ရန်ကုန်မှာရှိတဲ့သူများတက်စေချင်ပါတယ်။

အာဂNovember 21, 20141min22111

တစ်ရက် ကဗျာဆရာ ကိုစောဝေနဲ့တွေ့တော့ ကျွန်တော့်ကို အအောက်ပါ ဖိတ်စာလေး မန်းလေးဂဇက်မှာ ရေးပေးပါလို့ပြော တဲ့ အတွက်အခုလို ပြန်တင်ပေးလိုက်ပါတယ်။

သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ CRC Day

သုခရိပ်မြုံဂေဟာရှိ မိဘမဲ့ (HIV ကူးစက်ခံကလေး ၁၁၄ယောက်)နှင့် အုပ်ချုပ်သူများ၊ဝန်ထမ်းများ၊စုစုပေါင်း (၁၅၀)ခန့် နှင့် CRC Day ပျော်ပွဲရွင်ပွဲ နှင့် ကလေးများ စိတ်အင်အားမြှင့်တင်ရေးအတွက် (အလှူရှင်များ၊အနုပညာရှင်များ) မိမိတို့၏ အနုပညာ ၊ စေတနာတတ်အားသဖြင့် အချိန်အနည်းငယ်လေးပေး လှူဒါန်းပါဝင်ကြဖို့ မေတ္တာထား ဖိတ်ကြားအပ်ပါသည်။

နေရက်- နိုဝင်ဘာလ ၂၆(ဗုဒ္ဓဟူးနေ့) ၂၀၁၄
အချိန်- နံနက်(၉းဝ၀)မှ ညနေ(၄းဝ၀)ထိ
နေရာ- ဗိုလ်ချုပ်ကြေးရုပ်ကျွန်း(ပြည်သူ့ခန်းမ) ကန်တော်ကြီး(နတ်မောက်လမ်း၊ ရွိုင်ရယ်ဂါးဒင်းအပေါက်မှဝင်ပါ)

အဖြူရောင်သက်တံ၊သုခရိပ်မြုံ
စောဝေ 0931642308၊ စုထား-092017961

11 comments

  • အလင်းဆက်

    November 21, 2014 at 5:23 pm

    အေးဗျာာာာ သွား နားထောင်ချင်သားးး

    ကျနော့်အတွက်တော့
    sunday ဆိုရင် ကောင်းမယ်
    အခုတော့. . .

  • uncle gyi

    November 21, 2014 at 10:18 pm

    သုခရိပ်မြုံကအသိုင်းအဝိုင်းကောင်း အမည်လည်းရှိပြီး
    အရှိန်တခုရနေပါပြီ
    ုပိုမိုအရှိန်ရဖို့ဝိုင်းကူတွန်းမဲ့လက်များမျှော်နေပါတယ်

  • CharTooLan

    November 22, 2014 at 12:16 pm

    အင်ဖော်မေးရှင်းအတွက် ကျေးကျေး ကိုဂ ~

  • kyeemite

    November 22, 2014 at 3:38 pm

    .ဖွင့်ရက်ကြီးဆိုတော့ မလွယ်ဘူးကွာ..အလှူငွေတော့ထည့်ချင်ပါတယ်…ဘိုလုပ်ရမဲ

    • အာဂ

      November 22, 2014 at 4:15 pm

      လေးမိုက် အဲဒီထဲက ဖုန်းနံပါတ်လေးကိုဆက်သွယ်ကြည့်ပါလားခင်ညာ…။

    • အာဂ

      November 22, 2014 at 4:17 pm

      အဲဒီထဲမှာပါတဲ့ ဖုန်းနံပါတ်လေးကို ဆက်သွယ်ကြည့်ပါလား လေးမိုက်ရေ..။

      • kyeemite

        November 24, 2014 at 8:12 am

        အတော်ပဲ..မနေ့က ဖတ်ရွေးတွေ့ဆုံပွဲမှာ အလှူ ငွေစုပြီး ကိုစွယ်တော်ရွက်ကိုပေးလိုက်တယ်..
        သူကိုယ်တိုင်သွားလှူ ပါလိမ့်မယ် ကိုရင်အာဂရေ :))

  • မြစပဲရိုး

    November 22, 2014 at 11:02 pm

    HIV ကူးစက်ခံကလေး တွေ ဆိုတော့ သူတို့မှာ တစ်ခြား ကလေးတွေ နဲ့ ရောပြီး ကျောင်းတက် လို့ မရဘူးပေါ့။ ဟုတ်လား ဂဂ။
    အဲဒီ အကြောင်းလေးတွေ အသေးစိတ် သိချင်သား။

    • အာဂ

      November 25, 2014 at 4:02 pm

      ဟုတ် တီမြ ရေ သိရသလောက်တော့ အပြင်မှာ သွားတက်လို့မရပါဘူး။အဲဒီမှာပဲသင်တယ်နဲ့တူတယ်ထင်ပ။

  • Shwe Ei

    November 23, 2014 at 7:00 pm

    သများတို့ရုံးကတော့ ဖယ်ရီ၃ကြောင်း စီစဉ်ပေးတယ်
    တစ်ရုံးလုံးလိုလို သွားကြတာဘဲ
    အလုပ်များနေလို့ လိုက်မဖြစ်တာနဲ့ နေခဲ့ရတယ်
    သုခရိပ်မြုံအတွက် အလှူတစ်ခု စီစဉ်နိုင်မယ်ဆိုရင်တော့ ဝိုင်းကူချင်ပါတယ်။

  • Shwe Ei

    November 23, 2014 at 7:01 pm

    နေ့လည်ဘက် အားရင်တော့ သွားပါမည်။
    သတင်းပေးတာ ကျေးဇူးပါ 🙂

Leave a Reply