ROMANTIC TATTOO

နောက် ၁၀ရက်ဆို သူမနဲ့ ချစ်သူတို့ရဲ့ ချစ်သက်တမ်း ရက် (၁၀၀)ပြည့်လေ…..
ဘာလက်ဆောင်လေးပေးရင်ကောင်းမလဲဟု အသည်းအသန်စဉ်းစားနေတာ တစ်ပတ်လောက်ရှိပီ…..
နောက် ဖေ့ဘုတ် သုံးရင်းမှ သူမ အိုင်ဒီယာ ရသွားသည်။
“ဟုတ်ပီကွ “
အဲ့လက်ဆောင်လေး ပေးလိုက်ရင် အံ့သြသွားမည့် ချစ်သူ၏မျက်နှာ ကို စိတ်မှန်းဖြင့်တွေးကြည့်ရုံဖြင့်ပင် ပျော်စရာပင်….
အပျော်ရဲ့နောက်မှ တွေဝေမှုလေးတွေ ပါလာသည်။
ဖခင်မရှိတော့ပေမဲ့ စည်းကမ်းကျနစွာ အုပ်ထိန်းလာတဲ့မေမေ….
ဇီဇာကြောင် သောမေ့မေ့ အစ်မ ကြီးကြီးနု….
အနေအထိုင်မှားတာနှင့် ၀ိုင်းပြောကြမည့် ပတ်ဝန်းကျင်….

အို ဒါတွေက ပီးတော့လည်းပီးသွားမှာပါလေ….
အချစ်သာ အဓိက ငါအရမ်းချစ်တာ ချစ်သူသိသွားရင် သူအရမ်းပျော်မှာလေ….
ဂွတ် ဒါပဲ ကိုယ့်စိတ်ကူးနဲ့ကိုယ်တော့ ဟုတ်နေတာပဲ….
အဆူခံရလည်း ခံရပစေတော့….
ရိုမန်းတစ် ရက်(၁၀၀)လေးဖြစ်ဖို့ အဓိက……
အော် ဒါပေမဲ့ သိသာသိစေ မမြင်စေနဲ့ ဆိုသလို တက်တူးထိုးဖို့ နေရာကို လည်ဂုတ် ကိုရွေးလိုက်သည်။
ဆံပင်ချထားရင် အိုကေ တော်ရုံမမြင်ရတော့ဘူးပေါ့…..
သူ့နာမည်လေးကိုဖြစ်နိုင်ရင် တော့ ၀ဲဘက်ရင်အုံမှာထိုးထားချင်တယ်….
ဒါပေမဲ့ အဲလောက်တော့သတ္တိမရှိပါ…..
တော်ပါပီ လည်ဂုတ်မှာပဲ နာမည်အတိုကောက်လေးကို ပန်းဖောင့်လှလှလေးထိုးလိုက်တော့မည်။
သူငယ်ချင်းတွေထံ စုံစမ်းရသည်။ဘယ်ဆိုင်က ကောင်းလဲဆိုတာ ၀ိုင်းပြောကြတဲံ့ တစ်ယောက်တစ်ပေါက်ကြားမှ
ဖေ့ဘုတ်မှာ နာမည်ကြီး မင်းသားမင်းသမီးတွေသွားသည်ဆိုသော ဆိုင်ကို ရွေးလိုက်သည်။

“ဒီး……..“ စက်၏ တုန်ခါမှုနှင့်အတူ ထွက်ပေါ်လာသော အသံကြောင့် သူမအံကြိတ်ပီး လက်သီးတင်းတင်းဆုပ်ထားလိုက်သည်။
ပီးတော့မှာ ဟု ကိုယ့်ဘာသာအားပေးလိုက်သည်။နာကျင်မှုနှင့် အတူ လည်ဂုတ်မှ သွေးတွေစီးကျလာသည်။
“မြန်မြန်ပီးပါတော့ “
ထိုခဏတော့ နောင်တရသလိုလိုပင်။တက်တူးထိုးတာ တွေ့သွားရင် မိုးမီးလောင်မတက် ဆူမည့် အမေနှင့် ကြီးကြီးနုကိုပြေးမြင်မိသည်။

“ကဲ ပီးပီ ညီမ မှန်နဲ့ကြည့်ကြည့်ဦးခုကတော့ စာလုံးသိပ်ပေါ်ဦးမှာ မဟုတ်ဘူး တစ်ပတ်လောက် အညှော်ရှောင်ရမယ်နော်“
“ဟုတ်ကဲ့အစ်ကို ဘယ်လောက်ကျလဲဟင်“
“………“
အမယ်လေး ထိုးဈေးက အကြီးသား နှမြောလိုက်တာ သူမမုန့်ဖိုးလေးတွေ….
အချစ်သူရဲကောင်းမကြီးလုပ်ချင်ဦးဟဲ့။

တစ်ပတ်လောက် နေမကောင်းဟု ဆိုကာ အခန်းတွင်းအောင်းနေလိုက်သည်။
အနာကျက်မြန်အောင် ဆေးခန်းသွားကာ ဆေးသောက်လိုက်သည်။
သူငယ်ချင်းတွေကတော့ လှသည်တဲ့ ကျေနပ်တာပေါ့နော် ဒီလောက် ပိုက်ဆံအကုန်ခံ အနာခံထားရတာကိုး….

ဒီနေ့ သူမမျှော်လင့်သောနေ့သို့ရောက်ပီ…..
နေ့လည် 12.00 တိတိလာခဲ့ပါတဲ့……
ပြောစရာလည်း ရှိသည်တဲ့……
မနက်အစောကြီးထကာ ဘာလေးဝတ်ရမလဲဟု ဗီရိုထဲမွှေသည်။
ညကလည်း စိတ်ကူးယဉ်နေရသခြင့် အိပ်ရေးပျက်သွားပီး ခေါင်းထဲက မူးသလိုလိုပင်။
သို့သော် ချစ်သူနဲ့ ချိန်းထားသောနေရာသို့ မဖြစ်ဖြစ်အောင်သွားကာ တက်တူးလေးပြရမည်။

ချိန်းထားသော နေရာရောက်တော့ ချစ်သူက ရောက်နှင့်နေသည်။
“မောင် ရောက်တာကြာပီလား“
“ကြာသေးပါဘူး“
“မောင့်အတွက်လက်ဆောင်ပါတယ် ဒီမှာကြည့်“
ရိုမန့်တစ် ဆန်စွာ ဆံပင်လေးကို တဘက်သိမ်းပီး လည်ဂုတ်လေးကို ပြလိုက်သည်။
ဟင် တက်တူးဂျီး အသံက အံ့သြစွာပေါ်လာပီး သူမကိုစိတ်ပျက်စွုာကြည့်သည်။
“ဘာလဲ မကြိုက်ဘူးလား“
“မကြိုက်ပါဘူး ပီးတော့ မင်းအဲဒါကြီးထိုးထားပီး တသက်လုံးဘယ်လိုလုပ်မလဲ“
“ဟင် ဘာပြောတာလဲ မောင့်နာမည်လေ တသက်လုံး ချစ်တယ်ဆိုတဲ့ အဓိပ္ပါယ်လေးနက်အောင်ပေါ့“
“ဟား မင်းတော်တော်ရူးတာပဲ ငါက မင်းကို တသက်လုံး လက်တွဲမယ်လို့ ထင်ထားတာလား
မင်းကို ပြောစရာရှိတယ်ဆိုတာ မင်းနဲ့ငါ ရှေ့ဆက်လို့ မဖြစ်တော့ဘူး လို့ လာပြောတာ
အိမ်ကသဘောတူထားတဲ့ မိန်းကလေးနဲ့ စေ့စပ်ပြီး သြဇီ သွားတော့မှာ“

“ဘာာာာာာာာာာာ“

“ဟုတ်တယ် မင်းလောက်ရူးတဲ့ မိန်းကလေး မတွေ့ဘူးသေးဘူး ယောကျာ်းလေးတစ်ယောက်က
ကိုယ့်ကို တကယ်ချစ်ရဲ့လားတောင် သေချာမသိပဲနဲ့ ဒီလို လုပ်ရလား
ကဲ ငါသွားပီ တာ့တာ မင်းရဲ့ တက်တူးအတွက် စိတ်မကောင်းပါဘူးကွာ“

သူမ ကြောင်အအ နှင့် ကျန်ခဲ့သည်။ရင်ထဲမှာ ဗလောင်ဆူနေသည်။tumblr-tattoo-ideas-for-girlsgirls-tattoos-tumblr-we-heart-it-lokhkr9h
အချစ်သူရဲကောင်းမကြီး ရိုမန့်ဆန်ချင်လွန်းစွာ တက်တူးထိုးမိတာ မှားပါပေါ့…
ဒီတက်တူးနဲ့ဘယ်လိုရှေ့ဆက်ရမှာလဲ…
အမယ်လေး ခေါင်းတွေမူးလိုက်တာ သေနာကျကြီး အမေရေ သမီးမှားပါပီတော့….

နောင်တ နှင့် အတူ သူမရဲ့ အမြင်တွေ တဖြည်းဖြည်းေ၀၀ါးလာသည်။။။
(ဟီး ဟီး မူးလဲသွားတာညှော်….ကလောင်အသစ်လေးပါလို့…ဝေဖန်ပေးကြပါအူးစ်လို့စ်)

About La Yeik

La Yeik has written 7 post in this Website..