ဒါတွေကို. . .

ကျွန်တော် တော်တော် စိတ်ဝင်စားတယ်။

 

ကဗျာဆိုတာ… ဘာလဲ…ဆိုတဲ့ မေးခွန်းလေးတစ်ခု ရင်ဘတ်ထဲ ရောက်လာတဲ့ အချိန်က စပြီး..

ကဗျာတွေကို ကျွန်တော် လက်ထပ်ပေါင်းသင်းခဲ့ပါတယ်..။

 

ကျွန်တော်နဲ့ ကဗျာတွေဟာ…. အခုအချိန်ထိ.. ညားခါစ အကြင်လင်မယားလိုပဲ…

ထိတွေ့တိုင်း… မြင်သိတိုင်းမှာ… ရင်ခုန်နေဆဲ…

ကြားက. . . လေ တဖြိုက်သွေးရင်တောင်… ဝေးသွားမှာ စိုးရိမ်မိနေဆဲ…

 

ကိုယ်ချစ်ခင်မြတ်နိုးလို့ ပေါင်းသင်းဆက်ဆံမိတဲ့ မိန်းကလေးကို မထိရက် မတို့ရက် သလိုမျိုး…

ကဗျာတွေကို ကျွန်တော် မထိရက် မတို့ရက်နဲ့… အပင်ပေါ်မှာ မခူးရသေးတဲ့ ပန်းကလေးကို တမေ့တမောငေးကြည့်မိသလိုမျိုး..

ပြီးတော့ ကျွန်တော် ချစ်တဲ့ ကျောင်တောင်နံရံမြင့်မြင့်မားမားကြီးတွေကို…

တမေ့တမော…ငေးမောပြီး… ရင်သပ်ရှုမော…ကြည့်နေမိသလိုမျိုး….

 

ကဗျာတွေကို… ကျွန်တော် …ချစ်လိုက်တာ… ။

 

ဒါပေမယ့်… ကျွန်တော် … ကဗျာတွေကို ချစ်ပုံချစ်နည်းက… တခြားသူတွေနဲ့ နည်းနည်းတော့ ကွဲပြားလိမ့်မယ်ထင်တယ်။

 

ကျွန်တော် အခုနောက်ပိုင်း လက်ခံယုံကြည်နေမိတဲ့ ပိုစ့်မော်ဒန် အယူအဆတွေထဲက တစ်ခု အရ…

 

ကဗျာကို… ကဗျာအဖြစ်.. မြင်တဲ့အမြင်ကနေ…

တဖြည်းဖြည်း ကျစ်လျစ်စင်ကြယ်အောင် သန့်စင်ပစ်လိုက်တယ်…

 

ကဗျာကို မြင်တဲ့အမြင်ဟာ..တဆင့်ချင်း…ကျစ်လျစ်သွားပြီးတဲ့နောက်…

ကျွန်တော်ဟာ….

ကဗျာကို…

စာသားတွေ အဖြစ်ပဲ…

ရိုးရှင်းစွာ မြင်လိုက်ပါတော့တယ်။

ကဗျာမှာ…ဘာတွေ ပါသလဲ…

ဘာသာစကား ရယ်…

ဘာသာစကားက ညွှန်းဆိုပြနေတဲ့ ညွှန်းဆိုမှုတွေရယ်..

ကဗျာကို ဖန်တီးထားတဲ့ ပုံစံ ရေးဟန်နဲ့… ကဗျာသဘောတရားတွေရယ်…

အဲဒါတွေ…ဘာတစ်ခုမှ… ထည့်မတွက်တော့ပဲ….

ကဗျာဆိုတာ..

ဘာသာစကားတွေနဲ့ (စကားလုံး/ စာသားတွေနဲ့) တည်ဆောက်ထားတဲ့ ”စာသား”အစုအဝေးတစ်ခုသာ ဖြစ်တယ်လို့… ယူဆလိုက်တာပါ။

 

( ဒီအယူအဆအကြောင်းက… အကျယ်ထပ်ပြောစရာတွေ ရှိပါသေးတယ်။

ဒါပေမဲ့ ဒီနေရာမှာတော့ ..ဒီလောက်ပဲ…ပြောပါဦးမယ်… ။ )

 

ကဗျာကို ”စာသားအစုအဝေးသီးသန့်” အဖြစ်သာ ယူဆလိုက်တဲ့နောက်…

ချစ်ပုံချစ်နည်းကလည်း.. ပိုပြီး ခမ်းနားကြီးကျယ်သွားတယ်.. ။

 

ကျွန်တော်.. ကဗျာဆိုတဲ့(အများ ခေါ်ဆိုတဲ့) ”စာသား”တွေကို…

တစ်နေရာထဲမှာ စုဝေးပြီး…ခင်းကျင်းပြသလိုက်ချင်တာ ။

 

ပြတိုက်ထဲမှာ… ခင်းကျင်းပြသတဲ့သဘော. . . .

ခေတ်အဆက်ဆက်…သမိုင်းဝင်မယ့် အနုပညာပစ္စည်းတွေမို့… ခမ်းခမ်းနားနား ခင်းကျင်းပြသချင်တာ… ။

 

ကြည့်ကြ…

ခံစားကြ…

ကျွန်တော်… အနုပညာမြောက် စာသားတွေကို… တစ်နေရာထဲမှာ… ထည်ထည်ဝါဝါသဘောနဲ့…

စုစည်းပြသထားတာကို…

 

ခံစားကြ…

မှိုုင်းညှို့မြင့်မားတဲ့ ကျောက်ဆောင်နံရံကြီးကို…တိမ်ငွေ့ဖြူဖြူတွေကြား..

ထိုင်ပြီး . . .ငေးမော့နေကြသလိုမျိုး….

 

 

—————————–

 

စိတ်ကူးထဲမှာ မြင်ကြည့်လိုက်ပါဦး…

 

ကဗျာတွေ… (အနှစ်ချုပ်လိုက်ရင် စာသားတွေ…)ကိုသာ….

သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းပြသထားသလိုမျိုး…

ပြတိုက်ကြီးတစ်ခုထဲမှာသာ…

စုစုစည်းစည်းတွေ့မြင် ခံစားလိုက်ရရင်….

 

 

ခင်ဗျားတို့ကိုယ်တိုင်…ပြတိုက်တစ်ခုထဲ..ဝင်ဖူးကြမှာပဲ…

အထဲမှာ..ပြထားတဲ့အရာတွေဟာ…ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းတွေ မဟုတ်ပဲ….

အနုပညာပစ္စည်းထဲမှာမှ.. ကျစ်လျစ်လှပနေတဲ့… ကဗျာတွေ….

ကဗျာတွေစီရီ ခင်းကျင်းပြသထားတဲ့… ကဗျာပြတိုက်ကြီးတစ်ခုထဲ… ခင်ဗျားတို့…

ကျွန်တော်တို့…

အတူ…လျှောက်ကြည့်မိ…

ခံစားမိကြတယ်…လို့… မြင်ယောင်ကြည့်လိုက်ပါဦးဗျာ…

 

ဘယ်လောက်.. လှပလိုက်တဲ့ အဖြစ်ကလေးလဲ… ။

 

😆

 

——————————–

 

ဟုတ်ကဲ့… ။

 

ကျွန်တော် မောင်သူရ….

စာသားပြတိုက်တစ်ခု…မကြာခင် ဖွင့်ပါတော့မယ်… ။

 

အဲဒီ ပြတိုက်ထဲမှာ..

 

ဘယ်သူတွေရဲ့…

 

ဘယ်လိုကဗျာတွေ…

 

ဘယ်လိုစာသားတွေကို… ပြသထားမလဲ…ဆိုတော့….

 

ဆိုတော့. . .

 

———————————

 

 

ကျွန်တော် အခုနောက်ပိုင်း နှစ်များမှာ.. စာကြည့်တိုက်တွေ စာအုပ်အငှားဆိုင်တွေဘက် သိပ်မလှည့်အားတာကြောင့်…

လက်ရှိ ပုံနှိပ်ထုတ်ဝေရေးလောကမှာ စီးမျောနေတဲ့ ကဗျာစီးကြောင်းနဲ့.. နည်းနည်း အဆက်ပြတ်သလို ဖြစ်နေပါတယ်။

 

ကွယ်ဝိုက်မနေပဲ.. ဒဲ့(တည့်တည့်) ပြောရရင်တော့…

ကျွန်တော်…ကဗျာအရာမှာ…နောက်ကျနေပါတယ်။

 

အခုနောက်ပိုင်း ပိုစ့်မော်ဒန်သဘောတရားနဲ့.. ခေတ်သစ်အနုပညာသီဝရီလေး..ဟိုတစ်စ ဒီတစ်စလောက်သာ..ဖတ်မိတာက လွဲရင်…

တခြား ပှံနှိပ်လောကသား ကဗျာဆရာတွေ.. ဘာတွေ ရေးနေပြီလဲ…

ဘယ်လို ပုံစံတွေနဲ့.. အနုပညာကို ဖန်တီးနေပြီလဲ…

ဘယ်လိုနည်းတွေနဲ့.. သူတို့ ဖန်တီးတဲ့ အနုပညာကို ချပြနေကြပြီလဲ..ဆိုတာတွေ…

နည်းနည်းနောက်ကျနေပါတယ်။

( မဂ္ဂဇင်း နှစ်ခုလောက်ကိုပဲ ပုံမှန်သဘောမျိုး ဖတ်မိနေတယ်ဆိုတော့… )

 

ကျွန်တော် အများဆုံး ဖတ်မိနေတာကတော့…

အွန်လိုင်းလို့ ခေါ်တဲ့.. အင်တာနက် စာမျက်နှာပေါ်က ကဗျာတွေပါ… ။

ဂဇက်ထဲက… ကဗျာဆရာတွေ ရေးသမျှကိုတော့ အဆက်မပြတ်ဘူးဆိုပါတော့ ။

 

နောက်. . .FB တို့ G-Mail တို့မှာ.. စာပေမိတ်ဆွေတွေနဲ့.. အပြန်အလှန်ဆွေးနွေးတာတွေတော့ ရှိနေတယ်။

 

ဒါလောက်ပါပဲ… ။

ဒါလောက်ကိုတောင် မနည်း လေ့လာနေရတာ…

ကဗျာဆိုတာကို အလုံးစုံ နားလည်ပြီး…. ကဗျာဆိုတာကြီးတစ်ခုလုံးကို သိမ်းကြုံး ချစ်နိုင်ဖို့တော့…

ကျွန်တော့်နှလုံးသားက…

ဆရာမကျသေးဘူးပေါ့ဗျာ.. ။

 

ဒါပေမယ့် ကျွန်တော်.. ဖတ်ရသမျှ ကဗျာတိုင်းကို..

ကျွန်တော်ကမြတ်နိးလွန်းလို့… ကြည့်မဝ ရှုမဝ ဖြစ်တတ်လွန်းလို့…

တစ်နေရာထဲမှာ… စုစုပြီး.. ပုံစံမျိုးစုံကို.. တစ်ခုပြီးတစ်ခု..ဖျတ်ခနဲ..ပြောင်းကြည့်… ခံစားကြည့်ရတာကို သိပ်သဘောကျတာ.. ။

 

(ဒါကြောင့်ပဲ… ကဗျာ ပြခန်း…ဆိုပြီး ထလုပ်ခဲ့တာပေါ့ ။)

 

အခု ကဗျာပြခန်းလေး နားထားတုန်း…

ဂဇက်ထဲ ကျွန်တော် ဖတ်မိသမျှ ကဗျာလေးတွေကို… ပြတိုက်တစ်ခုထဲ.. စီရီပြီး..ပြခွင့်ပြုပါဦး…. ။

 

ဒီတစ်ခါတော့… ကျွန်တော် စီစဉ်မယ့်… စကားလုံးပြတိုက်ဟာ……

အရင်က လုပ်ခဲ့ဖူးတဲ့ ကဗျာပြခန်းနဲ့…သဘောသဘာဝ မတူတာတွေ ပါပါတယ်။

 

၁)ဒီပြတိုက်ကို အဖွဲ့အစည်းတစ်ခုကနေ လုပ်တာ မဟုတ်(ကျွန်တော် တစ်ယောက်တည်းရဲ့ လုပ်ဆောင်ချက်နဲ့ပဲ သွားမယ်။ )

 

၂)ဒီပြတိုက်ထဲမှာ… ဂဇက်ထဲတင်လိုက်သမျှ ကဗျာတွေထဲကပဲ… ထုတ်နှုတ်ပြသသွားမယ်။ ထုတ်နှုတ်ပြသရာမှာ…သူ့ကဗျာမှ ကိုယ့်ကဗျာမှ မဟုတ်…အဆင်ပြေရာ ကဗျာကို ထုတ်ယူ ပြသမယ်။ တတ်နိုင်သမျှ ရေးသူ စုံအောင် ထုတ်နှုတ်ပါ့မယ်။

 

၃)ကဗျာတွေကို တစ်ပုဒ်နဲ့ တစ်ပုဒ် ယှဉ်ပြိုင်ခြင်း/နှိုင်းယှဉ်ခြင်းမရှိ ၊ ပြရုံသက်သက်ပဲ ပြမယ်။

 

၄)ဘာ ဆု / ဘာ လက်ဆောင်သဘောမှ မပါဘူး ။

 

၅)ကဗျာချည်းပဲ သီးသန့် မပြပဲ.. အဲဒီကဗျာတွေကို ကျွန်တော် ခံစားမိတဲ့ အချက်ကလေးတွေနဲ့ ထုတ်ပြသွားမယ်။

 

၆)စာသားပြတိုက်(ပိုစ့်)တစ်ခုမှာ ကဗျာ ဆယ်ပုဒ်ပတ်ဝန်းကျင်လောက် ထည့်သွင်းပြသသွားမယ်။

 

၇)ကဗျာရေးသူ၊ကဗျာအမည်၊ ဂဇက်ထဲ တင်တဲ့ နေ့ရက်၊ ကဗျာပိုစ့်တင်သူရဲ့ link… စတာတွေကို ဖော်ပြမယ်။

 

၈)တစ်နည်းအားဖြင့်… စကားလုံးပြတိုက် ဟာ… ”ဂဇက် ကဗျာအညွှန်းပိုစ့်” ( သို့မဟုတ် ) ”ဂဇက်ကဗျာတွေကို စုစည်းလိုက်တဲ့ ကဗျာပြတိုက် ”

 

၉) အရေးအကြီးဆုံးအချက်ပါ။ စကားလုံးပြတိုက်ဟာ ကဗျာချစ်တဲ့ ကဗျာဖတ်ပရိသတ်တွေအတွက် ရည်ညွှန်းပါတယ်။

ဂဇက်ဟာ ကဗျာတို့ ရသတို့ သိပ်တိုးလို့မရဘူး ဆိုပေမယ့် လက်ရှိမှာ ရသတွေ ခံစားမှုတွေ စကားလုံးလေးတွေရဲ့ တောက်ပမှုကို ချစ်လွန်းလို့ ဖက်တွယ်ထားနေတဲ့ ကဗျာရေးသူတွေ ရှိနေပါတယ်။

အဲ့ဒီ ကဗျာရေးသူတွေနဲ့ ကဗျာချစ်သော ကဗျာဖတ်ပရိသတ်တို့ စုစည်းနေတဲ့နေရာ. . .

ထိပ်တိုက်တွေ ့ဆုံမယ့် ပွိုင့်တစ်ခုအဖြစ် ရည်ရွယ်ပါကြောင်း။

—————————————-

 

ကဗျာအညွှန်းပိုစ့်… သို့မဟုတ်…

 

စကားလုံးပြတိုက်….

 

မကြာခင်..ဖွင့်ပြပါရစေ….

 

~~~~~~~~~~~~~~

 

 

မိတ်ဆွေများ.. လွတ်လပ် ငြိမ်းချမ်းကြပါစေ…

 

ချစ်ခင်လေးစားလျက်….

 

အလင်းဆက်(Gazette)

 

 

၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ ၊ ၁၅ ရက် ။

 

 

 

 

11 comments

  • ကေဇီ

    November 20, 2014 at 8:05 pm

    Good.. Good….
    Bravo..!!!
    Please Proceed..!
    Kindly go ahead.
    Carry on and I m looking forward to your post..

    :k:

    • အလင်းဆက်

      November 21, 2014 at 7:36 am

      အဟိ။

      ဒီအစီအစဉ်ကို အားပေးတဲ့သူတယောက်ကြီးများတောင် ရှိနေပြီ။

      :k:

      အမှန်က မအားတဲ့ ကြား ယားနာပေါက်တာပါ။

      :k:

      ဘာပဲ ဖြစ်ဖြစ် ချီတင်လိုက်ဦးမလေ. . .

    • အလင်းဆက်

      November 21, 2014 at 8:33 am

      သုံးခါမြောက် comment

      😆

      ပျောက်ပျောက် သွားလို့။

      —-

      အမှန်က ဒီအစီအစဉ်ဟာ
      မအားးးယားနာပေါက်. . .

      :k:

  • manawphyulay

    November 22, 2014 at 11:03 am

    ကဗျာချစ်သူများအတွက် ကဗျာပြခန်းလေးကတော့ တစ်သက်စာ မမေ့နိုင်တာပါပဲ။

  • kyeemite

    November 22, 2014 at 2:40 pm

    .အဖြူ ရောင်ဆိုကတည်းက
    .အရောင်တစ်ခုရှိနေမှန်း
    .ငါသတိထားမိခဲ့ဖို့ကောင်းပါရဲ့
    .ဒါပေမဲ့ငါ့နှလုံးသားခပ်အအ က
    .မင်းရဲ့အဖြူရောင်အပြုံးပေါ်ကြွေကျခဲ့တယ်..
    .ဒါပေမဲ့ ငါမှားတယ်မထင်ခဲ့ပါဘူး ကလေး(မီး)ရယ် …
    .နောင်ဘဝဆိုတာရှိသေးရင်တောင်
    .ထပ်ခါထပ်ခါမှားအုံးမဲ့
    .နှလုံးသားခပ်အအနဲ့ကောင်ပါ……အဟွတ်..ဟွတ် ….ဒါညိုးလေးကော :))

  • aye.kk

    November 24, 2014 at 10:17 am

    စာပေနဲ့ကဗျာ
    လမင်းနဲ ့ကြယ်စင်ပါလိုပါပဲ။
    အသိဉာဏ်လင်းလက်
    ထင်းကနဲပေါ်လွင်အောင်ဖွဲ ့ဆိုပြရတဲ့အတွက်။
    ဖတ်ရသူအတွက်စိတ်နှလုံးချမ်းမြေ့စေရလို ့အားပေးကြိုဆိုပါကြောင်း ပြောပြလိုက်ပါရစေ။

Leave a Reply