ဒေါ်အောင်ဆန်းစုကြည် နဲ့ စက်ဝိုင်းများ (၂)

မြစပဲရိုးNovember 30, 20142min63826

ဒေါ်အောင်ဆန်းစုကြည် နဲ့ စက်ဝိုင်းများ (၁)

မှာ ပြောထားတဲ့ စက်ဝိုင်းတွေ က Circle of Concern  နဲ့Circle of Influence လို့ ခေါ်ပါတယ်။
Circle of Concern က ကိုယ့်ရဲ့ ချယ်လှယ် ထိန်းချုပ်နိုင်မှု အောက်မှာ မရှိဘဲ ပူပင် နေတဲ့ နေရာ သဘောပါ။
Circle of Influence ကတော့ ကိုယ့်ရဲ့ ချယ်လှယ် ထိန်းချုပ်နိုင်မှု အောက်မှာ ရှိတဲ့ ကိုယ်လုပ်ကိုင် လို့ ရတဲ့ နေရာ ပေါ့။
တကဲ့လက်တွေ့ဘဝ ထဲမှာ Circle of Concern က Circle of Influence ထက် ပိုကြီး နေတာ အားလုံး သိနိုင်ပါတယ်။
ကမ္ဘာ့ စီးပွါးရေးရာ အပြောင်းအလဲတွေ က စလို့ ကိုယ့် အလုပ်ရှင် အလယ် ကိုယ့် မိဘမောင်ဘွား သားသမီး အဆုံး ကိုယ်ထင်တိုင်း ချုပ်ကိုင် နေလို့ မှ မရတာလေ။ (ပုံမှန် ရှိတဲ့ လူ့အဖွဲ့အစည်း မှာပြောပါတယ်)

ကိုယ်မထိန်းချုပ် နိုင်တဲ့ နေရာတွေ၊ အကြောင်းအရာ တွေ၊ လူ တွေ ဆီမှာ သွားပြီး ကိုယ့် ရဲ့ စွမ်းအင် စွမ်းအား ကို အာရုံစိုက် ပူပန် နေကြရင်၊ ကိုယ့် ကိုယ်ပိုင် လုပ်နိုင်စွမ်း တွေ ကို လစ်လျူရှု နေ လိုက်ရင် အဲဒါက negative အသွင်ပြောင်း သွားတယ်၊ ပြီးတော့ ကိုယ့်ရဲ့ ထိန်းချုပ်နိုင်စွမ်း နေရာ ကို ကျဉ်းမြောင်း သေးငယ် အောင် အထဲဘက်ကို တွန်းလိုက်ပါတယ်။ ပုံ(၁) မှာ ကြည့်ပါ။
ဒီမှာတင် ကိုယ် ပြောင်းနိုင်စွမ်း မရှိနိုင်တဲ့ Circle of Concern ထဲမှာ စိတ်ဖိစီးမှု တွေ၊ အားကိုးရာမဲ့ တဲ့ ခံစားချက် တွေ က ကိုယ့်ကို လွှမ်းမိုး ကြီးစိုး သွားတာ မြင်ကြည့်လို့ ရမှာပါ။
ဒီလို လူတွေက အပိုင်း(၁) မှာ ပြောခဲ့တဲ့  Reactive သမားများဖြစ်နေပါတယ်။

Circle-of-Concern
ပုံ(၁) – Circle of Concern

သို့ပေမဲ့ Proactive people တွေ ကတော့ Circle of Influence ကို အာရုံ စိုက်ပါတယ်။ ဒါက ကိုယ့်လက် ကိုယ့်ခြေ ကိုယ့်စိတ်ကြိုက် ဖန်တီး လို့ ရတဲ့ နေရာမို့ ကိုယ်လုပ်နိုင်တာ ကို ကြိုးစား လုပ်ရင်း အဲဒီ နေရာ ကို ချဲ့ထွင် လာနိုင်လာချိန် Circle of Influence က ကြီးလာ ကျယ်ပြန့်လာပါတယ်။ ပုံ(၂) ကိုကြည့်ပါ။ ကိုယ့်စိတ်ကြိုက် လုပ်နေနိုင်တာမို့ စိတ်ဖိစီးမှု တွေလဲ လျှော့နည်း လာပြီး ပျော်ရွှင်မှု ကို များလာစေ ပါတယ်။

circle-of-concern-blue-sky-perofrmance-improvement-01

ပြသနာ တွေ ရှိနေတတ်တဲ့ ထိန်းချုပ်နိုင်တဲ့ နေရာ နဲ့ ထိန်းချုပ်လို့ မရ တဲ့နေရာ အကြောင်း တွေကို ဆက်ပြီးတော့ ကြည့်ကြရအောင်။
ထိန်းချုပ်နိုင်တဲ့ နေရာ မှာလဲ (၁) တိုက်ရိုက်ထိန်းချုပ် နိုင်တဲ့ နေရာ နဲ့ (၂) သွယ်ဝိုက်ထိန်းချုပ် နိုင်တဲ့ နေရာ လို့၂မျိုး ခွဲကြည့်နိုင်ပါတယ်။
ဒီတော့ (၃) ကို ထိန်းချုပ်လို့ မရ တဲ့နေရာ လို့ ထားရအောင်။
Proactive approach မှာ ဒီ (၃)မျိုး လုံးကို  Circle of Influence ထဲ ထည့်ထားလိုက်ပြီး ဖြေရှင်း ပါတယ်။
(၁) တိုက်ရိုက်ထိန်းချုပ် နိုင်တဲ့ နေရာ က ကိုယ့်ပိုင်နက် မို့ ကိုယ်ပိုင် အစွမ်းပြည့်  တွေ နဲ့ ဖြေရှင်းနိုင်ပါတယ်။ Private Victories  လို့ ခေါ်တဲ့ တစ်ခြား တွေ ပါပါတယ်။ အသေးစိတ် ကတော့ မပြောတော့ပါဘူး။
(၂) သွယ်ဝိုက်ထိန်းချုပ် နိုင်တဲ့ နေရာ မှာတော့ ကိုယ့်ပိုင်နက်မဟုတ် တာကြောင့် သူများ တွေ၊ တစ်ခြား အကြောင်း တွေ ပါလာတာမို့ အဲဒါတွေကို influence လုပ်ဖို့ နည်းလမ်း ပြောင်းရပါတယ်။  Public Victories လို့ ခေါ်ပါတယ်။ အဲဒီ မှာ နည်းလမ်း တွေ ကို ဖြစ်နိုင်သမျှ များ များ ရအောင် ထားပြီး သုံးသင့် ပါတယ်။ လူအများစု က နည်းလမ်း လေး ၃ခု ၄ခု ကို ဘဲ လက်ကိုင်ထား ပြီး အလုပ် မဖြစ် လဲ ဒါတွေ ကိုဘဲ စွဲစွဲမြဲမြဲ ကိုင်ပြီး နေတတ်ပါတယ်။ တကယ်က အလုပ်ဖြစ်စေမဲ့ နည်းလမ်း တွေ မျိုးစုံသုံးပြီး အဖြေရှာတာက အလုပ်မဖြစ်တဲ့ လမ်းရိုးကြီး ကို လိုက်နေတာထက် ပိုပြီး ဆီလျော် ပါတယ်။
(၃) လုံးဝ ထိန်းချုပ်လို့ မရတဲ့ နေရာ က ပြသနာ အတွက် နည်းလမ်း ကတော့ အတော်လေး စိတ်ဝင်စားစရာပါ။
ကိုယ်ဘယ်လိုမှ ဖြေရှင်းနိုင်စွမ်း မရှိတဲ့ အရာ တွေ ကို အသာလေးဘဲ လက်ခံလိုက်ပြီး  မကြိုက်ပေမဲ့လဲ အဲဒါတွေနဲ့ နေထိုင်နိုင်ဖို့ ကို သင်ယူရပါမယ်။ နောက်ဆုံး ကိုယ့်မှာ မရှိတဲ့ အဲဒါတွေကို ဖြေရှင်းဖို့ ပါဝါ ကို ဘုရားဆီမှာ ဆုတောင်းပြီး ရအောင်လုပ်ကြည့်လို့လဲ ရပါသတဲ့။

ဒီတော့ တိုက်ရိုက်ဘဲဖြစ်ဖြစ် သွယ်ဝိုက် ဘဲ ဖြစ်ဖြစ် လုံးဝ မထိန်းချုပ် နိုင်တာ ဖြစ်ဖြစ် အဖြေရှာဖို့ ကို ကိုယ့်ဟာကို ကြိုးစားလိုက်ပါ။
ဒီနေရာမှာ …..
ကိုယ့် Habits တွေ ကို ပြောင်းချင်လဲ ပြောင်းရမယ်။
Influence လုပ်ဖို့ နည်းလမ်း တွေ ကိုလဲ ပြောင်းချင် ပြောင်းရမယ်။
တစ်ခြားသူ တွေ အပြစ်ပြောဖို့ ထက် ပူးပေါင်း ဆောင်ရွက်တဲ့ နည်း တွေ နဲ့ အခြေအတင် အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှု  တွေ လုပ်ပြီး အဖြေရှာ နည်းလမ်း တွေ ပြောင်းကြည့် ရမယ်။
ကိုယ်ထိန်းချုပ် လို့ မရနိုင်ဘူး လို့ ထင်ထား တဲ့ လမ်းကြောင်း ကိုလဲ ကိုယ့်ရဲ့ Circle of Influence  ထဲ ဝင်အောင် ပြောင်းကြည့်ရမယ်။

အခုပြောနေတဲ့ အကြောင်း တွေက သမရိုးကျ နေ့စဉ် ဘဝ လို ပူပန်စရာ တွေ က ကိုယ့်လုပ်နိုင်တာ ထက် ပို နေတဲ့ အခြေအနေပါ။
အဲဒါနဲ့ ပြောင်းပြန် ပေါ့။
တစ်ချို့ အခြေအနေ တွေက ထူးထူးဆန်းဆန်း Circle of Influence  က ပိုကြီးပြီး  Circle of Concern က အထဲရောက် နေတာ။ ပုံ(၃) ကို ကြည့်ပါ။

circle of influence myopia
ပုံ(၃) – Circle of Influence myopia

ဒီအခြေအနေ မှာ Circle of Influence  ကို ချမ်းသာကြွယ်ဝမှု ၊ ရာထူး၊ အာဏာ တွေ ကနေ သူတို့ လို သလို စိတ်ကြိုက် ထိန်းချုပ်နိုင်စွမ်း ကို ချဲ့ပေးနိုင်ပါတယ်။

အဲဒီလို ထိန်းချုပ်ခွင့် ရသူ တွေဟာ Reactive People  တွေ ဆိုရင် သူတို့ ရဲ့ လုပ်ပိုင်ခွင့် Circle of Influence ထဲမှာ ရှိတဲ့ Circle of Concern  ကို သူတို့ အကျိုးအတွက်ဘဲ ပူပန်ပြီး တစ်ကိုယ်ကောင်း ဆန်ဆန် လုပ်ကိုင်ကြ ပါတယ်။ သူတို့ ရဲ့ Concern ဟာ သူတို့ လုပ်ပေးနိုင်တာထက် အများကြီး သေးငယ် နေသပေါ့။

Proactive People  များကတော့ သူတို့ ရဲ့ Circle of Influence  လောက်နီးပါး ရှိတဲ့  Circle of Concern  ကို ထားပြီး သူတို့ ရဲ့ Influence ကို အကျိုးရှိ အောင် တာဝန်ယူ လုပ်ကိုင်ကြပါတယ်။

ကဲ အနှစ်ချုပ်ပါပြီ။ :))
မှန်ပါတယ်။ မောင်ဂီ ပြောတာ။
ကွကိုယ် 7 Habits ကို တည့်တည့် မပြောဘဲ သူ့ဘွားဒေါ် ကို ဆွဲထည့်နေတာ ဆိုတာ။
တကယ်တော့  အဲဒါကို ဒဲ့ဒိုး ပြောချင်တာ မဟုတ်ပါလေ။
ဘွားဒေါ် ရဲ့ Proactive Habit  အကြောင်း ကို ပြောရင်း တိုင်းပြည် ရဲ့ ခေါင်းဆောင် ဟာ ဒီလို လူမျိုးဖြစ်မှ တိုင်းပြည် တကယ်ဘဲ တိုးတက်မှာ လို့ ပြောချင်တာပါ။
သို့ပေမဲ့ ကိုယ့်လို ဘာမှမဟုတ် တဲ့ ပမွှား ရဲ့ စကား က ဘက်လိုက်ပြီး ပုဂ္ဂိုလ်ခင်လို့ မဲဆွယ်ပေး တာ ဖြစ်မစိုး လို့ ဒီလို စာအုပ်ကြီး ထဲ က စာ တွေ ကို အတင်း ဆွဲထုတ်ပြီး ခိုင်းနှိုင်း ပြရခြင်း ဖြစ်ပါတယ်။
အဓိက ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကား
(We all wish for change, but there is no guarantee that change will take place or that it will live up to expectations.
There is always an element of risk when we step out into the unknown.
Aung San Su Kyi – The Essential Flame)
မမြင်နိုင်တဲ့ ကိုယ် Control / Influence လုပ်မရ တဲ့ အမှောင်ထု ထဲ မှာ အတွန်းအတိုက် အဆင်းဘီးတွန်း တွေ အကြား အဆင်ပြေ သလို နည်းလမ်း အမျိုးမျိုး ရှာကြံပြီး ပြည်သူ တွေ အလင်းထဲ ကို ရောက်အောင် ဆွဲထုတ်ပေးဖို့ ကြိုးစားနေ တဲ့ ဒီ ပိန်ပိန်ပါးပါး မိန်းမ တစ်ယောက် ရဲ့ အင်အားပါတဲ့ Proactive action  တွေ၊ စကား တွေ၊ စေတနာ အနစ်နာခံမှု တွေ ကို အသေအချာ မြင်နိုင်၊ ကြားနိုင် ကြပါစေ။
သူရဲ့ Circle of Concern တွေ အတွက် ပံ့ပိုး ပေးနိုင်မဲ့ တူညီတဲ့ Circle of Influence ရနိုင်ဖို့ အားလုံး ညီညီညွတ်ညွတ် သူ့နောက်မှာ ကပ်ပါ ပြီး ပံ့ပိုး ပေး နိုင်ကြပါစေ။
…….. လို့ ဆုတောင်းပါတယ်။
ထိုသို့သော ဆုတောင်း အတွက် ဤသို့သော မှီငြမ်း ခိုးချ စာကြီး ကို ဖန်တီး လိုက်ပါသည်။

မြန်မာပြည် မှာ အာဏာ ကြောင့်မို့  Circle of Influence က ကြီးနေပေမဲ့ စေတနာမဲ့စွာ၊ ပညာမဲ့စွာ Circle of Concern  ကို သေးထား တဲ့ Reactive people  များ အကြောင်းတော့ မပြောတော့ပါဘူး။
အဖေ က “သမီး ရယ် သူတို့ အညစ်အကြေး တွေ ကိုယ့်ဆီ မကူး ပါစေနဲ့” ဆိုလို့။

ဒါနဲ့ မဆီမဆိုင် စကားမစပ်။
ဒီအပါတ် တိုင်းမဂ္ဂဇင်း ထဲမှာ  ရွှေပြည်ကြီး ရဲ့   မင်းသား တစ်ချို့ ပုံ ပါတယ် ဆရာ။
ပုံ(၄) မှာကြည့်။ အပေါ်က Reactive People  တွေ အကြောင်း နဲ့ ကပ်သွားတာ တော့ စောဒီး နော်။ :mrgreenn:

Time Magazine Article Picture
ပုံ(၄) – သူတို့

 

26 comments

  • ဂျက်စပဲရိုး

    November 30, 2014 at 8:37 am

    ပုံ ၂ ကို ကြိုက်တယ်..
    အခု reactive နေရာကနေ proactive ဖြစ်ဖို့ ကြိုးစားလိုက်ပါဦးမယ် အရီးရေ…. း)

  • weiwei

    November 30, 2014 at 9:58 am

    ဖတ်ရုံသာမဟုတ်ပဲ တကယ်လိုက်နာရမယ့် အကြောင်းအရာတွေပါ …
    ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် ဆိုတဲ့ စကားအတိုင်းပါပဲ .. အားလုံး အတူတူကြိုးစားကြရင် ဖြစ်လာမှာပါ ..
    ပုံ (၄) ကိုကြည့်ရတာ စက်ရုပ်တွေနဲ့ပဲ တူနေတယ် …

  • ဒီတစ်ပိုင်းကို ဖတ်မှ…
    ကိုယ့်ကိုယ်ကို ဉာဏ်ရည် နိမ့်နေသေးမှန်း သတိထားမိတယ်…

    ကိုယ်မတွေးနိုင်တာတွေ..တွေးပြ ရေးပြ ပေးသွားတဲ့အတွက်လည်း.
    ဖတ်ရတာ…ကျေနပ်စွာ..ကျေးဇူးတင်ပါတယ်… ။

  • uncle gyi

    November 30, 2014 at 10:43 pm

    ဒေါ်စုကိုရံတာကလဲဘယ်လိုလူတွေရံသလဲကအရေးကြီးပါမယ်

  • kyeemite

    December 1, 2014 at 1:27 pm

    .ပိန်ပိန်ပါးပါး မိန်းမ တစ်ယောက် ရဲ့ အင်အားပါတဲ့ Proactive action တွေ၊ စကား တွေ၊ စေတနာ .အနစ်နာခံမှု တွေ ကို အသေအချာ မြင်၊ ကြား နေပါကြောင်း 🙁

  • ko six

    December 1, 2014 at 8:40 pm

    စိန်​စပဲရိုးဖြစ်​​ကြောင်​း ​ထောက်​ခံ ပါရ​စေ

  • မြစပဲရိုး

    December 2, 2014 at 1:07 am

    မှတ်ချက်လေးများ ကို တစ်ခုတ်တစ်ရ ချ ပေးသွား သော
    မောင်ဂျက် ၊ ဝေ၊ ဆက်ဆက် ၊ အန်ကယ်ကြီး၊ ကကြီးမိုက် နဲ့ ကိုစစ် တို့ ကို ကျေးဇူးတင်ပါတယ်။
    :))

    မောင်ဂျက်
    proactive ဖြစ်ဖို့ ဆန္ဒရှိတယ် ဆိုကထဲက proactive ဖြစ်နေပါပြီ။
    အဲဒါလေး နဲ့ စွဲစွဲမြဲမြဲ သတိမပြတ် ရှိဖို့သာ ထိန်းရမှာ။
    ပြသနာက maintenance က ပိုခက်တာဘဲ။ ဟိ။ 😉
    မင်း အရီးလဲ ကြိုးစားနေတုန်း။
    အခု ချိန် မှာ ကိုယ့် Role model က ဒေါ်အောင်ဆန်းစုကြည် ပေါ့။
    ကျောင်းတုန်းက Role model တွေက ဆရာမကြီး ဒေါ်ခင်မေလှ၊ ဒေါ်တီမေသိန်း နဲ့ ဒေါက်တာ နုနုယဉ်။
    ကျောင်းတစ်ဝက် အလုပ်တစ်ဝက် ကျတော့ စာရင်းစစ်ချုပ် ညွှန်ချုပ် ဒေါ်ခင်သန်းတင်။
    အင်မတန် ထက်တဲ့ တော်တဲ့ မိန်းမ တွေ မြန်မာပြည် မှာ တစ်ပုံ တစ်ပင်ပါ။
    သူတို့လဲ proactive သမားတွေ။ :))

    ဝေ ရေ
    အဲဒီ proactive စိတ် က အလုပ်ထဲ မှာ တကယ် အကျိုးများစေတာကတော့ ကိုယ်တွေ့ပါဘဲ။
    တကယ်ဘဲ စိတ်တူ သူတွေ စုပြီး တွန်း ရင် ရွေ့မယ် မျှော်လင့်ပါတယ်။
    တွန်းတဲ့ လားရာ တူဖို့ဘဲ လိုတယ်။
    စက်ရုပ် တွေက စာမျက်နှာ နှစ်မျက်နှာ အပြည့်။ Scan ဆွဲလို့ မဆန့်လို့ တစ်ဝက် ဘဲ ပြနိုင်တာ။
    အမိန် နာခံချက် ကိုတော့ လေးစားပါရဲ့။
    ဒါပေမဲ့ Management အလုပ်က Robot တွေ ကို ခိုင်းလို့မှ မရတာလေ။

    ဆက်ဆက် ရေ
    လောကကြီး ထဲ ဘယ်သူ က ဉာဏ်ရည် နိမ့်တယ်၊ ဘယ်သူ က ဉာဏ်ရည် သာ တယ် လို့ သတ်မှတ်လို့ မရပါဘူး။
    အားလုံးက သူအဆင်း နဲ့ အလင်း နဲ့ပါ။
    အဲဒါကို နေရာကျ အောင် အသုံးချ နိုင်ဖို့ ဘဲ လိုပါတယ်။
    အရီးလဲ တော်လှန်ရေးနေ့ အသက် တုန်းက ဘာမှ သိပ်မဟုတ်ပါဘူး။
    အခု အဲဒီ ၂ဆ ဖြစ်လဲ ဘာမှ သိပ်မဟုတ်ပါဘူး။ lol:-)))
    တစ်ခုဘဲ။ စိတ်တော့ အရင်လို သိပ်မကြီး တော့ဘူး။ အထင်။ 😉

    အန်ကယ်ကြီး
    { ဒေါ်စုကိုရံတာကလဲဘယ်လိုလူတွေရံသလဲကအရေးကြီးပါမယ် } ဆိုတဲ့ ဆက် တွေး စရာလေးချ ပေးလိုက်လို့ အစိမ်းချယ် လိုက်ပါတယ်။
    တစ်ခါတစ်ခါ ကျွန်မ လဲ တွေးမိတယ်။
    တစ်ဖက်နဲ့ ပြိုင်ရာမှာ ဒိတ်ဒိတ်ကြဲ ပေါ်ပြူလာ ဖြစ်တဲ့ သူ တွေ ဖြစ်စေချင်တယ်။
    ကျွန်မ တစ်ကိုယ်တွေး နော်။ ပြည်တွင်းမှာ လူချစ်လူခင်များပြီး တကယ်ဘဲ အများအကျိုး လုပ်နေသူတွေ အများကြီးပါ။
    ဥပမာ – ကိုကျော်သူ၊ မရွှေဇီးကွက် ၊ ကိုဇာဂနာ၊ ကိုမင်းကိုနိုင်၊ ကို ကိုကိုကြီး စသဖြင့် ပေါ့။
    နောက် လူသိမများပေမဲ့ ပညာရပ် ဆိုင်ရာ တော်သူ တွေ ကိုလဲ ပါစေချင်တယ်။
    ခရိုနီ တစ်ချို့ ကို တောင် ကိုယ့်ဘက်ထဲ ရှိနေအောင် စည်းရုံးသင့်တာ။
    ဒါပေသည့် အထဲ က လက်ရှိ လူများက ဘယ်လောက် သဘောထားကြီးနိုင်မလဲ မသိ။
    သူတို့ က စဉ်ဆက် လုပ်လာပြီး နေရာပေးတော့ တစ်ခြား သူ တွေ ရတယ် လို့ များ တွေးနိုင်မလား။
    တိုင်းပြည်အတွက် တကယ်ဘဲ တာဝန်ကျေဖို့ ဆိုရင် လေ ကျွန်မ အထင်ပေါ့။
    ကိုယ်လုပ်တာထက်သာသူ ၊ ပိုပြီး အစွမ်းရှိရှိ လုပ်နိုင်သူကို နေရာပေး လိုက်တာ ကလဲ တာဝန်ကျေခြင်း တစ်မျိုး ပါဘဲ။

    ကကြီးမိုက်
    ကျွန်မ အင်မတန် လေးစားမိသူ တွေထဲ မှာ ကကြီးမိုက် လဲ တစ်ယောက်အပါအဝင် ပါ။
    အမှန်တရား ကို လေးစားပြီး ဘက်မျှကြည့် တတ်သူမို့။
    ကျွန်မ စစ်သား တွေ ကို တကယ်ဘဲ ချစ်ပါတယ်။
    အခုလဲ အစွန်းရောက်များ ကိုသာ ဝေဖန်လိုတာပါ။
    အရင်က မတ် ၂ရ ဆို မနက်တိုင်း သွားပေါ့။
    သူငယ်ချင်း အဖေ ကြောင့် နဲ့ တစ်ခြား အကြောင်း တွေလဲ ပါသပေါ့လေ။ 😉

    ကိုစစ်
    အဘစိန် နဲ့များ ရောမွှေချင်လို့လား ကွဲ့။ lol:-)))
    ကျေးဇူးပါ။ :))

  • ဝင့်ပြုံးမြင့်

    December 2, 2014 at 7:10 am

    .ဒီပို့စ်အတွက် ကျေးဇူးအထူးပါပဲ အမလတ်ရေ။ ခေါင်းထဲ နက်နက်ရှိုင်းရှိုင်းကို ဝင်သွားလို့။ မျှစ်မ အခြေအနေက concern အဝို်င်း မတရားကြီးနေတာပါ။ ကို်ယ်မတတ်နိုင်တာတွေကို ဘေးချိတ်ပြီး တတ်နိုင်တာကိုပဲ လုပ်ဖို့ ဒီပို့စ်က တွန်းအားကြီးပါတယ်။

  • ခင်ဇော်

    December 2, 2014 at 7:56 am

    အဲဒီ သီဝရီ အရ ဆိုရင်တော့ လူတစ်ယောက် က
    Proactive လား
    Reactive လား ဆိုတာ အခက်အခဲ ကြီးကြီးမားမား လောကဓံ ၈ ပါးက ချောင်ပိတ်မှပဲ သိနိုင်လေမလားးး 🙄
    :mrgreenn:

    ကြီးမေရဲ့ အရည်အသွေးက တော့ မှတ်ကျောက်အမျိုးမျိုးနဲ့ စမ်းသပ်ခံပြီးသလိုပဲ သိနိုင်ပါပြီ။
    ထမင်းစားကြီးရင်တော့ သိနိုင်ကြလောက်ပါပြီနော့။
    :mrgreenn:

    ဟိ။
    ပြောလိုရင်းက ဒါမဟုတ်သေးဘူးး
    အရီး စာဖတ်ပြီး ကွကို ဘယ်လို လူမျိုးမှန်းကို မသိလို့။
    ဟိ။
    ကြုံရင် ကြုံသလို အရူးချီးပန်း စဉ်းစား ဖြေရှင်းတာဆိုတော့ Proactive ထဲ မပါတာတော့သေချာတယ်။ ခိ။

    :k:

  • weiwei

    December 2, 2014 at 9:44 am

    ကျွန်မရဲ့ သူငယ်ချင်းတော်တော်များများက စက်ရုပ်တွေဖြစ်နေတယ် အရီးရေ …
    သိပ်တော်တဲ့ဦးနှောက်ပိုင်ရှင်တွေက စက်ရုပ်တွေဖြစ်နေလို့ အရမ်းနှမြောမိပါတယ် …

    မောင်လေးတစ်ယောက်လိုရင်းနှီးတဲ့ စက်ရုပ်လေးတစ်ရုပ်ကို မင်းဘာလို့ စက်ရုပ်လုပ်နေတာလဲလို့ မေးကြည့်ဖူးပါတယ် .. သူ့အဖြေက .. တိုင်းပြည်ကို အုပ်ချုပ်ချင်လို့တဲ့ …
    ဘုရား .. ဘုရား .. လို့သာ စိတ်ထဲမှာ အကြိမ်ကြိမ် တမိတယ် …

    • ခင်ဇော်

      December 2, 2014 at 9:54 am

      အာ့ကြောင့်
      သများလည်း စက်ရုပ်တိုင်းပြည်မှာ နေပြီး စက်ရုပ် ဖြစ်မသွားအောင်
      နှလုံးသား နဲ့ အသည်းကို များများ အလုပ်ပေးနေရတယ်။
      ဟိ။
      :mrgreenn:
      အဲ။
      သာမာန်အားဖြင့်တော့ သများတစ်ကိုယ်လုံးမှာ အလုပ်လုပ်ရဆုံး အပိုင်းက အစာအိမ်ပဲရယ်။
      ဟိ။

      :mrgreenn:

  • ဦးကြောင်ကြီး

    December 2, 2014 at 11:02 am

    စိုင်မစိုင်ဒေါ့ မီသိဗူး… ဒီမှာ ဝင်ပြောမဲ။ အနော်က သီအိုရီ သီအိုရက်တွေဆို သိပ်မုံးဒယ်.. နားလည်း အလည်ဖူး.. နားလည်ဖို့လဲ အကျိုးဇားချဉ်ဖူး..။ ဘာဖြစ်ဖြစ် ရွာသူရွာသားများ ချီးကျူ းနေမှဒေါ့ ကောင်းလို့ဖြစ်မှာပေါ့.. ဗယာဘိုပါ အတ်တီလံ…။
    မြန်တျန့် နိုင်ငံရေး မြန်တျန့်ဘောလုံး လောကနဲ့တူဒယ်။ ဒီလူတွေပဲ လှည့်ပတ်ကန်နေဒါ တိုးတက်မလာတာလဲ မပေါနဲ့။ မှီလိုက်တဲ့ခေတ်ကဆို တခါလာလဲ သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ မောင်မောင်ဦး၊ ကြည်လွင်… နောက်တခါလာလဲ သူတို့ပဲ။ ငယ်ငယ်က ဒိုင်လူဂျီးထဲမှာ အရာခံဗိုလ်ဦးတင်အောင်၊ ဒုအရာခံဗိုလ်ဦးဘရီ၊ နောက်.. တပ်ကြပ်ကြီး ဦးလှသိန်းဆိုလား ရှိတယ်..။ ဘာပွဲလုပ်လုပ် သူတို့နာမည်ပဲ တွေ့ရတယ်။ အသစ်မွေးထုတ်ပါဆိုလဲ ကွင်းမရှိ၊ ပစ္စည်းပစ္စယမရှိ.. ဒီတော့ လက်ရှိလူလောက် ဟုတ်ဟုတ်ငြားငြား ထွက်မလာနိုင်။ လောင်းရိပ်မိတာက တမျိုး.. ရေခံ မြေခံ မကောင်းတော့တာက တမျိုးဆိုတော့.. ဘာပဲလုပ်လုပ် ပိုမထူးလာတော့ပါ။
    နိုင်ငံရေးမှာလဲ ဒီအဖိုးဂျီး ဒီအဖွားဂျီးဒွေပဲ လှည့်ပတ် အုပ်ချုပ် ရန်ဖြစ်နေတော့ ဒီပုတ်ထဲက ဒီပဲသာ ဖြစ်တော့အုံးမယ်။ အဲလိုပြောတော့ ကျေးဇူးကန်းရာ ရောက်သွားကောင်းသွားမယ်.. ဖြစ်ဆင်ကို ဖင်ပြခြင်း သက်သက်ပါ။ စစ်တပ်မှာလဲ အတွေးသစ် အမြင်သစ်မရှိ.. အတိုက်အခံမှာလဲ ဘွားဒေါ်ဂျီးလောင်းရိပ် မိနေဂျပြီ။
    ကော်ပိုရိတ်စီးပွားရေး လောကမှ မအောင်မြင်တဲ့အခါ အကုန်ဖြုတ်ထုတ်သတ်ပဲ။ အန်ဂျီအိုလို အစိုးမရဌာနတွေလို ဟိုအကြောင်းပြ ဒီအကြောင်း ဆောရီးပဲ။ အများပိုင်ကုမ္မဏီတခုရဲ့ စွမ်းဆောင်ရည်ကို ဈေးကွက်က သက်သေခံတယ်။ ရင်းနှီးမြှုပ်နှံသူတွေက မကျေနပ် စီအီးအို စီအက်အို ဘာအိုညာအို အကုန်ညောင်း.. နောက်တယောက်တက်..။ တက်သူကလဲ များသောအားဖြင် သွေးသစ်လောင်းတယ်၊ အကုန်ပြောင်းပစ်တယ်။ မတူတာက နိုင်ငံခြားမှာက ရေခံမြေခံကောင်းတယ်၊ လူစွမ်းကောင်းတွေ မရှားဘူး။ ဒီတော့ တဗိုလ်ကျ တဗိုလ်တက် သိပ်ခေါင်းမစား။ မြန်ကျန့်ပြည်ကြတော့ ဗျောင်းဗျံမို့ ရှိတာလေး အတင်းဖက်တွယ်ထားရတယ်။ ရလဒ်က အပြောင်းအလဲ ဖြစ်မလာတော့။ အပြောင်းအလဲဆိုတာ လူသစ်တွေ လူငယ်တွေကသာ လုပ်ရဲတယ် လုပ်ချင်တယ်။ အတွေးသစ် အမြင်သစ်နဲ့ လူငယ်တွေ နေရာမရသ၍ ဘာတွေပြောပြော ဒုံရင်းက ဒုံရင်းပဲ ဖြစ်မဲ။

    • pooch

      December 2, 2014 at 11:49 am

      ဟုတ်ပါ့ဗျာ ရေခံမြေခံမကောင်းတဲ့အပြင် လူငယ် လူသစ်မွေးထုတ်မပေးနိုင်သေးသရွေ့ ဘယ်သူဘယ်လောက်ကောင်းကောင်း သူမရှိရင် ပုဂ္ဂိုလ်စွဲနဲ့ တင် ပြသာနာတက်နိုင်သေးတယ်
      နှစ် 50 လောက်တော့ အသာလေး စောင့်ရအုန်းမှာ ဒီနှုန်းနဲ့ ကိုယ့်တသက်လည်း မှီနိုင်ဖွယ်မရှိ
      ပြောခွင့်ရှိ ပြောပေးနိုင်တာကိုပဲ ကျေနပ်ရတော့မလိုလို

      ဒါပေမဲ့ ကိုယ်က ပရိုအက်တစ် ဖြစ်နိုင်ရင်တော့ အပြုသဘောဆောင် အကောင်းမြင်ပြီး ကိုယ့်နေရာ ကိုယ့်ဝန်းကျင်လောက်တော့ ပိုးစုန်းကြူးလို မီးပြပြလေး ဖြာပေးချင်သေးတာ

      နောက်ဆုံးတော့လည်း ကိုယ်သာလျှင် အဓိက မိမိကိုယ်သာ အားကိုးရာ ကိုးကွယ်ရာ

      ပရိုအက်တစ်ဖြစ်ချင်သလား ဆုတောင်းလေ ဆုတောင်း ကွကိုယ်ပြောပါတယ် ဟီး :loll:

  • ko six

    December 2, 2014 at 1:30 pm

    စိန်​ဆိုတာ မာခြင်​းအဆင်​့ကိုဆိုလိုတာပ
    အဆိပ်​ဖြစ်​​ကြောင်​းမဆိုလို…
    မှန်​ဖြတ်​နိုင်​​ကြောင်​း ​ထောက်​ခံလိုရင်​းသာ

  • Yae Myae Tha Ninn

    December 2, 2014 at 3:22 pm

    အရီးနောက်ဆို ဥပမာလေးနဲ့ ထည့်ရှင်းပါလား…ခုက သီအိုရီချည်းပဲဆိုတော့ ရုတ်ခြည်း မမြင်ဘူးလားပဲ… အနော်ညံ့တာလဲ ပါမှာပေါ့… တအားသဘောကျလို့ ၃ ခေါက်မြောက်ဖတ်တော့ သိသွားပြီ… ဟီး… ကျေးဇူးဗျာ.. 🙂

  • Shwe Ei

    December 2, 2014 at 3:49 pm

    NLD ဘယ်လောက်ဘဲဆိုးစေအုံး..စစ်အစိုးရလောက် အောက်တန်းမကျဝူးလို့ ယုံကြည်ပြီးသားဖစ်လို့
    အမေစုကို အပြည့်အဝ ထောက်ခံပါအိ။
    ပရိုအက်တစ် သမားတွေဘယ်လောက်ဘဲ ဖိနှိပ်ခံရစေအုံး အခွင့်အရေးကောင်းဆိုတာ တကွေ့ မဟုတ် တကွေ့ ရှိကို ရှိနေတယ်ဆိုတာလဲယုံကြည်ပါအိ 🙂

  • မြစပဲရိုး

    December 3, 2014 at 12:13 am

    မှတ်ချက်ချ ပေးကြသော
    .. ပြုံး၊ ဇီ၊ ဝေ၊ ကြောင်၊ ပု၊ စစ်၊ နင်း၊ အိ တို့အား ထပ်မံ ကျေးဇူး တင်ပါတယ်။

    ပြုံးညီမ
    ဝင်ဖတ်ပြီး အားဆေးပေးသွားလို့ ကျေးဇူးပါ။
    တစ်ခါတစ်လေ လက်ရှိ ဘဝ မှာ ကြီးပြင်းလာတဲ့ ပါတ်ဝန်းကျင် ရဲ့ အငွေ့တွေ ရိုက်နေတာ ငြင်းမရဘူး။
    ဒီကြားထဲ မှာ ဒီလောက် အောင်မြင်အောင် ကိုယ့်ကိုယ်ကို ပုံသွင်း လိုက်နိုင်တာ တကယ်ဘဲ လေးစား အားကျစရာပါ။
    အသင့်စားရုံ အေးအေးဆေးဆေး ဘဝ မှာ အောင်မြင် ထက် ဘဝ နာနာ နဲ့ အောင်မြင်တာက ပိုပြီး အောင်မြင် တယ် ခေါ်နိုင်မလားပါဘဲ။ :))

    ဇီကလေး
    လောကဓံ ၈ ပါး ကို သေချိန်ထိ မတွေ့ဘူးသူ ရှိ/မရှိ ၊ ရှိရင် ဘယ် အရွယ်လောက်မှာ စတွေ့လဲ၊ ဘယ်လို အကြောင်းလဲ၊ ဘယ်လို ဖြေရှင်းခဲ့လဲ၊ ဖြေရှင်း တာ အောင်မြင်/မမြင် Research လုပ်ကြည့် ချင် စိတ် ပေါ်မသွားဘူးလား။
    Proactive ဟုတ်ဟုတ် မဟုတ်ဟုတ် လောကကြီး ကို ကောင်းကျိုး ပြုချင်စိတ် ရှိရင် ကို ဟုတ်လှပြီ။ :))

    ဝေ ရေ
    သူတို့ စာသင်ခန်း ထဲ ဘာတွေ သင် နေလဲ ဆိုတာ ဝင်ပြီး နာထောင်ချင်စိတ် ပေါက်နေမိတယ်။ :))

    ကြောင်ကြောင် ရယ်
    အတွေးသစ် အမြင်သစ်နဲ့ လူငယ်တွေ ဆိုတာ ကိုယ့်လမ်းကိုယ်ဖောက်ပြီး နေရာယူတတ် တဲ့ အစွမ်းရှိရပါမယ်။
    တကယ်တာဝန်ယူရဲ ရင် တာဝန် ဆိုတာ မပေးလဲ သူ့ဟာသူ ရလာတာလို့ ထင်တာပါဘဲ။
    အောင်ဆန်း ကို ဘယ်သူက တာဝန်ပေးခဲ့ လို့လဲ ကွယ်။
    မြန်မာပြည်က လူတွေ အများစုက Appreciate လုပ်တတ်ပါတယ်။
    တကယ်ဘဲ တော်ရင် လုပ်ရဲရင် အစွမ်းရှိရင် ထွက်သာ ထွက်လိုက်။
    အာရုံ ပြောင်း သွားကြမှာ အသေအချာ။
    လူတစ်ယောက် ကိုဘဲ အားကိုး ရတာ ဘယ်လောက် ပျင်းဖို့ ကောင်းလဲ အားလုံး အသိပါ။
    အခုက လေသေနတ် တွေများနေတာ။
    ရှင်ရော၊ ကျွန်မရော အပါအဝင် ပေါ့။ lol:-))

    ပုချ်လေး
    ဆုတောင်း ထက်
    ပရိုအက်တစ် မဖြစ် ရင် ဖြစ်ဖို့ ကံ မပါလို့ ဘဲ လို့ လွှဲချလိုက်တာ ပိုတောင် လွယ်သေး။ 😉

    ကိုစစ် ရဲ့
    အဘစိန် နဲ့ မရောမှန်း သိပါတယ်။ တမင်နောက်တာပါ။
    အခုလို အဓိပ္ပါယ်လေး ရှင်းပြလို့ ကျေးဇူးပါ။
    သို့ပေမဲ့ “စိန်” ကို ဟိုမင်းသား “စိန်ကြက်ဆင်” ဦးပြီး နေပါပေါ့။
    ဒင်းလဲ ပျောက်နေတာ အကင်များ ဖြစ်သွားပြီလား မသိ။ :))

    နင်းနင်း
    လာမယ်။ လာမယ်။ ဒီလို ပွဲတောင်း ရင်ဖြင့်။ ဟိ။
    ၃ခေါက်တောင် ဖတ်ရလို့ ၃ခါ အာဘွားတောင်းလိုက်။ တူမလေး ဆီက။ အရီး က ပြောတယ်လို့။
    အရီး ကလဲ ကျေးဇူးပါ။ :))

    ချွေ၏
    အရီးလဲ အတင်း ကို အားတင်းပြီး ယုံကြည်ပါအိ။
    ရဲ ဇာတ်လမ်းလဲ ဆက်ပါဦးလေ။
    မေတ္တာဆိုတာ အသွားအပြန် ရှိသတဲ့။
    ဒင်း ဘယ်လောက် စိတ်ရှည်တတ်သလဲ သိချင်စမ်းတော့။
    😉

  • ကန္နားစီး မိဂီ

    December 3, 2014 at 5:42 am

    စိတ်ညစ်တဲ့ယ့် ….

  • ဂျက်စပဲရိုး

    December 3, 2014 at 6:36 am

    လောလောဆယ်တော့ ဥပမာ ပြစရာ ရုံးက အရင်လ က မှ အလုပ်ထွက်သွားတဲ့ အနော့် မန်နေဂျာ အင်ဒီးယန်း ကြီး ရှိလေရဲ့။
    သူဆို အလုပ် နဲ့ ပတ်သက်ရင် သူ ကိုင်ထားရတဲ့ အပိုင်း(circle of influence) အပြင် တခြား ဆက်စပ် နေတဲ့ အပိုင်း(circle of concern) တွေ ကို ပါ လိုက်ပြီး နားလည်အောင် လုပ်တယ်။
    user တွေဘက်က လိုအပ်တာတွေ ရှိရင်လဲ အဲ့ဒီ တခြား အပိုင်း ကို ကိုင်တွယ် ရတဲ့ မန်နေဂျာ တွေနဲ့ ဆက်သွယ်ပြီး အဆင်ပြေအောင် လုပ်ပေးတယ်။

    အဲဒီတော့ အလုပ်ရဲ့ business flow/ system flow တစ်ခုလုံး ကို သူမသိတာ မရှိ ဖြစ်လာရော။
    Circle of Influence ကြီး ကြီးလာတဲ့ သဘော။
    ဒီတော့ user တွေက တစ်ခုခု ကို သူ့ကိုပဲ မေးရ အားကိုးရနဲ့ ရာထူးတွေလဲ တက် သူ ကိုင်တွယ် ရတဲ့ scope တွေလဲကြီးလာတာ။

    အခု သူ အလုပ်ထွက် သွားတော့ ကျန်တဲ့ လူတွေ က ယက်ကန် ယက်ကန် နဲ့ ကို ဖြစ်လို့…..

    ကိုယ်ဒေ ပိုဆိုးတာပေါ့။ နောက် လာမယ့် မန်နေဂျာ ဆိုတာက အိစိ အိစိ နဲ့… ဒွတ်ခ ကို ရောက်ကရော ဟီးဟီး

  • hmee

    December 4, 2014 at 12:47 pm

    အရီး​ရေ ဝင်​ဖတ်​သွားပါတယ်​။ ကိုယ်​မသိတာ​တွေမို့ ​သေ​သေချာချာဖတ်​ မှတ်​သားရပါတယ်​။

  • kai

    December 4, 2014 at 5:00 pm

    လေသေနတ်ဆိုပေမယ့်.. ဘယ်အချိန်.. ဘယ်နေရာမှာ ဘယ်သူ့ကို.. တားဂက်ထားပစ်တာလည်း.. အရေးကြီးတယ်ထင်မိတယ်..။
    လုပ်နိုင်တဲ့သူတွေဟာ.. လုပ်နိုင်တာလေးတွေကို.. လုပ်ပေးသွားရင်..တနေ့နေ့မှာ.. အပြောင်းကို မြင်ရမှာပါပဲ..။

    ဆိုတော့..
    မီဒီယာက.. Circle of Influence သိပ်ကြီးတယ်လို့.. ထင်..။ :k:

  • Mr. MarGa

    December 4, 2014 at 5:17 pm

    Circle of Concern က
    Circle of Influence ကို နိုင်လာရင်…..
    🙄

  • မြစပဲရိုး

    December 6, 2014 at 5:30 am

    ဝင်စိတ်ညစ်သွားသော မောင်ဂီ၊ မောင်ဂျက်၊ မှီ၊ သူကြီးမင် နဲ့ ဖိုးသကြား တို့ အား ကျေးဇူးတင်ပါတယ်။
    ဟိုဘက်မှာ ဝင်မန့် ပေးသော မစုဉာဏ်၊ အန်ကယ်ကြီး၊ ကြောင်ကြောင် နဲ့ အစ်မဒုံ တို့ကိုလဲ ကျေးဇူးတင်ပါတယ်။
    Reply လုပ်ဖို့ နောက်ကျ နေတာ လဲ ခွေးလွှတ် ကြပါ။

    ဟိုနေ့ထဲ က နင်းနင်း က ဥပမာ လေး နဲ့ ထည့်ရှင်းပါလား ဆိုတာ ရှင်းဖို့ စိတ်ကသာရောက် လက်က မရောက် နိုင်တာပါ။
    ကိုယ်ထင်တာ ဥမပါ နဲ့ ရွှီး ရရင်တော့ …
    တို့ တွေ ရွာထဲ ကို ဘဲ ကြည့်ရအောင်။
    ရွာထဲ ဝင်လာကြည့် တယ်။ ရွာ က တိတ်နေတာ တွေ့တယ် ဆိုပါတော့။
    ဒီအတိုင်း ကြီး ခြောက်ကပ် မနေစေချင်ဘူး။ စည် စေချင်တယ်။
    ဒါက Circle of Concern ပေါ့။
    ဒါပေမဲ့ ကိုယ့်မှာ အချိန်မရှိဘူး။ အင်တာနက် ကို သုံးချင်သလောက် သုံးဖို့ ဘတ်ဂျက် မရှိဘူး။
    ဒါက Circle of Influence ပေါ့။
    ဒီ အခြေအနေ က Circle of Concern ကြီးပြီး Circle of Influence က သေးနေတော့ ရွာ ကို စည်အောင် စိတ်ရှိလဲ လုပ်ဖို့ အားမရှိဘူး။
    တစ်ချို့ကျ အချိန်လဲ ရှိမယ်။ အင်တာနက်လဲ သုံးချင်တိုင်း သုံး နိုင်တယ်။
    ဒါပေမဲ့ ရွာ စည်ချင် စည်၊ တိတ် ချင် တိတ် စိတ်မဝင်စားဘူး။
    ဒီ အခြေအနေ က Circle of Influence က ကြီး နေလဲ Circle of Concern သေးနေတော့ ရွာ ကို စည်အောင် လုပ်ဖို့ အင်အား ရှိပေမဲ့ လုပ်ပေးဖို့ စိတ်မရှိဘူး။
    ရွာထဲ စည်ဖို့ ဆန္ဒပြင်း သလောက် အချိန်လဲ ပေးနိုင်မယ်၊ အင်တာနက် လဲ ပေါ မယ်၊ ခေါင်းထဲလဲ ရေးချင်တာ တွေ ရှိမယ် ဆိုရင် ရွာထဲ ဖတ်ရတာ တွေ မျက်စိလည် မယ် တောင် မထင်။
    (စာဖတ်တာမို့ လက်လည် သုံး မရလို့)
    တစ်ချို့ လဲ အချိန်မရ၊ အင်တာနက် မကောင်း လဲ အတင်းဖြစ်ညှစ် ပြီး ရွာထဲ ဝင်လာ တာက ကိုယ့် ရဲ့ Circle of Influence ကို ချဲ့ ပေးလိုက် တဲ့ သဘောပေါ့။
    သိပ်ပြီး ကောင်း တဲ့ ဥမပါ ပေမဲ့ အကြမ်းဖျင်း မြင်အောင်ပါ။
    မှန်မမှန် ဟုတ်မဟုတ် တော့ ကြုံ ရင် အဲဒီ စာရေးသူ ကို မေးလိုက်ပါ့မယ်။
    အခုတော့ အရီး ရွှီး တာ အမှန်ပေါ့။ :))

    မောင်ဂီ
    စိတ်ညစ်တယ် လိပ်ဖြစ်တာ အခွံထူ လို့တဲ့။ အဖွားပြောတာ။ ဘာ ဆိုလိုတယ်တော့ မသိ။ 😉

    မောင်ဂျက် ရယ် အဲ့လို မန်နေဂျာမျိုး နောက် တစ်ယောက် တောင် ထပ် မရ နိုင် တဲ့ လုပ်ငန်း ရဲ့ “ကံ” ပါဘဲ။
    lol:-))
    ဝင်ဆွေးနွေးပေးတာ ကျေးဇူးပါ။

    မှီရယ်
    မအား တဲ့ကြား က ဝင်ဖတ်သွားတာသိလို့ ဝမ်းသာလှ တယ်။

    ဖိုးသကြား လေး
    Circle of Concern က
    Circle of Influence ကို နိုင်လာရင်…..
    သိကြားမင်း တောင် ပါဝါ လျှော သွားမလားဘဲ။
    နတ်၊ သိကြား များ မှာတော့ စိုးရိမ်စိတ်မရှိကြဘူး ထင်ရဲ့။
    သို့ပေသည့် ဒီနှစ် တို့ ရွှေပြည်ကြီး သင်္ကြန် ကို သိကြားမင်း လာရဲ တော့ မယ် မထင်။
    ဟို ဥပဒေ နဲ့ ငြိ နေလို့ သူ့ ကြင်ယာတော် များ စိတ်ပူနေရှာမစိုးလို့ တဲ့။ 😉

    {kai says: မီဒီယာက.. Circle of Influence သိပ်ကြီးတယ်လို့.. ထင်..။ }
    မပြောမရှိ နဲ့ ဒီ ဂဇက် ရွာက လွှတ်တော်ထဲ ထိ ပေါက် ဆိုဘဲ ဗျ။
    ဟာဟ။ lol:-))

    မစုဉာဏ်
    စာရေးကောင်း အတွေးကောင်း သူလေး ဝင်အားဖြည့် သွားပေးတာ ကျေးဇူးပါ။

    အစ်မဒုံ
    အမှန်တော့ Proactive နဲ့ Reactive ကြား မှာ ကျွန်မ တို့ တော်တော်များများ ရှိ နေတာ လို့ ထင်ပါတယ်။
    ရှေ့တိုးလိုက် နောက်ပြန် ရှောကျ သွားလိုက်နဲ့ပေါ့။ :))

    • Mr. MarGa

      December 8, 2014 at 11:19 am

      ရှေ့တိုးလိုက်.. နောက်ဆုတ်လိုက်..
      Everyday, I’m shuffling….. :mrgreenn:

      • မြစပဲရိုး

        December 8, 2014 at 2:14 pm

        အဲဒါကို က ပညာ ဘဲ ဖိုးသိကြားလေး ရဲ့။
        .. ညှိယူခြင်း လေ။
        မင်း မဆိုးပါဘူး။ :))

  • မြစပဲရိုး

    July 27, 2016 at 3:30 am

    ပုံတွေ ပျက်နေပြီ။ အားလုံးကိုတော့ ပြန်မထည့် နိုင်သေးလို့ တစ်ပုံ ဘဲ ရှာထည့်ထားတယ်။

    မောင်ဂျက် – အခု မင်းက အဲဒီ အင်ဒီးယန်းကြီး နေရာ ရောက်လာပြီ ဆိုပါစို့။
    လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်က မင်းရဲ့ မှတ်ချက်မှာဘဲ အခု မင်း ဆောင်ရ ရှောင်ရမဲ့ အချက် တွေ ရှိနေလေရဲ့။ :-)))

Leave a Reply