​ခေတ်​သစ်​ စကားပုံနှင်​့ စကားထာများ

moonpoemNovember 28, 20141min1768

“ခေတ်သစ် စကားပုံနှင့်စကားထာများ”
၅နှစ်တစ်ခါ ပေါ်လို့လာ ငါသာမင်းလောင်း ထီးဖြူဆောင်း။
အဖြေ။ ။ ၂၀၁၅ရွေးကောက်ပွဲကို ဆိုလိုသည်။

နွားနို့တစ်ပန်းကန် တစ်ပြည်လုံးလျှံ
အဖြေ။ ။လမင်းကြီးကို ဆိုလိုခြင်း မဟုတ်ဘဲ သမ္မတကြီးပြောကြားသော မိန့်ခွန်းကို ဆိုလိုခြင်း ဖြစ်သည်။

တစ်တိုင်ဆီမီး ထိန်ထိန်ငြီး
အဖြေ။ ။
ဖယောင်းတိုင်တစ်တိုင်ဖြင့် နာမည်ကြီးသွားသော ဟိုလူကြီးကို ဆိုလိုသည်။

ပျက်အစဉ် ပြင်ခဏ
မြန်မာပြည်ရှိလမ်းများကို ဆိုလိုသည်။အစဉ်အမြဲပျက်နေသည်ကများပြီး၊ လာပြင်သည့်အခါ ခဏသာ ဖြစ်၏။

တစ်ပင်လဲမူ တစ်ပင်ထူ
လမ်းဘေးရှိ ဓာတ်တိုင်များကို ဆိုလိုသည်။
မည်မျှပင် မီးမလင်းသည် ဖြစ်စေ၊ တိုင်ဆွေးသည် ဖြစ်စေ မပြုပြင်ဘဲ လဲကျသွားမှ နောက်တစ်တိုင်ထူခြင်းကို ပြောခြင်းဖြစ်၏။

ဟိုဘက်ကမ်းက မီးထိန်ထိန် ဒီဘက်ကမ်းက မီးမှိန်မှိန်။
အဖြေ။ ။
လင်းထိန်နေသော နေပြည်တော်နှင့် မှောင်မဲနေသော အခြားမြို့များကိုဆိုလိုပါသည်။

ကျေးဇူးတင်ပါသည်ရှင်။
နောက်ရက်များတွင်လည်း ကျန်ရှိစကားပုံများကို တင်ပြပါဦးမည်။
မွန်းပိုအမ်(အိမ်တွင်းဖြစ်)

8 comments

  • ခင်ဇော်

    November 28, 2014 at 12:36 pm

    သမဒ ကတော်ရဲ့ စကားပုံကတော့
    “ဘယ်သူသေသေ နာ မုန့်ဟင်းငါး မရောင်းရဖို့ အရေးကြီးတယ်” တဲ့

    :k:

  • Mr. MarGa

    November 28, 2014 at 1:37 pm

    အိမ်တွင်းဖြစ် ဆိုတော့
    အိမ်ထဲကနေ မြင်တဲ့အမြင်ပေါ့
    အိမ်ထဲကနေထွက် ရွာလမ်းကိုလျှောက်ပြီး
    ရွာတွင်းဖြစ် အမြင်တွေလည်း သိဘရဇီ :mrgreenn:

  • kyeemite

    November 28, 2014 at 2:28 pm

    :k: :k: :k: :k:
    အနက်။ ဟား ဟား ဟား ဟား

  • ခင် ခ

    November 28, 2014 at 2:44 pm

    “ခေတ်ညီ စကားပုံ စကားထာများ” လို့ဆိုမယ်ဗျာ။

  • မဟာရာဇာ အံစာတုံး

    November 28, 2014 at 3:02 pm

    . မြန်မာပြည် ဒစ်ရှင်နယ်လီ ဆိုပြီး တစ်နှစ်တစ်ခါ စာအုပ်ထုတ်မို့ ဆင်းဇားနေဒါ …
    . အိုက်ဒါ လုပ်ဖြစ်ရင်တော့ မမွန်းပုအမ် ကို ထိပ်ဆုံးက ချောဆွဲရမှာဗျဲ ….
    . စကားလုံး၊ အတွေးအခေါ် တွေကို ကျိုက်သဗျာ ..

    • moonpoem

      November 28, 2014 at 5:51 pm

      ဆရာအံစာရဲ့ ဒစ်​ရှင်​နလီမှာ ပါဝင်​ခွင်​့ ရပါရ​စေ။​ကျေးဇူးကြီးမြတ်​လှပါတယ်​။ဝမ်​​ဆွေ့ ဝမ်​​ဆွေ့ ပိုအမ်​​ဆွေ့ 😀

Leave a Reply