ကောင်လေးသို့

La YeikNovember 27, 20141min28333

သိပ်ချစ်ရတဲ့ ကောင်လေးရေ….

ငါ့ဘက်က မင်းကို

အပြင်းအထန် သတိရနေချိန်မှာ

မင်းဘက်က ငါ့ကို

တစ်စက္ကန့်လောက်ဖြစ်ဖြစ်

သတိရနေစေချင်တယ်…..

 

ဘုရားသခင်ဆီက

ဆုတစ်ခုသာ ရမယ်ဆိုရင်

မင်းနဲ့အတူ

ပျော်ရွှင်ရတဲ့ အဖြစ်ကို

အိပ်မက်မက်ခွင့် ရချင်ပါတယ်…..

 

မင်းရဲ့မိဘုရား

ဖြစ်ခွင့်မရတဲ့ ငါဟာ

မင်းပိုင်တဲ့ အိမ်မက်တွေထဲက

အိမ်မက်နတ်သမီးလေးတော့

ဖြစ်ခွင့်ရချင်သေးတယ်…..

 

ဒါတွေဟာ….

ငါ့ရဲ့အတ္တတွေဆိုရင်

အဲဒီအတ္တတွေနဲ့အတူ

မင်းဆီတိမ်းညွှတ်နေမိတဲ့

နှလုံးသားအစုံကို

ငါ့ရင်ဘတ်ရဲ့

ဟိုးအနက်ရှိုင်းဆုံး တစ်နေရာမှာ

အပြီးမြှုပ်နှံလိုက်တော့မယ်…..

 

ငါ…..

သတ္တိမှမရှိတာ……..

0000bwhk

33 comments

  • Wow

    November 27, 2014 at 10:43 am

    မြုတ်နှံလိုက်ပီဆိုတော့ နာမယ်တောင် မပေးတော့ဝူးပေါ့နော် :mrgreen:
    အမည်ပေးမထားတဲ့ အချစ် :kwi:

  • La Yeik

    November 27, 2014 at 10:46 am

    ဟုတ်ဖူး…မပေးပဲ မေ့ပီး ပက်ဘလစ်ရှ် လုပ်လိုက်တာ…ကောင်လေးသို့ လို့ပေးချင်တာ…ပြန်လဲ မလုပ်တက်ဖူးဖြစ်နေတာ…:(

  • ခင်ဇော်

    November 27, 2014 at 10:48 am

    အာ့ဒွေခက်တာ။
    ကိုကိုဦးမ
    အောင်ခိုင်မ
    စိုင်းအောင်တင့်မ ရှေ့မှာ သတ္တိမရှိတာတွေ ပြောရင် အားဂျီးမုန်းဒယ်။

    ဒီမှာညလေးးး
    ဘာဖြစ်ချင်လဲ ပြော။
    ကားတိုက်ပြေးချင်လား ကားတင်ပြေးချင်လားး
    :boss:

  • La Yeik

    November 27, 2014 at 10:52 am

    ကားတင်ပြေးချင်တယ်ရို့ မမဂျီး….ကျေးဂျူးးမေ့ပါဘူး…သီတင်းကျွတ်တိုင်း လာကန်တော့ပမယ်ရို့..ခ်ခ်

  • Kaung Kin Pyar

    November 27, 2014 at 10:59 am

    မိဖုရားတော့ မဖြစ်ချင်ဘူး…
    ဘုရင်မလဲ မဖြစ်ချင်ဘူး…
    ကြင်ယာတော်ပဲ ဖြစ်ချင်တယ်…ငိငိ
    ဒါနဲ့….ဇဂါးမစပ်…
    ဟိုတစ်ရက်က တက်တူးလေးအကြောင်း ဖတ်ရပါရဲ့…။ အရေးအသားအရမ်းကောင်းတာ သတိထားမိပါတယ်…။ အိုက်တုန်းက ဝင်မမန့်ဖြစ်ဘူး…။ ကိုယ်လဲ တက်တူးရှိနေလို့…. :k
    ဒါနဲ့ ထပ်ပြီး ဇဂါးမစပ်….
    ခြင်္သေ့ပြည်က မဇီ ကားတင်ပြေးတာကို ကူညီရင်…ကောင်းကင်ပြာက ကားတိုက်ပြေးဖို့ကို ကူညီပါ့မယ်လို့….။
    :
    :
    :
    :
    :
    :
    ဆိုက်ကား
    ဆိုက်ကား

  • La Yeik

    November 27, 2014 at 11:08 am

    အဟေးဟေး ပျော်စရာဂျီး….ကားတင်ပြေးမှာကို ကူညီမဲ့သူနဲ့ ကားတိုက်ပြေးမှာကို ကူညီမဲ့သူနဲ့….သူ့ကိုမေးလိုက်အူးမယ်…ဘယ်လမ်းရွေးချင်လဲလို့…ဒီကအဆင်သင့်ပဲလို့စ်…အာဟိ:)

  • kyeemite

    November 27, 2014 at 11:45 am

    .စာရေးကောင်းသလို ကဗျာလည်းအရေးကောင်းပဲ
    .ဖွေးဖွေးလင် မြင်ရင်တော့ တော်ကောက်ခံရတော့မှာပဲ :k:

    • ခင်ဇော်

      November 27, 2014 at 11:49 am

      ဖွေးဖွေးကြားရင်လည်း
      ကွကို
      ဂျပန် ၅၀ဝ ၅ ခါ ကိစ္စဖြစ်တော့မှာပဲ။

      :k:

    • La Yeik

      November 27, 2014 at 11:58 am

      ကျေးကျေးပါ အူးမိုက်…. :k:
      ဖွေးဖွေးလင် က ဘူလဲငင်….????

      • ခင် ခ

        November 27, 2014 at 1:08 pm

        ဟဲ့ ကလေးမ မသိချင်ပါနဲ့ဟာ
        ဟိုမှာ တစ်ဖွေးထဲဖွေးနေလို့ သူ့အဝတ်အစားတောင် ဖွေးအောင်လို့ အိုကီနဲ့လျှော်နေလေရဲ့။

        • La Yeik

          November 27, 2014 at 1:30 pm

          သိချင်သဖြင့် ဝင်ရောက် မွှေနှောက် စပ်စု ပီး သကာလ အလင်းဆက် ဟု သိရှိသွားပါကြောင်း…..:mrgreen:

        • လာပါပြီ ဖွေးဖွေးလွင် အဲလေ လင်

          အဟိ။

          :k:

          ဒီကဗျာလေး ချစ်စကောင်းလိုက်တာ ။
          စကားလုံး ပြတိုက်ထဲ ထည့်ဦးမှ

          😆

  • La Yeik

    November 27, 2014 at 4:15 pm

    ကောင်းလိုက်တဲ့ ဆုတောင်းလေး…ပေးတဲ့ဆုနဲ့ပြည့်ဝရပါစေ အူးပေါက်ရေ… :k:

  • အပ်ချလောင်းးးး
    ကျနော်ရေးဖူးတဲ့ ကဗျာစာသားတစ်ပိုဒ်။

    ——

    သတိ္တိတော့ ရှိပါတယ်။
    ထုတ်မသုံးရဲတာ. . . .

    • La Yeik

      November 28, 2014 at 9:19 am

      သူတိသွားဘီ…

  • Iris

    November 27, 2014 at 7:36 pm

    သတ္တိမရှိတဲ့​နေရာလာတူ​နေရင်​ အပိုကြီးဖြစ်​တတ်​တယ်​​နော်​။ ခင်​​ဇော်​ ​ပြောသလိုကားတာတင်​​ပြေးလိုက်​။ ဒီမှာ လည်​း သ​င်္ဘောတင်​​ပြေးမလို့လုပ်​​နေတယ်​…ကက်​ပတိန်​ ဖီးလစ်​ကို။ ☺

    • La Yeik

      November 28, 2014 at 9:26 am

      အပိုကြီးမဖြစ်ရေး…ဒို့အရေး

  • အတွေးလေး

    November 27, 2014 at 8:51 pm

    မိဖုရားပဲဖြစ်ချင်တာလား ဘုရင်မ ဆိုပိုကောင်းမှာပေါ့ နော်

    • La Yeik

      November 28, 2014 at 9:34 am

      ဘုရင်မဆို ကိုယ်လုပ်ချင်တာကို သူက အကောင်အထည်ဖော်ရမှာလေ
      မိဘုရားဆိုတာ သူဖြစ်ချင်တာကို ကိုယ်က အကောင်အထည်ဖော်ပေးချင်တာ…

  • uncle gyi

    November 27, 2014 at 11:01 pm

    ငါ…..

    သတ္တိမှမရှိတာ……..

    သတ္တိသာမရှိ
    အရေးကကောင်းပါဘိ
    အိမ်မက်နတ်သမီး
    ကြိုက်တယ်
    ကဗျာကိုပြောတာနော်

    • La Yeik

      November 28, 2014 at 9:36 am

      ကျေးကျေးပါ အန်ကယ်ကြီးရေ…..

  • လုံမလေးမွန်မွန်

    November 27, 2014 at 11:42 pm

    အို.. ဂျင်​းစိမ်​းနဲ့ မိသလင်​ရယ်​.. သူချစ်​သာ​ရွေးလိုက်​.. ​နောက်​ကျရင်​ ကိုယ်​ပိုချစ်​ ြြြဖြစ်​သွားလိမ်​့မယ်​. ဟိ..

  • Mr. MarGa

    November 28, 2014 at 1:31 pm

    အိပ်မက်နတ်သမီးဆိုတာ
    နတ်ပြည်က ဘယ် နတ်သမီးကို ပြောတယ်မသိ 🙄 🙄

    • La Yeik

      November 28, 2014 at 2:00 pm

      လရိပ်ဆိုတဲ့ နတ်သမီးပါ အူးသဂျား… :mrgreen:

  • sorrow

    November 29, 2014 at 3:50 pm

    . ဒီလိုပါခင်ဗျ .. ..တစ်ခါသား ကျော်လေ..မုန့်တခုအလွန်စားချင်ဗျ..တောင်းစားတယ်..မရ…အရမ်းချိုချိုသာသာရှင်းပြတယ်… …ဘယ်လိုစားချင်တာပါဆိုပြီး..မရ….အဲ့တာနဲ့..ဗြတ်ဆို..ဆွဲလုပြီး..ပါးစပ်ထဲ ပလုတ်ကနဲ ..ထည့်ပစ်တာ..ပိုင်ရှင်ဘာဆိုဘားမှမတတ်နိုင်..ပါးစပ်လေးဟပြီး..ကြောင်သွားယုံအပြင် .အဟိဟိ…ဆိုတော့ကာ.
    ..တစ်ခါတလေ တောင်းနေတာထက်..ဆွဲလုပြီး ပါးစပ်ထဲပစ်ထည့်ပလိုက်တာ ပိုထိရောက်ကြောင်း…အဟိဟိ

    • အိုက်လူရီး ခေးဒေကို လိုက် မြှောက်ပေးနေတယ်

      ယောကျာ်းလေးကတော့ အကြောင်းမရှိ
      ( တကယ် အကြောင်း မရှိ)
      :k:

      မိန်းကလေးတွေက အဲ့နည်းအတိုင်း လိုက်လုပ်ပြီး
      ကားတင်ပြေးတာတို့ ဘာတို့ လုပ်ကုန်ရင် ခက်ပြီ။

      ဟီဟိ။

      အဲ့နည်းကိုသာ မိန်းခေးတွေ သုံးရင်
      ကျနော့်လို အောင်ရဲလင်းထက်တောင် အောင်ရဲလင်းနဲ့ပိုတူတဲ့
      ကောင်ချောလေးတွေ အတွက် ရင်လေးစရာ

      :k:

      • La Yeik

        December 4, 2014 at 3:35 pm

        မီးကအောင်ရဲလင်းမကြိုက်ဘူး…ဖွေးဖွေးလိုလို ၊နန်းဆုဦး လိုလို၊ မထက်လိုလိုနဲ့…

    • မြစပဲရိုး

      November 29, 2014 at 6:51 pm

      ဟ ဟာ ဟား
      လောလောဆယ် ဘွ မှာတော့ ဟို ကချည်း လု စားနေတာ ခံ နေတာများ။
      ဟား ဟား ဟား
      lol:-))

      လရိပ်
      ပြောတာတွေ က အတ္တ မဟုတ်ပါဘူး လို့ ဆိုလိုက်ရင်
      တကယ်ဘဲ သတ္တိ ရှိမယ်လား။ :))

      • La Yeik

        December 4, 2014 at 3:37 pm

        ဘိုဖြေရမလဲပေါ့နော်..သတ္တိက ရှိကိုမရှိတာ အရီးရေ….

    • La Yeik

      December 4, 2014 at 3:32 pm

      သများကို အဆင်းဘီးတက်နေတာတော့ ဟုတ်ပါဘူးနော် အူးလေး…

Leave a Reply