တကယ်ချစ်တာပါဆို

တောထဲကထွက် online ပေါ်ရောက်တော ့ ဖတ်စရာတွေက
အများသား။ mail တွေကိုစစ် စာပြန်သင် ့တာတွေပြန်..
facebook ထဲဝင် like တွေ လျှောက်ပေး comment ရေးနဲ ့..
နောက် ထုံးစံအတိုင်း တစ်စုံတစမယောက်ကို..
တွေ ့ပြီ…တွေ ့ပြီ! နှုတ်ခမ်းနီရဲရဲဆိုး မိတ်ကပ်ထူထူလိမ်းထားတဲ့
အသက် ၃ဝ ကျော်စ အပျိုရိုင်းမလေးတစ်ယောက်..
ကျနော် သူ ့ကိုသဘောကျမိတယ်။
ဒီတော ့ ခလုပ်လေးတွေနှိပ်ပြီး စာသဝဏ်ပါးလိုက်ပါတယ်။

အဲဒီ ့ခူးခက်ခက်ပန်းကိုမှ
ခင်လို ့သာတွယ်
ခူးဆွတ်လို ့ တစ်သက်ရွယ်ပန်

အပျိုရိုင်းမလေးနှုတ်က စကားတွေ ထွက်ကျလာတယ်။
နင်တို ့ယောက်ျားတွေ online ပေါ်ရောက်လာရင် လျှာရိုးမရှိတိုင်း တဲ ့။ ပြောမယ် ့သာပြောတာ အတွင်းသဘောက မနောပီတိဖြာနေပုံပဲ။ နေအုံးလေ ကဗျာက
ခုမှ အစပဲရှိသေးတာ။

ပန်…ပန်မယ်ကြံလည်း
မောင် ့ကေဟာ ကတုံးမို ့
ခွင် ့လွှတ်ပါအုံး…

ခွာတစ်ချက် ပေါက်သံနဲ ့အတူ အပျိုရိုင်းမလေးရဲ ့ နှာမှုတ်သံ
ပြင်းပြင်းတစ်ချက်ထွက်လာတယ်။
ဟွန် ့!
အလကား စတာပါ မမလေးရယ်။ အခု တကယ်ပြောပါ ့မယ်။

အဟုတ်တကယ် ဘုရားစူး
မကိုလေ ပျော် မညာဘူး
အိမ် ့ဝက်မကြီး မီးနေစဉ်က
သူ ့သားပေါက်လှ တစ်ကောင်ကိုလေဗျာ
မကိုလေ ရည်စူးလို ့
ပေးနာမည် ကပ်ဖူး။

ဒီတစ်ခါတော ့ အပျိုရိုင်းမလေး တကယ်တင်းသွားပြီ။
သေနာတောကောင်! ငါ ့ကို ပန်းနဲ ့နှိုင်းလိုက် ဝက်နဲ ့နှိုင်းလိုက်
ခု အဲဒီဝက် ဘယ်မှာလဲ။ သူ ့ပုံစံက တောတွင်းပျော်နဲ ့ ဝက်ကလေးကို အရှင်လတ်လတ် ရောသင်္ဂြုလ် မြေမြုပ်လိုက်ချင်ပုံ။ မဖြစ်ချေဘူး အမြန် ပြန်ဖြတ်ချမှ။

အဟီး!
တစ်နှစ်ကလေ…
ပျော် ့ဖေဖေ ရောင်းတုတ်လိုက်ပြီမို ့
ရှိတော ့ပါဘူး….

တောတွင်းပျော်
ပြေးပြီ….!

10 comments

  • ခင်ဇော်

    December 2, 2014 at 5:18 am

    ပျော့် ကလေးးးမ က ဝက်သားးးဒုတ်ထိုးးး စားးးချင်တာနေမယ်။

    :k:

    • တောတွင်းပျော်

      December 2, 2014 at 7:59 pm

      ဝက်သားဒုတ်ထိုးဗန်းလေးထဲမှာ တောတွင်းပျော်ဒုတ်ထိုး တုံးလုံးလေး
      လှဲနေတာ ပိုမြင်ချင်လိမ် ့မယ်ထင်ပါ ့။

  • ခွိ !!! :k:

    ကိုတောပျော်ရ ခင်ဗျားက လျှာအရိုးမရှိတိုင်း ပြောတဲ့အဆင့်မကတော့ဘူး။
    လျှာကို အရိုးတပ်ပြီး မွှေလိုက်တဲ့အဆင့်ဖြစ်သွားပြီဗျ။

    :k:

    ဒီကဗျာလေးဖတ်ပြီး ပြုံးစိစိနဲ့ ကြည်နူးပျော်ရွှင်ရတာမို့
    ရေးနိုင်တဲ့ ကိုတောပျော်ကို ဦးညွတ်ပြလိုက်ပါတယ်

    ချစ်ခင်လေးစားလျက်. . .

    • တောတွင်းပျော်

      December 2, 2014 at 8:04 pm

      ကိုအလင်းဆက်!
      ကျနော်က ဖတ်လိုက်ရင်ပြုံးစေ ပျော်စေမျိုးကို ရေးချင်တာ။
      ရေးတတ်ချင်တာ။
      ကိုကြောင်ကြီးကို အားကျပါ ့။

  • kyeemite

    December 2, 2014 at 9:32 am

    .တကယ်ချစ်တာပါ
    .အပြစ်ရှာစရာမတွေ့ပါဘု
    .နှစ်နှစ်ကာကာအချစ်တွေနဲ့
    .ပြစ်မသွေရိုးမြေကျပေါင်းပါ့မယ်
    .တောကမောင်ကြီး။
    :k:

    • တောတွင်းပျော်

      December 2, 2014 at 8:10 pm

      ဖနောင် ့နဲ ့ထပေါက်ချင်အောင် ရေးတဲ ့သူကို
      အခုမျိုး မေတ္တာထားနိုင်သေးရင်တော ့…

  • ခင် ခ

    December 2, 2014 at 10:26 pm

    မောင်ကေသာ ကတုံးထက်ဝယ်
    ပန်းပွင့်တာပန်းမယ်ဆိုလှ
    ခေါ်လို့သာပြချင်ရဲ့
    တောင်ထိပ်ဝယ်နေလုံးတင်တယ်
    ကြည့်ရ ရုပ်ဆိုး။

  • Kaung Kin Pyar

    December 6, 2014 at 9:25 am

    ဆိုးလို့သာ ဆိုးစေကွယ်…
    ရည်ရွယ်ရာ…စံပယ်တစ်ဖူး…
    မောင့်ချစ်သူ..ကေသာထက်..
    မှန်း…ဆက်ရည်စူး…

  • ဦးကြောင်ကြီး

    December 6, 2014 at 11:57 am

    ခလေးမ
    တသွေးလှ
    စာရေးကွ
    မနှေးကြွ
    နံဘေးက
    သူဌေးဝ
    အပြေးခွ
    အမလေးဗျ..

  • မြစပဲရိုး

    December 6, 2014 at 11:39 pm

    တကယ်ချစ်တာပါဆိုတာ အဲ့ ဝက်ပေါက်လေး ကို ပြောတာလား ဟင်။
    🙄

Leave a Reply