ပန်းကလေး မနွမ်းပါရစေသား

ပန်းကလေးမနွမ်းဖို့ အနမ်းလေးပတ်ဖြန်းလိုက်တယ်
ရနံ့လေးမပြေဖို့ အလွမ်းတွေမနေဖို့လိုတယ်လေ
ပန်းဆိုတာနမ်းဖို့သက်သက်တဲ့လား ကို
အလွမ်းဆိုတာ ရှင်လေးအတွက်တော့ ဆေးခါးတစ်ခွက်ပါ

အေးမြတဲ့မေတ္တာရိပ်အောက်မှာ ကို့နဲ့ရှင်လေးတူလျှောက်ချင်သေးတယ်
အနွေးဓာတ်လေး မေ့ပျောက်မှာစိုးလို့ တိတ်တခိုးနမ်းဖူးပြန်သေးတယ်

ကိုယ်ရယ်အနေဝေးလို့ မေ့မသွားပါနဲ့နော်
အခြေအနေမပေးလို့ မစိမ်းကားလိုက်ပါနဲ့
အတိတ်ကံအခြေမလှလို့ ကိုယ့်ရဲ့အရိပ်မှာမနေနိုင်သေးတာပါ

ကံကြမ္မာတစ်ဘက်ကမ်းက သစ္စာရှင်လေးကို
မေတ္တာမပျက်လိုက်ပါနဲ့နော် သိပ်ချစ်တာ ကို သိရင်လေ
ပျိုးခဲ့တဲ့ပန်းလေး မနွမ်းပါရစေသား

ကာရံ ၂၃့ ၁၁့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..