Valentineသက်

moonpoemNovember 29, 20141min22314

အသက်၁၄နှစ်
Valentine အသက်အရွယ် ဖြစ်သည်။ချစ်ခင်နှစ်လို ဖွယ်ရာကောင်း၏။

အသက်၂၅နှစ်
Christmas အသက်အရွယ်ဖြစ်သည်။အများတကာ မျှော်လင့်နေကြသေးသော အရွယ် ဖြစ်၏။

အသက်၂၇
တော်လှန်ရေးအသက်အရွယ်ဖြစ်သည်။အနီးအနားတွင် ပတ်ဝန်းကျင်တွင် အိမ်ထောင် မပြုသေးဘူးလား ဘာလားအစရှိသော စကားများဖြင့် တိုက်ခိုက်ခြင်း ခံရစ ပြုလာပြီဖြစ်သော အရွယ် ဖြစ်၏။

အသက်၃၁
နုပျိုခြင်းတို့၏ အဆုံးစွန်သော year ending
အသက်အရွယ် ဖြစ်သည်။သို့သော် New year ကဲ့သို့လည်း စိတ်ဝင်စားဖို့ကောင်းနေပြန်သည်။

အသက်၄၀
မိုးမိုးသီချင်းကဲ့သို့ပင် အပြုံးလေးနှင့် လိမ်ရသော အရွယ်ရောက်လာပြီး တွံတေးသိန်းတန်သီချင်းလိုလည်း ၄ဝကျော် အချစ်တွေ ဘာတွေဖြင့် ငယ်မူပြန်နိုင်သေး၏။

အသက်၆၆
မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရသွားပြီ ဖြစ်သည်။အားလုံးသင့်အား ဘာမှ မပြောကြတော့။လွတ်လပ်သွားပြီ ဘေးကင်းသွားပြီ။တောထွက်လို့ ရပြီဖြစ်လေသည်။

ပြီးပါပြီ။
ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သောဝ် ;D

14 comments

  • တော်လှန်ရေးကွ

    တော်တော် လှန် ရေးပါတယ်
    စာရွက်ထဲ

    ဖွေးဖွေးကို လိုချင်တယ် ဘာညာ စသသည်ဖြင့်ပေါ့

    :k:

  • pooch

    November 29, 2014 at 4:56 pm

    New Year ရောက်တော့မယ်နော် ဟီး
    ဖတ်ပြီး တိုင်နဲ့ခေါင်းနဲ့ စောင့်ရတော့မလားပဲ
    လွတ်လပ်ရေးဆိုတာ တိုက်မှ ရတာလေ :loll:

  • မြစပဲရိုး

    November 29, 2014 at 6:03 pm

    ၆၂ မှာ အာဏာသိမ်း ပြီး ၈၈ မှာ နောက်တစ်ကျော့ ကွဲ့။
    တောမထွက်နိုင်သေးဘူး။
    ဒါတောင် ၉ရ ကိုတော့ ရာဇဝင်ထဲ ထားလိုက်တော့ဖို့။
    lol:-)))

  • padonmar

    November 29, 2014 at 9:55 pm

    လကဗျာ စိတ်ကူးသိပ်ဆန်းတာပဲ။
    အန်တီတို့ဆိုရင်တော့ ဆူးလေ-မင်္ဂလာဒုံပြေးတဲ့ ၅၁ ဘတ်စကားလိုင်းဖြစ်သွားပြီ။
    ရွာထဲက တချို့က မြောက်ဥက္ကလာ-ဘုန်းကြီးလမ်းပြေးတဲ့ ၄၃ လိုင်း၊

    • ဝင့်ပြုံးမြင့်

      November 30, 2014 at 2:04 am

      . အမယ် မဟုတ်ဘူး။ ၅၁ လိုင်းက လူပိုများတယ်။ ၄၃ လိုင်းက လူနည်းတယ်။ မျှစ်က ၄၃ မရောက်သေးဘူး။ ၄၂ ပဲရှိသေးတယ်။ ၅၁လိုင်းမှာ ၅ဦး ၆ဦးလောက်တော့ ရှိနိုင်တယ်။ ၄၃ လိုင်းမှာ ရှိလှ ၂ယောက်လောက်ပဲ။ ဒါကြောင့် ၄၃က လူပိုချောင်တယ်။ ၅၁က ကျပ်သွားပြီ။

      • moonpoem

        November 30, 2014 at 10:45 am

        အာတီဒုံနဲ့ အာတီမျှစ်​တို့ က လိုင်​းကားသက်​​တွေ​ပေါ့။ဟိဟိ ရယ်​ရတယ်​။

    • ဦးကျောက်ခဲ

      December 1, 2014 at 2:43 pm

      မြောက်ဥက္ကလာ-ဘုန်းကြီးလမ်းပြေးတဲ့ ၄၃ လိုင်းကားဆိုပြီး အထင်မသေးပါနဲ့ခင်ည…
      လူပိုချောင် မချောင်တော့ မသိဘူး… အလတ်ကြီးရှိပါသေးတယ်ဗျ…
      :k:

  • kai

    November 30, 2014 at 3:38 am

    စွန့်ဦးထီတွင်သူတယောက်ဖြစ်သူ က.. လုပ်ထားတဲ့ဝဘ်ဆိုက်အကြောင်း… ဖတ်ပြီး..ထိုင်တွေးနေတာ..
    Sugar Daddy, baby တွေအကြောင်း..

    ဟိန္ဒူအယူ.. ယောကျာ်းက..ဥစ္စာ
    မိန်းမက.. အဆင်း.. ကွက်တိအသက်သွင်းပြီး ဝဘ်ဆိုက်လုပ်ထားတာ..

    မိန်းမတွေ နှိမ်ခံထားရတယ်..ဆိုတဲ့အမြင်တောင်း.. ပြောင်းရမလိုလို.. :k:

  • uncle gyi

    November 30, 2014 at 10:54 pm

    အသက်၆၆လွတ်လပ်ရေးရသွားပြီဆိုလို့
    ဟိုတနေ့ကဖတ်လိုက်ရတဲ့သတင်းလေးသတိရသား
    အသက်၁၀ဝကျော်နေပြီအဖွားကလေထီးခုန်လို့တဲ့

  • kyeemite

    December 1, 2014 at 11:04 am

    .ကျုပ်က ဒေါ်အောင်ဆန်းစုကြည် အိမ်နံပါတ်ဗျ….ခိခိ..မိုက်တယ်နော် :k:

  • ခင်ဇော်

    December 1, 2014 at 11:13 am

    ငင်။
    သုံးသုံး ဆိုတော့ ရီးရား အန်းထက်ကို ကျော်လွန်သွားဘီပေါ့နော်။

    :a:

  • Yae Myae Tha Ninn

    December 1, 2014 at 2:23 pm

    Waiting 4 2night… လဲ မရောက်သေး… ထိပ်စီး ချိန်းချင်နေသော အနေအထား… 😀

  • Wow

    December 3, 2014 at 11:50 am

    နယူးရီးယားကျော်ဘီဆိုတာ ဘူ့မှပြောမပြဝူး .. ဟီးးး :mrgreen:

Leave a Reply