ROMANTIC TATTOO

La YeikNovember 25, 20141min32250

                   ROMANTIC TATTOO

နောက် ၁ဝရက်ဆို သူမနဲ့ ချစ်သူတို့ရဲ့ ချစ်သက်တမ်း ရက် (၁၀၀)ပြည့်လေ…..
ဘာလက်ဆောင်လေးပေးရင်ကောင်းမလဲဟု အသည်းအသန်စဉ်းစားနေတာ တစ်ပတ်လောက်ရှိပီ…..
နောက် ဖေ့ဘုတ် သုံးရင်းမှ သူမ အိုင်ဒီယာ ရသွားသည်။
“ဟုတ်ပီကွ “
အဲ့လက်ဆောင်လေး ပေးလိုက်ရင် အံ့ဩသွားမည့် ချစ်သူ၏မျက်နှာ ကို စိတ်မှန်းဖြင့်တွေးကြည့်ရုံဖြင့်ပင် ပျော်စရာပင်….
အပျော်ရဲ့နောက်မှ တွေဝေမှုလေးတွေ ပါလာသည်။
ဖခင်မရှိတော့ပေမဲ့ စည်းကမ်းကျနစွာ အုပ်ထိန်းလာတဲ့မေမေ….
ဇီဇာကြောင် သောမေ့မေ့ အစ်မ ကြီးကြီးနု….
အနေအထိုင်မှားတာနှင့် ဝိုင်းပြောကြမည့် ပတ်ဝန်းကျင်….

အို ဒါတွေက ပီးတော့လည်းပီးသွားမှာပါလေ….
အချစ်သာ အဓိက ငါအရမ်းချစ်တာ ချစ်သူသိသွားရင် သူအရမ်းပျော်မှာလေ….
ဂွတ် ဒါပဲ ကိုယ့်စိတ်ကူးနဲ့ကိုယ်တော့ ဟုတ်နေတာပဲ….
အဆူခံရလည်း ခံရပစေတော့….
ရိုမန်းတစ် ရက်(၁၀၀)လေးဖြစ်ဖို့ အဓိက……
အော် ဒါပေမဲ့ သိသာသိစေ မမြင်စေနဲ့ ဆိုသလို တက်တူးထိုးဖို့ နေရာကို လည်ဂုတ် ကိုရွေးလိုက်သည်။
ဆံပင်ချထားရင် အိုကေ တော်ရုံမမြင်ရေတော့ဘူးပေါ့…..
သူ့နာမည်လေးကိုဖြစ်နိုင်ရင် တော့ ဝဲဘက်ရင်အုံမှာထိုးထားချင်တယ်….
ဒါပေမဲ့ အဲလောက်တော့သတ္တိမရှိပါ…..
တော်ပါပီ လည်ဂုတ်မှာပဲ နာမည်အတိုကောက်လေးကို ပန်းဖောင့်လှလှလေးထိုးလိုက်တော့မည်။
သူငယ်ချင်းတွေထံ စုံစမ်းရသည်။ဘယ်ဆိုင်က ကောင်းလဲဆိုတာ ဝိုင်းပြောကြတဲံ့ တစ်ယောက်တစ်ပေါက်ကြားမှ
ဖေ့ဘုတ်မှာ နာမည်ကြီး မင်းသားမင်းသမီးတွေသွားသည်ဆိုသော ဆိုင်ကို ရွေးလိုက်သည်။

“ဒီး……..“ စက်၏ တုန်ခါမှုနှင့်အတူ ထွက်ပေါ်လာသော အသံကြောင့် သူမအံကြိတ်ပီး လက်သီးတင်းတင်းဆုပ်ထားလိုက်သည်။
ပီးတော့မှာ ဟု ကိုယ့်ဘာသာအားပေးလိုုက်သည်။နာကျင်မှုနှင့် အတူ လည်ဂုတ်မှ သွေးတွေစီးကျလာသည်။
“မြန်မြန်ပီးပါတော့ “
ထိုခဏတော့ နောင်တရသလိုလိုပင်။တက်တူူးထိုးတာ တွေ့သွားရင် မိုးမီးလောင်မတက် ဆူမည့် အမေနှင့် ကြီးကြီးနုကိုပြေးမြင်မိသည်။

“ကဲ ပီးပီ ညီမ မှန်နဲ့ကြည့်ကြည့်ဦးခုကတော့ စာလုံးသိပ်ပေါ်ဦးမှာ မဟုတ်ဘူး တစ်ပတ်လောက် အညှော်ရှောင်ရမယ်နော်“
“ဟုတ်ကဲ့အစ်ကို ဘယ်လောက်ကျလဲဟင်“
“………“
အမယ်လေး ထိုးဈေးက အကြီးသား နှမြောလိုက်တာ သူမမုန့်ဖိုးလေးတွေ….
အချစ်သူရဲကောင်းမကြီးလုပ်ချင်ဦးဟဲ့။

တစ်ပတ်လောက် နေမကောင်းဟု ဆိုကာ အခန်းတွင်းအောင်းနေလိုက်သည်။
အနာကျက်မြန်အောင် ဆေးခန်းသွားကာ ဆေးသောက်လိုက်သည်။
သူငယ်ချင်းတွေကတော့ လှသည်တဲ့ ကျေနပ်တာပေါ့နော် ဒီလောက် ပိုက်ဆံအကုန်ခံ အနာခံထားရတာကိုး….

ဒီနေ့ သူမမျှော်လင့်သောနေ့သို့ရောက်ပီ…..
နေ့လည် 12.00 တိတိလာခဲ့ပါတဲ့……
ပြောစရာလည်း ရှိသည်တဲ့……
မနက်အစောကြီးထကာ ဘာလေးဝတ်ရမလဲဟု ဗီရိုထဲမွှေသည်။
ညကလည်း စိတ်ကူးယဉ်နေရသခြင့် အိပ်ရေးပျက်သွားပီး ခေါင်းထဲက မူးသလိုလိုပင်။
သို့သော် ချစ်သူနဲ့ ချိန်းထားသောနေရာသို့ မဖြစ်ဖြစ်အောင်သွားကာ တက်တူးလေးပြရမည်။

ချိန်းထားသော နေရာရောက်တော့ ချစ်သူက ရောက်နှင့်နေသည်။
“မောင် ရောက်တာကြာပီလား“
“ကြာသေးပါဘူး“
“မောင့်အတွက်လက်ဆောင်ပါတယ် ဒီမှာကြည့်“
ရိုမန့်တစ် ဆန်စွာ ဆံပင်လေးကို တဘက်သိမ်းပီး လည်ဂုတ်လေးကို ပြလိုက်သည်။
ဟင် တက်တူးဂျီး အသံက အံ့ဩစွာပေါ်လာပီး သူမကိုစိတ်ပျက်စွုာကြည့်သည်။
“ဘာလဲ မကြိုက်ဘူးလား“
“မကြိုက်ပါဘူး ပီးတော့ မင်းအဲဒါကြီးထိုးထားပီး တသက်လုံးဘယ်လိုလုပ်မလဲ“
“ဟင် ဘာပြောတာလဲ မောင့်နာမည်လေ တသက်လုံး ချစ်တယ်ဆိုတဲ့ အဓိပ္ပါယ်လေးနက်အောင်ပေါ့“
“ဟား မင်းတော်တော်ရူးတာပဲ ငါက မင်းကို တသက်လုံး လက်တွဲမယ်လို့ ထင်ထားတာလား
မင်းကို ပြောစရာရှိတယ်ဆိုတာ မင်းနဲ့ငါ ရှေ့ဆက်လို့ မဖြစ်တော့ဘူး လို့ လာပြောတာ
အိမ်ကသဘောတူထားတဲ့ မိန်းကလေးနဲ့ စေ့စပ်ပြီး ဩဇီ သွားတော့မှာ“

“ဘာာာာာာာာာာာ“

“ဟုတ်တယ် မင်းလောက်ရူးတဲ့ မိန်းကလေး မတွေ့ဘူးသေးဘူး ယောကျာ်းလေးတစ်ယောက်က
ကိုယ့်ကို တကယ်ချစ်ရဲ့လားတောင် သေချာမသိပဲနဲ့ ဒီလို လုပ်ရလား
ကဲ ငါသွားပီ တာ့တာ မင်းရဲ့ တက်တူးအတွက် စိတ်မကောင်းပါဘူးကွာ“

သူမ ကြောင်အအ နှင့် ကျန်ခဲ့သည်။ရင်ထဲမှာ ဗလောင်ဆူနေသည်။tumblr-tattoo-ideas-for-girlsgirls-tattoos-tumblr-we-heart-it-lokhkr9h
အချစ်သူရဲကောင်းမကြီး ရိုမန့်ဆန်ချင်လွန်းစွာ တက်တူးထိုးမိတာ မှားပါပေါ့…
ဒီတက်တူူးနဲ့ဘယ်လိုရှေ့ဆက်ရမှာလဲ…
အမယ်လေး ခေါင်းတွေမူးလိုက်တာ သေနာကျကြီး အမေရေ သမီးမှားပါပီတော့….

နောင်တ နှင့် အတူ သူမရဲ့ အမြင်တွေ တဖြည်းဖြည်းဝေဝါးလာသည်။။။
(ဟီး ဟီး မူးလဲသွားတာညှော်….ကလောင်အသစ်လေးပါလို့…ဝေဖန်ပေးကြပါအူးစ်လို့စ်)

50 comments

  • ခင်ဇော်

    November 25, 2014 at 9:11 am

    ကြိုဆိုပါတယ်။

    ဟီးဟီးးး
    နာနှယ်။
    ဒီ တလော တက်တူးထိုးမို့ပါဆို ပို့(စ) ဖတ်ပြီး လန့်သွားပြီ။
    :k:

    ဘာတဲ့။
    အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုးမှာ…
    ဘုရားတည်တာက ကန်ထရိုက်ကောင်းရင်….
    တက်တူးက လေဆာကောင်းရင် ပြင်လို့ရတယ်ဆိုလား ဘာလားးး …

    (ခရက်ဒစ် တူ ဒီရွာထဲက လူဂျီးတစ်ယောက်)

    :kwi:

    • ကန္နားစီး မိဂီ

      November 25, 2014 at 2:55 pm

      အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး အီ ၃မျိုးမှာ
      နောက် ၂မျိုး က ကန်ထရိုက် အသိ နဲ့ လေဆာ ရှိရင် ပြင်လို့ရတယ် ဆိုလားဗျာ

      အဲ့လူကြီးပြောခဲ့တာ ပြောပါတယ်..
      အာဟိ

      • ခင်ဇော်

        November 25, 2014 at 2:57 pm

        အေးလေ။
        နာ က အတိအကျ နားမထောင်ဖူးလို့ဘာ။
        ဒင်းလည်း ရေငုတ်နေချက်က အရှုပ်လုပ် အဲလေ အလုပ်ရှုပ်နေတယ် (ပြောတာပဲ)

        :k:

  • La Yeik

    November 25, 2014 at 9:16 am

    ဟီး ဆေးထိုးသလိုဖစ်သွားရင် ရှောတီးပါမမ…ကြိုဆိုပေးလို့ ကျေးကျေးနော်….:)

  • kyeemite

    November 25, 2014 at 9:35 am

    .အရေးအသားကတော်တော်ကောင်းပါတယ်…ဇတ်သိမ်းလေးပဲနဲနဲမြန်လွန်းသွားတာ..
    .မြန်မာ့ဂဇက်မှနွေးထွေးစွာကြိုဆိုပါတယ် :))

  • kyeemite

    November 25, 2014 at 9:36 am

    .ကျန်သွားလို့..ဒီရွာထဲမှာ ပရိုတက်တူးဆြာတျောက်ရှိပါကြောင်း :))

  • La Yeik

    November 25, 2014 at 9:50 am

    ဟုတ်လား အူးမိုက်…မီးတက်တူး ပြန်ဖျက်ပြီးပြန်ထိုးချင်ရယ်…ဟီးး အမှတ်မရှိတာ…ဟုတ် ဇာတ်သိမ်းမြန်တာ ရေးကျင့်သိပ်မရှိသေးလို့ပါ…အပြုသဘော ဝေဘန်ပေးလို့ ကျေးကျေးပါ အူးမိုက်…ကြိုးစားပါ့မယ် ဒီထက်ကောင်းအောင်….:)

  • Mr. MarGa

    November 25, 2014 at 10:07 am

    tattoo
    ကွန်ဆာဗေးတစ်ပဲဆိုဆို ခေတ်နောက်ကျတယ်ပဲပြောပြော
    အဲ့ တက်တူးကို ခံစားလို့ သိပ်မရသေးဘူးရယ်
    (fashion တစ်ခုအနေနဲ့ပဲ မြင်မိတာမို့ပါ။ fashion ဆိုတာ အမြဲပြောင်းလဲနေတတ်တယ်လေ)
    အဲ.. တက်တူး ကတော့ မပြောင်းဘူးဗျ (လေဆာကောင်းမှ ခပ်ဝါးဝါး ဖြစ်တာ)
    အဲဒါကြောင့် သိပ် အားမပေးချင် (ဒီကွန်မန့်ကို ရွာထဲက တက်တူးဆြာကြီး မမြင်ပါစေနဲ့ဗျာ :mrgreenn: )
    ဒီဇာတ်လမ်းလေးကို
    ရေးကျင့် ရှိသွားရင် နည်းနည်း ဆွဲ ဆန့် ပြီး ရေးစေချင်………..

    လေးစားစွာဖြင့်
    ဦးမာဃ (ခေတ္တ လူ့ပြည်)

    • La Yeik

      November 25, 2014 at 11:04 am

      ဟုတ်ကဲ့…နတ်ပြည်မှာ နတ်သား/သမီးတွေရော ထိုးဖူးလား..ခ်ခ်
      ကြိုးစားပီးရေးပါ့မယ်…ရှည်ရင်လည်း အရမ်းရှည်သွားရင် မငြိုငြင်ရဘူးညှော်…အူးလေး သဂျား

      • ခင်ဇော်

        November 25, 2014 at 11:36 am

        မိုးနတ်မယ် လား သူဇာလား??
        ဂျား က ခွင့်လွှတ်တတ်ပါတယ်။
        ဟိ။
        မငြိုငြင်တတ်ပါဘူးးး

        :kwi:

        • Mr. MarGa

          November 25, 2014 at 6:05 pm

          အမ်
          ဒီဂျီးဒေါ် ရှေ့ကနေ အဆင်း ဘီးတပ်နေတယ်

    • nicolus agral

      November 27, 2014 at 8:18 pm

      ဟင့် အခန်းဆက်တော့မဖြစ်စေနဲ့ပေါ

  • Wow

    November 25, 2014 at 10:16 am

    တက်တူးတစ်ခုအဖတ်တင်တဲ့အတူတူတော့ နောက်လမ်းကြုံ ခြေထိုးခံ ရေနွေးနဲ့ပက်…
    ကျမနှင့် မည်သို့မှ မသက်ဆိုင်တော့ပါ ချေးထားတဲ့ပိုက်ဆံတွေ (ရှိရှိမရှိရှိ) လဲ လျော်လိုက်ပါဘီ ဆိုပီး ဂျာနယ်မှာ ကြော်ငြာပစ် …

    အော်.. ချစ်ထှာ :mrgreen:

    • La Yeik

      November 25, 2014 at 11:09 am

      ခ်ခ်…အဲလို လုပ်လိုက်ရမား

  • surmi

    November 25, 2014 at 10:48 am

    တက်တူးတော့ ဘာဘာ ဘာမှမသိပါဘူးဗျာ
    စာကတော့ဖတ်လို့ကောင်းပါတယ် ။
    မန်းဂဇက်နဲ့လည်းအမြဲမပြတ်ရေးနိုင်ဖတ်နိုင်ပါစေဗျာ

    • La Yeik

      November 25, 2014 at 11:10 am

      ကြိုးစားပါ့မယ်ရှင့်….ကြိုဆိုပေးလို့ကျေးကျေးနော် အူးဆာ….

  • မဟာရာဇာ အံစာတုံး

    November 25, 2014 at 10:54 am

    ခင်ဗျားဟာ ဖတ်ပီး
    ဘာမဆိုင် ညာမဆိုင်
    မိကောက် ကဗျာတစ်ပုဒ်ကို သတိရမိသွားတယ် …

    ဘာတဲ့ ..

    ပကတိ
    ————
    သောင်စပ်မှာ
    မောင့်နာမည် နှစ်လုံးကို
    ရေးမှတ်ထားတယ်။

    ခဏအကြာ
    ပင်လယ်ဝကလာတဲ့ ရေတွေ
    မသိဟန်ဆောင်ပြီး
    ခိုးယူနေကြ

    ဝမ်းနည်းမှုတွေမျိုချ
    တစ်ခုသတိရမိ
    အမှန်တရားမှာ
    ခြေထောက်ပါစရာမလိုဘူး…တဲ့

    အဲဒီလှိုင်းလူးတွေနဲ့
    ဘယ်တော့မှ ရန်မဖြစ်တော့ဘူးမောင် ..။ ။
    ————————
    မိကောက်
    ————————

    • La Yeik

      November 25, 2014 at 11:21 am

      ကောင်းလိုက်တဲ့ ကဗျာလေး…ကျေးကျေးပါ အူးအံစာ

  • Ma Ei

    November 25, 2014 at 11:49 am

    ရက်100 နဲ့ဖြတ်သွားသူ ဒီလူမျိုးနဲ့ ဝေးပျော်ပါရဲ့
    တက်တူးတကွက်ပဲ အဖတ်တင်ခဲ့တာ တော်သေး..
    ဖျက်ပလိုက်နော်…

    • La Yeik

      November 25, 2014 at 11:57 am

      အေးနော် မမအိ တော်သေးးးးးးးး 😛

  • sorrow

    November 25, 2014 at 12:29 pm

    – အရေးအသားအလွန်ကောင်းမွန်ပါကြောင်း.
    ..နောက်များလဲ လက်ရာကောင်းလေးတွေကိုမျှော်လင့်ပါကြောင်း..
    .. ပုံ..ကချင်နုထွားကြီး

    • La Yeik

      November 25, 2014 at 12:33 pm

      ဟုတ်ကဲ့ ကျေးဇူးပါချင့် ကိုကချင်နုထွားဂျီး….

  • ဦးကျောက်ခဲ

    November 25, 2014 at 12:48 pm

    ဒီအရပ်မှာတော့ တတ်တူးထိုးတာထက်…
    စပရေးမှုတ်… စတစ်ကာကပ်ကြတာ ပိုခေတ်စားတယ်…
    Runaway Bride ဓာတ်ရှင်ထဲက ဂျူလီယာရောဘတ်လို အင်မထုတော့…
    အသားလည်းနာ… အသီးလည်းနာ… ဟီ ဟိ
    :k:

    • La Yeik

      November 25, 2014 at 1:03 pm

      အာဟိ …အသီးက ကွဲသွားတာ အူးကျောက်စ်….

  • kyeemite

    November 25, 2014 at 1:42 pm

    .ကွန်မန်ပတွေ ဖတ်ကြည့်တာတော့ တော်တော်တရင်းတနှီးရှိနေသလိုခံစားရတယ် ဂျပ်ဆင်ထိပ်က လရိပ်ပြာ
    :k:

    • La Yeik

      November 25, 2014 at 2:24 pm

      မီးက မရေးခင်ကတည်းက ပို့စ်တွေ လိုက်ဖတ်ကြည့်တယ်…အာ့မို့ မီးကို ဘူမှ မသိပေမဲ့ မီးက အားလုံးကို သိနေတာပါ အူးမိုက်….

    • ခင်ဇော်

      November 25, 2014 at 2:45 pm

      ဖွဘုတ်မှာ နတ်မိမယ် နာမည်နဲ့လေ။

      :k:

      • La Yeik

        November 25, 2014 at 2:52 pm

        အဟီး…သိတယ်ကျန်…:)

        • ခင်ဇော်

          November 25, 2014 at 2:55 pm

          ဒီ ရွာမှ ခင်ဇော် မသိလိုက်တာဆိုလို့
          ကိုယ့် ခြံထဲက ဘဲ သူများခိုးသွားတာပဲ ရှိတယ်။

          :mrgreen:

        • La Yeik

          November 25, 2014 at 3:02 pm

          အာ့ထက်လေ မီး ဂေါင်းစဉ်ပေးတာ tattoo ဖြစ်ရမှာကို tatoo ဖြစ်သွားလို့ spelling ရှမ်းသွားလို့ အားလုံးကို ဆောတီးပါလို့….(အမှားပြင်ဆင်ချက်)

  • Crystalline

    November 25, 2014 at 1:59 pm

    ကိုယ့်အသားနာမှာအသေကြောက်… ကိုယ်တိုင်လည်းမစဉ်းစားသလို သူများတက်တူးထိုးတာလည်း အားမပေး… လှတယ်လည်းမထင်… :mrgreenn:

    • La Yeik

      November 25, 2014 at 2:25 pm

      အာ့ဆို ခုဘို လုပ်ရမဲ….:(

      • Wow

        November 25, 2014 at 3:01 pm

        အပေါ်ကတြောက်က သူတက်တူးကျီးဂျီးအယင်ကထိုးမိထားလို့ ခု မထိုးတော့ဝူးပေါဒါ.. ဘာပုံလဲသိချင် ချက်ဘောက်စ်မာ တိတ်တိတ်လေးလာမေး :mrgreen:

        • La Yeik

          November 25, 2014 at 3:05 pm

          ဟုတ်ရား…အာ့ထက် ချက်ဘောက်က ဘယ်နားလဲငင် ..သိချင်ရို့ပါ…အာဟိ

  • ကန္နားစီး မိဂီ

    November 25, 2014 at 2:59 pm

    တက်တူး ဆိုလိုက်တာနဲ့ ဇဇထ ကြီး သွားပြေးမြင်တယ်..
    သူ့ကျောမယ်.. သူ့ ကျော မယ်…

    မပြောတော့ပါဘူးလေ..

    ဒက်ဂလောက် ဒက်ဂလောက်…

    😛

  • La Yeik

    November 25, 2014 at 3:07 pm

    အင်…မီးက ရီဟန်းနား ကိုကြိုက်တာပါညှော်…

  • ခင် ခ

    November 25, 2014 at 3:54 pm

    ဒါဆိုလဲ ချစ်သူအမည်နှင့် လက်တွဲခြင်း ရက်တစ်ရာပြည့် နှစ်တစ်ရာပြည့် တွေတော့ ကျင်းပလို့ရသေးတာဘဲ ကိုယ်နှင့်အတူရှိနေသော အမည်နာမ နှစ်ပတ်လည်ဆိုပြီးတော့လေ။

    • La Yeik

      November 25, 2014 at 4:08 pm

      ဟီး….ဟုတ်သားနော် အူးခ..မေ့နေတာကျန်းး

  • Yae Myae Tha Ninn

    November 25, 2014 at 4:49 pm

    သတ္တိတော့ ရှိပါ့ တက်တူးထိုးရဲတယ်… ဟဲ… အကိုလဲ ထိုးဖို့ ရှိတယ်.. ကျောအပြည့် လက်ရာကောင်းတာက ဈေး မြောက်နေလို့…ငြိမ်နေတာ… 🙂 မိန်းကလေးထိုးတာတော့ အားမပေးချင်ဘူးကွယ်… ဒီမှာက အဲလိုထိုးထားရင် အမြင်တမျိုးနဲ့ ကြည့်တတ်ကြလို့…

    • La Yeik

      November 26, 2014 at 9:38 am

      ဟုတ်တော့ ဟုတ်ပါတယ် အူးလေးရယ် မိန်းကလေးနဲ့တက်တူး မအပ်စပ်ပါဘူး…အဖွားအရွယ်ရောက်ရင် တက်တူးဂျီးနဲ့ ဒွတ်ခပဲ…:)
      စကားမစပ် အူးလေး မိန်းမက ထိုးချင်တယ်ဆို အူးလေး ဘိုလုပ်မဲငင်…:P

  • Shwe Ei

    November 25, 2014 at 5:04 pm

    အဟမ်း…ရည်းစားထားတယ်ဆိုတာ တစ်ယောက်ထဲတွဲရုံနဲ့တသက်လုံးအတွက်လို့ ပုံသေတွက်ထားလို့ရတဲ့ကိတ်စမျိုးမဟုတ်တဲ့အတွက်…
    အိုက်ဂလိုမျိုး ဖျက်မရတဲ့မှတ်တမ်းတွေ မတင်မိအောင် ကြိုးစားစေချင်ပါတယ်လို့ 😛

    • La Yeik

      November 26, 2014 at 9:40 am

      ဟုတ် ကြိုးစားပါ့မယ် မမရွှေအိ…:)

  • ကြို ဆိုပါတယ်.. … မကလောင်သစ်… အဲ… မလရိပ်

    :k:

    အရေးအသားကောင်းသူတစ်ယောက်ရဲ့ စာကို ဖတ်ရလို့…
    အမြဲ မပြတ် ဖတ်ချင်ပါတယ်။
    ရွာထဲ ကြာကြာနေပေးပါ…
    ပလိစ်….

    :k:

    • La Yeik

      November 26, 2014 at 9:42 am

      ဟုတ်ကဲ့ ကြိုဆိုပေးလို့သိုင်းခရူးပါ ကိုမောင်သူရ…..:)

  • kai

    November 26, 2014 at 5:37 pm

    ရှေးမြန်မာတွေထိုးတတ်တဲ့.. အင်းအိုင်ခလှဲ့တွေနဲ့.. အထက်လမ်း.. အောက်လမ်း..
    စုန်းကဝေ.. ကြိုးတွေ..
    အိမ်မြောင်.. ကြောင်နက်.. ငတက်ပြား.. တွေ..
    လေ့ာဂျစ်အရ.. ဘယ်လိုမှဆက်စပ်လို့မရဘူးဖြစ်နေဖူးတယ်..။

    အရေပြားမှာ.. ဆေးမှင်ထိုးတာနဲ့.. ဘယ်ကဘယ်လို.. တန်ခိုးတွေရှိကုန်တယ်လို့..ထင်ကြတယ်မသိ…
    အံ့ဖွယ်ဖြစ်၏..။ :k:

    • La Yeik

      November 27, 2014 at 10:04 am

      မီးတို့က တော့ လှချင်ရို့ပါ သဂျီးမင်း…

  • မြစပဲရိုး

    November 26, 2014 at 6:45 pm

    ဖတ်ပြီး လည်ကုတ် ယား လိုက်တာ။ lol:-)
    ” သေနာကျကြီး” လို့ သူ့ရှေ့ တင် ဆဲ ခဲ့ရမှာ။
    အရေးကောင်း အတွေးကောင်း သူ လေး ရွာထဲ ဆက်ရှိ နေမှာလား ဟင်။
    :))

    • La Yeik

      November 27, 2014 at 10:07 am

      အဲဒါပေါ့ အရီးရဲ့….ကိုယ့်ကိုကိုယ် ဒေါသထွက်တယ်…ရန်ဖြစ်ရင် ကိုယ်နဲ့ဖြစ်တဲ့သူကသာ ပြောသွားဆိုသွားတာ ကိုယ်က ဒေါသတွေသာ ထွက်နေတာ ဘာပြန်ပြောရမှန်းမသိဘူး…အဲ သူမရှိတော့ဘူး ဆိုမှ ပါးစပ်က ပျစ်ပျစ်နှစ်နှစ် ထိထိမိမိ အဲလိုပြောလိုက်ရမှာဆိုပီး ကိုယ့်ကိုကိုယ်ပြန်ဒေါသထွက်မိရော….

  • uncle gyi

    November 27, 2014 at 11:15 pm

    မယုံမရှိနဲ့ကိုယ်တွေ့
    လို့ဆိုရမယ်ဆိုရင်
    တက်တူးလောက်နဲ့ခွဲသွားသူကိုတောင်
    ကျေးဇူးတင်ရမှာ
    အတွေးဆိုရင်တော့ဇာတ်သိမ်းလေး
    တိကနဲဖြတ်ချလိုုက်တာတခုပဲ
    ကိုရီးယားဇာတ်ကားလိုဆို
    အများကြီးဆက်ရန်ဖြစ်မှာ
    ဘာပြောပြော
    ကောင်းတယ်လရိပ်

    • La Yeik

      November 28, 2014 at 9:04 am

      ကျေးဇူးပါ အန်ကယ်ကြီး….ဇာတ်သိမ်းကောင်းအောင် ထပ်ပီးကြိုးစားပါ့မယ်… :k:

Leave a Reply