စိတ်ကိုပြင်ချင် ရိပ်သာဝင် အပိုင်း(၃)

aye.kkNovember 28, 20141min1195

ရိပ်သာမှာ ရက်နှစ်ဆယ်အားထုတ်ပြီး အားမရခဲ့ပါဘူး။

ကျမ ဝန်ထမ်းလုပ်သက်ပြည့်နေပြီမို့ ။ လုပ်သက်ပြည့် ပင်စင်တင်လိုက်ပါတယ် ။

ခွင့်ပြုမိန် ့ကျလာတော့ အေးဆေးစွာ အားထုတ်ခွင့်ရတာမို ့၊ ဆရာတော်ဘုရားရဲ ့ကျောင်းမှာပဲ ရိပ်သာပြန်ဝင်ခဲ့ပါတယ် ။

ဆရာတော်ဘုရားက အနည်းဆုံး ၊ သုံးလသတ်မှတ်ထားတာမို ့ ၊ဘယ်လောက်နေမလည်း ပြန်မေးပါတယ် ။

ကျမက သုံးလပါဘုရားလို ့၊ လျောက်တော့ ဆရာတော်ဘုရားက ခွင့်ပြုပေးခဲ့ပါတယ် ။

ဆရာတော်ရဲ ့ကျောင်းမှာအစစအရာရာ ၊ လိုလေးသေးမရှိအောင်  ပြည့်စုံနေတဲ့အတွက် ၊ အေးအေးဆေးဆေး

အားထုတ်နိုင်တဲ့ အခွင့်အရေးရခဲ့ပါတယ် ။

သုံးလဆိုပေမယ့် ၊ ၁နှစ်နီးပါးမျှ  အားထုတ်နိုင်ခဲ့ပါတယ် ။ ဆယ့်တစ်လနဲ ့ဆက့်ငါးရက် ဆိုတဲ့အတိုင်းတာထိပါ ။

ဆရာတော်ဘုရားကျောင်းက ၊ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းဥပဒေ ၊ အတိုင်းလိုက်နာ ကျင့်သုံးပြီးနေထိုင်နိုင်ခဲ့လို့ပါ ။

သုံးလအတွင်း သိသင့်သိထိုက်တဲ့တရား မရဘူးဆိုရင် လုံးဝလက်သင့်မခံပါဘူး ။ အားထုတ်နေထိုင်ကြတဲ့ ယောဂီတွေရဲ ့အမည်စာရင်းကို

ဗဟိုသံဃနာယက အထိပေးပို ့ရတဲ့အတွက် ၊ စည်းကမ်း မလိုက်နာနိုင်ရင်တော့ နာမည်ပျက်စာရင်း ထဲအသွင်းခံရမှာပါ ။

အားထုတ်ဘို ့အခွင့်အရေး ၊ နောက်ထပ်တစ်ဖန် ထပ်မံမရ ရှိနိုင်တော့ပါဘူး ။ ဝိပဿ       နာ အလုပ်က စိတ်အလုပ်ဖြစ်နေလို ့ပါ ။

ဆရာတော် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းဥပဒေ အတိုင်း ၊ လိုက်နာနိုင်မှု မရှိခဲ့ရင် ၊ တရားသိဘို ့အတွက်ဆိုတာက ၊ ဘယ်လိုနည်းနဲ ့မှ မဖြစ်နိုင်ပါဘူး။

ဒါကို ကျမကိုယ်တိုင် အားထုတ်ခဲ့တဲ့အတွက် ကိုယ်တွေ ့သိမြင်ခဲ့ရပါတယ် ။

ဝိပဿ       နာ ဆိုတာ စိတ်အလုပ်ဖြစ်တဲ့အတွက် ၊ နှုတ်ကရွတ်ဆိုနေရ မှာမဟုတ်ပဲ ၊ စိတ်ဖြင့်ရှုမှတ်ရမည့်

ကမ္မဌာန်းအာရုံဆီကို ပို ့ပြီးသူဖြစ်ပေါ်လာတဲ့ စိတ်အာရုံအတိုင်းသာ ၊ မပြတ်တရစပ် ရှုမှတ်ပွားများ အားထုတ်ရတာမို ့ပါ ။

အကျယ်သိချင်ရင်တော့ ဆရာတော်ကိုယ်တိုင် ရေးသားစီရင်ထားတဲ့ မဟာသတိပဌာန်ရှုနည်း အလုပ်ပေးတရား

ပထမတွဲမှာ ၊ ဖတ်ရှုနိုင်ပါတယ် ။

တရားအားထုတ်လိုသူ ၊ မည်သူကိုမဆို ဆရာတော်ကျောင်းမှာ၊  ရောက်ရှိ လာတဲ့လူ မှန်သမျှကိုတော့

ဆရာတော်က အခမဲ့ငှဝေပါတယ် ။

ကျမသုံးလတရားအားထုတ်ခဲ့တဲ့ အတွင်းမှာ သိသင့်သိထိုက်တဲ့တရား ၊ သိခဲ့တဲ့အတွက်လည်း

ဆက်လက်ပြီး ။ အားထုတ်နေထိုင်နိုင်တဲ့ အခွင့်အရေးရရှိခဲ့ပါတယ် ။ တရက်ခြားတစ်ခါ ဆရာတော်ကိုယ်တိုင် တရားစစ်ဆေးပေးနေတဲ့

အတွက်လည်း  ၊ အားထုတ်မှုအစိတ်အပိုင်းမှာ ကျမအနေနဲ ့ ပြဿ       နာမရှိခဲ့ပါဘူး။

ဝိပဿ       နာ ရှုမှတ်တဲ့ယောဂီများဟာ၊ ၊ အကောင်းအဆိုး အာရုံများကို၊ သူ ့ ဖြစ်ပေါ်လာတဲ့အတိုင်း ။

ဆရာတော် တရားစစ်ဆေးတဲ့အချိန်မှာ ၊ ဆရာတော်ထံလျှောက်ကြရပါတယ် ။

ယောဂီများ ၊ ရှုမှတ်မှုမှားနေတာတွေ ့ရင်လည်း ၊  ဆရာတော်ကိုယ်တိုင်က ၊ ချက်ခြင်းပြင်ပေး တည့်မတ်ပေးပါတယ် ။

အကောင်းအဆိုးအာရုံများဖြစ်တဲ့ ၊ တောတောင်ရေမြေ ၊ လူ ၊ နတ်ဗြမ္မာ ၊ ဘုရား ၊ ရဟန္တာတွေ  မိမိထံကြွလာသလိုလို ၊

မြင်နေရတာမျိုး အာရုံမှာဖြစ်ပေါ်နိုင်တာမျိုးတွေ ့ရပါတယ် ။

အဲဒါကိုမြင်ပြီး ၊ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ၊ စိတ်အနေအထား ၊ ပုံမှန်မဟုတ်တာမျိုး ၊  ယောဂီတွေမှာ တွေ ့ကြုံရလို ့ပါပဲ ။

တရားလမ်းကြောင်း အမှန်အတိုင်း ၊ ချက်ခြင်းမရှုမှတ်လိုက်နိုင်ရင်တော့ ၊ သာယာတဲ့ အာရုံနောက်ကိုလိုက်ပြီး ၊  တရားလမ်းကြောင်းလွဲသွားနိုင်ပါတယ် ။

စိတ်ကယောင်ချောက်ချား ၊ ဖြစ်သွားနိုင်ပါတယ် ။ ကျမက အဆိုးအာရုံ တွေ ့မြင်ပြီး ၊ ကြောက်လန် ့တဲ့စိတ် ဖြစ်ပေါ်ခဲ့ပေမယ့် ၊

စိတ်ကိုချက်ခြင်း ၊ ရှုမှတ်လိုက်နိုင်ပါတယ် ။

စိတ်ဆိုတာက ဆန်းကျယ်လို ့ပါပဲ ။

ဆက်ပါဦးမည် ။

5 comments

  • ဒီပိုစ့်လေးတွေ ဖတ်လာတာ. . .
    တရားအလုပ်ကို အေးအေးလူလူ အပူအပင် အနှောင်အဖွဲ့ကင်းကင်းနဲ့ လုပ်လိုက်ချင်စိတ်တွေပေါက်လာတယ်။

    ထပ်ရေးပါဦး အန်တီအေးရေ
    .စောင့်ဖတ်နေပါတယ်နော်။

  • aye.kk

    November 28, 2014 at 7:37 pm

    အလင်းဆက်
    တူတော်မောင် တရားအလုပ်ကို
    လုပ်ချင်စိတ်တွေ ပေါက်လာတာ ကြားရလို ့ဝမ်းသာမိပါတယ်။

  • kai

    November 30, 2014 at 4:39 am

    ကျမ ဝန်ထမ်းလုပ်သက်ပြည့်နေပြီမို့ ။ လုပ်သက်ပြည့် ပင်စင်တင်လိုက်ပါတယ် ။

    ခွင့်ပြုမိန် ့ကျလာတော့ အေးဆေးစွာ အားထုတ်ခွင့်ရတာမို ့၊ ဆရာတော်ဘုရားရဲ ့ကျောင်းမှာပဲ ရိပ်သာပြန်ဝင်ခဲ့ပါတယ် ။

    တိုင်းပြည်ကုန်ထုတ်စွမ်းအား. GDP အပေါ် ထေရာဝါဒဘာသာရေးရဲ့ တိုက်ရိုက်(တိုက်ရိုက်) ပါဝင်ပါတ်သက်မှုကို.. ဖွင့်ပြတဲ့ အဖြစ်ကလေးပါ..
    ကျေးဇူးတင်ပါကြောင်း.. :k:

    • weiwei

      November 30, 2014 at 10:07 am

      တစ်ဦးတစ်ယောက်လုပ်တာနဲ့ အားလုံးအဲလိုဖြစ်မယ်လို့ထင်ရင် မှားပါလိမ့်မယ် ..

  • aye.kk

    November 30, 2014 at 2:57 pm

    သူကြီး၊ဝေဝေ
    ကျေးကျေး။

Leave a Reply