သိပ်ချစ်ရတဲ့ ကောင်လေးရေ….

ငါ့ဘက်က မင်းကို

အပြင်းအထန် သတိရနေချိန်မှာ

မင်းဘက်က ငါ့ကို

တစ်စက္ကန့်လောက်ဖြစ်ဖြစ်

သတိရနေစေချင်တယ်…..

 

ဘုရားသခင်ဆီက

ဆုတစ်ခုသာ ရမယ်ဆိုရင်

မင်းနဲ့အတူ

ပျော်ရွှင်ရတဲ့ အဖြစ်ကို

အိပ်မက်မက်ခွင့် ရချင်ပါတယ်…..

 

မင်းရဲ့မိဘုရား

ဖြစ်ခွင့်မရတဲ့ ငါဟာ

မင်းပိုင်တဲ့ အိမ်မက်တွေထဲက

အိမ်မက်နတ်သမီးလေးတော့

ဖြစ်ခွင့်ရချင်သေးတယ်…..

 

ဒါတွေဟာ….

ငါ့ရဲ့အတ္တတွေဆိုရင်

အဲဒီအတ္တတွေနဲ့အတူ

မင်းဆီတိမ်းညွှတ်နေမိတဲ့

နှလုံးသားအစုံကို

ငါ့ရင်ဘတ်ရဲ့

ဟိုးအနက်ရှိုင်းဆုံး တစ်နေရာမှာ

အပြီးမြှုပ်နှံလိုက်တော့မယ်…..

 

ငါ…..

သတ္တိမှမရှိတာ……..

0000bwhk

About La Yeik

La Yeik has written 7 post in this Website..