” ဆောင်းအိမ်မက် “

ခင္ခNovember 25, 20141min2327

” ဆောင်းအိမ်မက် “

 

တိမ်တွေပေါ်ထိုင်လျှက်သား

ဟိုဟိုဒီဒီ လွင့်လို့သွား

တစ်ခါတလေရင်ထဲသိမ့်

တစ်ခါတလေရင်ထဲထိတ်

နတ်သမီးလေးများတွေ့လေမလား

အနီးအနား ကြည့်မိသား

ထင်မှတ်မထားတဲ့တိမ်တိုက်ကြား

မဲမှောင်လို့သာ တိုးဝင်သွား

အေးကနဲလှိုက်လို့ဖို

ဝုန်းဒိုင်းကျဲလို့အသံစုံ

ကြောက်မိလှတဲ့စိတ်ကယ်ပို

အောက်ခုန်ဆင်းဖို့ငုံမိသလို

ဆက်စီးဖို့လဲအားရယ်မရှိ

အောက်ဆင်းဖို့လဲဘယ်ဝယ်မသိ

အရဲစွန့်ကာ စုံလွှာမျက်စိပိတ်မိ၏

ခုန်ချအောက်သို့ စုန်ကာဆင်းတော့

အင့်ကနဲရယ် ခါးရယ်နာ

ကုတင်ပေါ်က ပြုတ်ကြတယ်ဟာ

ငယ်ကမက်တဲ့ ဆောင်းအိမ်မက်။

 

 

ခင်ခ။

7 comments

  • ခင်ဇော်

    November 25, 2014 at 7:09 pm

    နေဝင်ချိန် လမ်းးးလေးးးပေါ်
    ရီဝေနေတဲ့ အကြည့်တွေ
    တို့၂ယောက် အတွက် နောက်ဆုံးးး အလွမ်းးးလက်ဆောင်များးးလားးး
    တို့ နီးးးစပ်ဖို့ လည်းးး မလွယ်တော့ဘူးးး
    ဝေးးးသွားးးဖို့ လည်းးး မခံနိုင်ဘူးးး
    တွဲလက်လေးးတွေ လွတ်ကာ သွားချိန်
    တို့၂ယောက် နုတ်ဆက်ချိန်လေးးးး
    မြင်ယောင်နေမိတယ်
    အတိတ်က တို့ အဖြစ်တွေလည်းးး ဆောင်းးးအိပ်မက်လိုပဲ

    L Loon Wah

    • ခင် ခ

      November 25, 2014 at 10:33 pm

      တစ်ပုဒ်လုံးဆို ပြီးရော ခုတော့အိမ်မက်ကနိုးသလို တစ်ပိုင်းတစ်စနဲ့

  • အိပ်မက်ရင်းနဲ့.ကုတင်ပေါ်က ပြုတ်ကျတဲ့အရသာ…
    မဆိုးပါဘူး ။

    :k:

    ဖွေးဖွေးအကြောင်း အိပ်မက်ဦးမှ….

    ပြုတ်ကျလိမ့်နိုး…

    :k:

    • ခင် ခ

      November 25, 2014 at 10:34 pm

      မက်ပါစေဗျား ဖွေးဖွေးလေးနဲ့

  • aye.kk

    November 25, 2014 at 7:34 pm

    ဆောင်းအိမ်မက်
    အမှတ်မပါပဲအိပ်ရင်
    ဂယောက်ဂယက်ဖြစ်တတ်သတဲ့။

    • ခင် ခ

      November 25, 2014 at 10:37 pm

      ငယ်ဘဝ ဘယ်ရှုတတ်လိမ့် အမှတ်ရယ်

  • aye.kk

    November 26, 2014 at 8:46 am

    ငယ်ပေမယ့် ၅နှစ်အရွယ်ဆို နားလည်ပြီတဲ့ ။
    သီလရှင်ဝတ် ဖိုးသူတော်ဝတ်လို ့ရတဲ့အရွယ်ဆို
    ဘုန်းကြီးကျောင်းမှာ ဘုန်းဘုရားက မှတ်တာသင်ပေးပြီ ။
    ဟဲဟဲ အန်တီစတာနော် ။ မဝတ်ဘူးရင်တော့ မမှတ်တတ်ဘူးရယ်။

Leave a Reply