” တွက်ချေမကိုက်သည့်နေ့ ”

ခင္ခNovember 27, 20141min17714

” တွက်ချေမကိုက်သည့်နေ့ ”

 

မိုးကလဲ တဖြေးဖြေးချုပ်လာပြီ

ခုထိခေါ်မယ့်သူကလည်းပေါ်မလာသေး

အရင်ဖောက်သည်တွေကလဲခရီးသွားနေကြတယ်

ညဆိုင်းဆင်းရမယ်မှာမို့ အိမ်မပြန်လာဘူးအဒေါ်ကိုလည်းညာခဲ့ပြီး

ဒီညဘယ်ဆီ ဘယ်ဝယ် ဘယ်မှာအိပ်ရပါ့မလဲ

ဒီမှာကော ဘယ်ချိန်ထိ စောင့်လို့ဖြစ်မှာလဲ သိပ်ညဉ့်နက်လာလို့ ခေါ်သူမရှိရင်

တော်နေ တွက်ချေမကိုက်တဲ့အပြင် အရင်းထဲကတောင်ပါမှာလဲစိုးရသေး

နောက်တစ်နေရာ ပြောင်းပြီးခေါ်သူစောင့်ရင်ကောင်းမလား

အဲဒီနေရာရောက်မှ ငါ့ကနောက်ကျတဲ့သူဖြစ်နေလို့ အားလုံးသူကိုယ်စီနဲ့ကိုယ်ရှိပြီးသွားကြရင်ကော

အဲလိုနေရာပြောင်းမှ ဒီနေရာကို ငါ့ဖောက်သည်တွေလာရှာလို့ လွဲခဲ့ရင်ကော

ဒီနေ့တွက်ချေမကိုက် ငါ့ဝမ်းတောင်ဘယ်လို့ဖြည့်ရပါ့

ညတာရှည်တယ်ဆိုတဲ့ဆောင်း ဘာလို့များဒီနေ့အချိန်တွေက အကုန်မြန်လှနေတာလဲ

ဒီနေ့ ငါဘယ်မှာအိပ်ရပါ့ ဘယ်သူများငါ့ကို ကမ်းလင့်လို့လာခေါ်ပါ့ ဘယ်ထိများစိတ်မောပြီးစောင့်ရပါ့

သူများတွေ အရင်းတောင်မရဘူး တွက်ချေမကိုက်ဖူး ဒီနေ့ဈေးရောင်းပါးတယ်ဆိုကြတုန်းက ခနဲ့ပြုံးပြုံးမိတယ်

ငါတို့က အရင်းမစိုက် ဟိုထိုးလိုက်ဆိုတော့ တွက်ချေမကိုက်တာမရှိဘူးပြောခဲ့တာတွေ ခုတော့ဝဋ်လည်ပြီပေါ့

ငါအလုပ်ကလည်း တွက်ချေမကိုက်သည့်နေ့ဆိုတာ ရှိပါလားနော်။

ရွှေကျီးညိုရယ်လာပါတော့ ပျိုပျိုမျှော်လှပေါ့။

 

 

 

ခင်ခ။

14 comments

    • ခင် ခ

      November 27, 2014 at 11:15 pm

      အရင်းမစိုက်ရပေမယ့် ဈေးဦးကထဲက အရင်းရှုံးခဲ့တယ်လေ

  • uncle gyi

    November 27, 2014 at 10:53 pm

    အရင်းမရှိလို့အရင်ကပြောလို့ရပေမဲ့
    အခုခေတ်များတော့အသက်နဲ့ရင်းရတာလို့
    ပြောလို့ရမယ်ထင်တယ်နော်
    ကိုခရဲ့

    • ခင် ခ

      November 27, 2014 at 11:17 pm

      ရှေ့ရေးထက် နေရေးခက်တော့လဲ လုပ်ကိုင်နေကြတယ်လို့ဆိုရပေမယ့်ပေါ့လေ

  • Yae Myae Tha Ninn

    November 28, 2014 at 9:48 am

    အခုက ညဉ့်ဌက်က အမတွေတင် မဟုတ်တော့ဘူး… အထီးတွေပါ ရှိလာပြီဗျ.. တနေ့ကပဲ News Journal တခုမှာ ဖတ်လိုက်ရတယ်… 😛

    • ခင် ခ

      November 28, 2014 at 10:51 am

      ဟုတ်လားဗျ အထီးတွေကျတော့ ဘယ်သူတွေများခေါ်ပါလိမ့်

      • Yae Myae Tha Ninn

        November 28, 2014 at 1:14 pm

        အခု အဲဈေးကွက် ပိုဖြစ်နေတယ်တဲ့… 7 Days News မှာထင်တယ်.. မနေ့ကပဲ ဖတ်လိုက်ရလို့… 🙂

  • La Yeik

    November 28, 2014 at 10:06 am

    သွေးသားအရောင်းအဝယ်လုပ်ကြတာထက် ဟင်းသီးဟင်းရွက်အရောင်းအဝယ်တွက်ချေမကိုက်ဈေးဦးမပေါက် အရင်းပြုတ်တာကို ပိုပီး ကိုယ်ချင်းစာပေးနိုင်ရဲ့……
    တိုတိုနဲ့ လိုရင်းမျက်စိထဲပေါ်အောင် ရေးနိုင်တာတော့ ချီးကျူးးပါတယ် အူးခရေ….

    • ခင် ခ

      November 28, 2014 at 10:55 am

      တစ်ချို့က လုပ်ချင်လို့ကို အဲဒီအလုပ်လုပ်ပေမယ့် တစ်ချို့ကတော့ အကြောင်းကြောင်းကြောင့်တွေကြောင့် အဲလုပ်ကို လုပ်ဖြစ်ရင် လုပ်နေကြတာပေါ့ La Yeik ရေ။
      ” တိုတိုနဲ့ လိုရင်းမျက်စိထဲပေါ်အောင် ရေးနိုင်တာတော့ ချီးကျူးးပါတယ် အူးခရေ….” အဲဒီလိုအားပေး စကားလေးအတွက်တော့ကျေးဇူးပါဗျ။

  • ခင်ဇော်

    November 28, 2014 at 11:35 am

    လွယ်လွယ်ရှာလို့ရတဲ့ ပိုက်ဆံက လွယ်လွယ်ကုန်သတဲ့။
    ဘယ်လောက် အရင်းမစိုက်ရဘူးဆိုဆို
    တွက်ခြေကိုက်တယ်ပဲ ဆိုဆို သူဌေးတော့ မဖြစ်။
    ဟိဟိ။
    :k:

    • ခင် ခ

      November 28, 2014 at 2:05 pm

      ” လွယ်လွယ်ရှာလို့ရတဲ့ ပိုက်ဆံက လွယ်လွယ်ကုန်သတဲ့။ ”
      မှန်၏။

  • မဟာရာဇာ အံစာတုံး

    November 28, 2014 at 3:13 pm

    . အဲ့လို စောင့်နေဒဲ့ဒူကို
    . သေချာ ထိုင်စောင့်ကြည့်ပြီး ရေးလိုက်သလား မှတ်ရလောက်အောင်
    . ထင်မိဘာဒယ် ဥဥခရယ် …

    ဒါ့ထက် ….
    ကြည့်ဖူးခဲ့တဲ့ တရုတ်ရှေးဟောင်းကားတွေထဲကလို
    ဟိုလို အိမ်မျိုးတွေ ခွင့်ပြုပေးလိုက်ရင် ဒီထက် ပိုပြီး ကောင်းသွားလိမ့်မယ်လို့ ထင်မိပါရဲ့ဗျို့ ….

  • မစုဉာဏ်

    November 29, 2014 at 7:47 am

    ညငှက်လေးတွေရဲ ့အခက်အခဲ တစိတ်တဒေသ ကို ထင်ဟပ်ပေါ်လွင်စေတဲ့ အရေးသားကောင်းတစ်ခုပါ။ တခါတုန်းက ညငှက်တွေကို အင်တာဗျူးး တစ်ခုလုပ်ဖူးခဲ့ပါတယ်။ ဒီဘဝကို ပျော်ပျော်ကြီး ရွေးချယ်ကြတဲ့ အမျိုးသမီးတွေ ရှိသလို၊ ဘဝအခြေအနေ အခက်ခဲတွေ ကြောင့် အဲဒီဘဝထဲရောက်သွားသူတွေ လဲရှိတယ်။ အမျိုးသမီး အခွင့်အရေး၊ လူ ့အခွင့် အရေး ချိုးဖောက်ခံရတဲ့ အခါတွေ (ဥပမာ..လာခေါ်တုန်းက တယောက်တည်း၊ တကယ်အလုပ်ဖြစ်တော့ လူတစ်အုပ်နဲ ့၊ ပိုက်ဆံမရလိုက်တဲ့ အခေါက်တွေ တောင် ရှိပေမယ့် ဘယ်မှ မတိုင်ရဲလို ့စိတ်ဝေဒနာ၊ ကိုယ်ဝေဒနာတွေနဲ ့ ဆက်ပြီး ရှင်သန်နေရတဲ့ ) တောင်ပံကျိုး ငှက်လေးတွေလဲ ရှိတာကို သိခဲ့ရတယ်။

  • kai

    November 30, 2014 at 4:35 am

    အဖြေက.. လူထုအပေါ်မှာသာရှိပါတယ်.
    ကျား/မ သာရှိတဲ့လောကကြီးမှာ. ပြည့်တန်ဆာတွေကို. တရားဥပဒေအရ.. အကာအကွယ်ပေးနိုင်တဲ့ခေတ်.. ရောက်စေချင်..

Leave a Reply