” ဆောင်းအိမ်မက် “

 

တိမ်တွေပေါ်ထိုင်လျှက်သား

ဟိုဟိုဒီဒီ လွင့်လို့သွား

တစ်ခါတလေရင်ထဲသိမ့်

တစ်ခါတလေရင်ထဲထိတ်

နတ်သမီးလေးများတွေ့လေမလား

အနီးအနား ကြည့်မိသား

ထင်မှတ်မထားတဲ့တိမ်တိုက်ကြား

မဲမှောင်လို့သာ တိုးဝင်သွား

အေးကနဲလှိုက်လို့ဖို

ဝုန်းဒိုင်းကျဲလို့အသံစုံ

ကြောက်မိလှတဲ့စိတ်ကယ်ပို

အောက်ခုန်ဆင်းဖို့ငုံမိသလို

ဆက်စီးဖို့လဲအားရယ်မရှိ

အောက်ဆင်းဖို့လဲဘယ်ဝယ်မသိ

အရဲစွန့်ကာ စုံလွှာမျက်စိပိတ်မိ၏

ခုန်ချအောက်သို့ စုန်ကာဆင်းတော့

အင့်ကနဲရယ် ခါးရယ်နာ

ကုတင်ပေါ်က ပြုတ်ကြတယ်ဟာ

ငယ်ကမက်တဲ့ ဆောင်းအိမ်မက်။

 

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..