အမေ

zaw winNovember 25, 20141min1173

ကိုးလလွယ် ဆယ်လဖွား
ကျေးဇူးကြီးလှတဲ့အမေ၊
သားတို့ သမီးတို့
လူလားမြောက်အောင်
လုပ်ကိုင်ရှာဖွေ ပင်ပန်းခဲ့တဲ့အမေ၊
ဘဝရဲ့ဒဏ်ကိုခံစားနေရတဲ့
ငယ်စဉ်က ချောမောလှပခဲ့တဲ့အမေ၊
သားတို့ သမီးတို့ တလှည့်ပြုစုပါရစေ
တစ်ခါပြန်ပြီး နွေးထွေးပါရစေ
အမေမရှိမှ တမ်းတနေရမဲ့အစား
သက်ရှိထင်ရှား အမေအားရှိအောင်ထားပါရစေ။

မင်းသုတ
21း30 PM
23.11.2014

3 comments

  • surmi

    November 26, 2014 at 8:35 am

    မရှိမှလွမ်းနေတာထက်
    ရှိနေစဉ်မှာ စိတ်ချမ်းသာအောင်စောင့်ရှောက်နိုင်တာ
    တကယ့် မင်္ဂလာပါဗျာ

  • ခင်ဇော်

    November 26, 2014 at 10:35 am

    နောက်မှ နောင်တမရချင်လို့ ခု ကြိုးစားပြီး သူတို့ စိတ်ချမ်းသာအောင် ထားတယ်။

    :chit:

Leave a Reply