ထုပ်​ဆီးတိုးတမ်​း ​ဆော့မိသူများ

moonpoemNovember 24, 20141min15610

သူတို့ ထုတ်တဲ့ ဥပဒေတွေကလည်း MPT ငွေဖြည့်ကဒ်လိုပဲ ကြာရှည် မခံဘူး။အရေးယူ မယ့်သူ မရှိတော့ လိုက်နာမယ့် သူလည်း မရှိတာ မဆန်းပါဘူးလေ။ပမာ ပြောရရင် ကြည့်ပါလား လိုင်းကားတွေ ညာဘက်ယာဉ်ကြောကနေသာ မောင်းရမယ်ပြောတာ ဘယ်လိုင်းကား ကများ လိုက်နာလို့တုန်း။
တွေးကြည့်ရင် ကျွန်မတို့ တွေ အခုလို လမ်းပိတ် မြောင်းပိတ် တံတားပိတ် ဘဝမှာ ခံနေရတာ ရှေးဘဝက သူတို့တွေနဲ့ ထုပ်ဆီးတိုးတမ်း ဆော့တုန်းက ညစ်ခဲ့လို့လား မသိ။ဒီဘဝတော့ ကိုယ့်ကြည့် အပိတ်ခံ အတားခံနေရတာ။
ပိတ်ဆို့တာ တင်းကြပ်တာတွေများလာတော့ ကဲငါတော့ မြို့မှာမနေတော့ဘူး။ရွာပြန် လယ်စိုက်မဟဲ့ လုပ်ပြန်တော့ ရွာမှာလည်း လယ်တွေအသိမ်းခံရတာ များသတဲ့။ဪ လယ်စိုက်စားလို့ မဖြစ်တောပြန်ဘူးပေါ့။
ဒါနဲ့ စိတ်ပေါက်ပေါက်နဲ့ အပြီးပိုင် တောထွက်မယ်ဆိုပြီး ထွက်ဖို့တောရှာတယ်။ သစ်တောတွေပြုန်းနေတော့ ထွက်စရာတောနဲ့ တူတာ မရှိဘူး။ တောနာမည် ပါတဲ့ ရခိုင်ပြည် မောင်းတောပဲ သွားနေလို့ ရတော့မယ် ဖြစ်နေပါရောလား။
လယ်စိုက်မရ တောထွက်မရနဲ့ နောက်ဆုံးတော့ စိတ်တွေကုန်ပြီး ငါ့ဘဝအကြောင်း ိသိသွားအောင် အစာအငတ်ခံ ဆန္ဒပြမယ် ကြံပါတယ်။ အိမ်ရှေ့ ဒံပေါက်လာဝေတော့ စားမိသွားပါလေရောလား။အငတ်ခံချင်တာတောင် မခံလိုက်ရဘူး။
ဪ သနားစရာကောင်းလိုက်တဲ့ ဘဝ။ဒါ့ကြောင့်လေ အစောကတည်းက ကျွန်မ မပြောလား ကျွန်မတို့တွေ ရှေးဘဝက ထုတ်ဆီးတိုးတမ်းဆော့တုန်းက သူတို့ကို ညစ်ပြီးတားခဲ့မိပါတယ်လို့ဆို။အဟင့် ။

10 comments

  • ခင် ခ

    November 24, 2014 at 2:01 pm

    ရှေးတုန်း ဆိုရိုးစကား ထားခဲ့တာက သစ်တပင်ကောင်း ဌက်တစ်သောင်း နားနိုင်တယ်တဲ့။
    အခုတော့ တောထဲ အဲဒီ ဌက်တစ်သောင်း နားစရာ သစ်ပင်မရှိလို့ မြေထဲပင်လယ်မှာ ဆောင်းခိုဌက်အဖြစ် အသွင်ပြောင်းကာ နေထိုင်ကြလေတယ်တဲ့ကွယ်။

  • kyeemite

    November 24, 2014 at 3:50 pm

    .သမ္မတကြီးသောက်ပြီး အောင်သောင်းစား သွေးတက်သေရင်
    .ဖယောင်းတိုင်ထွန်းမရှာနဲ့ 2000နဲ့ဖုန်းကဒ်ဝယ် ကျော်သူခေါ်လိုက်
    .မလုပ်ရင်ပါးရိုက်မယ် ..ခိခိ :k:

  • Wow

    November 24, 2014 at 3:57 pm

    ပြောင်းဖူးဂျီးကိုင်ပီး လွှတ်တော်ထဲဝင်လာရာက် ဒန်ပေါက်ကျွေးဒယ်ဆိုတော့ ပြီသူတွေကို ပိုပို စေဒနာရှိလာတဲ့ သဘော :mrgreen:

  • ကေဇီ

    November 24, 2014 at 4:12 pm

    ချစ်လွန်းလို့ ဖစ်သွားဒါဘာ။
    စိတ်ဆိုးပြီး နာကျည်းသွားလားးးး??
    :k:

  • uncle gyi

    November 24, 2014 at 10:09 pm

    ခက်တယ်မျက်ခြယ်သက်လှယ်
    ဘယ်သူ့ကိုယုံပုံအပ်ရပ
    အချိန်တွေကလည်းတဖြည်းဖြည်းကုန်လာပြီ

  • surmi

    November 25, 2014 at 11:14 am

    လာမယ်ကြာမယ် ယဉ်ရထားတွေမနိုင်ဝန်ထမ်းကာထွက ခွါ ~~~~
    နေပြည်တော်ကို လွယ်အိပ်တစ်လုံးနဲ့ ခြေလျင်တိုင်ခန်း လှည့် လာ ~~~



    အဲဒါ ကိုကိုင်ဇာ ဆိုထားတာနော်
    လွန်ခဲ့တဲ့နှစ်သုံးဆယ်ကျော်က :mrgreen:

  • Yae Myae Tha Ninn

    November 25, 2014 at 4:59 pm

    ဒါဆို ဒံပေါက်က အမဲကြီးထင်တယ်နော်.. မဟုတ်လဲ အမဲစာရင်းသွင်းခံထားရတဲ့ ဒံပေါက်ဖြစ်မယ်… 😀

  • ဒံပေါက်က…ဝေရင်… စားချင်ကြပေမပေါ့… ။
    တစ်ရက် နှစ်ထောင်နဲ့ လောက်တယ်သာဆိုတယ်…
    ဒံပေါက်တစ်ပွဲ နှစ်ထောင်ဖြစ်နေတာကိုကျ ထည့်မှ မပြောတာ.. ။

    :k:

  • မြစပဲရိုး

    November 26, 2014 at 7:06 pm

    ရှေးဘွ က တိုင်ဦး တန်း အဆော့ ကောင်း ရင်ကော။
    :))

  • naywoon ni

    March 30, 2015 at 9:57 pm

    ဥတု ရာသီ ​တောကိုမှီ၏
    တဲ့ အဲ့ မှီစရာ​တောမရှိ​တော့ ဘူ့များမှီ​နေလဲ မသိဘူးလားဟင်​ ။ အဲ့လာ လာ​မေးတာ 🙂

Leave a Reply