” တွက်ချေမကိုက်သည့်နေ့ ”

 

မိုးကလဲ တဖြေးဖြေးချုပ်လာပြီ

ခုထိခေါ်မယ့်သူကလည်းပေါ်မလာသေး

အရင်ဖောက်သည်တွေကလဲခရီးသွားနေကြတယ်

ညဆိုင်းဆင်းရမယ်မှာမို့ အိမ်မပြန်လာဘူးအဒေါ်ကိုလည်းညာခဲ့ပြီး

ဒီညဘယ်ဆီ ဘယ်ဝယ် ဘယ်မှာအိပ်ရပါ့မလဲ

ဒီမှာကော ဘယ်ချိန်ထိ စောင့်လို့ဖြစ်မှာလဲ သိပ်ညဥ့်နက်လာလို့ ခေါ်သူမရှိရင်

တော်နေ တွက်ချေမကိုက်တဲ့အပြင် အရင်းထဲကတောင်ပါမှာလဲစိုးရသေး

နောက်တစ်နေရာ ပြောင်းပြီးခေါ်သူစောင့်ရင်ကောင်းမလား

အဲဒီနေရာရောက်မှ ငါ့ကနောက်ကျတဲ့သူဖြစ်နေလို့ အားလုံးသူကိုယ်စီနဲ့ကိုယ်ရှိပြီးသွားကြရင်ကော

အဲလိုနေရာပြောင်းမှ ဒီနေရာကို ငါ့ဖောက်သည်တွေလာရှာလို့ လွဲခဲ့ရင်ကော

ဒီနေ့တွက်ချေမကိုက် ငါ့ဝမ်းတောင်ဘယ်လို့ဖြည့်ရပါ့

ညတာရှည်တယ်ဆိုတဲ့ဆောင်း ဘာလို့များဒီနေ့အချိန်တွေက အကုန်မြန်လှနေတာလဲ

ဒီနေ့ ငါဘယ်မှာအိပ်ရပါ့ ဘယ်သူများငါ့ကို ကမ်းလင့်လို့လာခေါ်ပါ့ ဘယ်ထိများစိတ်မောပြီးစောင့်ရပါ့

သူများတွေ အရင်းတောင်မရဘူး တွက်ချေမကိုက်ဖူး ဒီနေ့ဈေးရောင်းပါးတယ်ဆိုကြတုန်းက ခနဲ့ပြုံးပြုံးမိတယ်

ငါတို့က အရင်းမစိုက် ဟိုထိုးလိုက်ဆိုတော့ တွက်ချေမကိုက်တာမရှိဘူးပြောခဲ့တာတွေ ခုတော့ဝဋ်လည်ပြီပေါ့

ငါအလုပ်ကလည်း တွက်ချေမကိုက်သည့်နေ့ဆိုတာ ရှိပါလားနော်။

ရွှေကျီးညိုရယ်လာပါတော့ ပျိုပျိုမျှော်လှပေါ့။

 

 

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..