ကျနော်ရယ် ကျဆိမ့်တစ်ခွက်ရယ် ခွေးတကောင်ရယ်

alinsettDecember 2, 20141min24028

sunday မနက်က စက်ဘီးပျက်သွားတယ်။

 

စက်ဘီးပြင်ဆိုင်မှာ ပြင်နေတုန်း ပြင်တဲ့လူရဲ့မိန်းမက

သူ့ယောကျာ်းအတွက် လက်ဖက်ရည်ပါဆယ် ဆွဲပြီး ဆိုင်ထဲဝင်လာတယ်။

 

”ယောကျာ်းရေ. . .ဒီမှာ ရှင်ကြိုက်တဲ့ ကျဆိမ့်တဲ့။

 

အော်. . .ကျနော်လည်း ကျဆိမ့်ကြိုက်တာပဲ။

ဒါပေမယ့် ကျနော့်ကိုတော့ ကျဆိ့မ့်ကလေး ပါဆယ်ဆွဲလာပေးမယ့် အိမ်သူသက်ထားဇနီးမယားမရဘူး။

ကျနော် ဟာတာတာကြီးဖြစ်သွားတယ်။

 

ကျစိမ့်တခွက်လောက် သောက်လိုက်ချင်စိတ်ကလည်း ကြွတက်လာတယ်။

အထူးသဖြင့် ကျနော်ချစ်တဲ့ကောင်မလေးတယောက်က ဝယ်လာပြီး ခွက်ကလေးထဲ ထည့်တိုက်မယ့် ကျဆိမ့်ကို ဆာလောင်မွတ်သိပ်လာတယ်။

 

ပါဆယ်ဝယ်လာတဲ့ အဲ့ဒီကျဆိမ့်ကို ပြင်သူရဲ့ မိန်းမက ခွက်နှစ်ခွက်ထဲ လှယ်ထည့်တယ်။

 

တခွက်ကို သူ့ ယောကျာ်းဖြစ်သူ စက်ဘီးပြင်နေရာနား လာချတယ်။

 

နောက်တခွက်ကိုတော့ ကျနော့်ဘေးနား. .

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

မှာ ခွေအိပ်နေတဲ့ သူတို့မွေးထားတဲ့. . .ခွေးကြီးတကောင်ရှေ့ ချ လိုက်တယ်။

 

”ဘိုနီက. . .လက်ဖက်ရည်သိပ်ကြိုက်တာ. . .

လက်ဖက်ရည်တောင်မှ ကျဆိမ့်မှ ” လို့လည်း . . .

ကျနော့်ကို ရှင်းပြနေသေးတယ်။

 

ကျဆိမ့်နံ့သင်းသင်းလေး ရတော့ ဘိုနီက အိပ်နေရာကနေ ဝုန်းခနဲထပြီး ခွက်ပက်ပက်ထဲက လက်ဖက်ရည်ကို အငမ်းမရ ပလက်ပလက်နဲ့ ဆွဲနေလိုက်တာများဗျာာာာာာ။

 

ဘာပြောကောင်းမလဲ။ ကျနော့်ရင်ထဲ. . . .အိမ်သူသက်ထားမရှိလို့ ကျဆိမ့်ပါဆယ် ဝယ်လာ/တိုက်ကျွေးတာလေးကို ကြေကွဲစွာ အားကျငေးမော. . . ကြည့်နေချိန်နဲ့တပြိုင်နက် . . .

 

ကျနော် အရမ်းကြိုက်တဲ့ လက်ဖက်ရည်ကျဆိမ့်ကို ခွေးကြီးတကောင်က အငမ်းမရ သောက်ပြနေလေတော့

ပို ကြေကွဲသွားတယ်။

 

ဟာတာတာဖြစ်နေတဲ့ ခံစားမှုကနေ. . . . ဟာလာဟင်းလင်းကြီးကို ဖြစ်လို့။

 

တောက် !!!!

 

ဒီတစ်သက်တော့ ကျဆိမ့်လက်ဖက်ရည်တစ်ကြော ပြတ်ပြီကွ !!!

 

။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။

 

(လက်ဖက်ရည်ကျဆိမ့်မှကြိုက်သော ခွေးကြီးတကောင်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရခြင်းအမှတ်တရ)

 

ချစ်ခင်လေးစားလျက်. . .

 

မောင်သူရ

 

၂၀၁၄၊ဒီဇင်ဘာ၊၁

 

 

 

28 comments

  • ခင်ဇော်

    December 2, 2014 at 8:02 am

    အိုအေ။
    ဘာမှ ဟာတာတာမဖြစ်ပါနဲ့။
    အိမ်သူက ကျစိမ့်ပေးတာလောက်ပဲ မြင်ပြီး
    ကျန်တာတွေ အိမ်သူက
    နားပူ
    ပူဆာ
    ဆူပူတာတွေမြင်ရရင် အဲဒီ ဟာတာတာတွေ ပြည့်သွားမယ်။
    ဟိ။
    :k:

    ဘာမှ ဟာလာဟင်းလင်းလည်း မဖြစ်နဲ့။
    ကိုယ်သောက်တဲ့ ကျစိမ့်နဲ့ ခွေးသောက်တဲ့ ကျစိမ့်ဟာ ခွက်တူတူမှ မဟုတ်ပဲရယ်။
    မမဂျီးက ကိုယ်ချစ်တဲ့ ကြောင်နဲ့ ကော်ဖီတစ်ခွက်တည်း သောက်တာ မြင်ဖူးရင် အဲဒီ ဟာလာဟင်းလင်းထဲ လွင့်သွားအူးမယ်။
    အဟေးဟေးဟေးးးး
    :mrgreen:

    • တိန်
      ကြောင်နဲ့ ကော်ဖီတစ်ခွက်တည်း သောက်တယ် !!!!!!

      :k:

      ခုတလော ခွေးတော်တော်များများဟာ
      လူစားတဲ့ မုန့်တွေ အသီးအနှံတွေ
      ပေါင်မုန့်တို့ ကိတ်မုန့်တို့ကအစ လိုက်စားတာ တွေ ့လာတယ်
      လိမ်မော်သီးကြိုက်တဲ့ခွေးလည်း တွေ ့ရတယ်။ လက်ဖက်သုပ်စားတဲ့ခွေးလည်း တွေ့ဖူးတယ်။
      အခုလည်း ကော်ဖီကြိုက်တဲ့ကြောင်တဲ့။
      ဘာတွေ ဖြစ်ကုန်ပြီလဲငင်။

      ကျနော်တော့ ခုရက်ပိုင်း လက်ဖက်ရည်ဆိုင်ထိုင်ရင်
      ကျစိမ့် မှာ မသောက်ချင်ဘူးရယ်. . .
      ချိုစိမ့်လေး ပြောင်းသောက်နေတယ်။
      ကျစိမ့်ဆိုတာကြီး သောက်ချင်လာတိုင်း
      ပလက်ပလက်နဲ့သောက်နေတဲ့ ဘိုနီကို မြင်ယောင်ပြီး
      ကြေတွေ ပြန်ကွဲနေလို့
      :k:

      • တောင်ပေါ်သား

        December 2, 2014 at 8:31 am

        အလက်ဆင်းရေ

        ကျဆိမ့်လို့ရေးပါကွာ ၊

        ဆိမ့် ဆိုတာ အရသာကို ညွှန်းတာပါ ၊

        စ နဲ့ ဆ မှားသုံးတာ ခဏ ခဏပဲ ၊

        ဥပမာ ဆွဲဆောင် ကို စွဲဆောင် လို့ရေးသလိုပဲ ၊

        • ဟုတ်။ ရေးရင်းနဲ့တော့ တွေးမိသား
          ဆိမ့် ဖြစ်မယ်လို့။
          ဒါမယ့် ဟိုတစ်ခါ မမဇီရဲ့ လက်ဖက်ရည်ယဉ်ကျေးမှုပိုစ့်မှာ ကျစိမ့်လို့ (အမှတ်မမှားရင် သူကြီးကိုယ်တိုင်)ရေးကြတာတွေ့လို့။
          စိမ့် လိုက်ပါမယ်လေ ဆိုပြီး စိမ့်သွားတာ။

          မြန်မာသတ်ပုံကျမ်းလည်း ပြန်စစ်မိဘူး။
          ဖုန်းနဲ့ ကပျာကယာတင်တာ ဆိုတော့လေ။

          :k:

  • aye.kk

    December 2, 2014 at 8:58 am

    မှတ် မှတ် မှတ်
    မ မှတ် နိုင်ရင်အဲလိုဖြစ်မှာသိလား ။

  • kyeemite

    December 2, 2014 at 9:27 am

    .ကျုပ်ပခုက္ကူ မှာနေတုန်းက အရက်စွဲနေတဲ့ခွေးကြီးတစ်ကောင် ကိုယ်တိုင်မြင်ခဲ့ဖူးတယ်
    .ညနေစောင်းရင် အရက်ဖြူဆိုင်ကိုမှန်မှန်လာလေ့ရှိတယ်
    .သူလာရင်ဆိုင်ထဲသောက်နေသူတွေထဲကတစ်ယောက်ယောက်က
    .သူ့အတွက်ချထားပေးတဲ့ ပုကန်ပြားထဲ အရက်ထည့်ပေးကြတယ်
    .ခွေးကြီးလည်း လျှာနဲ့ယက်သောက်ပြီး ပြန်ပြန်သွားတာပဲ ..အံ့ဘွယ် :n:

  • weiwei

    December 2, 2014 at 9:27 am

    အမတို့အိမ်မှာ အရင်တုန်းက ခွေး ၆ ကောင် ရှိတယ်.. သူတို့တွေက ရေခဲမုန့်ဆိုသိပ်ကြိုက်တာ .. ထူးရေခဲမုန့်ကလဲ ၆ လုံးတွဲတစ်ဗူးဆိုတော့ ကွက်တိပဲ .. ခဏခဏသွားဝယ်ပြီး တစ်ကောင်ကိုတစ်လုံးစီ ကျွေးတာကိုများမြင်ရင် ရေခဲမုန့်ပါ ပြတ်သွားလိမ့်မယ် .. 🙂

    အခု သားငယ်လေးတစ်ကောင်ပဲရှိတော့တယ် .. သူကတေ့ စီပီကြက်ကြော် အရမ်းကြိုက်တယ် … ကြုံတဲ့အခါတိုင်း ဝယ်ကျွေးဖြစ်တယ် .. တစ်ခါတစ်လေတော့ တစ်ယောက်တစ်ဝက် သူ့ဆီက ခေါင်းပုံဖြတ်တယ် …

  • @ အန်တီအေး
    မိန်းမလိုချင်တာကို လိုချင်တယ်မှတ်
    လိုချင်တဲ့စိတ်လေးက ဖြစ်ပျက်
    သိတဲ့ ဉာဏ်က မဂ်. . . စသည်ဖြင့်ပေါ့နော်။
    ဒါမယ့် တကယ်သိဖို့ တကယ်လုပ်ဖို့ခက်ခဲလိုက်တာ. . .
    (ကျနော့်အတွက်)

    :k:

    ———-

    @ ဦးးကြီ

    တကယ်ကြီး အရက်သောက်တဲ့ခွေး ရှိတယ် !!!!
    ဒုက္ခ
    အဲ့ခွေးငမူးက မူးပြီး ပတ်ရမ်းတာတို့ မြင်မြင်ရာ လိုက်ကိုက်တာကို ့ လုပ်နေရောလား။
    မူးပြီး သး ့စိတ်ထဲကနေ ‘ငါ့ ဘာကောင် ထင်ကြသတုန်း”ဆိုပြီး ပြောချင်ပြောနေမှာ
    အဟိ။
    :k:
    ————-

    @ အန်တီဝေ
    ရေခဲမုန့်စားတဲ့ခွေးလည်း ရှိတယ် ???
    အံ့ဩစရာ

    ဘာပဲဖြစ်ဖြစ်
    ခွေးတွေက စိတ်ဝင်စားစရာတော့ ကောင်းနေပြီ။

    အဲ ချစ်စရာလည်းကောင်းတယ်

    😆

  • ဂျက်စပဲရိုး

    December 2, 2014 at 11:54 am

    ချစ်တဲ့ လူတွေကျတော့လဲ အဲ့ဒီ အိမ်မွေးတိရစ္ဆာန်လေးတွေကို လူနဲ့ မခြား ချစ်ကြတာကိုး။
    ဟိုတလော က တောင် facebook က တိရစ္ဆာန်ချစ်သူများ အဖွဲ့ လား အဲ့ဒီ group မှာ သူ့ခွေး ကို ကြက်ပေါင်းရည် တိုက်တယ် ဘာတယ် ညာတယ် ဆိုပြီး ရေးလို့ တဲ့
    အတော်လေး ပွဲစည်သွားသေးတာကို…. 😛

  • kai

    December 2, 2014 at 2:37 pm

    အိမ်မွေးတိရိစ္ဆာန်နဲ့ လူ… ဆက်သွယ်မှုမှာ.. ယူအက်စ်မှာဆို.. ဥပဒေအရပါအကာအကွယ်ပေးထားတယ်..။
    ဒါပေမယ့်.. ဘာသာရေးထဲဆွဲထည့်ပြီး.. တိရိစ္ဆာန်ဦးနှောက်အစားဝင်.. လူဦးနှောက်ကြီးနဲ့က ဝင်စဉ်းစား.. ခံစားပေးတာမျိုးတာ့မလုပ်.. :k:
    =
    Poll: Americans consider pets part of the family – NBC News
    http://www.nbcnews.com/…pet…/poll-americans-consider-pets-...
    NBCNews.com
    Jun 23, 2009 – Next story in Pet health Calif. dogs get new leash on life north of border … Singles were more likely to say a pet was a full member of the family …

    • အံမယ် သဂျီးးး

      ကျနော် ဖတ်ဖူးတဲ့ သုတစွယ်စုံထဲက သတင်းတစ်ပုဒ်ဆို

      မိန်းမဖြစ်သူကို သူ့ယောကျာ်းက ရိုက်တာ
      ငါးရှဉ်းအရှင်တကောင်နဲ့ လွှဲရိုက်တာတဲ့
      အဲ့ ငါးရှဥ့်သေတဲ့အထိကို ရိုက်ပစ်တာ
      အဲ့တာကို မယားဖြစ်သူက
      သူ့ကိုရိုက်ရပါ့မလား
      ရက်စက်လှပါလားဆိုပြီး
      ရဲတိုင်တာ
      တရားရုံးထိရောက်ပြီး တရားသူကြီးက ဒဏ်ရိုင်တယ်
      ဒေါ်လှ၂၀ဝ ဆိုလား။
      ဒါမယ့် မယားဖြစ်သူကို ရိုက်တဲ့အတွက်တော့မဟုတ်
      တလိတ်ဆန်ကို ညှင်းပန်းနှိပ်စက်လို့ ဒဏ်ရိုက်တာတဲ့။
      အဲ့ဒါ သဂျီးတို့ US မှာ

      :k:

      အဲ့မိန်းမခမျာ ဘယ်လောက် ကြေကွဲလိုက်လေမလဲ
      လူကို အကာအကွယ်မပေးပဲ ငါးရှဥ့်တကောင်ရဲ့ နာကျင်မှုကို ပို အလေးထားလိုက်လို့

      :k:

  • ဗုံဗုံ

    December 2, 2014 at 2:46 pm

    မှတ်ပလား.. နီ့မှာ ဟိုကောင်လောက်တောင်
    တယုတယ တိုက်မယ့်သူမရှိဘူး.. :mrgreen:

    • နိလို အသီးနှစ်လုံး မရှိတဲ့ ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ အညိုးတမီးတစ်ယောက် တိုက်တာကို မသောက်ရတာပဲ
      ကံကောင်းလှပါပြီဟာ

      :k:

  • ဦးကျောက်ခဲ

    December 2, 2014 at 3:07 pm

    ဟီ ဟိ… ခွေး ကျဆိမ့်ပလပ်တာမြင်လို့ ပြတ်ရကြေးဆို ကျောက်စ်တော့ မလွယ်ကြော…
    အိမ်မှာမွေးဖူးတဲ့ခွေးတစ်ကောင်က ကျဆိမ့်အလွန်ကြိုက်… ချိုဆိမ့်ဆိုရင်… နိုး
    အဲ့ဂလိုပဲ အရက်ကြိုက်တဲ့ ခွေးရော ကြောင်ရော အဆောင်မှာနေတုန်းက မြင်ဖူးတယ်…
    ခွေးက ထွေသွားရင် သဘောကောင်းတယ် ၊ ကြုံရာနေရာမှာ အိပ်ဖို့ပြင်တော့တာပဲ..
    ကျောက်စ်တို့ ဂီတာတီး သီချင်းဆိုရင်… သူတောင် ရောပြီး အူလိုက်သေးတာ…
    ကြောင်ကတော့ ဆန့်ကျင်ဘက်… မူးလာရင် သွေးဆိုးတယ်… လိုက်ကုတ်တယ်…
    အရက်ခွက်ချပြီး ပုဇွန်ခြောက်ပြလိုက်ရင် … အကြမ်းပန်းကန်တဝက်စာကို ပလပ်တော့တာပဲ…
    ပြီးတော့… ဒယီးဒယိုင်နဲ့ လက်ရမ်းပေါ်တောင် မလျှောက်နိုင်…
    :k:

  • မစုဉာဏ်

    December 2, 2014 at 6:28 pm

    အမေရိကမှာ ဒင်းတို့ ကို အခွင့်ရေးပေးပုံများ မနာလိုစရာပါ။
    ခြေသည်း၊လက်သည်း အလှပြင်ဆိုင်၊ အဝတ်စားဆိုင် စသဖြင့် သီးသန့် ဆိုင်တွေနဲ့ ဈေးကြီးပေးပြီးသွားလုပ်ပေးကြတယ်။ ခြေသည်းအလှပြင်က တခါကို ဒေါ်လာ ၂၅-၃ဝ လောက်ကျတော့ (အောင်ဇေယျာမင်းမိဘမဲ့ကျောင်းမှာ သူငယ်တန်းကလေးတစ်ယောက် တလကို စာသင်စားရိတ် ထက်များနေလို့) ခွေးတွေကို မမုန်းသော်လည်း ကျွန်မတို့ဆီက လူတချို့ထက် အခွင့်ရေးပိုရလို
    မနာလိုဖြစ်နေတဲ့ကြားထဲ အလုပ်ထဲက ဆရာဝန်တယေက်က ငါ့ခွေးရဲ့ ဖေ့ဘွတ်လေး friend request ပို့ထားတာ လက်ခံလိုက်ဦးနော်ပြောလာလို့ ..
    🙁 🙁 🙁 🙁

    • တိန်

      ခွေးကိုတောင် FB အကောင့်ဖွင့်ပေးထားတယ် !!!!!

      :k:

      အံ့ရော

      :k:

      အစ်မ မစုဉာဏ် လာဖတ်ပေးတာ ကျေးဇူးပါနော်

    • မြစပဲရိုး

      December 6, 2014 at 11:34 pm

      မစုဉာဏ်
      အခု အဲဒီမှာ ချင်ပန်ဇီ တွေ ကို Human Rights ပေးဖို့ လုပ်နေပြီ ဆိုလား။ :))
      http://www.bbc.co.uk/news/world-us-canada-30338231

      ဆက်ဆက်@ရရ
      ရီရမလို သနားရမလို
      ဖစ်မှဖစ်ရလေ ကျုပ်တူ လေးရယ်။
      အားမငယ်ပါနဲ့ လေ။
      တစ်နေ့တော့ ဖွတ်ဖွတ် ကို လက်ဆွဲပြီး ကျဆိမ့်လေး သွားသောက်နိုင်ပါစေ။ 😉

  • တောတွင်းပျော်

    December 2, 2014 at 8:15 pm

    ကျုပ်သာဆို ဘိုနီ ့ခွက်ပက်လက်ကို ဆွဲလုသောက်လိုက်မှာ။

  • ခင် ခ

    December 2, 2014 at 10:09 pm

    ခွေးကျဆိမ့်သောက်တာများကွယ်
    ကျုပ်ရေနံမှော်ထဲရောက်တုန်းက အဲဒီမှာ ကျင်လည်ကျက်စားနေတဲ့ ခွေး၃ကောင်ရှိတယ်။ မြွေပါးကင်းပါးကလည်း အတော်ပေါတော့ အဲဒီ၃ကောင် နဲ့မိတ်ဆွေဖွဲ့ထားရတယ်လေ။ဒါမှကိုယ်အနားနေရှာကြမှာကိုး။
    မနက်ဆို လဘက်ရည်နဲ့အီကြာကွေးဝယ်ပြီး သူတို့၃ကောင်ကို ၁ ကောင် လဘက်ရည်တစ်ခွက် အီကြာကွေးတစ်ချောင်းစီ ဇလုံတွေနဲ့ ထဲ့ပေး ကျုပ်လည်း လဘက်ရည်အီကြာကွေး သူတို့နဲ့ဝိုင်းဖွဲ့ကာ လွေးခဲ့ရပါကောကွယ်။ အဲလို အဲလို ရှိခဲ့ဖူးသဗျ။

  • uncle gyi

    December 2, 2014 at 11:28 pm

    ခွေးကျသောက်ရပြီး
    သူကျမသောက်ရလို့
    ဒီပို့စ်က်ိုတင်တာပါတဲ့
    အလင်းစက်က

  • @ကိုတောပျော်
    ကျနော်တော့ အဲ့လောက် စိတ်မကြီးဘူး
    အဟီး
    :k:

    ———-

    @လေးခ
    အောာာာ လက်ဖက်ရည်ကြိုက်တဲ့ခွေး လေးခတို့လည်း ကြုံဖူးသကိုးးး
    ကျနော်က အခုမှ တွေ ့ဖူးလို့
    😆

    ————–

    @အန်ကယ်ဂျီး

    ကြိုက်မိတဲ့ ကျဆိမ့် ခွေး ပလက်ပလက်တာ မြင်ပြီး
    ကြေကွဲသွားလို့ပါဆို
    အဟုတ်

    :k:

  • aye.kk

    December 3, 2014 at 9:53 am

    စာခေါင်းစည်းလေးဖတ်ပြီး
    ဝိုင်တခွက်
    ဂီတာတလက်နဲ့
    မိန်းမလှလေးသာ ငါ့ဘေးနားမှာရှိရင်
    ပြည့်စုံပြီဆိုတဲ့ ကဗျာရေးစပ်တဲ့သူကို သတိရမိသွားတယ်။။

    • ခင်ဇော်

      December 3, 2014 at 9:57 am

      သများ ဘွမှာလည်း
      ဝိုင် တစ်ပုလင်းရယ်
      မက်ဘာဂါ ၃ ခုရယ်
      ရုပ်ရှင် ၃ ကားလောက် ရယ် ရှိရင်
      တနပ်စာပြေလည်ပါပြီ အန်တီအေးရယ်လေ။

      :a:

  • aye.kk

    December 3, 2014 at 10:04 am

    ကောင်းလိုက်တာ ခင်ဇော်ရေ….။
    ဘာပြောရမှန်းတောင်မသိတော့တယ် နော်။

Leave a Reply