” ဝေးသည်ထက် ဝေးမည်ထင် “

 

ငါတို့နေတဲ့ ရွှေမြန်မာဝယ်

ဦးစွာပထမ အမ်ပီတီရယ်

ဝိုင်းမက် အေဒီအက်အဲလ်

စုံလင်စွာရယ် များစွာရှိလည်း

အင်တာနက်စနစ် ထင်သလောက်မဖြစ်

တောခြုံလမ်းကြမ်း ချိုင့်ကွက်ပေါလျှက်

ထူလှရွံနွံ ထိုထိုကိုဖြတ်

သွားရသည့်နယ် ကွန်နက်ရှင်ရယ်

မကောင်းတဲ့ကြား ဒီရွာထဲကို

ရောက်အောင်မွေနှောက် လာခဲ့ကြတယ်

မြန်မာပြည်ဖွား အာဂများပါကွယ်။

ထပ်မံတိုးလို့ ပေါ်ထွန်းလာတယ်

ရှေ့နောက်ဆင့်ရယ်

အော်ဒီဒူးနဲ့ တယ်လီနောလည်း

အစသာကောင်း အခုအချိုးပြောင်း

အမ်ပီတီနဲ့ မသာမထူးခြား

ရှိလေငြားတော့ အထက်ဆိုခဲ့

လမ်းကြမ်းဖြတ်ကာ ရောက်အောင်လာမြဲ

ဒီရွာတံခါး ဆီးကာထားသည်

” I’m not a robot ” အမှန်ခြစ်လော့

လည်နေသည့်နယ် မဆုံးနိုင်လို့

ကွန်မန့်ကယ်မ၀င် စိတ်ပျက်အင်နဲ့

ကြာလေကြာလေ ဤရွာနဲ့လေ

ဝေးသည်ထက် ဝေးမယ်ထင်။

 

 

ခင်ခ။

 

စာကြွင်း – ယနေ့အခြေအနေပေါ်မူတည်လို့ရေးခဲ့ခြင်းသာ။(24.11.12 Local time 12:45 pm )

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..