တိမ်တိမ်တိမ်

ကြည့်လိုက်တိုင်း လိုက်မောဖွယ်…..

မဆုံးနိုင်သော ကောင်းကောင်ကြီးအောက်မှာ… အတွေးတွေက တလွင့်လွင့်…..

အသက်ပြင်းပြင်းရှူကာ စိတ်စုစည်းလိုက်သည်….

ငါ ရုံးသွားရအုံးမည်….

ဝန်ထမ်းကဒ်… ပါတယ်… ပိုက်ဆံအိတ် ပါတယ်… ထမင်းချိုင့် ပါတယ်… ဖုန်း… ပါတယ်…

မေ့တက်သော ကျွန်တော် စစ်သင့်သမျှ စစ်ပီးနောက် တိုက်ပေါ်မှ ခပ်သွက်သွက် ဆင်းလာမိသည်….

မဲမှောင်နေသော လှေကားဆင်းဖြစ်ပေမယ့် အကျင့်ရနေကျ ခြေထောက်များက သိုင်းသမားတယောက်ပမာ ပေါ့ပေါ့ ပါးပါး ဆင်းလာမိသည်…

၃ ထပ်မြောက်အယောက် အဘွားကြီး တယောက် ဆင်းကား စပြုနေရာမှ ကျွန်တော်ကို မြင်သဖြင့် ပြုံးပြကာ သားလေး အရင်ဆင်းဆိုသော သဘောနဲ ့ ချောင်နား ကပ်ရပ်နေသည်…

ကျွန်တော်လည်း ပြုံးပြကာ သူ ့ကို ကျော်ပီး ခပ်သွက်သွက် ဆင်းလာမိတယ်….

အမွေးနံ ့ သင်းသင်းလေး… အောက်နားမရောက်ခင် မှာတင် အမွေးနံ ့ သင်းသင်းလေးရနေသည်…. အောက် ရောက်တော့ မိန်းကလေး တယောက်ကို မြင်မိသည်… သူ ့ဆီက ရတာကိုး…

ဆံပင်ရှည်ရှည် ခါးသိမ်သိမ် တင်စွားစွားနဲ ့ မီးနီစကပ်ဝတ်ထားသော ခြေသလုံးလှ ပိုင်ရှင်လေးက လှပလွန်းသည်….

ခေတ်ကာလ သားသမီးများ တယ်ချောကြသကိုး…

ခပ်သွက်သွက်လျှောက်လာသော ခြေလှမ်းများက ကျောက်မြောင်း ဘစ်ကားဂိတ်သို ့ရောက်လာသည်… ကုသိုလ်ကံကောင်းသည် ဟုဆိုရမည်…

မင်းလမ်းဘက်သို ့သွားသော ကားများက ပေါသည်… ထိုင်စရာလည်းချောင်သည်… တနည်းအားဖြင့် ဘာကားလာလာ တက်စီးရင် ရသည်…

မချောင်တာက လျှောက်ရသောလမ်း… မင်းလမ်းမှ ရုံးသို ့လျှောက်ရသောလမ်းက မိနစ် ၂ဝ ခန် ့ရှိသည်… တနေ ့တနေ ့ သီးသန် ့လမ်းလျှောက်စရာ မလိုလောက်အောင် ရှိသည်…

ဒီနေ ့လည်း ကားချောင်သည် မထသ ကား… တက်တက်ချင်းမှာပင် ကားက အရှိန်ဖြင့် ထိုးထွက်သွားသည်… ကြည့်ရတာ နောက်ကားပါမယ့် ထင်….

ထင်တဲ့အတိုင်းပင် အဝိုင်းမရောက်ခင်မှာတင် နောက်ကား အလွတ်ကြီးက ကျော်တက်သွားသည်…

ဒါမျိုးဆို ပေါ့နေလို ့မရ… အဲ့လို ပေါ့နေလို ့ လမ်းနီလေးဘက်ကနေ ရုံးကို ကားပတ်စီးခဲ့ရာ အကြိမ် သုံးခေါက်မကရှိပီ…

ဖြစ်တာက ဖုန်းက feed များဖတ်တုန်း သိတဲ့အချိန်မှာ မင်းလမ်း ကျော်သွားသကိုး…

ကားဆရာက အဝိုင်းထိပ်ရှိသေး… မှတ်တိုင်တွေ အော်သည်…

မြလမ်း လမ်းဆုံး မင်းလမ်း ပါသလား… မင်းလမ်းပါသည် ဟု အော်ပြောလိုက်ရသည်… မအော်လို ့မရ… မအော်ရင် မင်းလမ်းမှာ မရပ်ပေး… အဝိုင်းထိပ်မှာပဲ ရှိသေးပေမယ့် ပြောရသည်… မပြောရင် မရပ်ပေး… ဒါကို စပယ်ယာများက သူတို ့အခွင့်အရေး ဟုပြောသည်… တခါ က အဲ့ဒါ နဲ ့ စကား များခဲ့ရသေးသည်.. ထို ့ကြောင့် ကိုယ့်မှတ်တိုင် အဝေးကြီးပင် ရှိလင့်ကစား “မင်းလမ်းပါသည်” ဟု လှမ်းပြောခဲ့ရသည်…

ထင်သည့်အတိုင်းပင် ကားက အဝိုင်းထိပ်မှ စပီး ကြားမှတ်တိုင်တွေ မရပ်တော့… အကုန်လုံးကို ကျော်ဖြတ်ပီး မင်းလမ်း ကို ဦးတည်သည်…

ယောကျာင်္းလေး ပီပီ ရန်ကုန်သားပီပီ စပယ်ယာ နောက်နားမှ ကပ်ရပ်လိုက်သည်… မှတ်တိုင် ရောက်တော့ ကားပင် အပီးမရပ်သေး ခြေက မြေကြီးပေါ်ရောက်ပီးသား… ဒါမျိုး ကို ဘက်စ်သိုင်းဟုခေါ်သည်… ရန်ကုန်မှာ ဒါမျိုး မတက်ရင် စပယ်ယာ ကန်ချတာ ခံသွားရနိုင်သည်…. သူတို ့နဲ ့တော့ ရန်ဖြစ်ပီး အကုန်သိုလ်မယူနိုင်… ဘက်စ်သိုင်းကိုပဲ ကျွမ်းကျင်အောင် အသုံးချလိုက်သည်…

ရွေ ့မြဲရွေ ့လိုသော နိယာမ ကို အသုံးချက ဘက်စ်ကားအရွေ ့ကို မျက်နှာမူပီး ခုန်ဆင်းလိုက်သည် သာသာလေး မြေပေါ်ကျသွားသည် ထို ့နောက် လမ်းမတချက်ကူးရန် မျက်နှာမူလိုက်သည်… မြင်လိုက်ရသည်မှာ စက်ဘီး… ဒီလမ်း တကြောမှာ ကားကို အသာလေးရှောင်နိုင်သည်… မရှောင်နိုင်တာက စက်ဘီး… သူတို ့က စိတ်က ပြောမရ… သူ ့ကို ကြည့်နေရသည်…

ဘယ်ညာသိပ်မရှင်းပေမယ့် တကြောပီး တကြော် အသာလေးရပ်ကာ ကူးခဲ့သည်… ရောက်ပါပီ ဟိုဘက်ကမ်း…

မင်းလမ်းဈေးကို မျက်နှာမူပီး ဆက်လျှောက်ခဲ့သည်… အိမ်မှာဆို ဈေးကို နေ ့တိုင်း မသွားပေမယ့် နေ ့တိုင်း မင်းလမ်း ဈေးက ဖြတ်လာရသဖြင့် ဈေးကို အနဲနဲ ့အများ စပ်စုမိသည်… ဈေးသည်တွေ အစီအရီ….

မကြာခင် ကုန်းတက်ရောက်လာပီ…. မလျှောက်ချင်ဆုံးအပိုင်းက အဲ့အပိုင်း ကုက္ကိုင် ရေကူးကန် ကုန်းတက်… စစခြင်း လာတုန်းက တော်တော်ချွေးထွက်သည်… နောက်ပိုင်း အကျင့် ရလာတော့ အသာလေးလျှောက်လာနိုင်ပေမယ့် ဒီကုန်းကြီးကို ဖြတ်ဖို ့ပျင်းနေ ဆဲ….

ရေကူးကန်နားရောက်လာလျှင် စဉ်းစားမိတာက ရေကူးဖို ့… ခက်တာက ရေမကူူးတက်… ရေကူးသင်ချင်သည်… ဒါလည်း စိတ်ကူးမျှသာ…

အတွေးတွေက တောင်မြောက်တဖန်ရွေ ့က ပုလဲကွန်ဒိုနားကပ်လာသည်… ထိုနားရောက်လျှင် ဘယာကြော် စားချင်သည်… အဲ့နားက ဖြတ်တိုင်း ဘယာကြော် ပူပူလေး အနံ ့က စွဲဆောင်သည်…. ဒီနေ ့တော့ အနံ ့မရ… စောသေးလို ့ထင်ပါ့…

ပုလဲ ကွန်ဒိုထဲ ဝင်ခဲ့လေပီ… ရနေ ကျ ကော်ဖီ နံ ့ ဒီနေ ့မရ… စောစော လာမိတာလည်း မကောင်း.. ဘယာကြော် နံ ့လည်းမရ ကော်ဖီနံ ့လည်းမရ…

Lotteria နားရောက်တော့ ကော်ဖီ ပါဆယ်ဆွဲမလားဟု ငဲ့ကြည့်သည်… ဆိုင်ကပြင်ဆဲ… သို ့ဖြင့် လက်လျော့လိုက်ရသည်…. ကမာ္ဘအေး ဘုရားလမ်း ရောက်လာတော့ အထူးအဆန်းဖြစ်နေသည်… ကားလမ်း အင်မတန် ရှင်းနေသည်… ရန်ကုန်မှာ ဒီလမ်း ထက်ကူးရခက်တာ ပြည်လမ်းပဲရှိသည်… ကျွန်တော့်အထင်…

ဒီနေ ့ ဒီလမ်းရှင်းနေသည်… နောက်မှ သိရသည်က ဒီနေ ့နော်ဝေ ဘုရင်လာမည် ဆိုသဖြင့် လမ်းရှင်းထားသည်ဟု မှတ်ရသည်….

ရောက်ပါပီ ရုံးကို… စိတ်ထဲမှာ အေးကနဲဖြစ်သွားသည်… လုပ်စရာ အပုံရှိသေးပေမယ့် ကော်ဖီ ပါဆယ် မဆွဲခဲ ့ရသော ကျွန်တော်မှာ Toyota Service ဘေးက တီးဆိုင်လေးမှာ လီမွန်တီးလေးသောက် COC လေးဆော့ရင်း ရုံးချိန် အား စောင့်မျှော်လျက်…

 

လေးစားလျက်

တိမ်မည်း

ဒီဇင်ဘာ ၂ရက် ၂၀၁၄

 

 

About တိမ်မည်း

Black Cloud has written 28 post in this Website..

မည်းနေတဲ့တိမ်ဟာ ကောင်းကင်ရဲ့မျက်ရည်ပါ..... ဒီမျက်ရည်ဟာ စိုက်ပျိုးရေးတွေ ဖြစ်ထွန်းစေသလို....... ရေကြီးပီး လူတွေကိုလည်း အတိဒုက္ခရောက်စေပါတယ်........ တိမ်မည်းဆိုတဲ့ ကျွန်တော်ကကော....... ကောင်းသော တိမ်မည်းဖြစ်အောင် ကြိုးစားလျှက်ပါလို့ ..........