နောက်ထပ် ဒတ်ဆြာ အလွဲ တခု

ムラカミDecember 4, 20141min20815

အတော် လှသဗျ…

ပြောလို့ပြောတာမဟုတ်ဝူးရယ်..

ဂယ်

လှတဲ့အပြင် ချစ်ဖို့လည်းကောင်းတယ်…

ချစ်ဖို့ကောင်းတဲ့အပြင် ကျော့်လည်း ရိုသေတယ်..

(သူကအသက် လပိုင်းကြီးပေမယ့်ပေါ့လေ)

 

ယဲဇား ရှိတာလေးကလွဲလို့ပေါ့ညော်…

ကျန်တာ ပါဖက် … အာဟိ…

(ပါးချိုင့်လေးနဲ့ ခည)

ထားပါလေ….

 

အဲ့လိုနဲ့ ကွဲသွားတာ အတော် ကြာပြီး တရက်….

သူ့ကျေးဇူးလေး တခု သွယ်ဝိုက်ပီး ရှိလို့ ဖုန်းဆက်ဖြစ်တယ်….

 

အစ်မ နေကောင်းလား ဘာလုပ်နေလဲ ဘာညာပေါ့အေ…

ဘာပြောတယ် အောက်မေ့တုန်း …

 

ကိုဂီ တဲ့ … အစ်ကို့အကြောင်း မနက်ကတောင် ပြောဖြစ်သေးတယ် တဲ့ ..

တိုက်တိုက်ဆိုင်ဆိုင် ဒီညနေ အစ်ကို့ဖုန်း ဝင်တယ် တဲ့…

ကျုပ်မှာ ရင်ဒွေဘာဒွေ ခုန်သွားပီး ဖလန်းဖလန်းပေါ့ …

 

ဟုတ်လား ..ဘယ်သူနဲ့တုန်း ကွယ်… ဆိုတော့ …

 

ချစ်ချစ် နဲ့လေ တဲ့ … ပရီဝက်ဒင် ရိုက်ဖို့တဲ့ ….

သေဟဲ့ မိဂီ သေဟဲ့ ….

လေထီးမပွင့်တဲ့ ပါရာထရူပါ ဆိုတာ ဒါ ညိုး ဒါ ညိုး …

 

 

အာ့ ထားလိုက်ပါအုံး…လေ..

ဒီလပိုင်းတွေ … ဝါကျွတ်ကာလ ..

ဝက်ဒင်တွေ ရိုက်ဈာ တွေ များလို့…

ဒင်းကို သတိရပီး ဖုန်းထပ်ဆက်မိပါတယ်….

အစ်မ ရိုက်မယ်ပြောထားတာ ဘယ်တော့တုန်း

ဘယ်ရက်ဘယ်ရက် ဆိုရင်တော့ ဂီ မအားဘူးညော် လို့ ပြောတော့…

 

ဟုတ်ဖူးလေ ဂီရယ် တဲ့ … ဆောင်ရင် ရိုက်မယ် ပြောတာ

ဆောင်ဖို့က အနည်းဆုံး …၂နှစ် ၃နှစ် လိုသေးတာ တဲ့ ….

 

သေဟဲ့ မိဂီ သေ သေ…

 

 

အေးဗျာ လို့ … အစ်မဆောင်ရင် ကျော် လက်ဖွဲ့ပီးရိုက်ပေးမှာပါလို့ မယူပါဘူး လို့

ပြောလိုက်မိတယ်.. ဘဇပ်က အရှိန် ထိန်းမရတော့ … ဆက်ပြောတယ် ….ခုတလောမယ်

မင်္ဂလာဆောင်တွေများတယ် လို့ … ကျော့်မှာ ဒီအရွယ်ယီးနဲ့

မရှက်မကြောက် တဂေါင်ထည်း ယွန်းနေရတာ ငေါင်တယ် ပေါ့ဗျာ…

ညီမလေး တူမလေး ရှိရင် ပေးသနားပါညော် လို့ … ဖောမိတယ်…

(အာဟိ.. သင်ချာယီးနဲ့ တူတူ ယုစ့်နဲ့ တူတူ ရဒယ်လို့)

ကိုဂီရယ် တဲ့ … မရှိဘူးတဲ့ ….

ကျမ နဲ့ တူတဲ့ ကျမ ပဲ ရှိတယ် တဲ့ ….

သွားကြမယ်လေ တဲ့ ….

ကိန် ကိန်….

(သွသူ ဘဲဘဲနဲ့ ရန်ဖြစ်ထားလား ပြတ်သလားမသိပါဘူးဗျာ ..ကျုပ်မှာ ပိုက်ဘောမိမှာစိုးလို့
ဖုန်းပိတ် အိပ်နေရတယ်…)

အမေ့ကြောက်လို့သာ အိမ်ဖုန်းမဆက်တာရယ်….
အမေကလည်း သူ့ အသည်းကျော် ၃ယောက်ကလွဲရင် …

ချဉ်ပါ့အေ…
အဲ့လိုနဲ့ပဲ …ကျုပ်တော့

မျက်စိကမှိုင်း နားကထိုင်း ပီး ခါးက ကိုင်းတော့မယ်ထင်ပါရဲ့…

ဒီတသက် စွံရန်လမ်းမမြင်…။

 

15 comments

  • ဦးကျောက်ခဲ

    December 4, 2014 at 7:59 am

    ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား မိသိန်းကြည် … ဟီ ဟိ
    ရှေ့လူကတော့ပြောမှာပဲ… နောက်လူမြည်းရင်ချိုပါဇေ… တဲ့
    အဟတ်စ်… အမှတ်မရှိသေးဘူး… စွံချင်သေးတယ်… အားဟိ
    :k:

    • ကန္နားစီး မိဂီ

      December 4, 2014 at 9:59 am

      ရှူး တိုးတိုး … အဲ့တျောက်လည်း စကားဂျို နဲ့ ဆင်သဗျ…
      ငိငိ…
      ဟိုက်ချိခ်ဘွန်းလေး…..
      ကျုပ်ကလည်း အာ့မိုးတေပဲ လိုက် ရှာနေမိသလား မတိ…
      အဟိဟိ.။.

  • ကျုပ်လည်း . . .ဒီတစ်သက် ဖွေးဖွေးနဲ့ပဲ စွံမလား
    ဒေါ်ဖွားမေနဲ့ပဲ ဂွန်မလားမသိ

    :k:

    ခီညားမလည်းးး လွဲ လွဲနိုင်လွန်းး

    အချစ်ဟောင်းရဲ့ လက်ထပ်မင်ဂလာပွဲမှာ ဘာညာဆိုပြီး
    သီချင်းမဆိုရပဲ ဒတ်ပုံ ရိုက်ပေးရတာ
    ဆိုးပါဘူး

    😆

  • ခင်ဇော်

    December 4, 2014 at 10:16 am

    မျောက်စိ လည် နေလို့ ဘာမှ ဝင်မန့်ချင်စိတ် ရှိတော့ ဝူး ရော်

    :boss:

  • La Yeik

    December 4, 2014 at 3:44 pm

    လူပျိုဂျီး လုပ်ပေါ့ဂျ..အားပေးဒယ် အူးလေး

    • ကန္နားစီး မိဂီ

      December 4, 2014 at 4:41 pm

      စိတ်ညစ်တဲ့ယ့် …. ဂယ်ပဲ

  • uncle gyi

    December 4, 2014 at 11:07 pm

    ဒီခေတ်ကြီးထဲများဖုန်းပိတ်အိပ်ရတယ်လို့မိဂီရယ်
    ကိုရီးယားဇာတ်လမ်းတွဲတွေများကြည့်ရင်
    တခုလပ်တလင်ကွာကလေးတောင်ပါအုန်းမှ
    အပျိုတွေထက်ပိုစွန်တာ
    ဒီမှာလဲကိုရီးယားယာဉ်ကျေးမှုကမိုးလာတော့
    မကြာမှီလာမည်
    ကလေးပါသူတခုလပ်များစန်းပွင့်တော့မည်
    အဲတော့မှလိုက်မခေါ်နဲ့နော်
    ဒါပဲ

  • ဝင့်ပြုံးမြင့်

    December 5, 2014 at 5:59 pm

    .ဒါနဲ့များ မာကက်တင်းဆြာ တဲ့လား။ ကိုယ့်ကိုယ်ကိုယ်တောင် အစွံ ရောင်းမထုတ်နိုင်သေးဘဲနဲ့။

    • ကန္နားစီး မိဂီ

      December 5, 2014 at 6:40 pm

      ဒီအာလဖွားယီး ဒိတ်အောက်နေဘီထင့်
      ရှင်းပြပါ့မယ်လေ.. အာဟိ
      ခေတ်ကိုက ရောင်းတဲ့ခေတ် မဟုတ် ငှားတဲ့ခေတ်…

      *aas မော်ဒယ် တဲ့ခည …

      saas software as a service
      paas platform as a service
      iaas infracture as a service

      မရောင်းဘူး ..သုံးရင် သုံးသလောက် ပမာဏကိုပဲ ငှားစားတဲ့ မော်ဒယ်..
      ခိခိ…

      why not baas?
      boyfriend as a service…

      ဒချိ ဒချိ…

  • မြစပဲရိုး

    December 6, 2014 at 10:02 pm

    မောင်ဂီ့ မာမီ ရဲ့ အသီးကျော် လေး တွေ က ပုံစံ တူ တွေလား။ မတူ တွေလား။
    သိချင်စမ်းတော့။
    Research လုပ်ချင်လို့ပါလေ။
    lol:-))

    • ကန္နားစီး မိဂီ

      December 6, 2014 at 10:46 pm

      အသံ​တွေတူတယ်​ဗျ

      • မြစပဲရိုး

        December 6, 2014 at 10:49 pm

        ဘယ်လို အသံလဲ။
        ကြောင်အော်သံမျိုးလား။
        ဥဩ သံလား။ 😉

        • ကန္နားစီး မိဂီ

          December 6, 2014 at 11:01 pm

          စိတ်​ညစ်​တဲ့ယ်
          စကားသံ​ပေါ့ဗျာ
          အသံတုန်​းတူ​ပေမယ်​့
          စကားဝဲတာကွာလို့. ၅ခွန်းေ​လာက်နဲ့တင်​ခွဲလို့ရပာါတဲ့ယ်​့

        • မြစပဲရိုး

          December 6, 2014 at 11:09 pm

          သူရို့ က မင်း မာမီ ကို “စိတ်​ညစ်​တဲ့ယ်” လို့ ဝိုင်း ညည်းကျတယ်လား။
          Poor mum။ :))
          တော်ကြာ မာမီ ပါ “”စိတ်​ညစ်​တဲ့ယ်” လေသံ ဖစ်တော့မယ်။
          ကြည့်လုပ် မောင်ဂီ။ lol:-))

Leave a Reply