အ​ပြေးအလွှား

ko sixDecember 1, 20141min1315

နှစ်​ချို့ဝိုင်​က
ငါတို့မ​သောက်​ခင်​
သက္ကရာဇ်​တွေကို စားခဲ့
​ဒေါင်​ကျကျပြားကျကျစိတ်​ဓာတ်​ကို
​ဒေါင်​းလန်​းနဲ့စားခဲ့ဖူးမှ သိနိုင်​တယ်​
​ဆို​တော့
အိုမာခရမ်​​ရေ
ငါဝိုင်​တစ်​ခွက်​ထဲက ရုန်​းထွက်​​နေခဲ့တာကြာပြီ
အကာ​တွေအ​ရေခွံလန်​ကုန်​​အောင်​
ခု
စတင်​ခဲ့ပြီဆိုပါစို့။
ကိုစစ်​

5 comments

  • ဒီကဗျာလေး ကြိုက်တယ်..လို့။။။။
    အပြေးအလွှား လာပြောတာ… ။

    ကျနော်လည်း ဝိုင်တစ်ခွက်ထဲက ရုန်းထွက်ချင်နေသူတစ်ယောက်ပါ… ။

    :k:

  • မြစပဲရိုး

    December 2, 2014 at 1:13 am

    ဝိုင်ခွက်ထဲ က တိုးထွက်တာ အပေါ်မှာ ပေါင်မုန့်ကြီး က အပေါက်မှာတစ်နေတယ် ကိုစစ်ရဲ့။ 😉

  • kyeemite

    December 2, 2014 at 9:36 am

    .အပြေးအလွှား
    .ကလေးကစားသလို
    .ဝိုင်တွေကိုဝါးမျိုခဲ့
    .အနီအဖြူ မရွေးပါဘု
    .မဒီ ညူ စူမပြေးရအောင်
    .ပေးကွဲ့ နောက်တစ်လုံး။
    :k:

  • uncle gyi

    December 2, 2014 at 10:55 pm

    နှစ်ချို့ဝိုင်ကသက္ကရာဇ်ကို်စားတာလား
    သက္ကရာဇ်ကနှစ်ချို့ဝိုင်ကိုစားတာလာ

Leave a Reply