စိတ်ကိုပြင်ချင် ရိပ်သာဝင် အပိုင်း(၄)

aye.kkNovember 30, 20141min1776

တကယ်လို ့သာ ကျမအနေနဲ ့စိတ်ကူးအဆိုးအာရုံထဲဝင်မိပြီး ၊ ချက်ခြင်းမရှုမှတ် လိုက်နိုင်ရင်တော့

ကြောက်စိတ်တွေ တဖွားဖွားဖြစ်ပေါ်ခံစားရမှာက အမှန်ပါပဲ ။ ဆရာတော်အနေနဲ ့လည်း တစ်ရက်ခြား တရားစစ်ပေးမှု ၊

တရားလမ်းကြောင်း မလွဲသွားအောင် ၊ ပြင်ပေး တည့်မတ်ပေးမှု ၊ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။

ကျမအနေနဲ ့ကလည်း ၊ တရားတော်တွေကိုနေ ့တိုင်းနာယူ မှတ်သားရနေလို ့လည်း ၊ ဓမ္မသာဝနကုသိုလ် ဖြစ်နေပါတယ် ။

တရားအားထုတ်တဲ့ အချိန်ကတည်းကစပြီး ၊ ရှစ်ပါးသီလ မကျိုးမပေါက်အောင် ၊ သီလနဲ ့ပြည့်စုံအောင် နေထိုင်နိုင်ရပါတယ် ။

သီလနဲ ့ပြည့်စုံအောင် မနေထိုင်တတ်ခဲ့ရင် သမာဓိ မဖြစ်လို ့ပါ ။ သမာဓိမဖြစ်ရင် တရားလည်းမတက်နိုင်ပါဘူး။

ဝိပဿ       နာ ရှုမှတ်ရာမှာ ၊ အဓိကဖြစ်တဲ့ သီလက အခြေခံ ကျနေလို့ပါပဲ ။ သီလလုံခြုံမှသာ စိတ်တည်ငြိမ်မှု  ရရှိနိုင်ပါတယ် ။

 စိတ်တည်ငြိမ်မှရရှိမှသာ သမာဓိဖြစ်ပေါ်ပါတယ် ။

ကျမအားထုတ်ပြီး အချိန်ကြာလာတော့ တရားပေါ်မှာ သာယာနှစ်သက် သဘောကျတဲ့စိတ်ဖြစ်ပေါ်လာပါတယ် ။

ပီတိစိတ် ဖြစ်နေတာပါ ။ ဒါကို ကျမ အစက နားမလည် ၊ သဘောမပေါက်ခဲ့ပါဘူး။

ကျမအသက်ငယ်တုန်းက ၊ အာရုံမှာ ကြည်လင်လှပတဲ့ အလင်းအာရုံ မြင်တွေ ့ခဲ့ဘူးပါတယ် ။

ပီတိစိတ်ဖြစ်နေတာလို ့ ကျမ မသိခဲ့ပါဘူး။

ကျမအားထုတ်ပြီး အချိန်ကာလ၊ အနည်းငယ်ကြာလာတဲ့အချိန် မှာ နိကန္တိ တဏှာ ဖြစ်ပေါ်လာပါတယ် ။

ဒါကို ကျမက နားမလည်ပါဘူး။ တရားတော်ပေါ်မှာ ကျမစိတ်က မွေ ့လျော်မိတယ်လို့ပဲ ထင်မှတ်မိတာပါ။

ကျမရဲ ့အဲဒီဖြစ်ပေါ်နေတဲ့စိတ်ကို ဆရာတော်က သိမြင်တော့ ဆူပါတယ် ။ တရားမတက်ဘူး ဆိုပြီးတော့ပါ ။

အာရုံမှာနှူးး ညံ့သိမ်မွေ ့လှတဲ့ အလင်း ၊ ပီတိ ၊ ပဿ       ဒ္ဓိ တွေကို ၊ ကျမ နှစ်သက် သာယာ စွဲလမ်းမိလို ့ပါ။

ကျမရဲ ့ထင်မှတ်မှားနေတဲ့ စိတ်ကို ၊ ဆရာတော်က သိတော့ ပြင်ပေးပါတယ် ။ ဝိပဿ        နာ ရဲ ့အညစ်အကြေး ဥပတ္ထိလေသ ဖြစ်နေလို ့ပါ။

အဲဒီစိတ်တွေကို မပြတ်တရစပ် ရှုမှတ်ပွားများ အားထုတ်နိုင်မှသာ ၊ အဲဒီဖြစ်ပေါ်နေတဲ့ စိတ်အာရုံမှာ ၊ ဖြစ်နေတဲ့ ပီတိ ၊ အလင်း ၊

ပဿ       ဒ္ဓိတွေကို မစဉ်းစား မတွေးတော မဆင်ခြင်မှသာ ၊ တရားတက်မယ်လို ့ဆရာတော်က ဆုံးမပါတယ် ။

နက်နဲသိမ်မွေ  ့နှူးညံ့လှတဲ့စိတ် ဖြစ်ပေါ်လာတဲ့ အာရုံဆီကို ကျမရာက်နေမိလို ့ပါ ။ စိတ်ဆိုတာမျိုးက ၊ ဆန်းကျယ်လှတယ်

ဆိုတာကို ကိုယ်တိုင် အားထုတ်ကြည့်နိုင်လို ့ ၊ သိမြင်နိုင်ခဲ့တာ ဖြစ်ပါတယ် ။

ဝိပဿဿ       နာ ဘာဝနာကို ကြာကြာလေး အားထုတ်နိုင်ခဲ့တဲ့အတွက် ၊ ကျမရဲ ့စိတ်က ရုပ်နာမ်တွေရဲ ့

မမြဲမှု ဖြစ်မှုတွေ သိမြင်လာနိုင်ခဲ့တာ ဖြစ်ပါတယ် ။

စိတ်ဆိုတာက ဆန်းကျယ်ပါတယ် ။

ဆက်ပါဦးမည် ။။

6 comments

  • ဖောင်ကို ဥပမာ ပြပြီး…
    တရားကိုတောင်…မစွဲလမ်းဖို့…
    တရားကိုတောင် နှစ်သက်သာယာမှု မဖြစ်ဖို့… မြတ်စွာဘုရား လမ်းညွှန်ခဲ့တာလေး…
    သိပ် သဘောကျတာပဲ။
    ဟော….
    ကျနော်.. ဖောင်ကို… ထမ်းမိနေပြီ။

  • aye.kk

    November 30, 2014 at 2:47 pm

    အလင်းဆက်
    နှစ်သက်တယ်ဆိုတာ ပညတ်တွေပါ။
    ပညတ်အာရုံတွေကို စွဲလမ်းမှုနဲ ့သွားနေသမျှ
    ပရမတ်အစစ်ဖြစ်တဲ့ ၊ နိဗ္ဗာန်ကို မမြင်နိုင်မှာစိုးလို ့ပါ။။

  • ခင်ဇော်

    December 1, 2014 at 11:18 am

    ကျနော် ကြိုးစားပါဦးမယ် အန်တီအေးရေ။

  • aye.kk

    December 1, 2014 at 4:01 pm

    အန်တီဝမ်းသာမိပါတယ် ။

  • ဦးကြောင်ကြီး

    December 2, 2014 at 12:02 pm

    သဂျီး ဦးမာမွတ် မျက်နှာဂျီး မဲ့နေဒယ် အမ်တီအေး..

  • aye.kk

    December 2, 2014 at 1:49 pm

    အတည့်မြင်အောင် လေ့ကျင့်ထားနော် ။
    အတည့်မြင်ရင် မဲ့နေတာတွေ မတွေ ့ရတော့ဘူးသိလား…။

Leave a Reply