“ပန်းတိုင်မရှိဘဲ ခရီးသွားသူများ”

“ပန်းတိုင် မရှိ ဘဲခရီးသွားသူများ”

 

ဘာမသိ ညာမသိ နဲ့

လောကကြီးထဲကို

ရောက်လာခဲ့ပြီး

သကာလ

 

ဘဝအစများမှာ

ဖိုးဖိုးဖွားဖွား

ဖေဖေမေမေ

ဦးဦးဒေါ်ဒေါ်

ကိုကိုမမ

ဆရာဆရာမ

လမ်းညွှန်လမ်းပြ

ဆိုဆုံးမမူ့အောက်မှာ

ပိပိပြားပြား

အချိန်တန်စား

အချိန်တန်ကျောင်းသွား

အချိန်တန်ကစား နဲ့

ပေါ့ပါးစွာ

ဖြတ်သန်းရင်း

ကြီးပြင်း

တပ်မက်ခြင်းတွေ

တစတစကြီးထွားရင်း

လူ့ဘဝထဲ

ချဉ်းနင်းဝင်ရောက်ခဲ့သပေါ့။

 

နိုင်ငံခြားမှာ

ကိုယ့်ထမင်းကိုယ်ရှာ

ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်

မတ်မတ်ရပ်ရမယ့်အရွယ်မှာ

ဟိုဟာဒီဟာ

ဟိုနိုင်ငံဒီနိုင်ငံ

ဟိုပေတံဒီပေတံ

ဟိုစနစ် ဒီစနစ်

ဟိုလူဒီလူ

ဟိုလိုဒီလို

အကြောင်းပြ

ဟိုအပြစ်တင်ဒီအပြစ်တင်

အလုပ်ကတော့ မလုပ်ရေးချမလုပ်

ဟိုစားဒီစား

ဟိုခိုဒီနား

ဟိုသွားဒီသွား

ဟိုစကားဒီစကား

ဟိုပြောဒီပြော

ဟိုဝေဖန်ဒီဝေဖန်

ဟိုလေကန်ဒီလေကန်

ဟိုလည်ဒီလည်

ဟိုရောက်ဒီရောက်

ပေါက်တတ်ကရ

လက်တွေ့ကတော့ဘာမှမလုပ်

ရှေ့သွားရင်းနောက်ရောက်နေတဲ့သူ။

ရေရေရာရာ

သေသေချာချာ

ဘာမှမသိ

ရည်ရွယ်ချက်မရှိ

ပန်းတိုင်မရှိ

မြေပုံမပါဘဲ

ခရီးသွားတဲ့လူတန်းစား

မြန်ပြည်တလွှား

ဘယ်လောက်များ

များးး  များလာတယ်မသိ

တွေးကြည့်

ရင်လေးမိပါ၏။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

27-11-2014

 

 

 

 

 

 

21 comments

  • Yae Myae Tha Ninn

    November 27, 2014 at 5:05 pm

    ဒီမှာက အလုပ်မလုပ်လဲ ထမင်းစားလို့ ရလို့ဗျ… 🙂

    • ထမင်းငတ် သေတဲ့မသာ မရှိဘူးဆိုပြီးလေ. . .
      ဒါမယ့် အာဟာရမပြည့်လို့ မဖြစ်သင့်တဲ့ရောဂါတွေ ဖြစ်ပြီးသေကုန်တာတော့ သိပ်မပြောကြဘူး

      :kwi:

  • aye.kk

    November 27, 2014 at 9:22 pm

    ပန်းတိုင်အစစ်ကနိဗ္ဗာန်ပါ ။
    ရောက်အောင်သွားချင်ရင် သတိပဌာန်ကျင့်မြတ်မှန်ကို ပွားများအားထုတ်ဘို ့အတွက်
    ယခုပင်လုပ်စေချင်။။

  • လူတွေက ဘွဲ့ရပြီးအလုပ် လက်မဲ့ ဖြစ်တယ်ပြောတယ်

    နေရာတိုင်းမှာလုပ်ငန်းတွေမှာအလုပ်လုပ်ဘို့ လူလိုနေတယ်

    တကယ်အလုပ်လုပ်ဘို့ မကျိုးစားဘဲလေကန်နေသူတွေကိုရည်ရွယ်ပါတယ်

  • uncle gyi

    November 27, 2014 at 10:20 pm

    မြန်မာမှာကဘွဲ့ရရင်
    စာရေးစာချီလုပ်ဖို့လောက်တွေးနေတာ
    ပြောမယ်ဆို
    လက်သင့်ခံစားဖို့လောက်တွေးနေတာ
    ကိုယ့်လမ်းကိုယ်ဖောက်မယ်တွေးသူနည်းလို့
    အချိန်ပိုသူများနေတာပါဗျာ

  • အံကယ်ဂျီးရေ မြန်မာပြည်ကလူတွေက နိုင်ငံခြားက လူတွေနဲ့ လိုက်လိုက်ယှဉ်ကြတယ်

    အလုပ်လုပ်တဲ့ နေရာမဟုတ်

    နိုင်ငံခြားမှာမိဘက နေရာတကာမချုပ်ချယ်ဘူးလို့ ပြောကြတယ်

    ဒါပေမယ့် အဲလိုပြောတဲ့ ကောင်က ကိုယ်ဘာသာကိုယ်ရှာမစားဘူး

    အချိန်တန်ရင်မိဘဆီလက်ဖြန့်တာလေ

  • La Yeik

    November 28, 2014 at 9:45 am

    ဟုတ်တယ် လေးပေါက်ရေ…ရုံးမှာလဲ လူလိုတယ်..ဒါပေမဲ့ လာလျှောက်တဲ့သူတွေက ကိုယ့်ပညာထက် ပိုတဲ့ လစာ လိုချင်ကြတယ်…ခန့်လိုက်တော့လဲ အလုပ်တွေ အများကြီးလုပ်ရမှာနော် ဒါပေမဲ့ ကြိုးစားရင် ကြိုးစားသလို အခွင့်အရေးရှိတယ် လို့ ပြောလိုက်တာ နောက်နေ့ လာကိုမလာတော့ဘူး…

    • လရိပ်ရေ

      ကျနော်တို့အလုပ်အတွက် လူတွေ့စစ်ဆေးတဲ့အခါ

      ကျနော်ဘာလုပ်ရမလဲ ဆိုတာမမေး ဘဲ ဘယ်လောက်ပေးမှာလဲ အရင်မေးသူက များပါတယ်

      • manawphyulay

        January 9, 2015 at 9:05 am

        လေးပေါက်ရေ ပိုဆိုးတာက ကိုယ်လုပ်နိုင်တာ ချမပြပဲ လစာနည်းတယ်ပြောတဲ့သူတွေက ဒုနဲ့ဒေးပါပဲ။

  • kyeemite

    November 28, 2014 at 10:29 am

    .ကဗျာလေးလည်းတော်တော်ကောင်း၏
    .အကြောင်းအရာကပိုထိမိပါ၏
    .မြန်ပြည်တလွှား ပါးစပ်လေသေနပ်ပစ်ပြီး လက်ကြောတင်းအောင်မလုပ်ချင်သူတွေအပုံ
    .လက်ရှိနေတဲ့ အိမ်နားမှာတင် မိန်းမဈေးရောင်းကျွေးတာအခန့်သားထိုင်စားသူနဲ့
    .မိန်းမယူကလေးတွေမွေးပြီး အလုပ်မလုပ်တဲ့သူနဲ့(မိဘကကျွေးထားရတယ်)…
    .ဘာမှမယ်မယ်ရရမလုပ်သူအပုံအပင်ဗျို့…
    .ပြောရရင် အိမ်က ကျုပ်ရဲ့ တစ်ဦးတည်းသောရွှေယောက်ဖလည်းပါသဗျ…ကျုပ်တော့စကားကိုမပြောဘူး

    • ကိုမိုက်ရေ

      မြန်မာပြည် အနှံ့အပြားမှာ အလုပ်မလုပ်ဘဲ ထိုင်စားနေကြတယ်

      အိပ်စပို့=အိပ်တယ် စားတယ် မိန်းမ ကိုဈေးလိုက်ပို့တယ်
      လည်ရာပြန်စားရေး ဝန်ကြီးတွေရှိနေသမျှှ ကာလ ပါတ်လုံး ဒန် ဒန် ့ဒန်ပါဘဲ

  • ခင် ခ

    November 28, 2014 at 11:02 am

    ပန်းတိုင် မသိလို မသွားကြသူနဲ့
    ပန်းတိုင် သိရက် မသွားကြသူ
    နှစ်မျိုးလုံး ကောင်းတဲ့လုပ်ရပ်မဟုတ်ဘူးလေ။
    ဒီမှာက ” တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံစံရှိတယ် သားသမီးဆိုးကို မိဘကပစ်ရိုးထုံးစံမရှိဘူး ” ဆိုတဲ့ ရှေးစကားကိုးက တစ်လွဲဖြစ်နေသလားလို့တောင်တွေးမိတယ်။

    • ကိုခ ရေ

      မိဘတွေက ပိုးမွေးသလိုမွေး ထား တယ်လို့ ခံယူနေတော့

      ကလေးတွေက ကိုယ်စွမ်းကိုယ်စ ပျောက်ကုန်တယ်

  • မဟာရာဇာ အံစာတုံး

    November 28, 2014 at 3:25 pm

    . ဖေပေါက်ဂျီးရေ့ …
    . အဲ့ဂလို ပန်းတိုင်မရှိဘဲ ခရီးသွားနေတဲ့လူတွေအချို့က ..
    . ပန်းတိုင်ကို ပြန်တွေ့တဲ့ အချိန်ကျတော့ အသက်က ၃ဝ ဝန်းကျင် ဖြစ်နေပြီလေ ..
    . ဒါနဲ့ပဲ … ဒါနဲ့ပဲ ပေါ့ဗျာ …

  • kai

    November 28, 2014 at 3:54 pm

    ဘာများလုပ်ချင်နေလည်း.. ဆြာပေါက်ရယ်..
    နိဗ္ဗာန်ရောက်အောင်..
    ဘုန်းကြီးသွားဝတ်လိုက်..♩♪ ♭ ♯ ဘုန်းကြီးသွားဝတ်လိုက်..။ ♩ ♫ ♬ :k:

  • ကိုခိုင်ရေ

    မြန်မာပြည်မှာ အလုပ်လက်မဲ့တွေများနေပါတယ်
    လူငယ်တွေ လုပ်စရာအခွင့်အလမ်းမရှိပါဘူးလို့ အားအားယားယား အော်နေတဲ့သူတွေကို ရည်ရွယ်တာပါ
    မြန်မာပြည်မှာ လုပ်စရာ အလုပ်တွေ ရှိပါတယ်။
    ထိုက်သင့်တဲ့လခနဲ့လုပ်မယ်ဆိုရင် လုပ်သင့်တဲ့အလုပ်တွေအများကြီးပါ။
    နိုင်ငံခြားကသူ ရတဲ့ လခ ကိုမျှော်နေရင်တော့ အဲဒီသာ သွားလုပ်ပေတော့။
    ဒီကလူက နိုင်ငံခြားငွေကို မြန်မာငွေလဲနူန်းနဲ့မြောက်ပြီး အများ ကြီးလို့ တွက်နေသူတွေ ရှိနေပါတယ်။
    လူနေမူ့ဘာလို့ကွာလဲ ဆိုတော့ အစိုးရ အုပ်ချုပ်ပုံ မှန်ကန်တာ စနစ်ကျ တာ ကွာခြားနေသေးလို့ပါ။

    ကျနော်နဲ့သူကြီးအားလပ်ရင် (သူများတွေဖတ်ဘို့ မဟုတ်ဘဲ)ဘာသာရေး ခံယူ ချက်တော့ ဆွေးနွေးချင်ပါသေးတယ်
    ဘုရား ဘုရား လို့လူကြားအောင်ပြောနေသူတိုင်း ဘာသာ ရေး ကို အလေးအနက်ထားနေသူမဟုတ်
    ဘာသာရေးကို ဘာမှ မဝေဖန်သူတိုင်းလဲ လွန်ကဲစွာယုံကြည် ကိုးကွယ်နေသူမဟုတ်။

    • kai

      November 30, 2014 at 4:01 am

      လူ၅သိန်း..(၅သိန်း) အလုပ်မလုပ်… ထိုင်စားနေတာကို.. ဝေဖန်ခွင့်မရ…. ဦးစားပေးကိုးကွယ်နေကြ(ရ)သူများရဲ့တိုင်းပြည်မှာ..
      နိုင်ငံရေး..ပညာရေးအရ.. ဘာမှလုပ်မရ..

      စနစ်ကြောင့်မဟုတ်… စနစ်ကြောင့်မဟုတ်…

  • CharTooLan

    November 29, 2014 at 12:23 pm

    ဟာ… ဒဲ့ယီးပါလား
    ရိုက်ချက်ကတော့ပြင်းဒယ်ဗျာ…………… (ကျော်ဟိန်း) 😛

  • Myat Pearl Phyu

    January 8, 2015 at 4:42 pm

    သံသရာခရီးသွားများ

  • naywoon ni

    January 8, 2015 at 11:20 pm

    အစဉ်​အလာ ဗျ အစဉ်​အလာ ​ရှေ့က ​ဖောက်​ထွက်​ပြမဲ့ ​ခေါင်​း​ဆောင်​မရှိတာ ။ ကျုပ်​အတွက်​​တော့ ၂၀၁၅ မှာလဲ ​ခေါင်​း​ဆောင်​မရှိဘူး ။ ၂၀၂ဝ မှာလဲ ​ခေါင်​း​ဆောင်​မရှိဘူး ။ ။ ​နောက်​ဆုံး ကျုပ်​ ကိုယ်​တိုင်​​တောင်​ ​ခေါင်​းမပါပဲ သွားလာလှုပ်​ရှား​နေရတယ်​ထင်​မိ​အောင်​ကို ​ခေါင်​း​ဆောင်​မဲ့​နေတာဗျ ။

Leave a Reply