” သားကိုရွေး မှာလားဟင် “

ခင္ခNovember 26, 20141min29625

” သားကိုရွေး မှာလားဟင် “

 

 

ဆင်းရဲတဲ့လူတန်းလွှာက ပြောကြတယ်

ဒီကောင်တွေ လူစိတ်မရှိဘူး ဈေးကွက်ထဲ သူတို့ကြည်ဘဲ လက်ဝါးကြီးအုပ်လုပ်ကြတယ်

ဒါကြောင့်သူတို့ဘဲ ချမ်းသာနေတာတဲ့။

 

ချမ်းသာသော လုပ်ငန်းရှင်တွေက ဒီလိုပြောပါတယ်

ဒီကောင်တွေ လက်ကြောကိုမတင်းဘူး အလုပ်ကမလုပ်ရသေးဘူး ဘာပေးမှာလဲ ဘယ်လိုခံစားရမှာလဲ ဘာလဲညာလဲနဲ့ ရမှလုပ်မယ် မရရင် ငတ်သေပစေ မလုပ်ဘူးတလွဲမာနနဲ့ အလုပ်ကိုစွန့်မလုပ်ချင်ကြဘူး ဒါကြောင့် သူတို့တွေ ဆင်းရဲတွင်းနက်နေကြတာတဲ့။

 

ဘယ်သူကမှန် ဘယ်သူကမှား အဖြေက သေချာရေရာမသိခင် အာဏာရမင်းကတော့ ဒီလိုဆိုတယ် ငါ့အိတ်ကလေးဖောင်းစေဖို့ အရင်းရှင်နဲ့ ဒီသက်တမ်းပေါင်းတယ်ဗျို့ နောက်သက်တမ်းလေး ဒို့ဆက်ရွှေးရင် ဆင်းရဲတွင်းက ကယ်တင်ပေးကာ ပပျောက်အောင်လုပ်ပေးပါမယ် တကယ်ပါ တကယ်ပြောတာပါတဲ့။

 

ထိုအချိန်မှာ တီဗီကအသံလွှင့်သံပျံလွှင့်ကာပေါ်ထွက်လာတာက

သားကိုရွေး သားကိုရွေး တဲ့လေ။

 

 

ခင်ခ။

 

 

25 comments

  • padonmar

    November 27, 2014 at 7:34 am

    FB က နေ မလာတာပါ။ ဖတ်ကြည့်ဝေဖန်ကြဖို့။မတူသော အတွေးတော့ ထွက်လာတာ အမှန်ပဲ။

    Athenian Ahnyarthar

    – တိုင်းပြည် အတွက်ရော သူကိုယ်တိုင်အတွက်ရော အကျို းများစေဖို ့ဆိုရင် ဒေါ်စု
    ဟာ သမ္မတ မလုပ်သင့်သေးဘူး။ ဒီလို ပြောလို ့ ၅၉ ဟာ မပြင်ဆင်သင့် လို
    ့ဘယ်တုန်းကမှ မမြင်။ ဒီလက်ရှိပုဒ်မဟာ ရေးဆွဲသူတွေရဲ ့စိတ်ဓါတ်ရေးရာ
    သိမ်ဖျင်းမှု ကို ပြနေတယ့် အရာလို ့ပဲ မြင်တယ်။
    – ဒေါ်စုရဲ ့အနေအထားဟာ ဒီမိုကရေစီအရေး လူ ့အခွင့်အရေး Icon အဖြစ်ကမ္ဘာက
    မြင်နေလေတော့ စီမံအုပ်ချု ပ်မှုပိုင်းဆိုင်ရာမှာ ပြတ်ပြတ်သားသားလုပ်ရမယ့်
    ဆုံးဖြတ်ရမယ့် အရာတွေအတွက် အများကြီး အခက်တွေ ့ နိုင်တယ်။ ဥပမာ- လက်ရှိ
    ရခိုင်ပြဿနာမှာကိုပဲ စကား ၂ ခွပဲပြောနိုင်တယ်။ Burma/Myanmar ပြဿနာမှာ
    အခေါ်အဝေါ်တစ်ခုအတွက် ပတ်ရှုပ်နေခဲ့သူက စကားတစ်လုံးအတွက် ပြဿနာ လုပ်မနေသင့်ဘူး
    ဘာညာ နဲ ့ရှေ ့နောက်မညီတဲ့ အယူအဆတွေထွက်လာတယ်။ ဒါဟာ ပုံရိပ်ကို ကာကွယ်ရသူရဲ ့
    အကျပ်အတည်းပဲ။ သူ ့ရဲ ့ ဒီ ပုဂ်ဂိုလ်ရေး ရုန်းကန်ရမှုဟာ တိုင်းပြည်ရဲ
    ့အကျပ်အတည်း ဖြစ်လာနိုင်တယ်။ ဒါကလည်း စစ်အုပ်စုက ချထားခဲ့တဲ့ အမျို
    းမျိုးသောထောင်ချောက်တွေထဲက တစ်ခုကိုး။

    – ဆိုတော့ ….ဒီအခင်းအကျင်းမှာ ဒေါ်စု အနေနဲ ့ သမ္မတ မလုပ်ပဲ လွှတ်တော်ဥက္ကဋ
    လောက်ပဲလုပ်ခြင်း ဟာ အဖက်ဖက်က ကောင်းဖို ့ဖြစ်တယ်။ တလောက မောင်လေးမန်းကို သမ္မတ
    တင်မယ်ဆိုတဲ့ သတင်းဟာ အမှန်ဖြစ်မယ်ဆိုရင် ဒါဟာ NLD လုပ်သမျှတွေထဲ
    အကောင်းဆုံးရွှေ ့ကွက်ပဲလို ့မြင်တယ်။ ဒီငှက်ကဥ ကို သဘောမကျလှပေမယ့် ၂၀၁၅ မှာ
    သူက အစိုးရခေါင်းဆောင် ဒေါ်စုက လွှတ်တော် မှာ ဦးဆောင်မယ်ဆိုရင် အများကြီး
    အလားအလာကောင်းစရာရှိတယ်။ လက်ရှိ အထက်ဆင်ချွတ်အုပ်စုနဲ ့အစိတ်သားကို
    ဦးဆောင်နေတဲ့ စိန်-အောင် အတွဲထက် အများကြီးမျှော်လင့်စရာရှိတယ်။ လတ်တလောမှာ
    မိုးကျရွှေကိုယ်တွေကြီးစိုးတဲ့ ဗျူရိုကရေစီယန္တရားကို ဘောင်းဘီချွတ်ကြီးပဲ
    ကောင်းကောင်းကိုင်နိုင်မယ်ထင်တယ်။ နောင်မှ ဒီကပ်ပါးတွေကို တဖြည်ဖြည်း
    ခွာချနိုင်စရာရှိတယ်။
    – အရေးကြီးတဲ့အချက်က ကာချု ပ်ကို သမ္မတက ရွေးခွင့်ရှိမရှိပဲ။ NLD မဲနဲ
    ့မောင်လေးမန်း အောင်ပွဲရရင် အစ်မကြီးစု ဟာ သမ္မတကို အတိုင်းအတာတစ်ခုထိ
    လွှမ်းမိုးနိုင်မယ်လို ့မျှော်လင့်စရာရှိတယ်။ ဒီသမ္မတကပဲ ကာချု ပ်ကို စိတ်ကြို
    က်ရွေးခွင့်ရှိမယ်ဆိုရင် “မန်းနဲ ့စု” အခုကတည်းက လက်ဝါးချင်းရိုက်ထားလို
    ့ရတာပဲလေ။ သူတို ့ချင်းညှိပြီးသားဖြစ်နေမလားပဲ။ ဥပမာ- NLD ကတောက်လျှောက် ဆန်
    ့ကျင်နေတဲ့ ပြည်သူ ့လွှတ်တော် PR ကိစ္စမှာ ခုံရုံးက ခြေဥနဲ ့မညီလို
    ့ဆုံးဖြတ်တာဟာ မောင်လေးမန်း စနက်ကင်းမယ်လို ့မထင်။
    – ဒီနည်းအားဖြင့် ဖွတ်နဲ ့ဒေါင်း ပေါင်းပြီး ခြေဥကို ၂၀၂ဝ ဝန်းကျင်မှာ
    လောက်လောက်လားလား ပြင်လို ့ရနိုင်စရာရှိမယ်။ .ပြောလို
    ့သာပြောနေရတာ..”တွက်ရေးကတော့ စက်သူဋေး၊ တွက်ကြည့်တော့ စက်မရှိ
    “….ဆိုသလိုပါဘဲ…စာဖတ်နေသူကြီးရဲ ့နှုတ်ကပါတ်တော်က ဘယ်လိုထွက်မယ်မသိနိုင်။
    လက်ရှိ အမိန် ့ရ “စိန်-အောင်” အတွဲက သခင်အားရ ကျွန်ပါးဝ လုပ်လိုက်ရင်…
    မကျန်းမာရှာတဲ့ ရှစ်လုံးဒုသမ္မတရယ်၊ အကျဉ်းစံသာသနာရေးဝန်ကြီးရယ် တို ့ရဲ
    ့သွားရာလမ်းအတိုင်း ကိုကြီးတင်လည်း ထွက်တော်မူနန်းကခွာရကိန်းဆိုက်နိုင်တာပဲလေ။
    – ဘာပဲပြောပြော မန်း-စု အတွဲဟာ ၂၀၁၅ နောက်ပိုင်း အတွက် မျှော်လင့်ချက်တစ်ခုပဲ။

  • ခင်ဇော်

    November 27, 2014 at 8:02 am

    နိုင်ငံရေးအကြောင်း ပြောရတာလည်း
    မျက်စိကို အဝတ်စည်းခိုင်းပြီး
    ဒီ တောက်တုံးမကျတဲ့ ဆင် ကို စမ်းနေရသလိုပဲမို့ …..
    :a:
    မပြောပဲ ကိုယ်ပေးနိုင်ခွင့်ရှိတဲ့ မဲ နဲ့ပဲ စောင့်ကြည့်ရုံပါပဲ။
    ကျနော့အလိုတော့ ဒီ စစ်ထွက် သားဂေါင်းကြီးများကို စာရင်းထဲကို ထပ်မထည့်ချင်တော့။
    👿

    • ခင် ခ

      November 27, 2014 at 8:48 am

      ခင်ဇော်ပြောသလိုဘဲ မျက်စိကို အဝတ်စည်းပြီး ဆင် စမ်းခိုင်းနေရသလိုဆိုတာ ဟုတ်ပေတယ်လေ။ ဒါပေမယ့် ဒီနိုင်ငံကိုအမှီပြုနေနေရတဲ့ ကျုပ်တို့လိုလူထုတွေအတွက်တော့ ငါတို့တိုင်းပြည် ကောင်းလာမှာလား ဆိုးလာလေမလား ဆိုတာကတော့ မျက်စီအဝတ်စည်းပြီး စမ်းနေရအုံးမှာဘဲလေ။
      ကိုယ့်တိုင်းပြည်ကောင်းစားချင်တာကိုးဗျ။

  • Wow

    November 27, 2014 at 8:47 am

    ရဝူး ဘွားဒေါ်မှ ဘွားဒေါ်ပဲ..
    မိန်းမတွေ တယ်အထင်သေးသဂိုးးးး
    သနားတဲ့နေရာသနားသလောက် ပြတ်သားရမဲ့နေရာကျ ယောက်ကျားတွေထက်တောင် ပြတ်သားသေးတယ်…
    ဘွားဒေါ်ကို လျော့မတွက်ပါနဲ့…

    ခု… အောင်ဒင်ရဲ့ နွေတညမှ အစပြု ဆိုတဲ့ ဦးသန့်အရေးအခင်းက စတဲ့ မြန်မာ့နိုင်ငံရေးသမိုင်းကို ဖတ်နေတာ.. ဘွားဒေါ်က ဘယ်တုံးကမှ ခံယူချက်ပြောင်း လမ်းကြောင်းပြောင်းတာ မရှိခဲ့ဘူး.. ဒီလောက် ခနာကိုယ်လေးထဲမှာ ဘယ်လိုခွန်အားတွေ စိမ့်ဝင်နေတယ် မသိ…

    • ခင်ဇော်

      November 27, 2014 at 8:51 am

      ပြောပြီးသားးး
      ဘွားဒေါ် ထမီ စ ပဲ ဆွဲလိုက်နိုင်မယ်။
      ဟို စစ်သားကြီးတွေ ထမီစတော့ ဆွဲမလိုက်နိုင်။
      :k:

    • ခင် ခ

      November 27, 2014 at 8:56 am

      ဦးသိန်းစိန်က အခု သက်တမ်းမှာတောင် သူလုပ်ပေးမယ်လို့ လေလှိုင်းက တိုင်းပြည်ကိုပြောတဲ့ ဆင်းရဲသားပပျောက်ရေးကို တကယ်ထိထိမိမိလုပ်ပြီး အောင်မြင်သွားတာမျိုးမရှိတာကို သူကို နောက်သက်တမ်းရွေးရင် ဒီဆင်းရဲသားပပျောက်ရေးတကယ်လုပ်ပေးမယ်ဆိုတော့ ဘယ်လိုယုံပြီး ရွေးသင့်မှာလဲဗျာ။
      တစ်ခုဘဲ ဆင်းရဲသားပပျောက်ရေးဆိုပြီး ဆင်းရဲတဲ့သူတွေ တန်းစီရပ်ခိုင်းပြီး ပစ်သတ်မှာလဲ သူ့အနေနဲ့ အဲလိုလုပ်မှဘဲရမှာမျိုးလေ အန်တီ Wow ရေ။

      • Wow

        November 27, 2014 at 9:08 am

        အရည်အချင်းကွာဒယ်လေ အရည်အချင်း…
        တစ်အုပ်လုံးနဲ့ တစ်ယေက် ဒီနေ့အထိ ပန်းပန်လျက်ပဲ…
        ဦးနုလက်ထက်ကနေ ခု ပြောင်ပြောင်လက်ထက်ထိ ဘွားဒေါ်မှာ ပြည်တွင်းကော နိုင်ငံတကာပါ နိုင်ငံရေးအတွေ့အကြုံ ပြည့်ဝနေပီ… တိုင်းပြည်အပေါ်လဲ တကယ်စေတနာထားတယ်..

        ငါ့လူတွေကို စေတနာထားတယ်ဆိုပီး အသားတိုးလာမဲ့ဝက်ထိုင်ကြည့်နေသလို ထမိန်ဝတ်ယောက် ကျားကြီးများကို လုံးဝပဲ.. :byee:

  • ဦးကျောက်ခဲ

    November 27, 2014 at 9:42 am

    တော်ပါပြီ ဆြာခရယ်…
    ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းရော … ဝင်ခဲ့ဖူးပါပြီ… အင်အင်းစော်နံတာပဲအဖတ်တင်တယ်…
    နောက်ရောက်မယ့် မောင်ပုလဲ… ဒိုင်းဝန်ထက် မကဲပါစေနဲ့လို့ပဲ…

    • ခင် ခ

      November 27, 2014 at 12:01 pm

      ထိသဗျ ဆြာကျောက်ရေ ကျုပ်ဆိုလိုချင်တာ အဲဒါ အဲဒါ ဘဲဗျ။

  • မဟာရာဇာ အံစာတုံး

    November 27, 2014 at 9:59 am

    ဘာဘာ ကတော့
    ဘာဘာ ဘာမှ သိဘာဘူးရယ် …

    • ခင် ခ

      November 27, 2014 at 12:04 pm

      ဟေ့လူ ဘာဘာ ဘာမှ မသိလို့ မရဘူးဗျ
      သိအောင်လုပ် အဲလို ဘာဘာ ဘာမှ မသိဘူးဆိုပြီးနေတဲ့သူတွေ များလေလေ ဘဘတို့ကြိုက်လေလေဟ။
      သိကြစမ်းပါဗျာ။

      • မဟာရာဇာ အံစာတုံး

        November 27, 2014 at 5:13 pm

        သိအောင် လုပ်မှာပါ ဥဥခ ရယ် …
        ပြည်မမှည့်ခင် မညှစ်ချင်လို့ရယ်ပါ ….

  • ကျနော်ကတော့ 2015မှာ နှစ်ဖက်စလုံးမျှတစွာယှဉ်ပြိုင်လို့ ရလာမယ့် ရလာဒ် ကို လက်ခံစေချင်တယ်။

    ဘာလို့လဲဆိုတော့ ချိန်ခွင်လျာကို အချိန်မရွေးပြောင်းလဲ နိုင်တဲ့ တတိယလူရှိတယ်။

    ဖြစ်လာခဲ့ရင် ကြျိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ
    ထောက်ခံသည်ဖြစ်စေ ဆန့်ကျင်သည်ဖြစ်စေ

    လက်ခံရမှာတော့ ဘယ်သူမှ မငြင်းနိုင်ဘူး

    • ခင် ခ

      November 27, 2014 at 1:31 pm

      အခြေခံလူတန်းစားအလွှာက ဘယ်တိုင်းပြည်မှာမဆို များတတ်တဲ့သဘောရှိပါတယ်။
      အဲဒီ အခြေခံလူတန်းစား ကောင်းစာတိုးတက်အောင် မလုပ်ခဲ့နိုင်တဲ့သူတွေကတော့ ကိုယ်ကိုယ်သိပြီး ဝင်တောင်အရွေးမခံသင့်တော့ပါဘူး ကိုပေါက်ရေ။ တိုင်းပြည်တကယ်ချစ်ရင်ပေါ့။

      • ကိုခရေ
        အဲလိုလူတွေသာ
        အဲလောက်သိတတ်ခဲ့ရင်
        ကျနော်တို့ အခုလို မနေရတာသေချာပါတယ်။

        ခက်တာက အဲလို လူတစ်စုကို ကျိတ်ပြီး ကြိုက်နေတဲ့သူတွေရှိတာဆိုးတာ

  • La Yeik

    November 27, 2014 at 1:38 pm

    ဆင်းရဲမွဲတေမှုတွေ ပပျောက်အောင် လုပ်မှာလား?
    ဆင်းရဲသားတွေ ပပျောက်အောင်အောင်လုပ်မှာလားငင်…လို့ :byee:

    • ခင် ခ

      November 27, 2014 at 2:25 pm

      La Yeik ပြောသလို မေးတောင်မေးရမလိုဘဲဗျ။ LIKE

  • kyeemite

    November 27, 2014 at 2:17 pm

    .** မဘသ ကြောင့် NLDအား မဲပေးမည် **

    မဘသ ၏ ဆရာထင်လင်းဦး ဟောပြေချက်
    ဗွီဒီယိုအား လိုသလို ဖြတ်ညှပ်ကပ် ဖြင့် အခွေ ဖြန် ့ချီပြီး NLD အား မဲမပေးဖို ့ ဝါဒဖြန် ့သော
    ဤ လုပ်ရပ်သည်
    ကျွန်ုပ်တို ့ အားလုံးအား
    မဘသ ဆိုတာ NLD အားတိုက်ဖို ့ တခုအတွက် သာ ဖွဲ ့ထားကြောင်း
    အသိပေး တပ်လှန် ့ လိုက်ခြင်းမည်၏ ။

    ကြံ့ဖွတ် စစ်အာဏာရူး သူခိုးအမတ်များ မဘသ အားလုံးအတူတူ ဖြစ်တယ်ဆိုတာ ကွဲကွဲပြားပြား သိလိုက်ရပါပြီ
    ဒါကြောင့် ၂၀၁၅ မှာ
    လှည့်ကွက်မရှိ ရိုးရှင်းတဲ့ NLD အား
    မဲပေးရန် စိတ်ဒုံးဒုံးချလိုက်ပါပြီ ။
    นาย เอกชัย กุมาระย์ with Demo Lu Ngee
    :boss:

    • ခင် ခ

      November 27, 2014 at 2:35 pm

      ရွေးကောက်ပွဲနီးရင် ဘယ်တိုင်းပြည်မှာဘဲဖြစ်ဖြစ် အင်အားကြီးပါတီတွေဟာ သူအတွင်းရေး ကိုယ့်အတွင်းရေး အဓိ အပုဒ်ချ မဲရရေး မဲစွယ်ကြတာပါဘဲလေ။ ခုလဲ အဲလိုပုံစံမျိုး ချိုးချင်ပေမယ့် မပီပြင်လေတော့ ဟားစရာဖြစ်နေတာပေါ့ ကိုကြီးမိုက်ရေ။
      အကဲခတ်မိသလောက် အခုသူတို့တွေ နည်းနည်းပျားတုတ်ခံရသလို ဂယောင်ဖတ်နေကြပုံဘဲ၊ စကားတွေမညီ ခြေလှမ်းတွေ မမှန် ဖြစ်နေပုံ။

  • aye.kk

    November 27, 2014 at 3:13 pm

    နေရာရဘို ့အတွက်ဆွယ်လိုက်ရတဲ့မဲ
    တကယ်လဲနေရာရရော ဘာတာဝန်ကိုမှမယူပေးနိုင်တဲ့
    မြို ့နယ်တာဝန်ခံဝန်ကြီးကို ကျမကိုယ်တိုင်ကြုံခဲ့ဘူးတော့ ။
    ရင်လေးမိပါသေးတယ်။။

    • ခင် ခ

      November 27, 2014 at 3:33 pm

      အပြောဘဲရှိတာလေ အမအေးရေ။
      သမ္မတလည်း တစ်လတစ်လပြောလိုက်တာတော့ အားရဖွယ်ပါ၊ ခက်တာက သူတို့က ပြောပြီး မေ့မေ့သွားကြတာလားမသိဘူးဗျ။

  • uncle gyi

    November 27, 2014 at 10:48 pm

    ဆင်းရဲသားပပျောက်ရေးဆိုပြီး
    ဆင်းရဲသားမလျော့လို့ပြောမယ်ဆို
    အခုလိုစိတ်တွေနဲ့အကျင့်တွေမပြောင်းသမျှ
    ့နောက်တက်မဲ့
    အစိုးရလည်းအပြောခံမှတက်တော့

  • မြစပဲရိုး

    November 29, 2014 at 6:53 pm

    ရွေးဘူး။

Leave a Reply