ဗစပ်ကဖျားဖျား လက်ကဓါးဓါး Militant

အန်အယ်လ်ဒီက ဦးထင်လင်းဦးကို သာသနာစော်ကားမှုနဲ့ တြားစွဲမယ်ဆိုပါလား ကိုဒိဌိရ.. အစိုးရကဆိုလား မဘသကဆိုလား ဒင်းတို့နှစ်ဖွဲ့ တကြိတ်ထဲတညံထဲနဲ့ ထင်ပါရဲ့။ ဒါမျိုးကြ ညီလိုက်တာနော်.. အာဏှာရဖွတ်ပါတီ ဒါမှမဟုတ် စစ်ယူနီဖောင်းဝတ်ဒဂေါင် ဖြစ်ကြည့်ပါလား ဒါမျိုးလုပ်ရဲ မလားလို့..။ မျက်နှာမွဲ အတိုက်အခံကြတော့ ဆဲလားဆဲရဲ့ စွဲလားစွဲရဲ့..။ ဒါလားကွ မျိုးခြစ်သရဲဂေါင်း၊ အင်ဂျီး…။

ပြောသူက ပြောလို့ စွဲသူကစွဲတယ်ဆိုလဲ ပွင့်ပွင့်လင်းလင်း လုပ်စေချဉ်တယ်။ ဒါ သာမန်အမှု မဟုတ်ဘူး၊ သာသနာနဲ့ဆိုင်တဲ့အမှု၊ နိုင်ငံရေး စပ်နွယ်နေတဲ့အမှု။ ဟ ငါတို့က အမျိုးသားရေးပဲလုပ်တာ၊ သာသနာ စောင့်ရှောက်နေတာလို့ သောက်ရူးစဂါး လာမပြောနဲ့။ သူများကို လုပ်တာတောင် ပုန်းရှိုးကွယ်ရှိုးဆို ကိုယ်တိုင် ခံရတဲ့အလှည့် မျက်ရည်မျက်ခွက် သေချာပေါက်ဖြစ်မယ်။ တရားစွဲပါပြီတဲ့.. ဘယ်သောက်ရုံးက ကိုင်မှာလဲ၊ မတရားသူကြီး ဘယ်သူလုပ်မှာလဲ။ သတ္တိရှိလျင် မိမိကိုယ်မိမိ ယုန်ကြည်မှုရှိလျင် ဂျူရီလူကြီးလို အဖွဲ့မျိုးနဲ့ စစ်ပါ။ တတ်သိနားလည်သူ အလွှာစုံပါတဲ့ ပုဂ္ဂိုလ်များနဲ့ဖွဲ့ပါ။ တရားစွဲသူ တရားအစွဲ ခံရသူ အပြန်အလှန် ချေပတုံ့ပြန်ကြမယ်။ ဖြစ်နိုင်လျင် တီဗွီက တိုက်ရိုက်လွှင့်ပေးပါ။ ဘယ်သူမှန်သလဲ မှားသလဲ တိုင်းပြည်က ဆုံးဖြတ်ပါစေ။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားပိုင်ခွင့်ဆို လူအများ လက်ခံတယ်။ နောက်ဆက်တွဲ ပြသနာတွေကို ဆင်ခြင်တုံတရား၊ သူတပါးအခွင့်အရေး မထိပါးရ စတာတွေနဲ့ ပြန်ထိန်းချုပ်တယ်။ အဲဒီမှာ ရှုပ်တော့တာပဲ။ အမှန်တော့ ပြောနေတဲ့ အသိတရား လူတိုင်းမှာရှိလျင် ဘာမှမဖြစ်၊ ဖြစ်လဲ ပြသနာမဟုတ်။ စာတွေပဲ ရှိလေကြတော့ တကယ်ဖြစ်တဲ့အခါ ကိုယ့်အတ္တ ရှေ့တန်းတင် ဆော်ကြတော့တယ်။ ဘာသာရေးနဲ့ လောကီသမားကွာတာ တန်းပေါ်လာပြီ။ ဘာသာရေးသမားက သာသနာအတွက် ဘုရားသခင်အတွက် ကင်းကောင်ဘုံအတွက် ထင်ရာမြင်ရာ ကြားဖူးနာဝအော် ဆော်တယ်။ ကိုယ့်ကိုယ်ကို လိမ်တယ်၊ သူများကို လိမ်တယ်။ လောကီသမားက ရှင်းတယ်.. ငါဖို့ တိုင်းပြည်ဖို့ လူမျိုးဖို့ ပြောတယ်၊ ပေါ်တင်လုပ်တယ်။ သူခိုးက ခိုးတာ မရှက်ဘူး.. သူ့အလုပ်ဖြစ်နေပြီ။ အရက်သောက်မလား ဖခြာမလား မဆန်းဘူး။ လူဂျီးလူဂေါင်း ဟန်ဆောင်သူ ကြတော့ အဲဒါတွေ ပေါ်တင် မလုပ်ဝံ့ဘူး၊ ညဖက်မှ ဦးထုပ်လေးဆောင်းပြီး လှုပ်ရှားရတယ်။ အဲ… ဥမပါဒါလေး မြင်အောင်ပြတာပါ။ ထပ်တူတော့ ဘယ်ကျဗမဲ။

သူတပါးကိုစော်တယ် မဖြစ်အောင် ကိုယ်ယုံကြည်ရာ ဗုဒ္ဓဘာသာပဲ ဇောင်းပေးပါ့မယ်။ အခြားဘာသာဝင်များလဲ ကိုယ့်ဟာကိုယ် မြင်ယောင်ကြည့်ပေါ့။ သာသနာကို ဘယ်သူပိုင်သလဲ.. ဗုဒ္ဓဘုရားနဲ့ ဘယ်သူပဲ ဆိုင်သလဲ။ တဦးတဖွဲ့၊ တလူမျိုးပိုင်လား၊ ငါ့လို လိုက်မလုပ်လုပ် ဒင်းနဲ့မတန်၊ စော်ကားတယ် ပြောလို့ရသလား။ အဆုံးအမ တွေမှာပဲ ပြန်ကြည့်ပါ။ သင့်၏ မသင့်၏ ဆိုတာမှန်ပေမဲ့ လူတိုင်းနဲ့ ဆိုင်တယ် (သို့မဟုတ်) တဦးတဖွဲ့ပိုင် မဟုတ်ဆိုလျင် သူလည်း သူထင်မြင်ရာ ပြောခွင့်ရှိတာပေါ့။ အပျက်သဘောပြောတာ မဖြစ်ရဘူး၊ အမုန်းတရား ဖြန့်ချီတာ မဟုတ်ရဘူး၊ ကိုယ်ကျိုးစီးပွား အသုံးမချရဘူး။ အဲလို တားမြစ်ချက်ကလွဲရင် ကျန်တာလုပ်ကောင်း ပါရဲ့။ ဒါတောင် ဘောင်ခတ်လိုက်တဲ့အခါ အနှစ်သာရ ချို့တဲ့သွားတာ အများဂျီး…

စော်ကားလျင် ကျူးလွန်လျင် မိုးကြိုးပစ်မယ်၊ မြေမျိုမယ်.. ငရဲကျမည်ပေါ့..။ ကြုံကြိုက် သွားတဲ့အခါ ကြည့်စမ်း စွမ်းလိုက်တဲ့အရှင်ကြီးဆိုပြီး ဖင်ဗူးတောင်းထောင်ဂျ ဒူးထောက်ကြ အဲ.. .. မဖြစ်တာ များလာတော့.. အဲဒီမှာ လူတွေရဲ့ အတ္တ ပေါ်လာတယ်။ မင်းလားကွ ဘုရားကိုစော်ကားတာ.. ခွပ်ဆိုပြီး ရိုက်သူနဲ့၊ ဓါးနဲ့ထိုးသူနဲ့၊ မီးတင်ရှို့သူနဲ့… ကိုယ့်ဘာသာကိုယ် ပျံကြည့်ကြနော်..။ ရုပ်ဝါဒီတွေလဲ ဖြုတ်ထုတ်သတ်လုပ်တာ သူများထက် နောက်မကျပါဘူး။ မိန်းမရမည်လို့ ဟောလိုက်တဲ့ ဗေဒင်ဆရာကို မရလို့ ပြသနာရှာတော့ ငါ့သိက္ခာ အကျမခံ.. မင်းကို ငါ့တူမနဲ့ပေးစားမယ်ဆိုတဲ့ ဟာသနဲ့ သွားတူနေပြီ။

အကြောင်းပျံစစ်လိုက်ရင် ဘာသာ၊ ဘုရား စတာတွေကို ကိုယ်ပိုင်လုပ်ထားတယ် မောင်ပိုင်စီးထားတယ်။ သူများပြောရင်တော့ အားလုံးနဲ့ဆိုင်တယ် အနန္တမေတ္တာတော် ဘာညာကွိကွပေါ့..။ ကိုယ့်အလိုလဲ မလိုက်ရော အမျိုးဘာသာ သာသနာတို့၊ ဂျီဟတ်တို့၊ ခရူးဆိတ်တို့ မျက်နှာဖုံးတွေ စွပ်ကုန်တာပဲ။ ဒါနဲ့ပဲ ကမာ္ဘဂျီးမှာ အသုံးအနှုန်းလေးတွေကအစ ဆတ်ဆတ်ထိ မခံ ဖြစ်ကုန်တယ်။ ကုန်ကုန်ပြောဗမဲ.. ကူမြူနစ်ခေါင်းဆောင် သခင်သန်းထွန်းက သူအာဏာရလာလျင် မြန်တျန့်ပြည်ရဲ့ အချမ်းသာဆုံး သူဌေးကြီးလေးဦးဆီက ရွှေတွေချွတ်ယူပစ်မယ်လို့ ကြိမ်းဝါးသတဲ့။ သူက ဓါးပြဆိတ်နဲ့ လိုချဉ်လို့ ပြောသလား.. ရုပ်ဝါဒီပီပီ ဘုရားမဲ့မို့ အဲလိုပြောသလား။ အဲလိုပြောတဲ့ သူ့ဆိတ်နဲ့ သာသနာမျက်နှာဖုံးစွပ် ဆဲဆိုသောင်းကျန်းနေတဲ့၊ သူတပါးကို လုပ်ကြံဖို့ချောင်းနေတဲ့သူ ဘယ်သင်းက ပိုမြတ်သလဲ။ သူ့ရဲ့ဆိတ်မှာ အရိုးခံ ပြောတာဆိုလျင်ဂေါ…

B CAT

သူတပါး ယုံကြည်ချက် ထိခိုက်စေတာ အမှန်ပဲ၊ သို့ပေမဲ့ ဘုရားဟော မှာကို ပြန်ကြည့်ပါ။ စေတီ ရုပ်ပွား ကိုးကွယ်ခြင်းသည် ဘာသာတရား အနှစ်သာရလား၊ လူအသာထားလိုက်ဦး ဘုရားရွှေရောင် ပြောင်လက်ချိန်မှာ ငတ်တဲ့ဘုန်းကြီးကျောင်းက ငတ်နေတာ မြတ်စွာဘုရား သက်တော်ထင်ရှားရှိလျင် ဘာပြောမည် ထင်သလဲ။ အဲလို တဇွတ်ထိုး ပြောသူဆိတ်မှာ ရိုးသားတယ်၊ မသင့်တော်လို့ ပြောတယ် ဆိုလျင်ကော..။ ဘုရားဆိုတာ ကိုယ်နဲ့ပဲ ဆိုင်တာ မဟုတ်ဖူးလေ..။ ကိုယ် ပညတ်တပ်သလို သူလည်း သူတပ်ချင်ရာ တပ်မှာပေါ့။ အရက် သေစာ မသောက်စားရလို့ အခြေခံသီလအဖြစ် သတ်မှတ်တယ်။ ဒါကို ကျန်းမာရေးအတွက် ဝိုင်တခွက်တော့ သောက်ကောင်းတယ်၊ အယ်လ်ကိုဟော နည်းတာရွေးသောက်လို့ ပြောသူကို သာသနာဖျက်လို့ ပြောမလား။ သမိုင်းမှာ လူပညာရှိ ယောအတွင်းဝန် ဦးဖိုးလှိုင်ကိုယ်တိုင် ပြောခဲ့ဖူးတယ်။ အာချောင်မိလို့လဲ ပြစ်ဒဏ်ခံရ အဆဲခံရတယ် မှတ်သားဖူးတယ်။

သာကီဝင်မျိုးကိစ္စ သူ့အမြင် ပွင့်ပွင့်လင်းလင်းပြောတယ်။ သူ့ဆေးသူဖော်ထိုးတယ်၊ အဲလိုဂျေးဆို မဘသများ ၉၆၉များ အခြားတော်တော်များများလဲ အဲလို ဆေးဖော်ထိုးနေဂျတာပဲ မဟုတ်လား၊ သာကီဝင်မျိုးဟေ့ ဒို့ဗမာ ဆိုတာ ဆေးထိုးထားတာ မဟုတ်ဖူးလား။ အကြောင်းမဲ့ မပြောဘူး အကိုးအကားနဲ့ ပြောတာဆို ဦးထင်လင်းဦး သူလည်း အကိုးအကားနဲ့ ပြောတာပဲလဲ။ ဗုဒ္ဓဘာသာလဲ သူနဲ့ဆိုင်တာပဲ.. အလကားနေရင်း ဆဲဆိုနေလို့လား။ သူ့ကို တရားစွဲကြေးဆို အခြားသူများကိုလည်း စွဲသင့်ပေတာပေါ့။ ရှုဒေါင့်အမျိုးမျိုးကနေ မြင်တာ မြင်ခွင့်ရှိတာမှ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းလို့ ခေါ်တယ်။ ဘုရားတရား တစာစာအော်နေပြီး ကိုယ့်ဟာကိုယ် အဟုတ်ထင် နေလျင်တော့ ပညာမဲ့ အဖွဲ့အစည်း ဖြစ်နေပြီ။ ဘုရားတို့ တရားတို့ဆိုတာ ဝေနေယျတိုင်းနဲ့ ဆိုင်ကြောင်း လက်ခံလျင် ပြောလဲ ဆတ်ဆတ်ထိ နာဖို့မလို။ သူလည်းဆိုင်တယ် သူ့လမ်းသူသွားတယ် အဲလိုလေးလဲ မြင်ကြည့်ပါဦး။

25 comments

  • ကေဇီ

    November 21, 2014 at 12:41 pm

    သူတော်ကြောင် ကွ။
    သာဓု။
    နောက် ၂ ခွန်းကတော့ ချန်ထားလိုက်ဦးမယ်။

    :kwi:

  • weiwei

    November 21, 2014 at 1:01 pm

    ဘရာကြော်ပါ ဦးကြောင်ကြီး …

  • CharTooLan

    November 21, 2014 at 1:45 pm

    NLD က အူးထင်လင်း ပီးတော့ ဒမှာတျောက် MGZ က အူးကြောင်ဂျီး ဝေ့လယ်ကြောင်ပတ်နဲ့ သာသနာကိုဖျက်နေဗျန်ဘီ သံဂါတော်တွေကို စော်တကားမော်တကားပြုနေပြန်ပီ ကလားကြောင်ဂို
    ဝိုင်းစဲဂျဘာ ဝိုင်းစွဲဂျဘာ ကြောင်အိမ်ကိုဖျက်စီးပစ်ဂျဘာ (စားချင်တာလေးတွေတော့ ယူထားအုံးပါ့နော့်) 😛

    မတိုက်မခံပါတီ (ခ) ပါတီညိမ်
    အညှောင့် 😛

  • တိမ်မည်း

    November 21, 2014 at 2:09 pm

    post အရ ဦးကြောင်ကို ဗယာကြော်ပါ…. (ကွန်မြူ နစ် သခင်သန်းထွန်းကိတ်စမပါ…)

    ဦးထင်လင်း က ပြောတာ မှန်ပေမယ့်… ပါတီ က ပြန်ကြာရေး တာဝန်ခံတယောက်အနေနဲ ့… ပါတီ ကိုယ်စားပြု ပွဲ မဟုတ်သည့်တိုင်အောင် ဒီလို ပြည်သူက စိတ်ဆိုးလွယ်တဲ့ကိစ္စမျိုးကို အခုလို အချိန်မှာ မပြောသင့်…. အချိန် အခါ ဆိုတဲ့ စကား အလားကားမဟုတ်….

    NLD က လူတွေကို တကယ်တော့ ကြည့်မရ ဘွားတော်ကြီးကြောင့်သာ…. မချစ်သော် အောင့်ကာနမ်း ဖြစ်နေတဲ့ ဘဝမှာ စကားကို အခုလို ခြေလွတ်လက်လွတ်မပြောသင့်… (သူ ့ဘာသာသာ ဘာကျမ်းကြီးပဲ ဘေးနားက ချပီး ပြောပြော ဘယ်လောက်ကြီး ပဲ သွေးထွက်အောင်မှန်မှန်)
    ကြံခိုင်ရေးသာ ပြည်သူလေးစားလောက်တဲ့ ပုဂ္ဂိုလ် ပေါ်ကြည့် NLD ကျိန်းသေပေါက် ကွိုင်တက်မှာ….
    ဒါကလည်း ဝေးသောကိစ္စမဟုတ်…. နောက် ၁ဝ နှစ်ဆို ဖြစ်နိုင်တယ်….

    သူလမ်းသူသွားတာကို မတားချင်… တားဖို ့လည်း အခွင့်မရှိ… အခုလို အချိန်မှာ NLD အတွက် မဲ တမဲ ဟာလည်း အသက်… သူအဲ့လို သာ ပြည်သူ ့ချဉ်ပတ်လုပ်ချင်သပဆို ပြောလိုက်ပါဗျာ… ပါတီကနေ ထွက်ပီး စာပေဟောပြောပွဲလုပ်ပါလို ့… လာအားပေးပါ့မယ်….

    လေးစားလျက်
    တိမ်မည်း

  • ဦးကျောက်ခဲ

    November 21, 2014 at 2:10 pm

    ဒီတစ်ခါ … ဒီကြောင်နဲ့ အမြင်တူတယ်…
    ဘာသာရေး အစွန်းရောက် မျက်ကန်းမျိုးချစ်တွေကို စိတ်ကုန်တာတော်တော်ကြာနေပြီ…

  • aye.kk

    November 21, 2014 at 3:11 pm

    အရိယာမဖြစ်သေးသမျှ ငါးပါးသီလခိုင်မြဲမည်ဟု မယုံကြည်ပါ။
    ပုထုဇဉ်ဆိုတာ ပုထုဇဉ်ပါပဲ ။
    ဗစပ်ကဖျားဖျား ။ အနှစ်မရှိတဲ့ အူလည်တိုင်နဲ ့အတူတူ။

  • kai

    November 21, 2014 at 3:20 pm

    ကကြောင်ကြီးမှ ဟုတ်ရဲ့လားမသိ..။ :k:

  • အလင်းဆက်

    November 21, 2014 at 3:27 pm

    မကောင်းးတာလုပ်ရင် မိုးကြိုးပစ်လိမ့်မယ်ဆိုတာကို အယုံအကြည်မရှိတဲ့နေရာမှာတော့
    ကျနော်နဲ့ ဆရာ အော်ပီကျယ်
    တူတယ်။
    ဟဲဟဲ။

    သိကြားမင်းက လက်မတည့်ဘူး။

    :k:

  • ကေဇီ

    November 21, 2014 at 3:49 pm

    Credit to Naing Oo

    ဘာ…..၂၀၀ရ ရွှေဝါရောင်အရေးအခင်းဟုတ်လား

    ဘာ…..လက်ပံတောင်းတောင် မီးလောင်ဗုံးပစ်တာဟုတ်လား

    ဘာ…..ကိုယ်ထိလက်ရောက်စော်ကားတာဟုတ်လား

    ဘာ…..သာသနာကိုစော်ကားတာ သံဃာတော်တွေကို ကိုယ်ထိလက်ရောက် ကျုုးလွန်တာ ဟုတ်လား

    လာတောင်းပန်တယ်လေ…ကြေအေးပေးလိုက်ပြီ အမှားသိလို့တောင်းပန်တာပဲလေ

    မေတ္တာတရားကိုရှေ့ထားဖို့ဟောပြောဆုံးမတဲ့ သူတွေက မေတ္တာတရားကိုပဲအသုံးချ

    ရမှာပေါ့….ခွင့်လွှတ်လိုက်ပါတယ်…..နောက်ပြီးသူတို့က သေနတ်ကြီးတွေနဲ့လေ။

    ဘာ…..ထင်လင်းဦး ဟုတ်လား

    ဘာ…..NLD ကဟုတ်လား

    ဘာ….. ဘုန်းကြီးတွေံဘုန်းကြီးတွေ ဆိုပြီးအာပေါင်အာရင်းသန်သန်နဲ့ စော်ကား
    သွားတယ်ဟုတ်လား

    ဘာ……တောင်းပန်တယ် ဟုတ်လား…..ဘယ်ကျေအေးပေးမလဲ….တောင်းပန်တိုင်း

    ကျေနပ်ရမှာလား ဘာသာသာသနာကိုစော်ကားနေတာကွ……ပြီးတော့ အာဏာရပါတီ

    လဲမဟုတ်ဘူး …… သေနတ်လဲမရှိဘူး…… လုပ်ပိုင်ခွင့်လဲဘာမှရှိတာမှမဟုတ်တာ

    လုံးဝ မကျေနပ်ဘူးကွာ …….တရားစွဲထောင်ချပစ်….ဒါဘဲ

    :a:

  • Novy

    November 21, 2014 at 4:31 pm

    ဦးဇာဂနာ စကားနဲ့ပြောရရင်တော့ “မှန်ကန်ရင်ကွဲတယ်တဲ့” “မှန်တိုင်းမကောင်းဘူးတဲ့ “

  • pooch

    November 21, 2014 at 4:55 pm

    ဦးကြောင်ဒီတခါတော့ အဟုတ်သား
    ဒီနေ့မှ ဒေါ်ဒေါ့်wall ဝင်ဖတ်မိတာ အတော်ကို နောက်ထားတာ တတ်လည်း တတ်နိုင်တယ်
    အံ့ပါ့ :mrgreenn:

  • ကန္နားစီး မိဂီ

    November 21, 2014 at 9:53 pm

    သခင်မျိုးဟေ့ … ဒို့ ဘာမန် …
    အာဝူးးးးး

    😛

  • ကန္နားစီး မိဂီ

    November 21, 2014 at 9:54 pm

    သခင်မျိုးဟေ့ ဒို့ဘာမန်

    အာဝူးးးးး

  • ဝက် ပြူ း

    November 21, 2014 at 9:57 pm

    ကြောင်ကြီး အတု ကြောင်ကြီး အယောင်ဆောင်
    ၉၆၉ မိဖြိုးနဲ့… ပေးအိပ်မယ်။
    စမူဆာကြာင်ကြီး
    အမူအယာယောင်ဖြီး

  • ကန္နားစီး မိဂီ

    November 21, 2014 at 10:09 pm

    သာခိန်မျိုးဟေ့ ဒို့ ဘာမန်
    အာဝူးးးးး

  • uncle gyi

    November 21, 2014 at 10:31 pm

    ဒီနေ့ဘုတ်မှာဖတ်လိုက်ရတယ်
    ခြင်္သေ့မှာရောက်နေတဲ့မြန်မာမိန်းကလေး
    ရွန်းနီတို့တိုင်းပြည်ကကောင်လေးနဲ့ယူမှာ
    မဘသ ထောက်ခံစာတောင်းတယ်ဆိုလား
    လူအလုပ်လိုက်လုပ်နေရင်
    တရားစောင့်တဲ့အလုပ်ဘယ်သူတွေလုပ်ကြမှာပါလိမ့်

  • uncle gyi

    November 21, 2014 at 10:32 pm

    ရောတော့ရောကုန်ပြီဘယ်သူရှင်းမလဲ

  • kyeemite

    November 22, 2014 at 9:02 am

    ** မဘသ ကြောင့် NLDအား မဲပေးမည် **

    မဘသ ၏ ဆရာထင်လင်းဦး ဟောပြေချက်
    ဗွီဒီယိုအား လိုသလို ဖြတ်ညှပ်ကပ် ဖြင့် အခွေ ဖြန် ့ချီပြီး NLD အား မဲမပေးဖို ့ ဝါဒဖြန် ့သော
    ဤ လုပ်ရပ်သည်
    ကျွန်ုပ်တို ့ အားလုံးအား
    မဘသ ဆိုတာ NLD အားတိုက်ဖို ့ တခုအတွက် သာ ဖွဲ ့ထားကြောင်း
    အသိပေး တပ်လှန် ့ လိုက်ခြင်းမည်၏ ။

    ကြံ့ဖွတ် စစ်အာဏာရူး သူခိုးအမတ်များ မဘသ အားလုံးအတူတူ ဖြစ်တယ်ဆိုတာ ကွဲကွဲပြားပြား သိလိုက်ရပါပြီ
    ဒါကြောင့် ၂၀၁၅ မှာ
    လှည့်ကွက်မရှိ ရိုးရှင်းတဲ့ NLD အား
    မဲပေးရန် စိတ်ဒုံးဒုံးချလိုက်ပါပြီ ။
    นาย เอกชัย กุมาระย์ with Demo Lu Ngee

  • manawphyulay

    November 22, 2014 at 11:34 am

    ဦးကြောင်ကြီး ဆေး ပုံမှန် သောက်လာပုံရတယ်…. ဂွတ်

  • မြစပဲရိုး

    November 22, 2014 at 8:52 pm

    အခု ဒီမှာ အီဘိုလာ အတွက် ရှေးတုန်းက (နှစ် ၃ဝ တုန်းက) အာဖရိက အတွက် သီချင်း တစ်ပုဒ် ကို ပြန်လည်ဆန်းသစ် ပြီး အလှူကောက် နေတယ်။

    သီချင်းနာမယ်က “do they know it’s christmas” တဲ့။
    အဲဒီ ခေါင်းစဉ် ကို ခိုးချပြီး “do they know it isn’t Buddhist practice”။

    တစ်ခြားသူများ ရဲ့ Buddhism ပေါ်အမြင်က နေ ကိုးကားရရင်
    ဘီဘီစီ မှာ တက္ကသိုလ်တွေ က ပါမောက္ခတွေ သုတေသနပြု ပြီး ရေးသား ထားမှု တွေထဲ က တစ်ချို့ပါ။

    http://www.bbc.co.uk/religion/religions/buddhism/

    Key facts
    – Buddhism is 2,500 years old
    – There are currently 376 million followers worldwide
    – There are over 150,000 Buddhists in Britain
    – Buddhism arose as a result of Siddhartha Gautama’s quest for Enlightenment in around the 6th Century BC
    – There is no belief in a personal God. It is not centred on the relationship between humanity and God
    – Buddhists believe that nothing is fixed or permanent – change is always possible
    – The two main Buddhist sects are Theravada Buddhism and Mahayana Buddhism, but there are many more
    – Buddhists can worship both at home or at a temple
    – The path to Enlightenment is through the practice and development of morality, meditation and wisdom.

    အဲဒီထဲ နောက်ဆုံး အချက်ထဲ မှာ morality နဲ့ wisdom ထားဦး။ ကနဦး လက်တွေ့ ကျင့်ကြံရတဲ့ meditation ကို သူတို့ ဘာပြောလဲ ဆက်ကြည့်ရအောင်။

    Why do Buddhists meditate?
    ( Video transcript for ‘Finding nirvana’ narrated by Bettany Hughes)

    It was while he was sat meditating under a tree that the Buddha attained enlightenment.
    The story goes that Prince Siddhartha Gautama had given up a life of great wealth and privilege to wander, penniless as a holy man, seeking enlightenment.

    Siddhartha sat and entered a state of subtle absorption, something he had perfected during his years of training.
    He began to closely examine his own mind, and even his former existences, searching for an understanding of how to be free.

    Visions of pleasure and diabolic dread raced through his mind, but nothing could distract him.
    And then, after many days, it suddenly seemed as though he had been released from all the things that had been troubling him.

    Siddhartha was able to see things as they truly were.
    He was free from desire and attachment to existence.
    He understood that all things are impermanent and are incapable of providing ultimate
    satisfaction in themselves.
    He had become the Buddha, the awakened one.

    The ultimate goal for a Buddhist is to reach that state of enlightenment, or nirvana,
    and meditation is a key technique to achieve it.
    But meditation isn’t just a question of philosophy or faith or belief system.

    Now scientists are charting its quantifiable positive wider impact on both body and mind.
    Whatever you think of Buddhism itself clearly 25 centuries ago the Buddha was on
    to something.

    အဲဒီအထဲ က အနှစ်ချုပ် ထုတ် လိုက်ရရင်
    Buddhism လို့ ကိုယ့်ဟာကိုယ်သတ်မှတ်ချင်ရင် ကျင့်ကြံရပါမယ်။
    လွတ်မြောက်ဖို့ ကို ကျင့်ကြံနေရပါမယ်။
    အလိုဆန္ဒတွေ၊ တပ်မက်မှု တွေ၊ နှောင်တွယ်မှုတွေ ကနေ လွတ်မြောက်ဖို့ ကို ကျင့်ကြံ နေရပါမယ်။
    ဒါမှ လက်ရှိဖြစ်တည် နေမှု သံသရာ ကနေ ထွက်သွား နိုင်မယ်။

    So……………
    Do they know it ?????????????????????
    မ know ရင်တော့ know အောင် ကြိုးစားရင် ကြိုးစား။
    မကြိုးစား မကျင့်ကြံရင် Buddhism လို့ အမည်ခေါ်တွင်ခြင်း မရှိစေရ။
    🙄
    lol:-)))))

    • kai

      November 25, 2014 at 2:30 pm

      အဲဒါကြောင့်.. ထေရာဝါဒပါလို့ပြောနေတာပဲ..ဟာပဲဟာကို…
      ထေရာ(ထေရီတွေမပါ) က.. ပြောဟောတဲ့အတိုင်း.. လိုက်လုပ်ကြရတဲ့..ဝါဒ…။
      ထေရာဝါဒ… (ထေရဝါဒ မဟုတ်)

      ပိုပြီး.. ကွန့်ချင်ရင်တော့.. ဗုဒ္ဓစာလုံးထည့်လို့ရပါတယ်..။
      သီရိလင်္ကာက..ထေရာကြီးတပါးဖြစ်တဲ့.. ရှင်ဗုဒ္ဓဃောသရဲ့.. အဌကထာတွေကို.. ဗုဒ္ဓတရားစစ်စစ်တွေထက်ပိုတန်ဖိုးထား.. ကိုးကားကြသမို့..
      ထေရာဝါဒဗုဒ္ဓဃောသဘာသာ.. :k:
      =
      အဋ္ဌကထာ ဆိုသည်မှာ – ဗုဒ္ဓကမ္ဘာ – Ning
      buddhismworld.ning.com/profiles/blogs/6371237:BlogPost:5262
      သက္ကရာဇ် ( ၉၀ဝ ) နှင့် ( ၁၀၀ဝ ) အတွင်း ရှင်မဟာဗုဒ္ဓဃောသ စသော မထေရ်မြတ်တို့ ပြုစုခဲ့သော အဋ္ဌကထာသစ်များ ဟူ၍ ရှိသည် …

  • မြစပဲရိုး

    November 22, 2014 at 8:57 pm

    Hayy ….
    I am a robot.
    Har Ha,
    :))

  • Wow

    November 24, 2014 at 11:31 am

    ဘာဖစ်ကျဒါလဲဟင် မသိလိုက်လို့ ကကြောင် အစက ပြန်ပေါကျိ :mrgreen:
    ခုမ လိုင်းကောင်းလို့ ဒန်ပေါက်ကိတ်စ နားလည်ရုံရှိသေး :hee:

  • Wow

    November 24, 2014 at 11:33 am

    အမ်.. နာရေးထားတာ ဘယ်ရောက်သွားလဲ

  • kyeemite

    November 25, 2014 at 10:04 am

    FB မှာကိုကြီးမိုင်းရေးထားတာလေး….
    .မဟာ မိုင်း
    52 mins · Edited ·

    ကိုထင်လင်းဦးကို ဖမ်းဆီးအရေးမယူခဲ့ရင် ဆူပူမှုတွေဖြစ်လာနို်င်တယ်လို့ ဦးဝီရသူကသုံးသပ်တယ်။ ပြီးတော့ NLD ပါတီကိုပါ စာထုတ်ပြီး ကန့်ကွက်ခဲ့တယ်၊
    ဦးဝီရသူဟာ နိုင်ငံရေးနယ်ပယ်မှာ အစွန်းရောက်သမားတစ်ဦးအဖြစ်ထင်ရှားလာတဲ့အတွက် ဦးဝီရသူရဲ့ ထုတ်ပြန်ချက်ကို အများစုသတိပြုမိကြတာမဆန်းပါဘူး၊

    တကယ်တော့ အစွန်းရောက်ဘာသာရေးသမားတွေကြီးစိုးတဲ့ အမှောင်နယ်မြေတွေမှာပဲ ဘာသာရေးကို ဝေဖန်ရင်၊ ဒါမှမဟုတ် စော်ကားတယ်လို့ယူဆရင် ပြင်းပြင်းထန်ထန်အပြစ်ပေးလေ့ရှိတယ်၊ ဒီလိုစိတ်သဘောထားသေးသိမ်မှုနဲ့ လက်စားခြေမှုတွေအရင်းခံတဲ့ ဆူပှုမှုတွေဟာ မြန်မာနိုင်ငံလို ကမ္ဘာမှာ တစ်ခုတည်းသော ထိတ်တန်းဗုဒ္ဓဘာသာသာနိုင်ငံမှာ ဖြစ်သင့်ပါရဲ့လား၊ သူများဘာသာတွေတောင်လုပ်နေတယ်၊ ကိုယ့်ဘာသာမှာ မလုပ်ရတော့ဘူးလားလို့ဆင်ခြေကန်ရင် သူများဘာသာတွေဘယ်လောက်ပဲလုပ်လုပ်ကိုယ့်ဘာသာရေးမှာဒါတွေလုံးဝမလုပ်သင့်ဘူးလို့ ပြောရမှာပဲ၊ သူများတွေ မစင်စားတိုင်း ကိုယ်က လိုက်စားရမှာလား၊

    သေချာနားထောင်ကြည့်တော့ ဦးထင်လင်းဦးဟာ သင်္ကန်းဝတ်အကြမ်းဖက်သမားတွေကို တွယ်ထည့်လိုက်တာရယ်၊ စကားလုံးအသုံးအနှုန်းကြမ်းသွားတာရယ်ကလွဲပြီး မှားတာမပါပါဘူး၊ သူကိုယ်တိုင်လည်း ဒီအဖြစ်အပျက်ကနေသင်္ခန်းစာယူပြီး တာင်းပန်နေပြီပဲ၊ ဒါကိုမှခွင့်မလွှတ်နိုင်ပဲ အငြိုးတကြီးနဲ့ ဖမ်းဆီးအရေးယူဖို့ တိုက်တွန်းတာဟာ ဗုဒ္ဓဘာသာအတွက် ရှက်စဖွယ်ပါပဲ၊ သူ့အစားဗုဒ္ဓဘာသာတစ်ဦးအနေနဲ့ ရှက်လည်းရှက်မိတယ်၊ ဦးထင်လင်းဦးမှာလည်းကိုယ်ပိုင်မိသားစုနဲ့ သူ့စောင့်ရှောက်မှုကိုလိုအပ်နေတဲ့ ပတ်ဝန်းကျင်တစ်ခုမုချရှိနေမှာပါပဲ၊

    ဒါပေမယ့် ဦးဝီရသူဟာ ဦးထင်လင်းဦးကိုဖမ်းဆီးအရေးယူဖို့ ခြိမ်းခြောက်မှုဆန်ဆန် သဘောထားထုတ်ပြန်တာဟာ ဦးထင်လင်းဦးတင်မက သူ့ရဲ့မိသားစုနဲ့ပါရှင်ကွဲကွဲအောင်၊ ကိုယ်စိတ်နှလုံးညိုးချုံးအောင် လုပ်နေတာပဲမဟုတ်ပါလား၊

    ဦးဝီရသူဟာ မေတ္တာတရားကိုအရင်းခံတဲ့ ဗုဒ္ဓဘာသာကို ပုံဖျက်နေပြီလို့ထင်ပါတယ်၊

    ဦးဝီရသူဟာ တရားဟောပလ္လင်ပေါ်မှာထိုင်တာနဲ့ သင်္ကန်းရုံတာကလွဲပြီးရဟန်းတစ်ပါးမလုပ်သင့်၊ မလုပ်ထိုက်တဲ့လုပ်ရပ်ကို တွင်တွင်ကြီးလုပ်လာခဲ့တာကြာပါပြီ၊ တသက်နဲ့တကိုယ် ဦးဝီရသူ နိဗ္ဗာန်ရောက်ကြောင်းတရားဟောတာ မကြားခဲ့ဘူးပါဘူး။

    မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စဉ်းစားတိုင်းယူကြုံးမရဖြစ်ရတယ်၊ ပညတ်တွေနဲ့ဓါတ်သက်တွေလွဲနေတယ်၊ ဥပမာ မြန်မာ့တပ်မတော်လို့ ကြားလိုက်ရင် မနှစ်မြို့မှု၊ အထင်သေးမှု၊ မလုံခြုံမှု စတဲ့ခံစားမှုတွေပေါ်လာတယ်၊
    မဘသ လို့ကြားလိုက်ရရင် အဓိကရုဏ်းတွေ၊ ဒေါသထွက်နေတဲ့လူအုပ်ကြီးတွေ၊ မျက်နှာထားတင်းတင်းတွေ မြင်ယောင်လာတယ်၊ ဒါတွေဟာ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကိုမှီပြီးဖြစ်လာတဲ့ ရလာဒ်တွေပဲ၊ ဒါမှမဟုတ် ခင်ဗျားတို့ရဲ့ စေတနာကိုနားမလည်တဲ့ နလပိန်းတုန်းပြည်သူတွေအဖြစ်သတ်မှတ်ချင်လည်းသတ်မှတ်ကြပေါ့၊

    နိုင်ငံက ဆင်းရဲမွဲတေလွန်းပြီး ရက်စက်ကြမ်းကြုတ်တဲ့စစ်အစိုးရအောက်မှာ ဗုဒ္ဓတရားရဲ့အေးမြမှုရှိလို့သာ သင့်တင့်လျောက်ပတ်စွာနှလုံးသွင်းနေနိုင်ခဲ့တာ၊ ဒီဘာသာတရားပါ ပုံဖျက်ခံရတော့မယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ ပတိရူပ ဒေသဝါသောစ (သင့်တင့်လျောက်ပတ်သောအရပ်မှာနေရခြင်းသည်မင်္ဂလာတစ်ပါး) ဟုတ်ပါရဲ့လားလို့ မေးခွန်းထုတ်ရပါတော့မယ်။ ပြည်သူတွေလက်ချင်းချိတ်ပြီး အစိုးရနှိက်စက်မှုနဲ့ မဘသရဲ့ သွေးထိုးမှုကို အတူတူရင်ဆိုင်ကြတာပေါ့၊

Leave a Reply