ထိုင်ဝမ်ဆိုတာ………….

Ma MaDecember 3, 20141min30641

နေရာသစ်တစ်ခုကိုရောက်ပြီဆိုတာနဲ့ ရေမြေသဘာဝ၊ ရာသီဥတု၊ လူ့ပတ်ဝန်းကျင် အခြေအနေ၊ အစားအသောက်၊ ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေက ကိုယ့်ဆီကနဲ့မတူ ကွဲပြားခြားနားတာတွေကို တွေ့ရတယ်။

(တောသားမြို့ရောက်ဆိုသလိုပေ့ါ) :kwi:

 

ထိုင်ဝမ်နိုင်ငံဟာ အရင်တုန်းက ပြည်ဝင်ခွင့် တင်းကြပ်ထားရာကနေ အခုအချိန်မှာ အထိုက်အလျှောက် ဖြေလျော့ပေးလိုက်လို့ နိုင်ငံခြားခရီးသွားတွေ အရောက်အပေါက်များလာပါတယ်။

 

တရုတ်ပြည်မကြီး၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံသားအများအပြား တွေ့ခဲ့ရပါတယ်။

 

အဲဒီလူမျိးတွေ အားလုံးဟာ ကော့ကေးရှန်းမျိုးနွယ်က ဆင်းသက်လာသူမို့ ရုပ်ရည်တွေက မတိမ်းမယိမ်းရှိကြပါတယ်။

ဒါပေမယ့် စကားပြောသံမကြားခင်ကတည်းက ပုံပန်းသဏ္ဍန်ကို ကြည့်ပြီး ဂျပန်လား၊ တရုတ်လား၊ ကိုရီးယားလား၊ ထိုင်ဝမ်နိုင်ငံသား ပဲလားဆိုတာကို ခွဲခြားလို့ ရတယ်ဆိုရင် ဘာပြောကြမလဲ သိချင်လို့ ကွန်မန့်ကျမှပဲ အဖြေပြောပါတော့မယ်။

 

CAM02598

၂၀၁ဝ Burj Dubai မတိုင်ခင်အထိ ကမာ္ဘ့အမြင့်ဆုံးအဆောက်အဦအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ ၁၀၁ ထပ် အဆောက်အဦ ကိုလည်း ထိုင်ဝမ်နိုင်ငံကို ရောက်ခဲ့တယ်ဆိုတဲ့ အထိမ်းအမှတ်နဲ့ တကူးတက ရိုက်လာခဲ့ရတယ်။

ထိုင်ဝမ်ကိုရောက်သွားတော့ သူတို့နိုင်ငံသားတွေရဲ့ သူတို့နိုင်ငံအပေါ် ဂုဏ်ယူတတ်တဲ့ ပထမဦးဆုံးအချက်ကတော့ …………….

 

သူတို့နိုင်ငံကို လုံခြုံစိတ်ချရသော၊ ဖော်ရွေသော ဒေသအဖြစ် သူတို့နိုင်ငံသားတွေက ဂုဏ်ယူစွာ ပြောဆိုတတ်ပါတယ်။

 

သူတို့ပြောလိုပဲ ဆေးရုံ ဆေးခန်းတွေ၊ စတိုးဆိုင်တွေ၊ ဈေးရောင်းသူတွေဟာ တစ်ဖက်လူအပေါ် အပြည့်အဝ တာဝန်ကျေစွာ ပြုံးချိုစွာ ဆက်ဆံကြတာကို ထူးထူးခြားခြား သတိထားမိပါတယ်။

 

တရုတ်ဘာသာစကား (Hua Yue) ကို နိုင်ငံသုံးအနေနဲ့ သုံးတဲ့အပြင် ဘာသာရပ်ဆိုင်ရာ စကားလုံးတွေကိုပါ ဘာသာပြန်ပြီး သင်ကြားပေးတဲ့အတွက် အင်္ဂလိပ်စာ အားနည်းကြပါတယ်။

 

ဒါပေမယ့် သူတို့ဆီရောက်လာတဲ့သူကို သူတို့ဘာသာစကားနားမလည်တဲ့သူကို နားလည်သည်အထိ လက်ဟန်ခြေဟန်နဲ့ ပြုံးပြုံးရွှင်ရွှင် ရှင်းပြပြောဆိုတာ တမျိုးချစ်ဖို့ ကောင်းပါတယ်။

ထိုင်ဝမ်နိုင်ငံဟာ တိုးတက်ပြီး ချမ်းသာတဲ့ တိုင်းပြည်ဖြစ်တာနဲ့ အညီ နေရာတိုင်းမှာ ဈေးဆိုင်ကန္နားတွေချည်းပါပဲ။

(သူတို့အပြောအရတော့ တရုတ်လူမျိုးပီပီ အိမ်အောက်ထပ်ဟာ ဆိုင်ခန်းတွေချည်းပဲလို့ ပြောပါတယ်။)

ညဈေးတန်းအများအပြားရှိတယ်လို့ နာမည်ကြီးပြီး ညဈေးတန်းတိုင်းဟာလည်း စားသောက်ကုန်၊ လူသုံးကုန် အမျိုးမျိုးနဲ့ လူပေါင်းများစွာနဲ့ စည်ကားလို့ နေပါတယ်။

နိုင်ငံခြားခရီးသွားတွေနဲ့ စည်ကားနေတဲ့ Jio Fang ညဈေးတန်း
နိုင်ငံခြားခရီးသွားတွေနဲ့ စည်ကားနေတဲ့ Jio Fang ညဈေးတန်း

လုံခြုံစိတ်ချရတယ်လို့ ပြောလိုက်တဲ့ အိမ်ရှင်ရဲ့စကားကြောင့် သတိမထားပဲ သွားလာမိတယ်။

ညဈေးတန်းမှာ ဈေးဝယ်ပြီး ဇစ်ပြန်မပိတ်မိပဲ၊ အိမ်ပြန်ရောက်လို့ သိမှ အလန့်တကြား ကြည့်မိတော့ ဘာပစ္စည်းမှ မပျောက်ခဲ့တာလည်း ထိုင်ဝမ်ကို အမှတ်ရစေမယ့် အချက်တစ်ချက်ပါပဲ။

IMG_2565

နောက်ထပ်ထူးခြားတာက (အထူးသဖြင့် ဇီဇီ့အတွက် အင်မတန်းကောင်းမယ့်အချက်တစ်ခုပေ့ါ) :mrgreen:

ထိုင်ဝမ်နိုင်ငံဟာ အစားအသောက်ကောင်းတွေ ပေါတယ်လို့ နာမည်ကြီးခြင်းပါပဲ။

 

အသီးအနှံတွေအားလုံး ချိုမြိန်ကောင်းမွန်တယ်။

သွားရေစာတွေ အဆင့်မြင့်ပြီး စားကောင်းတယ်။

ထမင်း၊ ဟင်း၊ ခေါက်ဆွဲ စသဖြင့် စားသောက်စရာတွေအကုန်လုံး နူးညံ့ပြီး လက်ရာမြောက်ကြတယ်။

 

 

ဒါစားဖူးမှ ထိုင်ဝမ်ရောက်သတဲ့ :D
ဒါစားဖူးမှ ထိုင်ဝမ်ရောက်သတဲ့ 😀

ရေးချင်ပြောချင်တာတွေ အများကြီး ရှိသေးပေမယ့် ကွန်အခက်အခဲကြောင့် ရေးပြီးသားလေး ပျောက်သွားမှာစိုးလို့ ရသလောက်လေး အရင်တင်လိုက်ပါတယ်။

 

ဒီပိုစ့်မှာနိဂုံးချုပ်ပြောချင်တာကတော့……….

ထိုင်ဝမ်နို်င်ငံဟာ ရေမြေသဘာဝ အစုံအလင်ရှိပြီး လည်ပတ်ချင်စရာကောင်းပါတယ်လို့။

 

 

41 comments

  • ခင်ဇော်

    December 3, 2014 at 6:33 pm

    ၂၀၁၂ က မင်းသားဂျီး လိုက်ပို့လို့ ကမ်ပနီ တစ်ခုလုံး ရောက်ပြီးပြီ။
    အစားအသောက်မှာ ဟောင်ကောင်ရော ထိုင်ဝမ်ကိုရော စလုံးက လုံးးးးးးးဝ မမှီပါ။
    (ဒါမဲ့လည်း စားနေတာပဲ) :mrgreenn:

    နောက်မှ ထိုင်ဝမ် ရှင်းလင်း ညဈေးက စားခဲ့သမျှကို ရေးပါဦးမယ်။
    ဒေါင်းဖြူပို့(စ) တော့ တင်ဖူးတယ်လေ။

    http://myanmargazette.net/179425

    အစာအိမ် အပိုပါ ယူသွားချင်စိတ်ပေါက်တာ။
    ဟိ။
    နာမည်ကြီး ကော်ရည်မြူစွမ်ရော စားခဲ့သေးလားးးး

    ထိုင်ဝမ်မလေးတွေ ချောကြတယ်။

    :k:

    • Ma Ma

      December 4, 2014 at 9:12 am

      ဇီဇီတစ်ခါရေးဖူးတာ မှတ်မိပေမယ့် ထိုင်ဝမ်လား ဟောင်ကောင်လား မသိ၊ ၂နေရာလုံးပဲ ရေးဖူးသလားလည်း မသိ။
      အစာအိမ်အပိုယူသွားချင်တယ်ဆိုတော့ ကိုယ့်ထက် အကြံဦးသူဖြစ်နေပါပေ့ါလား။ :hee:

      • ခင်ဇော်

        December 4, 2014 at 9:14 am

        ဟောင်ကောင် ခရီးစဉ်က မရေးဖူးသေးဘူးး
        ဟီးဟီးးး
        ဓာတ်ပုံတွေ ပြန်ရှာမရလို့။ ၂၀၀၉ က ဆိုတော့၊.

        :k:

  • ဦးဦးပါလေရာ

    December 3, 2014 at 8:23 pm

    တိုင်​ဝမ်​သွားဖို့ စားရိတ်​ကလဲ ​တော်​​တော်​ကြီးပါတယ်​…
    တ​နေ့မှ ကိုဘလက်​​ချောကြီး သွားချင်​လာ​အောင်​ ​မြှောက်​​ပေးပြီး စကားပြန်​အဖြစ်​ကကပ်​လိုက်​ဦးမယ်​…
    :mrgreen:

    • Ma Ma

      December 4, 2014 at 9:27 am

      ဦးပါအကြံကို သိလို့ ထင်ပါရဲ့ ကိုဘလက်တစ်ယောက် အသံပျောက်နေတယ်။ :harr:

      • ဦးဦးပါလေရာ

        December 4, 2014 at 9:52 am

        တကယ်​​တော့ ကျုပ်​က တရုတ်​စကား တစ်​လုံးမှမတတ်​ပါဘူး…
        ဒါ​ပေမယ်​့ သူကလဲ တရုတ်​စကား တစ်​လုံးမှ မတတ်​​လောက်​ဘူး…
        ဒီ​တော့… ကိုယ်​ကြိုက်​သလို ဘာသာပြန်​မှာ​ပေါ့..
        :mrgreen:

  • ဒီလို ခရီးသွားစာတမ်းလေးတွေ ဖတ်ရရင် သိပ်ကျေနပ်တဲ့ကောင်ပါဗျားးး
    အကြိုက်တွေ ့ပါ့။

    ရေးးပြထားတာလေးနဲ့တင် စိတ်ဝင်တစားရှိလှပြီမို့
    သွားရောက်လည်ပတ်ချင်မိတယ်။
    ဖွေးဖွေးနဲ့အတူ. . .

    :k:

    • Ma Ma

      December 4, 2014 at 9:35 am

      မောင်သူရ ခရီးသွားဝါသနာပါတာလည်း သတိထားမိတယ်။
      မောင်သူရတို့ တင်နေတဲ့ ခရီးသွားပုံတွေ ကြည့်ပြီး အားကျနေရတာ။

  • weiwei

    December 4, 2014 at 8:18 am

    ထိုင်ဝမ်မှာ ဘယ်နှစ်ရက်ကြာခဲ့ပြီး ဘယ်နေရာတွေရောက်ခဲ့တယ်ဆိုတာလဲ ဆက်ပါအုန်း ..
    ကျွန်မကိုလဲ စကားပြန်အနေနဲ့ခေါ်လို့ရပါတယ်လို့ ကြော်ညာဝင်ပါရစေ .. 🙂

    • ခင်ဇော်

      December 4, 2014 at 9:10 am

      ဆယ်လီဗျစ်တီလိန်း
      ထိုင်ပေ ၁၀၁
      အောကစ် အိုင်းလန်း
      ညဈေးက နာမည်ကြီး ၃ ခု လောက် ရှိတယ်။
      ချန်ကေရှိတ် အမှတ်တရ ဟော
      Yehliu Geopark (အဲက သတ်သတ်လွတ်စာ စားကောင်းတယ်)
      ရာသီလည်း အရမ်းကောင်းတယ်။
      စားလေရာ ခေါက်ဆွဲလည်း ကောင်းတယ်။
      စားမိသမျှ ပင်လယ်စာလည်း ကောင်းတယ်။
      ဟမ်မလေးးး
      လွမ်းတာ။

      :k:

      အဲလို စကားပြန်နဲ့ သွားချင်ထာ

      :chit:

      • Ma Ma

        December 4, 2014 at 9:40 am

        ဟုတ်ပ့ါ။
        အဲလို စကားပြန်နဲ့ သွားချင်လိုက်တာ။

        ကိုယ့်မှာတော့ ခွေးအ ကြီး လှည်းနင်းသလို ဖြစ်နေတာ။

        ရိပ်ဖမ်းသံဖမ်းနဲ့ နားထောင်နေရတာကို နားလည်အောင် နင်နဲ့ငါနဲ့ လက်ဟန်ခြေဟန်နဲ့ ပြောကြတာပေ့ါ လို့ ဆိုပြီး ခပ်ပြုံးပြုံးနဲ့ စိတ်ရှည်ရှည်ပြောပေးတဲ့ ဝန်ထမ်းလေးတွေကိုတွေ့ရလို့ သူတို့ပြောတဲ့ ထိုင်ဝမ်က service ကောင်းတယ်လို့ နာမည်ကြီးတယ်ဆိုတာကို ထောက်ခံမိတယ်။

  • ဦးကျောက်ခဲ

    December 4, 2014 at 8:22 am

    ထိုင်ဝမ်ဆိုတာ မြေပဲကျွန်းပေါ့ ခီညာ…
    မြန်တျန့်ကလာတဲ့ ပေါက်ဖော်ချင်းအတူတူ…
    ထိုင်ဝမ်ရောက် ပေါက်ဖော်တွေက ဟောင်ကောင်ရောက် ပေါက်ဖော်တွေထက်…
    ဆက်ဆံရေး ပိုပြီး နွေးထွေး သလားလို့ …
    ဝါးတီးကောင်းတယ် ဖော်ရွေတယ် ဒါပေသိ… ကွန်ပလိန့် အတော်များ၏…
    မော်တော်ပီကယ်တို့ ရဲတို့ကို ပြန်ဖြဲတာများ… ကျွတ်ကျဲစရာကြီး… အဟိ အဟိ
    :k:

    • Ma Ma

      December 4, 2014 at 9:46 am

      မြေပဲကျွန်းရောက် ရွှေမြန်မာများကတော့ သူတို့ဆီမှာလူ့အခွင့်အရေးက ၁၀၀% ကျော်သတဲ့။
      မော်တော်ပီကယ်ကို ပြန်ဖြဲလို့ရတယ်ဆိုတာလည်း သူတို့ပဲ ပြောပြကြတာ။
      လမ်းတွေ တံတားတွေ ပေါလွန်းလို့ သူတို့နိုင်ငံသားတွေကိုယ်တိုင်တောင် ကားမောင်းရင် (GPS system ရှိပေမယ့်) လမ်းမှားတတ်ကြလွန်းလို့ လမ်းပျောက်ရင် မော်တော်ပီကယ်ခေါ်မေးတာပဲ။

  • kyeemite

    December 4, 2014 at 10:52 am

    .ထိုင်ဝမ်တော့မရောက်ဖူးသေးဘူးဗျ…ကိုအောင်တို့…ကိုရင်မောင်တို့ အဲ့မှာမဟုတ်လား
    .တွေ့ခဲ့ရင် ဘာသာစကားပြသနာမရှိတော့ဘူး…မသွားခင်ကိုရင်မောင်ကိုဖွဘုတ်ကနေဆက်သွယ်သွားရမှာ
    .ဟောင်ကောင်၊ မကာအိုနဲ့ ကွမ်ဂျိုးတော့ရောက်ဖူးတယ်..
    .ဟောင်ကောင်ကအစားအသောက်တော့ကောင်းပါတယ်
    .သူတို့ဆီမှာလူ့အခွင့်အရေးက ၁၀၀% ကျော်သတဲ့။….ခိခိ အားကျထှာ :n:

    • Ma Ma

      December 4, 2014 at 2:24 pm

      ဘာမှကြိုတင်မစီစဉ်ပဲ သွားလိုက်တော့ ကိုရင်မောင်တို့၊ ကိုအောင်တို့ကိုလည်း မဆက်သွယ်သွားခဲ့မိဘူး။
      သူတို့တွေလည်း ရွာနဲ့ အလှမ်းဝေးနေကြတယ်နော်။

  • Wow

    December 4, 2014 at 1:42 pm

    သွားချင်တယ် စပွန်စာပေးဂျဘာာာာ :mrgreen:

    • ခင်ဇော်

      December 4, 2014 at 1:44 pm

      ကိုယ့် အရွယ်ကို ကိုယ်ပြန်ကြည့်လေ။
      စပွန်ဆာ ရှာရမဲ့ အရွယ်လား ဟင်??
      ဘာ ပြောထားလဲ??
      ပေးရမဲ့ အရွယ်ပါဆို။
      အသက်အရွယ်ကို ပေါဒါဘာ။

      :mrgreen:

      • Ma Ma

        December 4, 2014 at 2:36 pm

        အဲ့ ၂ယောက် အပြန်အလှန်ရေးထားတာကို ဖတ်ပြီး ပါးစပ်မစေ့ရဘူး။ :kwi:

  • La Yeik

    December 4, 2014 at 3:42 pm

    ဒါစားဖူးမှ ထိုင်ဝမ်ရောက်သတဲ့ 😀
    အိုက်ဟာလေးစားဖူးချင်တယ်…

    • Ma Ma

      December 4, 2014 at 4:11 pm

      နောက်ထပ် စားချင်စရာတွေ အများကြီး ရှိသေးတယ်။
      ပြောရမယ်ဆိုရင် သူတို့ဆီက ကန်စွန်းဥကြီးတွေ မီးဖုတ်ထားတာတောင် မွှေးနေလို့ မပြန်ခင်စားဖြစ်အောင် စားသွားမယ်ဆိုပြီး စားခဲ့တာ။
      ကိုယ့်ဆီက အရသာထက် အများကြီးကောင်းလို့ စားရကျိုးနပ်ပါတယ်။

  • kai

    December 4, 2014 at 4:25 pm

    ထိုင်ဝမ်က.. ကိုအောင်ဆို.. သမီးတွေနဲ့အလုပ်များရှုပ်နေမလားမသိ..။
    ကိုရင်မောင်လည်း.. မမယ်မဆီများအလယ်လွန်နေသလား..။
    တရုတ်ဦးပေါ်ဦးလည်း.. ထိုင်ဝမ်ကပဲလားမသိ..။

    ယူအက်စ်မှာ တိုးရစ်ဇင်အတွက်ထိုင်ဝမ်လယ်လယ်လာဖို့ဖိတ်တဲ့တီဗီကြော်ငြာက.. အစားအသောက်ပုံတွေနဲ့ချည်းဗျ..။
    စားချင်စရာ..။

    ပြောရရင်… ယူအက်စ်စစ်ဒဇင်တွေထဲ.. ထိုင်ဝမ်နီး-အမေရိကန်တော်တော်များသမို့.. (သူတို့ကြည့်ရတာ.. ဒူဝယ်စစ်ဒဇင်ခွင့်ပြုပုံရသမို့) .. ယူအက်စ်အထွေထွေရွေးကောက်ပွဲကာလတွေမှာ.. ထိုင်ဝမ်ဖက်မဲဆွယ်ထွက်တဲ့သူတွေတောင်ရှိတယ်လို့.. ဖတ်ဖူးတယ်..။
    ယူအက်စ်မှာ.. အယ်လ်အေမှာ.. မြန်မာတွေအနေများတဲ့.. ဆန်ဂဘရီယယ်.. မွနထရီပါတ်မြို့ဆို.. ထိုင်ဝမ်သားတွေသိပ်များပေါ့…။
    ထိုင်ဝမ်သားမျာသမို့.. ထိုင်ဝမ်အစားအသောက်အတိုင်းလည်း.. ဆိုင်တွေများသဗျ..။

    • Ma Ma

      December 4, 2014 at 10:58 pm

      သဂျီးပြောတဲ့ ၃ယောက်လုံး ထိုင်ဝမ်ကလို့ ထင်တာပဲ။

      စလုံးမှာ ထိုင်ဝမ်က သွားဖွင့်တဲ့ စားသောက်ဆိုင်တွေ နာမည်ကြီးပြီး တန်းစီနေရသတဲ့။

      စလုံးမှာလည်း ဆိုင်ခွဲရှိတဲ့ တင်းတိုင်ဖုံး (အသံထွက် ကြားသလို ရေးထားတာ) ဆိုင်တွေမှာဆိုရင်လည်း တန်းစီနေကြတာတွေ ကြည့်ပြီး စိတ်မရှည်လို့ မစားခဲ့ရဘူး။

      ထိုင်ဝမ်က ဒူဝယ်စစ်ဒဇင် ခွင့်ပြုတာ သေချာသလောက်ရှိတယ်။
      သူတို့ဆီရောက်နေတဲ့ ရွှေတချို့ ပတ်စပို့ ၂ခုကိုင်ကြတယ်လို့ ကြားဖူးတယ်။

  • padonmar

    December 4, 2014 at 9:08 pm

    ကိုရင်မောင်က တရုတ်ပြည်မကြီးမှာမလား။
    အလုပ်လုပ်ရတာတော့ ထိုင်ဝမ်နီးစ်ထက် ဟောင်ကောင်းနီးစ်က ပိုကောင်းပါတယ်။စနစ်တကျပိုရှိတယ်။

    • Ma Ma

      December 4, 2014 at 11:02 pm

      ထိုင်ဝမ်နီးစ်နဲ့ ဟောင်ကောင်းနီးစ် ဘယ်သူက ပိုကောင်းတယ်ဆိုတာ သိရအောင် ………..
      မကြာတော့မယ့် ကာလမှာ မွေးတော့မယ့် ရွာ့စုံတွဲဆီမှာ ကလေးထိန်းအလုပ်လျှောက်ပြီး လိုက်သွားကြည့်ဖို့ ကြံစည်ထားတယ်။ :kwi:

  • Crystalline

    December 4, 2014 at 9:29 pm

    သွားလည်​ချင်​တယ်​… ဟို​မောင်​နှံ​ဘေဘီ​လေး​မွေးရင်​.. ၅ရက်​​လောက်​ကြည်​့​ပေးမယ်​.. စပွန်​စာ​ပေးမား ​မေးအုန်​းမှပါ​လေ.. :mrgreenn:
    အစားအ​သောက်​​ကောင်​းတယ်​ဆိုတာနဲ့တင်​..အရမ်​းအရမ်​းစိတ်​ဝင်​စား​နေပြီး.. :))

    • Ma Ma

      December 4, 2014 at 11:03 pm

      အစားအသောက်ဆိုတာနဲ့ ဓာတ်တူနာမ်တူတွေ ပေါက်ချလာပြီကော……. 😀

  • uncle gyi

    December 4, 2014 at 10:36 pm

    မမကစားကောင်းသဘောကောင်းနဲ့တွေ့လာတာကိုး
    မရောက်ဖူးပေမဲ့နေဖူးသူများပြောတာက
    ယာဉ်တိုက်မှုဖြစ်ရင်ကားနောက်ဆုတ်ပြီးအသေတိုက်တာတဲ့
    မသေဖူးဆိုလျော်ကြေးကတယ်ကြီးဆိုကိုး

    • Ma Ma

      December 4, 2014 at 11:10 pm

      ဟုတ်တယ်။
      အဲဒီတစ်ချက်လည်း သူတို့ ပြောတာ ကြားလိုက်လို့ အံ့ဩမိတယ်။
      ယာဉ်တိုက်မှုဖြစ်လို့ သေသွားတာထက် မသေရင် လျှော်ကြေးက ပိုများသတဲ့။

      ဧည့်သည်ပီပီ စားရမှာကို အားနာနေရမယ့်အစား
      စေတနာ ဗလပွနဲ့ ချက်ပြုတ်စီစဉ်ပေးတဲ့ အိမ်ရှင်အမကြောင့်

      ဒီတခါဧည့်သည်လုပ်တာ မစားပဲ နေရတာကမှ ပိုပြီး အားနာစရာဖြစ်နေလို့………
      ဖရီးဘောဇဉ်( ခွက်ဒစ်တူ ကျောက်စ်) တွေ ပီကင်းဘဲကင်အစာသွတ်သလို စားလာတာ။ :mrgreen:

  • ဦးကြောင်ကြီး

    December 6, 2014 at 11:40 am

    တီမားမား… ထိုင်ဝမ်ဆိုဒါ အချိုများလား ဟင်… တီမားမား တူမက တိုင်ပေသူရား… အနော်ကြောင်ကြီး တိုင်ပတ်ချဉ်ရို့… ကူညီဗာ…။

  • မြစပဲရိုး

    December 6, 2014 at 10:12 pm

    အလိုလေး။
    ချစ်မမ ပါလား။
    အသံလေး ပြန်မြင်ရ ဝမ်းသာလှပြီ။
    ပုံတွေထဲ က “ဒါစားဖူးမှ ထိုင်ဝမ်ရောက်သတဲ့” ဆိုတာ ဘာလေးလဲ။
    သရက်သီး နဲ့ အိုက်စ်ခရင် လား။

    ဝေပြောသလို အသေးစိတ်ခရီးစဉ်လေး ဖတ်ချင်ပါတယ်။ :))

    • Ma Ma

      December 8, 2014 at 7:50 pm

      ဟုတ်တယ် မလတ်ရေ။
      သရက်သီးအိုင်စကရင်လို့ပဲ ပြောရမယ်ထင်တယ်။
      အဓိကက ရေခဲခြစ်ပေ့ါ။
      အရမ်းနူးညံ့နေတာ အိုက်စကရင်ထက်တောင် ပိုကြိုက်သေးတယ်။

  • ဝင့်ပြုံးမြင့်

    December 7, 2014 at 3:38 am

    ကျမ ယောက်ျားကတော့ ထိုင်ပေ မှာအကြာကြီး နေခဲ့ဖူးတယ်။ ကျောင်းပြီးတော့ ထိုင်ပေ ကို စွန့်စွန့်စားစား ထွက်ပြီး အလုပ်သွားလုပ်တယ်။ ရည်ရွယ်ချက်က ငွေလုံးငွေရင်းရှာ၊ မြန်မာပြည်ပြန်လာ၊ လုပ်ငန်းထူထောင်ပြီး ကျ မနဲ့ လက်ထပ်မယ်ပေါ့။ ဒါပေမယ့် ဘဝများ ထင်တိုင်းမပေါက်ဘူး။ ထိုင်ပေမှာ သူပင်ပင်ပန်းပန်း ရှာဖွေပြီး ပြန်လာ၊ မြန်မာပြည်ပြန်ရောက်တော့ သူ့အမေ နေမကောင်း၊ ၄ -၅ နှစ်လောက် ကြာအောင် ဆေးကုလိုက်ရတာ ရှိသမျှ ပြောင်ပါလေရော။ သူ့အမေ ဆုံးမှ ကျ မတို့ လက်ထပ်ခဲ့တာ။ အဲဒီအချိန်ရောက်တော့ ခေါင်းပေါ်မှာ ကြွေးထုပ်ကြီးပဲ ရှိတော့တာ။ ကျမ တို့ အိမ်ထောင်တစ်ခါပြုတာ အခက်အခဲတွေ အများကြီးပဲ။ ဒီဂဇက်ရွာသူ ရွာသား တွေ ဘာမှ အခက်အခဲ ကြီးကြီးကျယ်ကျယ် မရှိဘဲ အချိန်ဆွဲနေကြတာတွေ့တော့ ကိုယ့်အိမ်ထောင်ရေးအကြောင်းတောင် ရေးပြချင်စိတ်ပေါက်တယ်။

    • မြစပဲရိုး

      December 7, 2014 at 3:33 pm

      အဲဒီ မိဘ ကို ပြုစု လိုက်တဲ့ စေတနာ ပြန် အကျိုးပေးပါတယ် ပြုံး ရယ်။
      အဲဒါကို တော့ တကယ်ယုံပါ။

      ဘဝ ဆိုတာ ကတော့ သူ့ဟာနဲ့ သူ ဇာတ်ရှုပ် တွေ ရှိနေတာပါဘဲ။
      ဘာဖြစ်ဖြစ် တော့ ပြီးသွားလိုက်တာပါဘဲ။
      အဲဒီအချိန် အပြုံးမပျက် ရင်ဆိုင်လိုက်နိုင်ရင် အရှုံး မရှိဘူးပေါ့။

      ဒါထက်
      ပြုံး အစ်မ မစပ်စု က ကိုယ့်ညီမ ရဲ့ ဇာတ်လမ်း လေး ကြားချင်မိ။
      အချိန်လေး ရရင် ချရေးပြီး မျှပါဦး။ :))

    • Ma Ma

      December 8, 2014 at 7:55 pm

      ပြုံးရေ-
      ပြန်ပြင်လို့မရတဲ့ အတိတ်ကို ပြောင်းပစ်လို့ရရင် ပြုံးကလိုက်သွားရမှာ။
      အဲဒီရောက်နေတဲ့သူတွေ ကြည့်ရတာ တစ်ယောက်အလုပ်လုပ်ရင်ပဲ မိသားစုရပ်တည်နိုင်ပုံရတယ်။
      မိဘကိုပြုစုခွင့်ရလိုက်တာကတော့ တသက်လုံးအတွက် နောင်တမရစေမှာမို့ တန်ပါတယ်လို့ပဲ ပြောချင်ပါတယ်။

    • kai

      December 9, 2014 at 3:24 pm

      အိမ်ထောင်ဖက်မှာ.. တဖက်သူ.. ဒါမှမဟုတ်.. ကိုယ့်ဖက်ရဲ့ မိဘအတွက်.. အိမ်ထောင်နောင်ရေး..ရှေ့ရေးအတွက်.. စုထားငွေတွေထုတ်သုံးတာ.. ကုန်ပြီးအကြွေးတင်ကျန်ရစ်တာဟာ.. တဖက်ကြင်ဖော်အတွက်.. တရားပါ့မလား.. တွေးနေမိတယ်..။
      သားသမီးရှိရင်.. ရှိမယ်ဆိုရင်.. အဲဒီမြေးတွေအတွက်လည်း.. မျှတမှုရှိပါ့မလားတွေးနေမိတယ်..။

      ယူအက်စ်မှာဆိုရင်တော့.. ဒီလိုလုပ်တာ.. ကုသိုလ်ရတယ်.. တရားတယ်လို့.. ဘယ်သူမှပြောမှာမဟုတ်…။
      ကိုယ့်ရဲ့ဆိုရှယ်မှာစုဆောင်းထားငွေကို.. မိဘအတွက်ဆိုပြီးလည်း..( ဥပဒေအရ)ထုတ်သုံးခွင့်မရှိ..။

      ဒါမျိုးတွေအတွက်.. အသက်ကြီးသူကို.. စီနီယာစစ်ဒဇင်ကို.. နေထိုင်မကောင်းချိန်.. အိုမင်းမစွမ်းချိန်မှာ.. အစိုးရကတာဝန်ယူပေးတဲ့..စနစ်ဖြစ်အောင်လုပ်ထားကြတယ်..။

      • Ma Ma

        December 9, 2014 at 6:26 pm

        အစိုးရက တာဝန်ယူပေးတဲ့စနစ် ဆိုရင်တော့ အကောင်းဆုံးပေ့ါ သဂျီးရယ်။

        ဒီလိုအခွင့်အရေးတွေ မရနိုင်သေးတဲ့အချိန်မှာ…….
        မိဘအသက်ရှင်နေတုန်းမှာ ကျန်းမာရေးကို ငွေကြေးနဲ့တွက်ချက်ပြီး တွန့်ဆုတ်ခဲ့ရင် အဲဒီအခွင့်အရေးက နောင်ပြန်မရနိုင်တော့ဘူး။

        နောင်တချိန်မှာ စဉ်းစားတိုင်း ယူကြုံးမရဖြစ်ပြီး နောင်တရနေရမယ့်အစား ငါလုပ်ပေးနိုင်သလောက် လုပ်ပေးခဲ့တယ်ဆိုတဲ့ စိတ်ရှင်းရှင်းနဲ့ အသက်ရှင်ခွင့်ရတာ ပိုကောင်းပါတယ်။

        (ဒီနေရာမှာ ကိုယ်တတ်နိုင်တဲ့အတိုင်းအတာလည်း ဖြစ်နေရင်ပါ။ မတတ်နိုင်တဲ့အတိုင်းအတာဖြစ်တဲ့အခါ လက်ပိုက်ကြည့်ရတဲ့ ရင်နင့်စရာကိစ္စတွေ အများကြီး ရှိခဲ့/နေပါတယ် သဂျီးရေ။)

        အခြားတဖက်မှာ အိမ်ထောင်ဖက်အတွက် သားသမီးမြေးမြစ်တွေအတွက် မျှတပ့ါမလားလို့ စဉ်းစားစရာဆိုရင်လည်း ငွေရှာနိုင်တဲ့သူရဲ့ ဆုံးဖြတ်ခွင့်ပဲလို့ ထင်မိတယ်။
        ဥပမာ- ဇနီးက သူရှာတဲ့ငွေကို သူ့မိဘအတွက်သုံးချင်ရင် သုံးခွင့်ရှိရမယ်။

        ကိုယ့်အတွေးနဲ့ကိုယ်ပြောရရင်………..
        ပြုံးတို့ကိစ္စမှာ လက်မခံနိုင်ရင် ဆက်ပြီး လက်မတွဲလို့ရတဲ့အခြေအနေဖြစ်တာက တကြောင်း
        သူ့မိဘ သူ့လုပ်စာနဲ့ သူပြုစုတာဖြစ်တာက တကြောင်းမို့
        မျှတတယ် မမျှတဘူး စဉ်းစားစရာ မလိုဘူးလို့ ထင်မိတယ်။

        အဲလိုအခြေအနေမှာ ကြံ့ကြံ့ခံပြီး လက်တွဲခဲ့တဲ့ ပြုံးကိုလည်း ချီးကျူ းပါတယ်။

  • Ma Ei

    December 9, 2014 at 11:16 am

    .ခုချိန်မှာ စိတ်မောလူမော ဘဝထဲက ခဏထွက်ပြေးပြီး ခရီးတစ်ခုလောက်ကို အသည်းအသန်သွားချင်နေတာမို့ မမ ပို့စ်ကိုဖတ်လို့ ခဏအာသာဖြေလိုက်ရပါတယ်…

    • Ma Ma

      December 9, 2014 at 6:34 pm

      ခရီးသွားရင် ကိုယ့်ရဲ့နေ့စဉ်ဘဝ ပုံစံခွက်ထဲက လွတ်ထွက်သွားသလိုဖြစ်သွားလို့ သဘောကျတယ်။
      ဒါပေမယ့်လည်း လူတိုင်းကိုယ်စီ ကိုယ်င ဗာဟီရတွေနဲ့မို့ တခါတခါ ခရီးထွက်ဖို့ဆိုတာလည်း လွယ်တာမဟုတ်ဘူးဆိုတာ ထောက်ခံပါတယ် မအိရေ။

  • Mr. MarGa

    December 9, 2014 at 6:30 pm

    သွားချင်တယ်ဗျိုးးးးးး
    စပွန်ဆာ(ကိုယ်က) ပေးရမယ့်အရွယ်မရောက်သေးလို့
    စပွန်ဆာပေးကြဘာ…
    :mrgreenn: :mrgreenn:

    • Ma Ma

      December 9, 2014 at 6:53 pm

      အော်……….. သိကြားမင်းရယ်
      နတ်မျက်စေ့၊ နတ်နားနဲ့ စပွန်စာရှာနေရသေးလားးးးးးး :kwi:

      • Mr. MarGa

        December 9, 2014 at 6:56 pm

        စပွန်ဆာတွေ ခေတ်ထနေတုန်းမို့ပါဗျာ.. :mrgreenn:

Leave a Reply