ခံစားမိခြင်း

aye.kkDecember 2, 20141min975

လက်ဦးဆရာဆိုတာ ပုဗ္ပာစရိယမိနဲ ့ဘပါပဲ ။
ငယ်စဉ်တောင်ကျေး ကလေးဘဝ အရွယ်ကနေ စတင်လာကတည်းက
ဗုဒ္ဗဘာသာဝင်များပီပီ အမေက ဥပုသ်နေ ့ရောက်တိုင်း ဘုရားကျောင်းကန်တွေသွားပြီး
ယဉ်ကျေးလိမ္မာအောင်လို ့ ဘုရားကျောင်းကန်တွေရဲ ့ဇောင်းတန်းတွေမှာ တွေ ့မြင်ရတဲ့ ဗုဒ္ဓဝင်မှာပါတဲ့ ဇတ်နိတော်ပါ ပန်းချီကားချပ်တွေ ပြသလို ့အကျိုးအပြစ်တွေ ပြောပြပြီး ဆုံးမပဲ့ပြင်ပေးပါတယ် ။
သီလကို အခြေခံထားပြီး ငါးပါးသီလရဲ ့ အကျိုးအပြစ်တွေ ကြောင့်အပါယ်ငရဲ ဘယ်လိုကျရောက်ရတယ်ဆိုတာကို နှလုံးသားထဲစိမ့်ဝင်သွားစေအောင် ပြောဆိုဆုံးမပဲ့ ပြင် ပေးလာခဲ့ပါတယ် ။
ကျမ နားလည်လာတဲ့ ဆယ်ကျော်သက် ဝန်းကျင် အရွယ် ရောက်ပြန်တော့ ကျောင်းပိတ်ရက်နေ ့တွေ ရောက်တိုင်း အချက်အပြုတ် နဲ ့လက်မှုပညာတွေ သင်ကြားပြသပေးပါတယ် ။ နွေရာသီကျောင်းပိတ်ရက်ရှည် တွေမှာ
ပြင်ပလောက နဲ ့ထိတွေ ့စေပြီး ဆွေမျိုးမိတ်သင်္ဂဟတွေဆီ ဘုရားဖူးအလည်ခေါ်ထွက်တာမျိုး နှစ်စဉ်လုပ်ဆောင်ပေးခဲ့ပါတယ် ။ အဖေကတော့ သုတသိတွေ နေ ့စဉ်နဲ ့အမျှ သိနိုင်ရအောင် ကမ္ဘာ ့နိုင်ငံရေးသတင်းတွေကို နေ ့စဉ်နံနက်နဲ ့ည အချိန်အခါမှာ လေလှိုင်းကနေထုတ်လွှင့်ပေးတဲ့ ရေဒီယိုသတင်းတွေ နားထောင်စေတဲ့ အလေ့အကျင့်ပြုလုပ်ပေးခဲ့ပါတယ် ။ လစဉ် သံရုံးကနေ ဗမာဘာသာပြန်ထားတဲ့ တိုင်းမဂ္ဂဇင်းတွေကို မှာယူပေးပြီး နိုင်ငံတကာရဲ ့တိုးတက်ဖြစ်ပေါ်နေမှုတွေကို အားကြလာအောင် သုတသိတွေ စိမ့်ဝင်ပြန် ့နှံ ့အောင် လုပ်ဆောင်ပေးခဲ့ပါတယ် ။
စီးပွားရေးနားလည်အောင် နွေရာသီကျောင်းပိတ်ရက်တွေမှာ အိမ်မှာဈေးဆိုင်ပညာတည်ပြီး သင်ကြားပြသပေးခဲ့ပါတယ် ။ နောင်တစ်ချိန်မှာ လုပ်စားတတ်ဖို ့အတွက်ပါ ။ အတန်းပညာကိုလည်း သင်ယူခိုင်းပါတယ် ။ အားလည်းပေးပါတယ် ။ အခြေအနေ အကြောင်းတစ်စုံတစ်ရာကြောင့် မသင်ကြားနိုင်ခဲ့ရင် တစ်ပိုင်းတစ်စ ဖြစ်ခဲ့ရရင် စီးပွားရေးလုပ်စားတတ်စေဖို ့ ကုန်သည်ပညာကိုလည်း ကိုယ်တိုင်ကျနစွာ သင်ပေးခဲ့ပါတယ် ။
ကျမ္မာရေး ကိုလည်း လူ့လောကကိုရောက်လာတဲ့အချိန်ကစလို ့ ခြောက်လသား အရွယ်ကနေခြောက်လတစ်ကြိမ် တိုင်းရင်းသမားတော်ကို ခေါ်ပြီး အိမ်မှာပင့်ပြီး အမြဲတန်း ကျမ္မာရေးအတွက် စစ်ဆေးပေးပြီး ပုံမှန်ဆောင်ရွက်ပေးခဲ့ပါတယ် ။ မူလတန်းပညာသင်ကြားတဲ့ အချိန်ကစလို ့အားကစားဝါသနာပါအောင်လည်း လေ့ကျင့် ပျိုးထောင်ပေးခဲ့ပါတယ် ။ ရာသီအလိုက် လိုက်ဖက်သင့်တဲ့ အစာအာဟာရလည်းဖြစ်ပြီး ကျမ္မာရေးနဲ ့ညီညွတ်မျှတာ ၊ တာမျိူးဖြစ်စေမယ့် အစားအသောက် စားသောက်တတ်အောင် သင်ပြရင်း လုပ်ကိုင်ကျွေးမွေးခဲ့ပါတယ် ။
ရာသီအလိုက် နေ ့စဉ်အလိုက် ဘယ်လိုနေထိုင် စားသောက်နေထိုင် ဝတ်ဆင်ရမယ်ဆိုတာကိုကအစ မိဘဖြစ်တဲ့ အဖေလုပ်သူကိုယ်တိုင်ကပဲ ကျမတို ့ကို အလေ့အကျင့်ဖြစ်အောင် ပြုစုပျိုးထောင် ပြသ သင်ကြားပေးခဲ့ပါတယ် ။ မိဘလုပ်သူတွေရဲ ့ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာတွေကိုလည်း ခေတ်နဲ ့မညီတဲ့အရာ မှန်သမျှပယ်သင့်တာပယ်ပြီး ယူသင့်တာကိုယူပြီး ရိုးရာအမွေအနှစ်ကို မြတ်နိုးနှစ်သက် တတ်စေအောင် လက်ဆင့်ကမ်း သင်ကြားပေးခဲ့ပါတယ် ။ ရာသီသီးနှံပန်းမာလ်တွေ ကိုလည်း အဖေကိုယ်တိုင် အပင်ပန်းခံပြီး စိုက်ပျိုးပြသပြီး နှစ်သက်သဘောကျ ဝါသနာပါလာအောင် လေ့ကျင့်ပျိုးထောင်ပေးခဲ့ပါတယ်။ ငယ်စဉ်တောင်ကျေး ကလေးဘဝ အရွယ်ကနေ ကြီးပျင်းလူလားမြောက်လာတဲ့ အရွယ်ထိတိုင်အောင် လူကိုလူလိုနားလည်ဘို ့အတွက် ၊ ကိုယ်ချင်းစာတရား ထားတတ်လာအောင် အမေကိုယ်တိုင်က ကိုယ့်ကျင့်တရားကောင်းမွန်အောင် ငါးပါးသီလ အကျိုးအပြစ်တွေ ကို ခလေးဘဝအရွယ်ထဲကနေ သိအောင်နားလည်အောင် အပင်ပန်းခံသင်ကြားပေးခဲ့ပါတယ်။ အဲဒီ ကျေးဇူးတရားတွေ အားလုံးကို ကျမရဲ ့စိတ်ထဲမှာ ပြက်ပြက်ထင်ထင်မြင် ယောင်နေမိပါတယ် ။ ကျမစိတ်မှာခံစားကြည့်မိရင်း လက်ဦးဆရာဆိုတာ… ။ ပုဗ္ပာစရိယ မိနဲ ့ဘသာ အဓိက ကျတယ်ဆိုတာကို ခံစားကြည့်ရင်း …..ခံစားမိခြင်း ပါ ။။

5 comments

  • ခင်ဇော်

    December 2, 2014 at 2:28 pm

    ဘဝ မှာ အကျေနပ်ဆုံးက
    ကိုယ်တိုင်လည်းအတွေးအမြင် အစွန်းမရောက်တဲ့
    ကိုယ့်ကို အစွန်းမရောက်အောင် ထိန်းသိမ်းနိုင်ခဲ့တဲ့ မိဘ ကို ရတာကိုပဲ။

    :chit:

  • kai

    December 2, 2014 at 2:57 pm

    ကမ္ဘာ့လူဦးရေ.. ဘီလီယန်ရထောင်ကျော်လူသားများရဲ့.. မိဘများ.. ၁ဘီလီယန်မက….။
    အကုန်လုံး.. သားသမီးတွေကို.. ဆုံးမပြုပြင်ကြတယ်…. ဆိုရာမှာ.. ဆုံးမသွန်သင်ချက်တွေ.. အကုန်အမှန်ချည်းမဟုတ်.. သားသမီးအကုန်.. ကံကောင်းသူချည်းမဟုတ်ကြတာတော့.. သေချာ..။

    ဆိုတော့…
    ခရစ်ယန်လည်း.. ခရစ်ယန်အလျှောက်.. အစ္စလမ်လည်း.. အစ္စလမ်အလျှောက်..။ ဂျူးလည်း..ဂျူးအလျှောက်…။
    ဟိန္ဒူလည်းဟိန္ဒူအလျှောက်..။ ဗုဒ္ဓဘာသာဝင်အများစု(မဟာယာန)တွေလည်း.. သူတို့အလျှောက်.. မှန်ကြတယ်ထင်ကြတာပါပဲ…။

    ဒီလိုနဲ့.. ငြိမ်းချမ်းသော ကမ္ဘာသစ်ကြီးများဖြစ်လာနိုင်မယ်ဆိုရင်ဖြင့်…
    ကောင်းလေစွ..။ သာဓု..။ :k:

  • aye.kk

    December 2, 2014 at 3:58 pm

    ခင်ဇော်ရေ
    ကျေးဇူးပါ ။ ဘယ်အရာကိုမဆို အစွန်းမရောက်ဖို ့အတွက် အရေးကြီးလှပါတယ် ။
    လက်ဦးဆရာ မည်ထိုက်စွာ ၊ ပုဗ္ပာစရိယ မိနဲ ့ဘဆိုတာ
    ခံစားမိခြင်းပါ ၊ ဖယောင်းလိုပုံသွင်းပြုပြင်နိုင်တဲ့ အရွယ်ထဲက
    မိဘတွေရဲ ့သွန်သင်မှုအောက်မှာ လူလားမြောက်ကြီးပျင်းလာခဲ့ရပါတယ် ။

    သူကြီး
    မှန်ပါတယ် ၊ အမှန်ကိုသိနိုင်တာက နှစ်မျိုးတည်းပါ။
    တစ်မျိုးကတော့ ကိုယ်တိုင်ကျင့်ကြံနိုင်မှသာ သိတဲ့ ဝိပဿ နာဉာဏ် အမှန်သိမို ့ပါ ။
    အမှန်သိဉာဏ်နဲ ့သိနိုင်ကြမယ်ဆိုရင် တစ်ကမ္ဘာလုံး ချမ်းသာပြီ ။။

  • aye.kk

    December 2, 2014 at 9:32 pm

    အလင်းဆက်
    အမှန်ပါပဲ။

Leave a Reply