အတော် လှသဗျ…

ပြောလို့ပြောတာမဟုတ်ဝူးရယ်..

ဂယ်

လှတဲ့အပြင် ချစ်ဖို့လည်းကောင်းတယ်…

ချစ်ဖို့ကောင်းတဲ့အပြင် ကျော့်လည်း ရိုသေတယ်..

(သူကအသက် လပိုင်းကြီးပေမယ့်ပေါ့လေ)

 

ယဲဇား ရှိတာလေးကလွဲလို့ပေါ့ညော်…

ကျန်တာ ပါဖက် … အာဟိ…

(ပါးချိုင့်လေးနဲ့ ခည)

ထားပါလေ….

 

အဲ့လိုနဲ့ ကွဲသွားတာ အတော် ကြာပြီး တရက်….

သူ့ကျေးဇူးလေး တခု သွယ်ဝိုက်ပီး ရှိလို့ ဖုန်းဆက်ဖြစ်တယ်….

 

အစ်မ နေကောင်းလား ဘာလုပ်နေလဲ ဘာညာပေါ့အေ…

ဘာပြောတယ် အောက်မေ့တုန်း …

 

ကိုဂီ တဲ့ … အစ်ကို့အကြောင်း မနက်ကတောင် ပြောဖြစ်သေးတယ် တဲ့ ..

တိုက်တိုက်ဆိုင်ဆိုင် ဒီညနေ အစ်ကို့ဖုန်း ၀င်တယ် တဲ့…

ကျုပ်မှာ ရင်ဒွေဘာဒွေ ခုန်သွားပီး ဖလန်းဖလန်းပေါ့ …

 

ဟုတ်လား ..ဘယ်သူနဲ့တုန်း ကွယ်… ဆိုတော့ …

 

ချစ်ချစ် နဲ့လေ တဲ့ … ပရီဝက်ဒင် ရိုက်ဖို့တဲ့ ….

သေဟဲ့ မိဂီ သေဟဲ့ ….

လေထီးမပွင့်တဲ့ ပါရာထရူပါ ဆိုတာ ဒါ ညိုး ဒါ ညိုး …

 

 

အာ့ ထားလိုက်ပါအုံး…လေ..

ဒီလပိုင်းတွေ … ၀ါကျွတ်ကာလ ..

ဝက်ဒင်တွေ ရိုက်ဈာ တွေ များလို့…

ဒင်းကို သတိရပီး ဖုန်းထပ်ဆက်မိပါတယ်….

အစ်မ ရိုက်မယ်ပြောထားတာ ဘယ်တော့တုန်း

ဘယ်ရက်ဘယ်ရက် ဆိုရင်တော့ ဂီ မအားဘူးညော် လို့ ပြောတော့…

 

ဟုတ်ဖူးလေ ဂီရယ် တဲ့ … ဆောင်ရင် ရိုက်မယ် ပြောတာ

ဆောင်ဖို့က အနည်းဆုံး …၂နှစ် ၃နှစ် လိုသေးတာ တဲ့ ….

 

သေဟဲ့ မိဂီ သေ သေ…

 

 

အေးဗျာ လို့ … အစ်မဆောင်ရင် ကျော် လက်ဖွဲ့ပီးရိုက်ပေးမှာပါလို့ မယူပါဘူး လို့

ပြောလိုက်မိတယ်.. ဘဇပ်က အရှိန် ထိန်းမရတော့ … ဆက်ပြောတယ် ….ခုတလောမယ်

မင်္ဂလာဆောင်တွေများတယ် လို့ … ကျော့်မှာ ဒီအရွယ်ယီးနဲ့

မရှက်မကြောက် တဂေါင်ထည်း ယွန်းနေရတာ ငေါင်တယ် ပေါ့ဗျာ…

ညီမလေး တူမလေး ရှိရင် ပေးသနားပါညော် လို့ … ဖောမိတယ်…

(အာဟိ.. သင်ချာယီးနဲ့ တူတူ ယုစ့်နဲ့ တူတူ ရဒယ်လို့)

ကိုဂီရယ် တဲ့ … မရှိဘူးတဲ့ ….

ကျမ နဲ့ တူတဲ့ ကျမ ပဲ ရှိတယ် တဲ့ ….

သွားကြမယ်လေ တဲ့ ….

ကိန် ကိန်….

(သွသူ ဘဲဘဲနဲ့ ရန်ဖြစ်ထားလား ပြတ်သလားမသိပါဘူးဗျာ ..ကျုပ်မှာ ပိုက်ဘောမိမှာစိုးလို့
ဖုန်းပိတ် အိပ်နေရတယ်…)

အမေ့ကြောက်လို့သာ အိမ်ဖုန်းမဆက်တာရယ်….
အမေကလည်း သူ့ အသည်းကျော် ၃ယောက်ကလွဲရင် …

ချဉ်ပါ့အေ…
အဲ့လိုနဲ့ပဲ …ကျုပ်တော့

မျက်စိကမှိုင်း နားကထိုင်း ပီး ခါးက ကိုင်းတော့မယ်ထင်ပါရဲ့…

ဒီတသက် စွံရန်လမ်းမမြင်…။

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011