စကားလုံးပြတိုက်-အမှတ်(၁)

alinsettNovember 24, 201425min29019

စကားလုံးပြတိုက်ကလေးတစ်ခု မကြာခင် ဖွင့်မယ်လို့  

အသိပေးလိုက်ပြီးနောက်မှာ…

”မောင်သူရရဲ့ စကားလုံး ပြတိုက်က ဘယ်တော့ ဖွင့်မလဲကွ..” လို့…တမေးထဲမေးနေတဲ့…ကဗျာ ချစ်သော… ချစ်မိတ်ဆွေတို့ရေ…..

ကျနော် အခု…  ပြတိုက် ဖွင့်လှစ်လိုက်ပါပြီနော်။

——————

ပြတိုက်ဖွင့်ရခြင်း ရည်ရွယ်ချက် ။

၁) ကဗျာတွေကို ချစ်လို့ ။

၂) ကဗျာတွေ စာတွေအကြောင်း ပြောနေချင်လို့ ။

၃) ဂဇက်မှာ.. ကဗျာရေး/တင်ပြသူတွေရဲ့ ကဗျာတွေကို ကိုယ်တိုင်လည်း မြတ်နိုးစွာ… တပါးသူတွေလည်း မြတ်နိုးလာအောင်…
တစ်ဖက်တစ်လမ်းက… ဝန် ထမ်းချင်လို့ ။

၄) ဂဇက်ထဲမှာ..တင်လာတဲ့ ကဗျာတွေကို မပြတ်တမ်း ဖတ်နေသူတွေ (အကြောင်းကြောင်းကြောင့်…မဖတ်ဖြစ်လိုက်ပဲ လွတ်သွားတာတွေ ရှိရင်
ကျနော့် အညွှန်းလေးက တဆင့် ပြန်သွားဖတ်လို့ရစေဖို့… ။

———————————–
နားလည်ပေးစေဖို့… ။။။။။။

ကျနော့်ရဲ့ အချိန် အခက်အခဲ ၊
အင်တာနက် သုံးစွဲနိုင်မှု အခက်အခဲတွေကြားက… လုပ်ရတာဖြစ်တဲ့အတွက်…
ကဗျာမှန်သမျှ ပါမလာပဲ.. ..  လူစေ့တက်စေ့ မဖြစ်လို့….ကျန်ခဲ့ / ချန်ခဲ့ရတာတွေအတွက်…
နားလည် ခွင့်လွှတ်ပေးစေလိုပါတယ်။

တတ်နိုင်သလောက်တော့…
ညွှန်းဆိုပါဦးမယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

သံသရာတစ်ကွေ့ဝယ်

– တောင်ပေါ်သား

Posted by တောင်ပေါ်သား on Nov 12, 2014

( သံသရာတစ်ကွေ့ဝယ် )

https://myanmargazette.net/207010
———————————————————

သံသရာတစ်ကွေ့ဝယ်
~~~~~~~~~~~

တိမ်တွေပေါ်မှာ
မင်း စကားသံ   လွင့်ပျံဆဲလေ
သေချာသော်လည်း အဖမ်းခက်ခဲ ၊

မြေနီလမ်းမှာ
မင်းခြေရာများ ရှိထားသော်လည်း
ရှာရန်ကမလွယ် ဇဝေဇဝါရယ် ၊

လှည်းတန်းက အိုက်စ်ဘယ်ရီ
ကော်ဖီ၂ ခွက်ရယ် သက်သေတည်လည်း
ဘယ်ခွက်ဆိုတာ ငါမပြသာ ၊

အင်းစိန်လမ်းပေါ်
ဒို့ပျော်ခဲ့တဲ့ ၄၈  စီးဖြစ်ကြတာ
သေချာပေမယ့် ဘယ်ကားဆိုတာမရေရာ ၊

ဝိုင်ကေကေအို
ထိုင်လေကို တဲ့  ချွဲနွဲ့သူ့အသံ
ဟန်ပန်များရယ် ဘယ်ပျောက်ကွယ် ၊

လပြည့်ဝါဆို
ငါငိုချင်ခဲ့ ခွဲတဲ့ချစ်သူ
ပြစ်မြူ မျှမတင် ချစ်သူကိုကွယ့်လှစေချင် ၊

~~~~~~~~~~
တောင်ပေါ်သား

—————————–
ပထမဆုံး စာပိုဒ်ကို ဖတ်လိုက်ရရုံနဲ့…
ဒါ… မသေချာ မရေရာတော့တဲ့ အတိတ်ထဲက တစုံတရာကို ပြန်တမ်းတတဲ့… လွမ်းမောတသ ကဗျာရှတတလေးဆိုတာ… သိသာပါရဲ့ ။
တိမ်တွေပေါ်မှာ
မင်း စကားသံ   လွင့်ပျံဆဲလေ
သေချာသော်လည်း အဖမ်းခက်ခဲ …တဲ့ ။

သေချာမှုလေးတစ်ခုတော့… ရှိခဲ့ဖူးတယ်…ပေါ့ ။
ဘာမှန်း သေချာ မသိသေးခင်ကတည်းက…တခုခုကို လွမ်းမိသွားသလိုပဲ… ။
————-

နောက်တစ်ပိုဒ်ကလည်း..ဒီလိုပါပဲ… ။
မြေနီလမ်းမှာ
မင်းခြေရာများ ရှိထားသော်လည်း
ရှာရန်ကမလွယ် ဇဝေဇဝါရယ် ၊….တဲ့… ။

ဒီတစ်ခါတော့.. အသံမဟုတ်တဲ့..ခြေရာကလေးတွေ…မို့…
မြေနီလမ်းမှာ… ရှိခဲ့ဖူးတာကို ပြန် လွမ်းလိုက်တာ…. ။
ရှာလို့ တွေ့မယ်ဆိုရင်… ချစ်ခဲ့ဖူးသူရဲ့ ခြေရာကလေးတွေကိုတောင်… ပြန် ရှာဖွေ တွေ့ရှိလိုက်ချင်တဲ့ပုံစံမျိုး…
————–
လှည်းတန်းက အိုက်စ်ဘယ်ရီ
ကော်ဖီ၂ ခွက်ရယ် သက်သေတည်လည်း
ဘယ်ခွက်ဆိုတာ ငါမပြသာ ၊
အင်းစိန်လမ်းပေါ်
ဒို့ပျော်ခဲ့တဲ့ ၄၈  စီးဖြစ်ကြတာ
သေချာပေမယ့် ဘယ်ကားဆိုတာမရေရာ ၊….

ဟော… ဒီအပိုဒ်ကတော့…  နည်းနည်း..လက်တွေ ့လောကထဲ.. ဆွဲခေါ်လာသလိုပဲ။
လှည်းတန်းက အိုက်စ်ဘယ်ရီဆိုင်ကို ရောက်ဖြစ်ရင်…
ကော်ဖီလေးတွေ သောက်မိရင်…
ဒ်မှမဟုတ်လည်း.. ကျနော် မကြာခဏ စီးဖြစ်တဲ့ ၄၈ ဘတ်စ်ကားသာ…ဒီတစ်ခါ ထပ် စီးဖြစ်ရင်…
ဒီကဗျာကိုတော့… သတိရနေတော့မှာပဲ။
—————–

ဝိုင်ကေကေအို
ထိုင်လေကို တဲ့  ချွဲနွဲ့သူ့အသံ
ဟန်ပန်များရယ် ဘယ်ပျောက်ကွယ် ၊….တဲ့။

ဒီတစ်ပိုဒ်မှာတော့… ကဗျာထဲက…အသံချိုနွဲ့လေးတောင်… ကြားယောင်လာမိတယ်.. ။
ဒါပေမယ့်… အဲဒီကောင်မလေး…အခု ဘယ်မှာလဲ…
ခံစားရေးဖွဲ့သူကိုယ်တိုင်တောင်… မသေချာတော့ပါလားကွယ်…
ဟန်ပန်များရယ်.. ဘယ်ပျောက်ကွယ်….တဲ့…. ။
——————

လပြည့်ဝါဆို
ငါငိုချင်ခဲ့ ခွဲတဲ့ချစ်သူ
ပြစ်မြူ မျှမတင် ချစ်သူကိုကွယ့်လှစေချင် ၊….

ဒီကဗျာ တစ်ပုဒ်လုံးမှာ… ကျနော့်ရင်ကို လွှမ်းခြုံနိုင်ဆုံးက… ဒီနောက်ဆုံးအပိုဒ်ပါပဲ။
ဝါဆိုလပြည့်တစ်ရက်မှာ… ခွဲခွါထားရစ်တဲ့…ချစ်ဖူးသူကို
အပြစ်ဆို မြူတစ်မှုံစာတောင်မှ… မတင်ရက်ဘူး….တဲ့ ။
ချစ်သူကို… သူက… လှစေချင်သေးသူ….ဆိုတာလေးကို စကားလုံးလေး နည်းနည်းနဲ့…
လှလှပပ  ချ ပြသွားလေရဲ့…. ။

စကားလုံးပြတိုက်ထဲ… ဒီကဗျာလေးကို..အမှတ်တရ ထည့်သွင်းပြသရတဲ့အတွက်…
ဂုဏ်ယူ ကျေနပ်မိပါတယ်။

မဖတ်လိုက်ရသေးသူများ ပြန်လည် ဖတ်ရှုခံစားနိုင်ဖို့… ညွှန်းလိုက်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

 

 

နိုဝင်ဘာ….အလွမ်း

 
– အောင်မိုးသူ

Posted by အောင် မိုးသူ on Nov 12, 2014
https://myanmargazette.net/207004

https://myanmargazette.net/207004
—————————————————————————————————

နိုဝင်ဘာ….အလွမ်း
~~~~~~~~~~

အလွမ်းကိုပုံဖော်ကြည့်တော့

အနမ်းတွေကတစ်ပွေ့တစ်ပိုက်နဲ့။

ဆောင်းကမအေးသေးဘူး ချစ်သူ

အပြောင်းအလဲတွေထဲမှာတော့

ကိုနွေးထွေးချင်နေပြီ။

အသိဆိုတဲ့စိတ်တွေထဲမှာ

သတိရခြင်းတွေက ကပ်ကပ်ပါလာတယ်။

အဝေးမှာ

အဝေးမှာ

အဝေးမှာဆိုတဲ့စကားလုံးကို

ကိုသတ်ပုံတွေမှားမှားပေါင်းတယ်(သိရက်နဲ့)

နှလုံးသားချင်းနီးနေတာပဲ

ဟင့်အင်း

အမြဲတမ်းနီးစပ်ချင်ပြီဆို

အဲ့ဒါ ကိုယ့်အတ္တဖြူပါ….ချစ်သူ။

နောက်ကျတဲ့ဆောင်းရယ်

နောက်ဆုံးအချစ်ဆိုတဲ့ ကို့အချစ်ရယ်

ဘဝဟာ တစ်ခါတစ်လေတိုက်ဆိုင်မှုတွေများခဲ့တယ်။

ဟုတ်တယ်

၁၄ခုနှစ် နိုဝင်ဘာက ဖောက်ပြန်တယ်

မင်းအပေါ်မဖောက်ပြန်ဘူးလို့

ရဲရဲကတိပေးတယ်။

အလွမ်းက အလွမ်းပါပဲ

နိုဝင်ဘာမှာ လွမ်းတဲ့အလွမ်း။

နွေးထွေးမှုတွေ ပေးမယ့်အလွမ်း

စောင့်ဆိုင်းခြင်းနဲ့အတူ လွမ်းတဲ့အလွမ်း

ကို့ရဲ့……………….

နိုဝင်ဘာ……အလွမ်း။

…………………………………

အောင်မိုးသူ

၂၀၁၄ခုနှစ် ၁၂ရက် နိုဝင်ဘာ

———————————————————————–
ဒီ စကားလုံးတွေ(ကဗျာ)ကတော့ အချိန်အခါသင့် ပွင့်ဖူးလာတဲ့ ပန်းတစ်ပွင့်လို့တောင်….တင်စားသင့်ပါရဲ့ ။
ကဗျာ နာမည်ကိုက… နိုဝင်ဘာအလွမ်းတဲ့… ။
ဒီလအတွက်…  အလွမ်းနောက်တစ်ပွင့်… လွင့်ကျလာတယ်ဆိုပါစို့… ။

ကြည့်ပါဦး… ။
အလွမ်းတွေကို ပုံဖော်ကြည့်တော့… အနမ်းတွေက တပွေ့တပိုက်နဲ့….တဲ့ ။
အဲဒီ အနမ်းတွေကို… ပြန် တမ်းတနေတဲ့ ကောင်လေးတစ်ယောက်….
ဟောဒီ မအေးသေးတဲ့ ဆောင်းမှာ….
အပြောင်းအလဲတွေနဲ့ ကြုံရတဲ့အခါမှာတောင်…
အနမ်းကို လှမ်းတွေးပြီး..နွေးထွေးချင်တယ်….တဲ့ ။

ဘယ်လောက် လူငယ်ဆန်လိုက်သလဲ… ။
လူငယ်ဆိုတာ…  ရူးရူးရဲရဲ…. ချစ်ဖူးရမယ်… ။
ချစ်ခြင်းကိုလည်း… နင့်နင့်နဲနဲမက..လွမ်းပစ်ရမှာပဲ… ။
——————————————————————

သတိရခြင်းက…ကပ်ပါလာတယ်…တဲ့ ။ အဲဒီ သတိရခြင်းဟာ…..
အဝေးကို ရောက်သွားတဲ့ ချစ်သူရဲ့ အကြောင်းကို… သတ်ပုံမှားတဲ့အထိပဲတဲ့….
ဒါလည်း.. ဘယ်လောက်… ယုတ္တိရှိလိုက်သလဲ… ။
ချစ်ခြင်းဟာ… ယုတိ္တရှိဖို့လည်း  လိုတယ်လေ…. ။
နှလုံးသားချင်း နီးခဲ့တဲ့ ချစ်သူကို…
အမြဲတမ်း နီးကပ်နေချင်တာ….
အဲဒါ… အဲဒီကောင်လေးရဲ့..  အတ္တဖြူတဲ့… ။

ဒီအပိုဒ်မှာ…  ကျနော့်ရင်ကို  ရိုက်ခတ်လိုက်တာက..
အတ္တဖြူဆိုတဲ့ စကားလုံး… ။

အတ္တဟာ… အဖြူရောင် ရှိသလား…
တကယ်လို့ ရှိတယ်ဆိုရင်ရော… အဲဒီ အဖြူရောင် ရှိသော အတ္တနဲ့.. တခြားသော အတ္တ…
ဘယ်လိုများ… ကွာခြားသလဲ… ။
ကဗျာထဲက.. ခံစားရေးဖွဲ့သူကတော့….
ဒီအတ္တဟာ… ရှိသင့်တဲ့ အတ္တဆိုတဲ့ သဘောနဲ့… ကိုယ့်ကိုယ်ကို ကာကွယ်လိုက်သလိုလေး…. ။

အင်း…. ဒါလည်း..  ဖြစ်ရမှာပေါ့… ။
တခါတလေ…  ကိုယ့်တစ်ကိုယ်စာတွေအတွက်… လိုအပ်တဲ့ အတ္တတွေကိုလည်း… အဖြူရောင်အတ္တတွေအဖြစ်….
ထားရှိရမှာပဲ… ။
လူငယ်ပဲ…လေ။
——————————————

နောက်ကျတဲ့ဆောင်းရယ်
နောက်ဆုံးအချစ်ဆိုတဲ့ ကို့အချစ်ရယ်
ဘဝဟာ တစ်ခါတစ်လေတိုက်ဆိုင်မှုတွေများခဲ့တယ်….တဲ့ ။

ဟုတ်လား… ။ သေချာစဉ်းစားကြည့်တော့လည်း.. ဟုတ်သားပဲ… ။
ဘဝတွေမှာ.. တိုက်ဆိုင်မှုတွေသာ မများရင်….
သိပ်ကို ရိုးစင်းသွားမှာပေါ့… ။
တိုက်ဆိုင်မှုတွေများခဲ့တော့လည်း…
အခုလို…..
နာနာကျင်ကျင်လေး…ရေရွတ်လိုက်စရာ….
စကားလုံးလေးတွေ လျှံကျလာတတ်တာပေါ့… ။
——————————————–

ဟုတ်တယ် ။ ၂၀၁၄ခုနှစ် နိုဝင်ဘာက ဖောက်ပြန်တယ်… တဲ့ ။
ကဗျာဟာ…အချိန်ကာလကို ထည့်ပြထားတယ်… ။
ဒါဟာ..မှတ်တမ်းတစ်ခုပဲ… ။

စကားလုံးပြတိုက်ထဲ…ထည့်ကို ထည့်ထားသင့်တဲ့….သမိုင်းဝင် စကားလုံးပဲ။
ဖောက်လွှဲဖောက်ပြန် ခေတ်ထဲမှာ…
ချစ်ရသူကိုတော့… မဖောက်ပြန်ပါဘူးလို့… ရဲရဲဝံ့ဝံ့ ကတိပေးနိုင်သူတစ်ယောက်…..
ဟောဒီ နိုဝင်ဘာမှာ.. အလွမ်းတွေ စာစီလိုက်တယ်… ။

ကြည့်စမ်း…
ဒီအလွမ်းဟာ… ဆောင်းတစ်ခုမှာ…နွေးထွေးစေမယ်လို့… ယုံကြည်သတဲ့ …. ။
ဟောဒီ…စောင့်ဆိုင်းရခြင်းနဲ့အတူ…လွမ်းနေတဲ့ အလွမ်းဟာလေ…..

ကဗျာ ဖန်တီးရေးဖွဲ့သူ… ကိုအောင်မိုးသူရဲ့… နိုဝင်ဘာအလွမ်းဟာ….
ဖတ်လိုက်ရသူတွေအကုန်လုံး…
အေးချိန်မှာ မအေးတဲ့ဆောင်းကာလပေမယ့်…
လွမ်းချိန်မှာ တိတိကျကျ လွမ်းလိုက်ရတဲ့.. ”ထိချက်”တစ်ခုပါပဲ။

တစ်နည်းအားဖြင့်တော့…. ဟောဒီ နိုဝင်ဘာအလွမ်းဆိုတဲ့ ကဗျာဟာ…
လွမ်းနေတဲ့သူ…တီထွင်လိုက်တဲ့… လွမ်းစေညွှန်းနိုင်သော…ကိရိယာတစ်ခုပါပဲ…. ။
ဖတ်ကြည့်ကြပါဦး ။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ဝါသနာရှင်

 

manawphyulay

Posted by manawphyulay on Nov 13, 2014
https://myanmargazette.net/207045

https://myanmargazette.net/207045
—————————————————————–
manawphyulay
~~~~~~~~~

ထိလွယ်ရှလွယ် ခံစားလွယ်သည်
ငါ့နှယ် စာပေဝါသနာရှင်မို့လား။

ချစ်လွယ်ခင်လွယ်၊ မြတ်နိုးလွယ်သည်
ငါ့နှယ် စာပေဝါသနာရှင်မို့လား။

ငဲ့လွယ် ညှာလွယ်၊ သနားလွယ်သည်
ငါ့နှယ် စာပေဝါသနာရှင်မို့လား။

ပေးလွယ်ကမ်းလွယ် လှူဒါန်းလွယ်သည်
ငါ့နှယ် စာပေဝါသနာရှင်မို့လား။

ဪ.. လေ… ဘဝပေးကုသိုလ်ကံ အကြောင်းဖန်တော့
ရုန်းကန်လှုပ်ရှား ဝမ်းစာရေးလား
ငါ့နှယ် စာပေဝါသနာရှင်မို့လား….
~~~~~~~~~~~~~~
manawphyulay

———————————————————————————
အားလုံးသိတဲ့…  စာရေးကောင်းသူ…စာပေဝမ်းစာပြည့်နေပြီလို့ ယူဆရသူ…
မနောဖြူလေး…ရေးလိုက်တဲ့ ကဗျာတိုလေးတစ်ပုဒ်ပေါ့ ။

ထိလွယ်ရှလွယ် ခံစားလွယ်သည်
ငါ့နှယ် စာပေဝါသနာရှင်မို့လား….တဲ့… ။

ပထမဆုံး စာသားလေး နှစ်ကြောင်းက စပြီး..အတွေးတွေ…ဆက်ပွါးလိုက်မိတယ်။
မနောဖြူ ပြောသလိုပဲ…. စာပေကို ဝါသနာတစ်ခုလို..နှစ်လိုတတ်သူတွေဟာ…
ကြုံလာတဲ့ အဖြစ်အပျက်တွေအပေါ်… ထိလွယ်ရှလွယ်…ခံစားမှု ပြင်းထန် တတ်သလား…ပေါ့ ။

ကျနော်တော့… အဲဒီ မှတ်ချက်ကလေးကို…
သဘောတူမိတယ်။
———————–
ငဲ့လွယ် ညှာလွယ်…သနားလွယ်သည်… တဲ့…
စာပေကို နှစ်သက်မြတ်နိုးသူတွေဟာ… ငဲ့ညှာ သနားတတ်သူတွေလို့…ဆိုထားတဲ့အတွက်…
ဒါရော.. အဟုတ်ပဲလားလို့… ဆက်တွေးလိုက်မိတာပေါ့…. ။

အင်းးးးး ခေတ်အဆက်ဆက်မှာ…. ကဗျာတွေ စာတွေ ဖန်တီးခဲ့သမျှ စာပေချစ်သူကြီးတွေထဲ…
လူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတာတို့… ခိုးဆိုး သောင်းကျန်းနေတာတို့တော့ တစ်ယောက်မှ မတွေ့ခဲ့ပါရောလား… ။

ဒီတော့… ဒီမှတ်ချက်ကလေးကိုလည်း…
အင်းးးးးလို့….. ။
———————–

ပေးကမ်း လှူဒါန်းလွယ်သည်…တဲ့… ။

စာမူခသာ…လောက်လောက်ငင ရလို့ကတော့….
ရသမျှထဲက…တော်တော်များများကို မပြတ်တမ်း လှူပစ်လိုက်မှာပဲ… ။
လိုအပ်တဲ့နေရာမှာ..လိုအပ်သလောက်ကို… ပြည့်ပြည့်ဝဝ လှူဒါန်းနိုင်ချင်လိုက်တာ..ဆိုတဲ့ စိတ်အတွေးတော့…
ကျနော် အမြဲတွေးပါတယ်။
————————–

ဪ.. လေ… ဘဝပေးကုသိုလ်ကံ အကြောင်းဖန်တော့
ရုန်းကန်လှုပ်ရှား ဝမ်းစာရေးလား….တဲ့ ။

နောက်ဆုံး စာပိုဒ်ကလေးက….
စာပေသမားတစ်ယောက်ရဲ့ ဘဝကို..  ချုံ့ ပြလိုက်တာပဲ… ။

အထူးသဖြင့်… ဒီတိုင်းပြည်မှာမှ စာပေကို ကျိန်စာလို ချစ်မြတ်နိုးမိသူတွေ….
စာပေကို ဝါသနာပါပေမယ့်…
အဲဒီ ဝါသနာ (စာပေ)နဲ့…  အသက်မွေးလို့ မရ… ။ ဝမ်းကျောင်းဖို့ မလွယ်ကူတဲ့…ဘဝတွေ…

စာပေချစ်မြတ်နိုးခြင်း ဝါသနာနဲ့… ဝမ်းစာ ရှာဖွေခြင်း ဟာ…..
ဒီတိုင်းပြည်မှာတော့.. ထပ်တူမကျဘူး… ။
ဒီတော့…. ရုန်းကန် လှုပ်ရှားနေရဦးမှာပဲ….
ရုန်းရင်းကန်ရင်းနဲ့ပဲ…
ချစ်မိတဲ့ စာပေကို… ဆက်ချစ်ရဦးမှာပဲ…

ဘယ်တတ်နိုင်မလဲ….
ဒီတိုင်းပြည်မှာက…  စာပေကို ချစ်မြတ်နိုးရတာဟာ…
ဖျော်ရည်ချိုချိုထဲ..ပြုတ်ကျသွားတဲ့ ယင်ကောင်လိုပါပဲ… ။
ရုန်းရင်း ကန်ရင်း..ကူးရင်း ခတ်ရင်းနဲ့…. ချိုနေရရှာတာ….

အဲဒီလိုအတွေးတွေ ပေးစွမ်းနိုင်တဲ့ ကဗျာတိုလေးတစ်ပုဒ်မို့… ကျနော် ပြန်လည် ခံစားပြီး ညွှန်းဆိုလိုက်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

နာရီ

 

 

– တောင်ပေါ်သား

Posted by တောင်ပေါ်သား on Nov 10, 2014

https://myanmargazette.net/206872

 

 

———————————————————–
နာရီ
~~~~

နာရီတွေပြောင်းတိုင်း ရာသီတွေဟာဟောင်းသွားသတဲ့

ဒါပေမယ့်

ချိုတစ်ခါ ရယ်တစ်လှည့် ပလီတတ်တဲ့ မင်းအတွက်

ရူးတစ်ခါ ပျော်တစ်ချက် ဖြစ်ပျက်ရတဲ့ကိုယ့်မှာ

နာရီဆိုတာ မရှိတော့ပါဘူး ။

~~~~~~~~~~

တောင်ပေါ်သား
——————————————————-

 

နာရီတွေ လည်ပတ်နေတာနဲ့အမျှ ရာသီအလီလီ ပြောင်းလဲသွားတာကို လက်ခံလိုက်ရပေမယ့်…..
အချိန်ကာလတွေ… …
နာရီ ရာသီတွေ…..ပြောင်းလဲနေတာကိုတောင်…
လိုက်ပါမခံစားနိုင်ပဲ….  အတိတ်ရဲ့ ဖြစ်ပျက်ပုံရိပ်များနဲ့အတူ… ရပ်တန့်သွားတဲ့ ခံစားမှု….

အဲဒါလေးကို…  စကားလုံးနည်းနည်းနဲ့…ဖော်ပြလိုက်တဲ့ ကဗျာလေးပါ။

ချိုတစ်ခါ ရယ်တစ်လှည့် ပလီတတ်တဲ့ မင်းအတွက်…
ရူးတစ်ခါ ပျော်တစ်ချက် ဖြစ်ပျက်ရတဲ့ ကိုယ့်မှာ…. တဲ့ ။

ကြည့်ရတာ… အဲဒီကောင်မလေးကို ချစ်ခဲ့ရတာ မောပန်းနွမ်းနယ်ခဲ့တဲ့ ခံစားမှုကို ပြန် တူးဆွလိုက်ခြင်းထင်ပါရဲ့။

အဲဒီစာပိုဒ်ကလေးထဲက…. ”ရူးတစ်ခါ ပျော်တစ်ချက် ဖြစ်ပျက်ရတဲ့” ဆိုတဲ့ စကားလုံးလေး တွဲစပ်ထားတာကို…
သဘောကျသွားပါတယ်။
ရိုးမလိုလိုနဲ့ သေချာတွေးကြည့်ရင် ဆန်းနေတဲ့ စာသားလေးတွေကို…
တောင်ပေါ်သားကြီးက ဖန်တီးတတ်ပါတယ်။

ပြီးတော့… သူ…အခုတလော…အလွမ်းငွေ့တွေ ကြား… မျက်စိလည်ပြီး..ရောက်နေသလားလို့…

:k:

ဦးဦးတောင်ပေါ်သားရေ….
အလွမ်းရဲ့ အငွေ့တွေကြား… ယောင်ယောင်မှားမှား လျှောက်နေမိရင်တော့…
နာရီတွေတောင် မရှိတော့ဘူး….ဆိုတာလိုမျိုး… ဖြစ်သွားမှာပဲပေါ့နော်… ။

တစ်ခုတော့ ကောင်းပါတယ်လေ…. ။
အလွမ်းဓါတ်ခံနဲ့…. နှလုံးသားကို ဖြန့်ကျက်တွေးတောလိုက်တဲ့အခါ….
အခုလို….ရင်တွင်းခံစားမှု စာစုလေးတွေ… ဖြစ်တည် ပေါက်ဖွားလာတာပေါ့… ။
ဒီတော့ များများလွမ်းဗျာ… ။
့ပြီးရင်..များများ…ချရေးဗျာ… ။
ဒါမှ…အောင့်ထားသမျှ…ခံစားမှုတွေက …စကားတွေအဖြစ်… (ကြယ်ပွင့်တွေလို) တောက်ကြွားလှပပြီး…
ကိုယ့်ဘဝသမိုင်းမှာ…မှတ်တမ်းကျန်ရစ်ခဲ့မှာ…. ။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မင်းလောင်းဘယ်မှာ ရှိပါ၏

– ကြွေလွင့် ပန်း

Posted by ကြွေလွင့် ပန်း on Nov 14, 2014

https://myanmargazette.net/207077
———————————————

မင်းလောင်းဘယ်မှာ ရှိပါ၏
———————–

ကျုပ်ရဲ့ညတစ်ည
သစ္စာကိုမရှိဘူး
အိမ်မက်တွေ မက်ချင်သလိုမက်နေတာ
ဆီးရီးယားကိစ္စကျနေတာပဲ
လူတစ်ကာပြောစရာဖြစ်လို့
ဪ…
အာရပ်နွေဦးကစတဲ့ ပုံပြင်တစ်ပုဒ်ရယ်ပါ။

နေပါဦးလေ
တစ်မတ်သားတွေက ၇၅ ပြားကိုလွှင့်ပစ်မယ်တဲ့လား
ကျုပ်ရင်တစ်ခြမ်းကိုပဲ ပိုင်းရောင်းပါရစေဦး
တန်ဖိုးသိတဲ့သူတွေ ဈေးကြီးကြီးပေးဝယ်ကြမပေါ့
ခုများတော့
အရှက်မရှိတဲ့မျက်နှာကြီးနဲ့ တောင်းစားပါရစေဦး။

ဘာ????

ငြိမ်းချမ်းရေးအသီးအပွင့်တွေ ဝေဆာနေသတဲ့လား
ဟိုလူလဲ ပြောင်းတိုပြောင်းရှည်နဲ့
ဒီလူလဲ ပြောင်းမတိုမရှည်နဲ့
လူတစ်ကာလက်ထဲ ကျိုက်ထီးရိုးသေနတ်မဟုတ်တာတွေ
တစ်ရမ်းရမ်းနဲ့ မြို့ထဲမှာသရမ်းနေမှတော့
အသီးအပွင့်တွေ မဝေရင်နေပါစေလေ
ယမ်းငွေ့တွေ မဝေစေလိုတော့ဘူး
သူ့ဖာသာ ရောင်းဝယ်ဖောက်ကားကြပါစေပေါ့။

အနောက်တံခါးကျိုးပြီ
အမည်ခြုံကုလားတွေ လှိမ့်ဝင်လို့
အတွင်းရေးမှူးရှုပ်လို့ သူတို့လို မပီမပြင်ခေါ်တဲ့
အဲ့လူကြီး ခြေရှုပ်နေတယ်တဲ့လား
သူ့အရေး သူ့ဖာသာရှင်းပါစေကွယ်
မီးလောင်ရာ လေမပင့်ပါနဲ့လား
မင့်နဲ့မှ သန်း ၆ဝ ပြာကျသွားမယ်
မသိလဲ မသိသလိုနေပါလား။

၂၀၁၅
ဘယ်ထောင့်ကြားက
မင်းလောင်းရယ်ပေါ်လာမယ်မသိ
ခုနေများ
လောက်လောက်လားလားရယ်မရှိ

အဝေးကြီးတစ်နေရာက
စိုးရိမ်လွန်းလှပါဘိ။ ။

ကြွေလွင့်ပန်း
(၁၄/၁၁/၂၀၁၄)

—————————————————————————-

 

ကျနော်တို့ တိုင်းပြည်ရဲ့ မဝေးကွာလှတဲ့အနာဂတ် အချိန်တစ်ခုကို  ရည်မျှော်ပြီး  မွန်းကျပ်ပိတ်လှောင်လာတဲ့ ခံစားမှုအတွေးတွေ…
ပွင့်အန်ကျလာတဲ့ ကဗျာတစ်ပုဒ်လို့ ဆိုလိုက်ချင်တယ်။

နိုင်ငံ့အရေးကို… နိုင်ငံတွင်းက ပြည်သူတွေတင်မက….
အဝေးရောက်နေတဲ့ ပြည်သူတွေလည်း.. ဒီလို တွေးပူ ရင်မောနေကြပါလား..ဆိုတာလေးလည်း  တွေးမိစေတယ်။

ပြီးတော့…  ဒီကဗျာထဲမှာ… ကျနော့်ကို ခံစားမှု အထွဋ်အထိပ် အဖြစ်စေဆုံး စာပိုဒ်က….

———–
ဘာ????
ငြိမ်းချမ်းရေးအသီးအပွင့်တွေ ဝေဆာနေသတဲ့လား
ဟိုလူလဲ ပြောင်းတိုပြောင်းရှည်နဲ့
ဒီလူလဲ ပြောင်းမတိုမရှည်နဲ့
လူတစ်ကာလက်ထဲ ကျိုက်ထီးရိုးသေနတ်မဟုတ်တာတွေ
တစ်ရမ်းရမ်းနဲ့ မြို့ထဲမှာသရမ်းနေမှတော့
အသီးအပွင့်တွေ မဝေရင်နေပါစေလေ
ယမ်းငွေ့တွေ မဝေစေလိုတော့ဘူး…. ဆိုတဲ့ စာသားတွေပါ…. ။
————

ကျနော်တို့ တိုင်းပြည်မှာ… လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးဆိုင်ရာ အခင်းအကျင်းနဲ့….
ပြည်သူတချို့… ဒီလိုခံစားနေရကြောင်း… ပေါ်လွင်အောင်…. မှတ်တမ်းချန် (မှတ်တမ်းကျန် ) တဲ့ စာသားတွေပါ…. ။

ရေးသားဖန်တီး ပြသသူကတော့…
ကျနော်တို့ရင်ကို လှုတ်ခတ်နိုင်စွမ်းသော ရသများ ရေးတတ်သူ….
ကိုရှုံး (သို့မဟုတ်) ကြွေလွင့်ပန်း ။

ကျနော် မကြာခဏ ပြောဖူးပါတယ်။
ကိုရှုံးရေးတဲ့ စာတွေကို မဖတ်ပဲ မနေနိုင်ပါဘူးလို့… ။
ဘာလို့ဆို… သူရေးတဲ့ ဘဝအမောတွေ… ရသတွေ..ခံစားမှုတွေကို လိုက်ပါ ခံစားချင်တာက..တစ်ပိုင်း…
သူရေးတဲ့ စကားပြေစီးကြောင်းကို…  နှစ်နှစ်ကာကာ… ဖတ်ချင်နေတာက..တစ်ပိုင်းရယ်ကြောင့်ပါ။
ကျစ်လျစ်သပ်ရပ်စွာ… ရသပေးစွမ်းတတ်သူပါ။

(ဒီကဗျာအကြောင်းပြောရင်း… တစ်ခု ထောက်ပြချင်တာလေးတော့ ရှိပါတယ်။
အဲဒါကတော့… ဒီကဗျာထဲက…ပထမဆုံးအပိုဒ် – စာသား ငါးကြောင်းမြောက်မှာ ပါတဲ့….
”လူတစ်ကာ”ပြောစရာ ဖြစ်…. ဆိုတဲ့ စာသားပါ။
ကျနော်ကတော့  ”လူတစ်ကာ”ဆိုတာကို ”လူတကာ”လို့ နားလည် ခံစားလိုက်ပါတယ်။
ဝါကျ ရေးထုံး ”စည်း” အရ ”လူတကာ”လို့ ရေးရမယ်ထင်တယ်။
ဒါပေမယ့်…..
ကျနော် အသေအချာ ပြောခဲ့ဖူးပါတယ်။

ကဗျာရေးသားဖန်တီးရာမှာ…
ဘာ စည်းမျဉ်း..ဘာေ ဘာင် ခွင်တွေမှ ဂရုစိုက်စရာ မလိုဘူးလို့… ယူဆပါတယ်။
ခံစားမှုကို ချရေးလိုက်တယ်… ။
(များသောအားဖြင့်)ဘာသာစကားကို အသုံးပြုတယ်။
ကျနော်ကတော့.. ကဗျာ ဖန်တီးရာမှာ (သို့မဟုတ်) ခံစားမှုကို လှစ်ဟ ပြသရာမှာ ဝါကျရေးထုံးကို မဆိုထားနဲ့…
ဘာသားစကားမပါပဲတောင်… (တခြား ကြားခံပစ္စည်းနဲ့ ) ဖန်တီးခွင့်ရှိနေရမယ်ဆိုပြီး…ယူဆထားပါတယ်။

ဒီတော့..  ကဗျာမှာ… ဝါကျ စည်းအရ လွဲချော်မှုတွေကို….
(ကဗျာရေးသူ (သို့မဟုတ်) ခံစားမှုကို လှစ်ဟပြသသူ ) အထူးသတိပြု မနေသလိုမျိုးပါပဲ… ။
ကျနော်လည်း.. အဲဒါကို… အထူးတလည် ခံစားချက် မရှိပါဘူး ။

”ကဗျာရေးတာ….။
သဒ္ဒါ ရေးတာမဟုတ်… ။ ”

————-

ဟောဒီတိုင်းပြည်အရေးကို တစ်ထောင့်တစ်နေရာက… တွေးပေးထားတဲ့  စကားလုံးတွေမို့.. ကိုရှုံးရဲ့ ကဗျာဟာ…
ကဗျာ ရာဇဝင်မှာ..  မှတ်တမ်းကျန်ထိုက်ပါတယ်။

ဒါကြောင့်…  စကားလုံးပြတိုက်ထဲ.. ထည့်သွင်း ပြသထားလိုက်ပါတယ်။

မဖတ်လိုက်ရသူများ.. ပြန်လည် ဖတ်ရှု ခံစားလိုက်ပါဦးလို့….

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကြွေလွင့်ပန်းရဲ့ လွမ်းပုံပြင်

 

– တောင်ပေါ်သား

Posted by တောင်ပေါ်သား on Nov 14, 2014

 

https://myanmargazette.net/207071

https://myanmargazette.net/207071

—————————————————
ကြွေလွင့်ပန်းရဲ့ လွမ်းပုံပြင်
~~~~~~~~~~~~

ဖူး . . . .
ဖူူးလာသည့်လမ်း
ဝမ်းပန်းတသာ ရှိ၍လာခဲ့
ကြိုမယ့်သူအကြည့်  သူ မသိ ၊

ငုံ . . . .
ငုံစထွေးထွေး
မွှေးစသည်ပန်း စခန်းသာမြေ
ဩဇာရေနှင့် စ၍တော့ဖြင့် ပွင့်ရော့မည် ၊

ပွင့် . . . .
ပွင့်၍လာပြီ
ရိုးတံဖျားဆီ နီရဲစွေးစွေး
လှသွေးကြွယ်ဝ သူ့ဘဝ ၊

လန်း . . . .
လန်းလန်းလှလှ
ချမ်းချမ်းမြမြ ဖြစ်ရစေဖို့
တိုးလို့ကြည်နူး ဥယျာဉ်မှုး ၊

နွမ်း . . . .
နွမ်းစယောင်သမ်း
မနမ်းရက်သာ ခက်ညှာဝေကင်း
ဆင်းသွင်ရုပ်မှာ အနှုတ်လက္ခဏာ ၊

ကြွေ . . . .
ကြွေလွင့်ခဲ့ပြီ
ဝေသီမျက်ရည် စီးနေလျက်မှာ
မချစ်သာရူး ဥယျာဉ်မှုးလေ
ခက်စေဝေဒနာ သက်သာဖို့မမြင်
ချစ်ချင်သော်လည်း ဆိုမြဲစကားက
ပန်းရယ်ဘယ်မခူး ဥယျာဉ်မှုးတဲ့
ခုကွယ့်ကြည့်စမ်း ပြစ်မဲ့ပန်းခမျာ
ဆိုရိုးစကားကြား လွင့်ပါးရပြီ
မည်သူ့ကိုတဲ့ အပြစ်တင်မည် ။

~~~~~~
တောင်ပေါ်သား

————————————————————————————
အင်မတန် လှပတဲ့ တင်ပြပုံ ရှိတဲ့ ကဗျာလေးတစ်ပုဒ်လို့ ဆိုရင်… ပြည့်စုံမလား…
ဟင့်အင်း….
မပြည့်စုံသေးဘူး ။
ဒီကဗျာကို ညွှန်းဆိုပြဖို့ရာက… နောက်ထပ်…  ထပ်ညွှန်းပြဦးမှ ပြည့်စုံမယ်။
ဒီကဗျာဟာ….
ပန်းတစ်ပွင့်…ဖူးရာက ပွင့်…
ပွင့်ရာက လန်း….
လန်းရာက…နွမ်း…
နွမ်းရာက… ကြွေ….ဆိုတဲ့ မမြဲတဲ့ သဘောသဘာဝလေးကို
ဖတ်သူရဲ့ အာရုံရှေ့…  ယူ ချပြလိုက်တာပါပဲ။

ယှဉ်ထိုးကြည့်တတ်မယ်ဆိုရင်…
တရားသဘောတွေတောင် ယူလို့ရတယ်လို့ ထင်တယ်။

ကျနော်လို ကဗျာလူပြိန်းအသိနဲ့… ပြောတတ်သလောက် ပြောကြည့်ရရင်တော့….
ဒီကဗျာဟာ… အစ အလယ် အဆုံး သုံးပါးစလုံး…လှပကောင်းမွန်တဲ့ စကားလုံးလေးများပါပဲ… ။
တင်စားပြီးပြောရရင်… တဖျက်ဖျက်လက်နေတဲ့ ကြယ်ပွင့်လေးတွေပါပဲ။
ကြည့်ရတာ… (ဖတ်ရှုခံစားရတာ…) အရသာ ရှိလှပါတယ်။
(တစ်နည်း= ရသ မြောက်လှပါတယ်။ )

ကျနော့်ကိုသာ. … ” ဟေ့ကောင် မောင်သူရ  ဒီနိုဝင်ဘာလထဲ…မင်း အရွတ်ချင်ဆုံး ကဗျာတစ်ပုဒ် ရွတ်စမ်းကွာ…” လို့
တစ်ယောက်ယောက်က ပြောလာရင်…
ဒီကဗျာလေးကို မဆိုင်းမတွ ရွတ်ပြလိုက်ချင်တော့တာပဲ။

မဖတ်လိုက်ရသေးရင်…  ပြန်ဖတ်ကြည့်ကြဖို့… နှိုးဆော်လိုက်ပါတယ်။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

‘မျိုးဇာတိဂုဏ် “

 

– ခင် ခ

Posted by ခင် ခ on Nov 11, 2014

https://myanmargazette.net/206991
————————————————–
” မျိုးဇာတိဂုဏ် “

ကျီးတွေရဲ့ အလေ့အထ

တစ်ကောင်ထိရင် ဝိုင်းအာကြ

ဘာလို့အဲလို ဖြစ်လဲဆို

အမျိုးစောင့်ကြ သူတို့ကို

ခဲမှန်မိတဲ့ ကျီးတစ်ကောင်အဖြစ်

ကန့်ကွက်အော်ဟစ် ညီပါ့အစစ်

မျိုးချစ်စိတ်ဓာတ် ပေါ်လွင်တယ်

ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမယ်။

~~~~

ခင်ခ။
===============================

 

အခုတလော ပျောက်ချက်သားကောင်းနေတဲ့ လေးလေးခင်ခ ရဲ့ ကဗျာတစ်ပုဒ်ပါ။
အားလုံးသိတဲ့အတိုင်း… လေးခဟာ… ကဗျာတွေ စာတွေကို ရှင်းလင်း ကျစ်လျစ်တဲ့ စကားလုံးတွေနဲ့ ဖန်တီးတတ်သူပါ။
လေးခ တွေးမိတဲ့အတွေးစလေးတွေကို.. ကဗျာအဖြစ်တစ်မျိုး
စကားပြော ဝါကျလေးတွေနဲ့ ထိထိမိမိ ရေးပြတဲ့ ဝတ္ထုတိုလေးတွေနဲ့ တစ်ဖုံ.. အဆက်မပြတ် ဖတ်ခဲ့ရပါတယ်။

အခုလည်း…
လက်တလောဖြစ်နေတဲ့ နိုင်ငံ့အရေးထဲက..ဖြစ်ပျက်သွားပုံ အကြောင်းအရာတစ်ခုကို…
သူမြင်မိတဲ့ အမြင်လေးနဲ့…  ကဗျာအဖြစ် တင်ပြလိုက်ပါပြီ။
တိုတိုနဲ့ ထိမိတဲ့ ကဗျာလေးတစ်ပုဒ်ပါ။

ဖတ်ပြီး… ဘာကို ဆိုလိုတယ်ဆိုတာလေး သဘောပေါက်သွားတဲ့အခါ…ဖတ်လိုက်ရတာ ပိုပြီး သဘောကျစရာကောင်းသွားပါတယ်။
လွတ်သွားသူများ…ဖတ်ကြည့်ကြပါဦးလို့…

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အနှစ်နဲ့အကာ

 

– aye.kk

Posted by aye.kk on Nov 10

https://myanmargazette.net/206902

https://myanmargazette.net/206902

————————————————-
အနှစ်နဲ့အကာ

အုန်းသက်က တစ်ရာ…
သားသ္မီးဆိုတာ ခဏတာ…
အချိန်တန် တောင်စုံပြန်တော့ ပျံကြစမြဲသာ။
အနှစ်နဲ့အကာ ခွဲခြားကာ ကွဲပြားသိစေတဲ့ တရားအရိပ်ကိုရှာ နောင်သံသရာ အေးစေဘို့လေး

aye.kk

————

 

တရား အသိနဲ့… ငြိမ်းချမ်းတည်ကြည်နေသော….
ကျနော်တို့ချစ်သော… အန်တီအေး….ရေးထားတဲ့ စာသားလေးပါ ။
ကဗျာတိုလေးတစ်ပုဒ်ပေါ့ ။

ဒီကဗျာကို ကျနော် မောင်သူရ ဝေဖန်ပိုင်းခြား နိုင်စွမ်း မရှိကြောင်း.. … ဒဲ့ ဝန်ခံပါတယ်။
တရားသဘောနဲ့… ပြောထားတဲ့ စကားလေးမို့… တန်ဖိုးအရှိန်အဝါရှိနေတာကို ခံစားရပါတယ်။

တကယ်လို့ များ…. အသင်ဟာ……. ကဗျာထဲကနေ…တစ်ခုခု  ထုတ်ယူ မှတ်သားချင်တယ်ဆိုရင်တော့….
ဒီကဗျာလေးကို…မဖတ်ဖြစ်ဘဲ…လွတ်သွားလို့ မဖြစ်ပါဘူး ။
ဘာလို့လဲ..ဆိုတော့….
ဒီကဗျာထဲမှာ… လေးနက်သော… တရားအသိဆိုင်ရာ တစ်ခုခုကို… ယူတတ်ရင် ရလိမ့်မယ် ဆိုတာ…သေချာနေလို့ပါပဲ။

ဖတ်ကြည့်ကြပါဦးလို့… ညွှန်းဆိုလိုက်ပါတယ်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ခဏ​လောက်​

 

– ko six

 

Posted by ko six on Nov 6, 2014

 

https://myanmargazette.net/206802

https://myanmargazette.net/206802
—————————————————

ခဏ​လောက်​
~~~~~~~

လေညွှန်​တံကို ဘယ်​မှမပြ​စေနဲ့
ယူ​ရေနီယံကို ဘယ်​သူမှ မသန်​့စင်​​စေနဲ့
ဝီကီပီဒါကို ဘယ်​မှ မဖွင်​့​စေနဲ့
လယ်​​မြေကို ဘယ်​သူမှ သီးနှံမစိုက်​​စေနဲ့
ကာဗွန်​ဒိုင်​​အောက်​ဆိုက်​ကို ဘယ်​သူမှ မဝယ်​​စေနဲ့
အားလုံး ခဏ​လောက်​လေး
သမ္မတ​ရွေးကြရ​အောင်​
မြစ်​ကမြစ်​လိုမစီးတာ​တွေ
အချစ်​ကအချစ်​လိုမစီးတာ​တွေ
ကြာလာရင်​
ဖြစ်​သလိုကြီးနဲ့ပြီးသွားမှာစိုးလို့ပါ
ခဏ​လောက်​
ထမင်​းတစ်​နပ်​​လျှော့စားပြီး
ကျန်​တဲ့ပါးကို
ထပ်​အရိုက်​ခံလိုက်​
​လော​လောဆယ်​
ခ​လောက်​ဘယ်​သူ့ဆွဲ​ပေးရမလဲ
မိုးတဆုံး​မြေတဆုံး စဉ်​းစားတုန်​း ။
~~~~
ကိုစစ်​

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အပြစ်​

– ko six

Posted by ko six on Nov 5, 2014

https://myanmargazette.net/206761

https://myanmargazette.net/206761
—————————————————-
အပြစ်
~~~~
ဟိတ်​…
တိတ်​တိတ်​​နေကြ
ငါ့ချစ်​သူအိပ်​​နေတယ်​
ဗန်​ဂိုးချစ်​တဲ့အဝါ​ရောင်​ကလွဲရင်​
ဘယ်​သူမှ မဲမ​ပေးရ
ငါ့ဆန္ဒအရ
သူမကိုချစ်​ခဲ့တာ
ကြားဖြတ်​​ရွေး​ကောက်​ပွဲလား
ငါနဲ့ချစ်​သူကြားမှာအမှိုက်​
ကဲ
ရိုက်​ချင်​လဲရိုက်​ခဲ့​တော့
ဇာတ်​တိုက်​ပြီးမှ
ချစ်​ခဲ့ကြတာ​တော့မဟုတ်​ရယ်​။
~~~~
ကိုစစ်​~

—————————————————–

 

ဒီတစ်ယောက်….
”ကိုစစ်”
ရွာထဲက … ခေတ်ပေါ်ကဗျာတွေ ရေးသူတွေအကြောင်း…တွေးလိုက်ရင်…
ကိုစစ်ကို ချန်ထားလို့မရဘူး ။

သူ…ရေးလိုက်သမျှ စကားလုံးတွေက…ဆန်းသစ်တယ်။
သပ်ရပ်တယ်။
ကျစ်လျစ်တယ်။
ခွန်အားအပြည့်… ရှိတယ်။
စီးမျော ခံစားလို့ ကောင်းတယ်။
ကဗျာရေးရာမှာ စကားလုံး ကြွယ်ဝတာ…
အသံ မာမာနဲ့.. အင်ပြည့်အားပြည့် ကဗျာ စာသားတွေ ဖန်တီးတတ်တာကို….
ကျနော် တော်တော် သဘောကျမိတယ်။

ရွာထဲ ဝင်လာပြီးနောက်… ကဗျာချည်း သီးသန့် တင်ပြသူတွေထဲ… ကိုစစ်လည်းပါတယ်။
ကိုစစ်ရေးတဲ့ ကဗျာတွေကို … ကျနော်က…
”ကျနော် ချစ်သောကဗျာများ” စာရင်းထဲ..ထည့်နေပြီးသားပဲ…
လာထား ။
အခုလည်း… ဒီနိုဝင်ဘာလအတွင်းမှာ… ကျနော် အတော်လေးကို သဘောကျ နှစ်ခြိုက်စွာ ခံစားမိစေတဲ့ ကဗျာနှစ်ပုဒ်….
တင်ပြလာတယ်။

သူ့…ထုံးစံအတိုင်း…နိမိတ်ပုံလေးတွေ….
သင်္ကေတလေးတွေနဲ့.. လှလှပပ တွဲစပ် သီကုံးပြထားတယ်။

တွေးမယ်ဆိုရင်… အဲဒီ ကဗျာထဲက စကားလုံး လွင်ပြင်မှာ  ကောင်းကင်ဘုံတောင်… ရှိနေလောက်ရဲ့။

ကဲ…
မဖတ်လိုက်ရသေးသူများ.. ရော…
ဖတ်ပြီး နောက်တစ်ခါ ဖတ်ချင်လာသူများပါ…..

ပြန် ဖတ်လိုက်နိုင်ဖို့…စကားလုံးပြတိုက်ကနေ…ညွှန်းဆိုပြသလိုက်ပါကြောင်း….

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဆုံမှတ်​

 

– ကာရံ

Posted by ကာရံ on Nov 4, 2014

 

https://myanmargazette.net/206759

https://myanmargazette.net/206759

————————————————
ဆုံမှတ်​
~~~~
ဟိုးအ​ဝေးကမင်​း ကမ်​းတစ်​ဘက်​လှိုင်​းချက်​က
နီးဖို့​စေသတဲ့လား
အငြိုးနဲ့ ရွာတဲ့မိုး ကမ်​းပါးတို့ပြို ပျက်​​နေ​သေတယ်​
အသည်​းခွဲရက်​သူတဲ့

​လေ​ပြေတစ်​ခဏမှာ ရနံ့​မွှေးတဲ့ပန်​းက​လေး
တစ်​​ရွှေ့​ရွှေ့နဲ့ကူးခက်​​နေတယ်​
မုန်​တိုင်​းရယ်​မပြယ်​​သေး​တော့ လှမ်​းဖို့ခက်​ပြီ​ပေါ့

သစ္စာတို့အ​ခြေတည်​ကြတယ်​ ​မေ့​မေတ္တာအိမ်​ငယ်​​လေးမှာ
ကိုယ်​​လေအကြင်​နာအင်​အားနဲ့တွန်​းဖယ်​ဖို့ကြိုးစားမယ်​​နော်​
ထာဝရရင်​မှာရှိရင်​​လေ အနမ်​း​လေးပွင်​့အံပါ​စေသား
~~~~
ကာရံ
၄ ့၁၁ ့၂၀၁၄
————————-

 

သိတော်မူကြတဲ့အတိုင်း…
ရွာထဲ…ကဗျာကလွဲရင်.. တခြားဘာဆိုဘာမှ…မတင်တဲ့သူ….
မြန်ပြည်ဝေးမှာ… တရံဆီက…အဆွေးတွေနဲ့…
အလွမ်းတွေ…
အမောတွေ..နဲ့…
သွေးဆူနေတဲ့… ပိတောက်မိုး (သို့မဟုတ်) ကာရံ ။

သူ ရေးလိုက်သမျှ စာသားတွေကို… ကျနော့်သဘောအရဆိုရင်တော့… သိပ် နူးညံ့လွန်းနေတာချည်းပဲလို့ တွေးမိတယ်။
ဒီကဗျာကိုတော့… သိပ်ထူးထူးခြားခြား မခံစားမိ… ။
ကြုံတုန်းလေး…စကို မဝေဖန်ပဲ လူကို ဝေဖန်လိုက်ပါဦးမယ်။ (ဆဲစေသတည်းးးး)
:k:
အဲဒီ ပိတောက်မိုးဟာလေ….
လူက…ရင့်သလောက် အိုစာသလောက်… သူရေးတဲ့ စာကျတော့ နုရွလှပနေတာချည်းပဲ…

:k:

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

“ချစ်သဲကြိုး”

– Nay Satkyar Naing

Posted by Nay Satkyar Naing on Nov 10, 2014

 

https://myanmargazette.net/206867

https://myanmargazette.net/206867

 

————————————————-

 

ဒါကတော့… ကဗျာတစ်ပုဒ်မဟုတ်ပါဘူး ။

ကဗျာဆန်ဆန် လှပ သပ်ရပ်တဲ့ ကြည်နူးစရာ ဝတ္ထုတိုလေးတစ်ပုဒ်ပါ။
ရွာထဲ အသစ်ဝင်လာတဲ့ မန်ဘာမို့… ကြိုဆိုပါတယ်။
ပရိုအဆင့်လို့ ခန့်မှန်းလို့ရတဲ့ စာပေလက်ရာလေးတစ်ခုမို့…
စကားလုံးပြတိုက်ထဲ…ထည့်သွင်း ညွှန်းဆိုလိုက်ပါတယ်။

(1)
”လေသည် ရိသဲ့သဲ့ ကလိနေ၏….” ဆိုတဲ့ အစဆုံး စကားလုံးကနေ…
အဆုံးအထိ…တစ်ထိုင်ထဲနဲ့ ဖတ်ဖြစ်သွားစေတဲ့…အပြင်…
အဆုံးမှာလည်း… ပြုံးပြုံးလေးနဲ့…ရေးတတ်လိုက်တာလို့…အသိအမှတ် မပြုပဲ..မနေနိုင်လောက်အောင်ပါပဲ။

ကောင်းမွန် လှပတဲ့ စာပေလက်ရာတွေ… စဉ်ဆက်မပြတ် ဖတ်ရှုချင်နေလို့…
ရွာထဲ…ဝင်လာပြီး….ဖျက်ခနဲ..ပြန် မပျောက်သွားပါနဲ့လို့….
ဆန္ဒပြုလိုက်ပါကြောင်း….

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

အောင်ပန်း

 

– zaw win

Posted by zaw win on Nov 14, 2014

 

https://myanmargazette.net/207084

https://myanmargazette.net/207084

 

—————————————————–

အောင်ပန်း
~~~~~~
တကယ်တော့
ဒီပန်းကို လွယ်လွယ်နဲ့မရနိုင်ပါ။
အခက်အခဲတွေ
ပြဿနာတွေ
အသက် သွေး ချွေးတွေ
ဘဝတွေ ရင်းခဲ့ပြီးမှ
ပေးဆပ်ခဲ့ကြမှ
ရခဲ့တာပါ၊
အောင်ပန်းကို ဆွတ်နိုင်ပြီဆိုတော့
ကမ္ဘာ့အလယ်
အများအလယ်မှာ
မော်ကြွားနိုင်ပြီပေါ့။
~~~~
မင်းသုတ
22း00 P.M
13.11.2014
————————————-

 

သိပ် မထူးဆန်းတဲ့ အတွေးလေးပါ။
ရိုရှင်တဲ့ ကဗျာပေါ့ ။
——-
ဂဇက် မန်ဘာ Zaw Win ဟာ…
”မင်းသုတရဲ့  ကဗျာ” ဆိုတဲ့ Tags နဲ့ ကဗျာပိုစ့်တွေ မကြာခဏ (တော်တော်များများ) တင်ပြနေသူပါ။

တင်လာသမျှ ကဗျာအဆုံးမှာလည်း..
ကဗျာရေးသူနေရာမှာ မင်းသုတ ဆိုပြီး ရေးထိုးပါတယ်။
ပိုစ့်တင်သူက…. Zaw Win
ပိုစ့်ထဲက ကဗျာကို ရေးသူက… မင်းသုတ…

လွဲတော့လွဲနေပါတယ်။
ပိုစ့်တင်သူ Zaw Win နဲ့ ကဗျာရေးသူ မင်းသုတ ဟာ..တစ်ယောက်ထဲလား….ဆိုတဲ့ မေးခွန်း..
မေးစရာ ရှိပါတယ်။
ကျနော် တစ်ခါမေးဖူးပါတယ်။
ပြန် မဖြေပါဘူး ။ ထပ်လည်း မမေးတော့ပါဘူး ။

ကဗျာလေးတွေ အဆက်မပြတ် တင်ပြပေးနေတာကိုပဲ..ကျေနပ်လှပါပြီ။

ဂဇက်မှာ… ကဗျာပိုစ့် တင်ရင်…
Comment လာပေးသူ နည်းပါတယ်။
ဖတ်တော့ ဖတ်ကြပါလိမ့်မယ်။
ဒါပေမယ့်.. ကဗျာသမားတွေရဲ့ ခံစားမှုကို…ကူးယူခံစားကြည့်ရုံ  ခံစားပြီး..တိတ်တိတ်လေး…နေလိုက်ကြတာ ဖြစ်ပါလိမ့်မယ်။
ဘာ မန့်ရမှန်းမသိလို့… တိတ်တိတ်လေး ဖတ်နေကြသူတာ ဖြစ်ပါလိမ့်မယ်။

သာမန် နားလည်လွယ်တဲ့ကဗျာတွေကိုတောင်…
ဝေဖန်ဆွေးနွေးသူ သိပ်မများရင်…
နားလည်ရခက်တဲ့ ခေတ်သစ်ကဗျာတွေဆို..ပိုလို့တောင်… ဝေဖန်ဆွေးနွေးမှု….နည်းပါလိမ့်မယ်။
ဖတ်လိုက်မယ်.. ။
ပြီးသွားမယ်။
ဘာကြီးမှန်းလည်း မသိဘူး…ဆိုပြီး…ပြန်ထွက်သွားမယ်… ။
လုပ်ငန်းစဉ်က ဒီလောက်ပါပဲ… ။

ဒါပေမယ့် ဖတ်သူတွေကို ဘာမှ ထိန်းချုပ်မောင်းနှင်လို့ မရဘူး ။
ဖတ်ချင်ရင် ဖတ်မယ်။
မန့်ချင်ရင် မန့်မယ်။
မဖတ်ချင်ရင် မဖတ်ဘူး ။
မမန့်ချင်ရင် မမန့်ဘူး ။

အဲဒီမှာ.. comment ရတာနည်းလို့။။။။
ကိုယ်တွေ တင်တဲ့ ကဗျာလေးကို ဖတ်ရှုသူမှ ရှိပါ့မလား…ခံစားသူမှ ရှိပါ့မလားဆိုတဲ့…အတွေးတစ်စ ရေးသူ/တင်သူမှာ ဝင်ရောက်ာလပါလိမ့်မယ်။

ရေးထားတာလေး တင်လိုက်တယ်။ ဖတ်ရှုဝေဖန်ကြ…ထောက်ပြ ဆွေးနွေးကြ…ဆိုတာကို မျှော်လင့်ထားရင်တော့….
မကြာခင်…ကဗျာ ရေး/တင်သူ ဟာ စိတ်ဓါတ်ကျပြီး… ဂဇက်မှာ.. ကဗျာ တင်ချင်စိတ် ပျောက်သွားပါလိမ့်မယ်။

ဒါက…  မျှော်လင့်ချက်ပေါ်မှာ မူတည်ပါတယ်။
တချို့က… ကဗျာ တင်လိုက်ရင် မန့်ကြတာကို မျှော်လင့်တာကိုးးး ။

ကိုယ်တင်လိုက်တဲ့ ကဗျာပိုစ့်ကို လာ မန့်ကြသည်ဖြစ်စေ..မမန့်ကြဘူးဖြစ်စေ….
ကိုယ် ခံစားနေရတာကို.. ဖတ်တဲ့သူ ဘယ်လောက်ပဲ.. ရှိရှိ…
ချပြလိုက်ရရုံနဲ့…ကျေနပ်နိုင်သူတွေ….
ဘယ်သူ ဘာပြောပြော… ကဗျာဆိုမှ ကဗျာ…ရေးမယ်..တင်မယ်ဆိုတဲ့ လုပ်ငန်းစဉ်ကိုပဲ… အဓိက ထားသူတွေကတော့….
စိတ်ဓါတ်ဘယ်ကျမလဲ… ။

ရေးမြဲတိုင်းရေး…တင်မြဲတိုင်း တင်နေမှာပါပဲ။

အဲဒီ တင်မြဲတိုင်းတင်နေတဲ့ ကဗျာသမားထဲမှာ… ကို(ဘယ်အရွယ်မှန်းမသိလို့ ကို တပ်ခေါ်) Zaw Win (သို့မဟုတ်) မင်းသုတ အပါအဝင်ပါပဲ။

ဂဇက်မှာ… ဒီလိုမျိုး.. ကဗျာတွေ စဉ်ဆက်မပြတ် တင်ပြပေးနေတဲ့အတွက်….
စကားလုံးပြတိုက်ထဲမှာ…မှတ်တမ်းတင်လိုက်ပါတယ်။
ဆက်လက် ရေးသား တင်ပြနေမယ်လို့လည်း မျှော်လင့်ပါတယ်။

ကျနော်လည်း…
ကဗျာအတွက် နေရာ သိပ်မရှိတဲ့ ဒီရွာမှာနေ…ဒီကဗျာတွေကို ရေကြည်ရေအေးလို သောက်သုံးနေဦးမှာပါ။
ကျနော်နေတဲ့ ဒီရွာ ဒီကဗျာတွေ… စာပေ အနုပညာကောင်းကင်မှာ.. လင်းလင်းလက်လက် တောက်ပနိုင်ဖို့…
တတ်စွမ်းသလောက်နဲ့…
(ကဗျာ့အရေး ရေးသားပြောဆိုရင်း… )
အားပေးနေဦးမှာပါ။

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မိတ်ဆွေများ…. လွတ်လပ်ငြိမ်းချမ်းပါစေ….

အလင်းဆက် @ မောင်သူရ

 

၂၀၁၄ ၊ နိုဝင်ဘာလ ၊ ၂၃ ရက်။

==================================

19 comments

  • ကေဇီ

    November 24, 2014 at 11:13 am

    မမဂျီးရဲ့ ဗိုက်ပြည့်နေချိန်
    ထွက်လာတဲ့ စကားလုံးတွေကိုရော
    ပြတိုက်ထဲ မပြချင်ဘူးရားးးးး

    :kwi:

    ကိုစစ်ရဲ့ စကားလုံးတွေက ထင်ရှားတယ်။
    ဒီ ပြတိုက် (၁) မှာ။

    :k:

  • ခင် ခ

    November 24, 2014 at 12:24 pm

    ကဗျာလေးတွေ တွေးကာဆပ်ပြီး ရွာထဲပြန်တင်အုံးမှဘဲ
    အလင်းဆက်ရဲ့ စကားလုံးပြတိုက် ဓွန့်ရှည်စည်ကား ကောင်းမွန်စေသော်ဝ်။

  • kyeemite

    November 24, 2014 at 2:28 pm

    .စကားလုံးပြတိုက်တဲ့လား…
    .ကဗျာလေးတွေစုစည်းတင်ပြတဲ့ ဒီပို့စ်လေးကို သဘောကျပါဂျောင်းးး :))

  • @ကအောင်မိုးသူ

    နိုဝင်ဘာအလွမ်း ကျနော် ထပ် လွမ်းလိုက်တာ
    ရသ ပျက်သွားလားငင်

    :k:

    —–
    @မမဂျီး
    အရသာ ရှိတဲ့ ဟက်းအကြောင်းတွေကို
    ရသ ဖြစ်အောင်သာ ရေး
    ပြတိုက်ထဲ ထည့်မယ်။
    ဂွစ်ဂွစ်

    :k:

    ———–

    @ လေးခ
    ကဗျာလေးတွေ ရေးပါဦး
    အဆက်မပြတ်

    😆

    ———-

    @ဦးကြီးရေ
    ပြတိုက်ထဲ လာ အားပေးလို့ ကျေးဇူးတင်ပါတယ်

    😆

  • kyeemite

    November 24, 2014 at 3:41 pm

    .နာဂ ကဗျာမရေးတတ်တာခက်တယ် 😆

  • ကြွေလွင့် ပန်း

    November 25, 2014 at 6:56 am

    အဟေးဟေး

    ကိုယ့်အကြောင်း သူများတွေပြန်ပြောတာ (အကောင်းပေါ့နော်) ကြားရတာ နားထောင်ကောင်းသဗျာ။ ကျေနပ်တယ်၊ အားရတယ်၊ ဝမ်းသာ ပီတိဖြစ်ရတယ်ပေါ့နော်။

    ဂလို

    အမှန်အတိုင်းပြောတာ၊ ကျွန်တော်ရေးတာ ကဗျာဆိုတာထက် စိတ်ထဲရှိတာကို စကားပြေတစ်ခုအနေနဲ့ အနည်းငယ်ချုံ့ အသံပြေပြစ်လောက်ပြီထင်တဲ့ထိ ရေးတာပဲရှိတယ်

    ကျွန်တော်ကဗျာရေးတာမဟုတ်ပါ

    စာအများကြီးရေးရမှာ ပျင်းတာတစ်ကြောင်း၊ စကားလုံးသိပ်မကြွယ်ဝတာကတစ်ကြောင်း၊ ခပ်တိုတိုလေး ရင်ဘတ်ကြီးချခင်းပြချင်တာကတစ်ကြောင်း၊ အဲ့လိုအကြောင်းကြောင်းတွေကြောင့်သာ ရေးဖြစ်တာပါ။

    ဘယ်လိုဖြစ်ဖြစ် ကိုယ့်ဖာသာ ကိုယ်ရေးချင်တာ လျှောက်ရေးတာပဲနော့၊ သိတယ်မလား ဒို့ကစပျစ်သီးမှ မဟုတ်တာ။ ရေးချင်တာရေးတာကို ပြောချင်တာပြောကြပစေပေါ့လို့။

    ခုလိုပြောပြတာ၊ သေချာဂရုစိုက် စာပေဝေဖန်ရေးနဲ့ လေကန်ရေးလုပ်ပေးတာ ကျေးဇူးတင်ဘာဂျောင်း

    • အခုလို လာရောက် ဖတ်ရှု အသံပြုသွားတာ ကျေးဇူးပါတယ်။

      ပိုစ့်ထဲမှာ ပါတဲ့ ကဗျာရေးသူတွေ ပိုစ့်ကို မြင်စေချင်ပါတယ်။

      ဦးမျိုးတို့ ကိုစစ်တို့ ဘယ်ရောက်နေပါလိမ့်

      :k:

  • surmi

    November 25, 2014 at 10:55 am

    ကဗျာတွေအသက်ပြန်ဝင်လာပြီပေါ့ ဟုတ်စ 🙂

    • မဟာရာဇာ အံစာတုံး

      November 25, 2014 at 11:02 am

      ဟေ့ကောင် …
      ကဗျာ အုတ်ကထ ကို လက်လွှတ်စေနဲ့နော် .. ခိခိ
      :mrgreen:

  • aye.kk

    November 25, 2014 at 12:37 pm

    ကဗျာဆိုတာ
    နှစ်သက်စရာပါ။
    ဖတ်သူတွေကို ခံစားသိစေလိုတဲ့စေတနာအနှစ်တွေပါ။

  • @ ဦးဆာ

    ကဗျာတွေက အသက်ဝင်ပြီးသားပါနော်
    ကျနော်က ကဗျာကို အသက်သွင်းသူ မဟုတ်။
    ကဗျာကို ညွှန်ပြသူသာ. . .
    😆

    ———-
    @အံဇရာ
    ကဗျာတစ်ပုဒ်လောက်
    ရေပုလင်းထဲ ထည့်ပေးပါလား
    😆

    ————-

    @အန်တီအေး ရေ
    ပြတိုက်ထဲ အရောက်လာ အားပေးးလို ့ ကျေးဇူးတင်ပါတယ်။

    အန်တီအေးရဲ့ ကဗျာ အဓိပ္ပာယ်လေးတောင် ပြတိုက်ထဲ ထည့်ရဦးမယ်။
    ညနေ အားလပ်ချိန်မှပဲ. . .

    😆

    ပြတိုက်ထဲ ဝင်ရောက် ဖတ်ရှုကြသူများကို အထူး ကျေးဇူးတင်လျက်ပါဗျာာားးးး

  • တောင်ပေါ်သား

    November 26, 2014 at 1:13 pm

    အလင်းဆက်ရေ

    စာရှည်ရှည်နဲ့ ရေးနေရမယ့် ခံစားချက်တွေကို

    တစ်ခါတစ်လေ ကဗျာဖွဲ့လိုက်တော့

    ခပ်တိုတိုနဲ့ ပြီးသွားသပေါ့လေ ၊

    တကယ်တော့ စာရေးနေရာမှာ လက်သင်ဘဝပဲ ရှိပါသေးတယ်ကွာ ၊

    ကဗျာကို ကာရံချိတ်ရေးတာကတော့ အကျင့်ပေါ့လေ ၊

    ဘာပဲဖြစ်ဖြစ် ၃ ပုဒ်လုံးကို ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ် ၊

    ပျော်ရွှင်ကြည်နူးစရာ ကဗျာတွေ ရေးနိူင်မယ့်နေ့ကို မျော်လင့်ရင်း . . . . .

    • အိုးမြူး ဟုတ်ပေါင် ဦးမျိုး

      မျှော်နေတာဗျ။
      ထူူထူးခြားခြား သုံးပုဒ်တောင် ကြိုက်မိလို့ သုံးပုဒ်လုံး ထည့် ညွှန်းထားတာ။

      :k:
      ကျနော်ကတော့ ကဗျာဆို အကုန်ချစ်တာပဲ။

      အရောက်လာ အသိအမှတ်ပြုပေးတဲ့အတွက် ဇူးဇူးပါ ဦးဦး

  • ko six

    November 29, 2014 at 2:18 pm

    အရင်​ဦးဆုံး ​ကျေးဇူးပါလို့​ပြောပါရ​စေ

  • ကာရံ

    December 5, 2014 at 9:14 pm

    အတော်ဝုန်းသွားတာဘဲ မောင်အလင်းစက် အမှန်ဆိုတော့လဲ မငြင်းသာပြီမို့
    ဒီဘဝဒီအမျှတာပေါ့လေ တိုးတက် အဲ အဲ မှားပြီ (ကားပေါ်) အစတစ်ရာအောင်မြင်ပါစေ

Leave a Reply