” ဝေးသည်ထက် ဝေးမည်ထင် “

ခင္ခNovember 24, 20141min17511

” ဝေးသည်ထက် ဝေးမည်ထင် “

 

ငါတို့နေတဲ့ ရွှေမြန်မာဝယ်

ဦးစွာပထမ အမ်ပီတီရယ်

ဝိုင်းမက် အေဒီအက်အဲလ်

စုံလင်စွာရယ် များစွာရှိလည်း

အင်တာနက်စနစ် ထင်သလောက်မဖြစ်

တောခြုံလမ်းကြမ်း ချိုင့်ကွက်ပေါလျှက်

ထူလှရွံနွံ ထိုထိုကိုဖြတ်

သွားရသည့်နယ် ကွန်နက်ရှင်ရယ်

မကောင်းတဲ့ကြား ဒီရွာထဲကို

ရောက်အောင်မွေနှောက် လာခဲ့ကြတယ်

မြန်မာပြည်ဖွား အာဂများပါကွယ်။

ထပ်မံတိုးလို့ ပေါ်ထွန်းလာတယ်

ရှေ့နောက်ဆင့်ရယ်

အော်ဒီဒူးနဲ့ တယ်လီနောလည်း

အစသာကောင်း အခုအချိုးပြောင်း

အမ်ပီတီနဲ့ မသာမထူးခြား

ရှိလေငြားတော့ အထက်ဆိုခဲ့

လမ်းကြမ်းဖြတ်ကာ ရောက်အောင်လာမြဲ

ဒီရွာတံခါး ဆီးကာထားသည်

” I’m not a robot ” အမှန်ခြစ်လော့

လည်နေသည့်နယ် မဆုံးနိုင်လို့

ကွန်မန့်ကယ်မဝင် စိတ်ပျက်အင်နဲ့

ကြာလေကြာလေ ဤရွာနဲ့လေ

ဝေးသည်ထက် ဝေးမယ်ထင်။

 

 

ခင်ခ။

 

စာကြွင်း – ယနေ့အခြေအနေပေါ်မူတည်လို့ရေးခဲ့ခြင်းသာ။(24.11.12 Local time 12:45 pm )

11 comments

  • kai

    November 24, 2014 at 3:02 pm

    ဖြူတ်လိုက်ပြီဖြစ်ကြောင်း… :k:

    • ခင် ခ

      November 24, 2014 at 4:10 pm

      အလွန်ပင်ကျေးဇူးတင်ပါသည်
      အင်မတန်ကျေးဇူးတင်ပါသည်
      သဂျီးရေ။

  • aye.kk

    November 24, 2014 at 3:19 pm

    ကောင်းလိုက်တာ ကျေးဇူးပါသူကြီး။

  • aye.kk

    November 24, 2014 at 3:21 pm

    ကိုခင်ခ
    တတ်လည်းတတ်နိုင်တဲ ့အန်တီတို ့နေတဲ့ ပြည် ပါကွယ် ။

  • kyeemite

    November 24, 2014 at 3:44 pm

    .ဂွတ်…ဖြုတ်လိုက်ပီဆိုလို့ဝမ်းသာပါအိ :k:

  • ကေဇီ

    November 24, 2014 at 4:22 pm

    ဝေးဝေးမသွားပါနဲ့ဦးးး
    ပြန်လာပါ။
    ဟိုကောင်တာဂျီး မရှိတော့ပါဘူးးး
    ဟိ

    :kwi:

  • uncle gyi

    November 24, 2014 at 10:30 pm

    ရိုဘော့အပြုတ်ဖြုတ်
    ကိုခ
    ဂေဇက်မှတ်တမ်းတခု
    စိုက်ထုူသွားပါကြောင်း

  • surmi

    November 25, 2014 at 11:09 am

    ဒီတခါ သဂျီးကို ကျေးဇူးတင်သူတွေများလှပါတကားးးး
    ကောင်းလှောင်တေးးး ×1000 ::kwi:

  • Novy

    November 25, 2014 at 4:34 pm

    ကောင်းလိုက်တာတော်
    မီးမီးလဲ ဝင်မရ မန်းမရဖြစ်သွားသေးတယ်
    မမအေးကျေးဇူးကြောင့်ဝင်လို့ရသွာတာ
    “အချို့ကိစ္စတွေက ပြုပြင်ပြောင်လဲလို့မကောင်းဘူး
    အပြီးဖြုတ်ပစ်မှ ”
    အပြီးတိုင်ဖြုတ်ချရေး တို့အရေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • Yae Myae Tha Ninn

    November 25, 2014 at 4:56 pm

    ဟုတ်ပါ့.. ကိုခ ရဲ့ တော်လှန်ရေး ပေါ့… 😛

Leave a Reply