မသိစိတ် နှင့် စီးချင်းထိုးခြင်း

တောင်ပေါ်သားNovember 26, 20141min1337

ဆရာ  ဒီမှာခွက်

၁ ပက် ၂ ပက် စကားဖောင်လျက်

၃ ပက် ၄ ပက် ရေချိန်တက်၍

ဖုတ်ဖက်ခါထ အိမ်ပေါ်ကြွခါ

ရှိရာစားမှု သက်တမ်းနု ၊

ထိုသို့ပြု ချိန် စိတ်ကငြိမ်သက်

မကျေနပ်ချက်လည်း နည်းပါးလှခဲ့

ကောင်းပါရဲ့

ထိုမှတစ်လီ အဆင့်သည်ကျော်

မမျှော်ထားပဲ စိတ်ထဲစွဲ၍

ဘယ်ရွေ့ခါက  ရှိကြသည်မသိ

ပီဘိဒေါသ ထွက်လာကြပြီ

ဤသို့သောအခါ စိတ်ထိန်းနိူင်သေး

သိစိတ်လေးက ကိုယ်နှင့်မကွာ ၊

ထိုုသို့ကြိမ်ဖန် ဖြစ်ပြန်များနောက်

မသိစိတ်ရောက်လာ မကျေသာမှန်သမျှ

ကြေးမုံပြသို့ ပြတ်ပြတ်ထင်ထင်

ငါမြင်လာရ မသိစိတ်မှခံစားမှု

မည်သို့စုလည်း မသိပါပဲနှင့်

တွက်ချင့်မစွမ်းသာ ဤလမ်းမဟာတွင်း

စီးချင်းကိုယ်စီ အပီထိုးကြိတ်

မသိစိတ်နှင့်  သိစိတ်တိုုက်ပွဲ

ဆင်နွဲပြီးအဆုံး

ရှုံးရသူမှာ မည်သူနည်း ?

1

7 comments

  • ဘယ်သူလဲ
    နောက်မှ အဖြေထုတ်မယ်။
    လောလောဆယ် ဖတ်သွားတယ်
    သိမ်းသွားတယ်ဆိုတာလေး လာပြောတာ

    :k:

    • တောင်ပေါ်သား

      November 26, 2014 at 2:57 pm

      ကောင်းပါပြီဗျာ . . . . .

  • ခင်ဇော်

    November 26, 2014 at 3:09 pm

    ခွိ။
    နောက်မှ မူးရင် ဖြစ်တတ်တာလေးတွေ ရေးပါဦးမယ်လေ။

    :kwi:

  • aye.kk

    November 26, 2014 at 3:27 pm

    မူးရင်အသိစိတ်က
    မသိစိတ်ဖြစ် ။ သိတဲ့စိတ်နဲ ့ မသိတဲ့စိတ် စီးချင်းထိုးတော့ မောဟဖြစ်
    မောဟဖြစ်တော့ ဘယ်ကိုသွားတယ်ဆိုတာ ။ ဆရာတော်တွေကို မေးကြည့်လိုက်တော့နော် ။

    • ခင်ဇော်

      November 26, 2014 at 3:41 pm

      သများ သိတယ်။ သများ သိတယ်။
      မောဟနဲ့ နေရင် ဘယ်သွားတယ် ဆိုတာ။
      မိုးကောင်ကင်ကို ကျောပေးတဲ့ သတ္တဝါဖြစ်တယ်လေ။
      ခိခိခိ

      :k:

      • တားတို့ရပ်ကွက်ထဲက မွေးရာပါ ခါးကုန်းနေတဲ့ ခါးကုန်းကြီးးး
        အဲ့ဒါ မောဟနဲ့ လာတာလား။
        ဘာလို့ တလိပ်ဆန်မဖြစ်ပဲ ကောင်းကင်ကို ကျောပေးသလဲငင်

        :k:

  • မသိစိတ်နဲ့ သိစိတ်အရှုံးအနိုင်မပေါ်ခင်
    ဥဩဆွဲလိုက်ရင်
    သရေ ပွဲ ဖြစ်သွားတတ်တယ်နော်

Leave a Reply