ဓမ္မဒူတ ယဉ်ကျေးလိမ္မာကလေးတရားစခန်း ဖွင့်မည်

ဦးကောက်December 4, 20141min22411

ဓမ္မဒူတယဉ်ကျေးလိမ္မာ ကလေးတရားစခန်းဖွင့်မည်

ရန်ကုန်တိုင်းဒေသကြီး ၊ မှော်ဘီမြို့နယ် ၊ အောက်ဝါးနက်ချောင်းကျေးရွာ ဓမ္မဒူတ ဇေတဝန်တောရ ၊ ဆေကိန္ဒရာမကျောင်းတိုက်တွင်
ယဉ်ကျေးလိမ္မာ ကလေးတရားစခန်းဖွင့်လှစ်မည်ဖြစ်ရာ
Grade – 10 ( ၉ တန်း ) များအတွက် ၂၁ – ၁၂ – ၂၀၁၄ မှ ၂၃ – ၁၂ – ၂၀၁၄ ရက်အထိ
တက္ကသိုလ်ကျောင်းသားများအတွက် ၂၄ – ၁၂ – ၂၀၁၄ မှ ၂၆ – ၁၂ – ၂၀၁၄ ရက်အထိ
Grade – 8/9 ( ၇/၈ တန်း ) များအတွက် ၂ရ – ၁၂ – ၂၀၁၄ မှ ၂၉ – ၁၂ – ၂၀၁၄ ရက်အထိ
Grade – 6/7 ( ၅/၆ တန်း ) များအတွက် ၃ဝ – ၁၂ -၂၀၁၄ မှ ၁ – ၁ -၂၀၁၅ ရက်အထိ
Grade – 4/5 ( ၃/၄ တန်း ) များအတွက် ၂ – ၁ -၂၀၁၅ မှ ၄ – ၁ – ၂၀၁၅ ရက်အထိ
ဖွင့်လှစ်မည်ဖြစ်ပါသည်။

တရားစခန်းဝင်ရောက်ရန်အတွက် ဖော်ပြပါ
website http://reg.dhammadutahmawbi.org/ သို့
အမည် ၊ မိဘအမည် ၊ ပညာအရည်အချင်း ၊ ကျောင်းနေရပ်လိပ်စာ တို့ကို အင်္ဂလိပ်လိုရေးသားပြီး
ဒီဇင်ဘာလ ရ ရက်မှ ဒီဇင်ဘာလ ၁၄ ရက်အတွင်း သက်ဆိုင်ရာ အတန်းနှင့်အချက်အလက်များကို
မှန်ကန်စွာဖြည့်သွင်းစာရင်းပေးရပါမည်။
စာရင်းပေးသွင်းထားသော e-mail လိပ်စာများသို့
ဒီဇင်ဘာလ ၁၈ ရက်မှ ဒီဇင်ဘာလ ၂ဝ ရက်အတွင်း အကြောင်းပြန်ပါမည်။

အချက်အလက်မပြည့်စုံ/မမှန်သူများကို စာရင်းလက်ခံမည်မဟုတ်ပါ။

ဆေးလိပ်သောက် ၊ ကွမ်းစား ၊ အရက်သောက် ၊ ဖဲရိုက် ၊ ဂိမ်းကစားခြင်းများသည် သာသနာနယ်မြေနှင့်
မသင့်တော်သော အမှုအကျင့်ပြုသူများကို လက်ခံမည်မဟုတ်ပါ။
ဝင်ရောက်ခွင့်ရရှိသူများသည် ၁ လက်မပတ်လည် ဓါတ်ပုံ ( ၂ ) ပုံ၊
ကျောင်းသားကဒ် ( သို့ ) မှတ်ပုံတင်မိတ္တူ ( ၁ ) စောင် မဖြစ်မနေတစ်ပါးတည်းယူဆောင်ခဲ့ပါရန်။

11 comments

  • CharTooLan

    December 5, 2014 at 11:44 am

    ကျုပ်ကလေးတွေပို့ချင်လို့ ဘယ်ကိုနာမည်စာရင်းပေးရမလဲ ခည ???
    1) kai
    2) big cat
    3) black chaw
    အကြီးဆုံးက ဘလိုသင်သင်လုံးဝ ဖျားမရှိခိုးလို့ဘာ
    အလတ်ကတော့ အိန်ဒရေမရ အစအနောက်သန်ပီး လူကြီးသူမတွေရန်ဖစ်လွန်းလို့ဘာ
    အငယ်ဆုံးကတော့ ကျောင်းစာထက် ကေတီဗီဘက်ပိုအားသန်နေလို့ဘာ

  • kai

    December 5, 2014 at 11:52 am

    ကမ္ဘာတန်းအမြင်နဲ့ဆိုရင်တော့.. အလွန့်အလွန်.. အန္တရာယ်များတဲ့အလုပ်ပဲ….
    သင်သူဆရာဟာ.. ကလေးစိတ်ဓာတ်ရေးရာနဲံဆိုင်တဲ့.. လုံလောက်တဲ့သင်ကြားမှုတွေရရှိထားရဲ့လား.. သိသင့်တယ်..။
    ကျုပ်သမီးကိုတော့.. မလွှတ်ရေးချမလွှတ်..။
    …မာစတာနဲ့..ဒေါက်တာဘွဲ့ရထားတဲ့ဆရာသင်တာဆိုရင်တော့.. ဟုတ်သေး..။
    =
    မြန်မာပြည်

    =
    အာဖဂန်နစ္စတန်

    =
    ယူအက်စ်

  • kyeemite

    December 5, 2014 at 3:40 pm

    .သဂျီးတင်လာတော့မှ..ဟိုနေ့ကလည်းအွန်လိုင်းမှာ ခြေနဲ့နင်းပြီး ဂျုံ နယ်နေတဲ့ပုံနဲ့ ပလာတာမစားသင့်ကြောင်း
    .တွေ့လိုက်သေးရဲ့…အတွေးအခေါ်တွေက အောက်တန်းကျလှတယ်..မောင်ယဿ
    .ထောက်ပြချက်လေးက တော်တော်ဆင်ခြင်သင့်ကြကြောင်း :harr:

  • ဦးကြောင်ကြီး

    December 6, 2014 at 11:36 am

    ဂေဇက်အယ်ဂုျပ် အယာတိုလာ မာမွတ်ခိုမ်မေနီက ဘာ ဘာသာကိုးကွယ်ပါသလဲ ခင်ငြာ…။

    • kai

      December 6, 2014 at 3:57 pm

      “အတ္တာဟိ အတ္တနော နာထော”

  • padonmar

    December 6, 2014 at 9:24 pm

    ကလေးစိတ်ဓာတ်ရေးရာနဲ့ ပတ်သက်လို့ ဘွဲ့ရမရတော့ မသိဘူး။
    ဒါပေမယ့် အဲဒီ သင်တန်းသွားပြီးတဲ့ ကလေးတွေက ဦးဆေကိန္ဒကို တအားလေးစားကြတယ်။
    ဘုန်းဘုန်းဦးဆေကိန္ဒ ပြောရင် အကုန်လိုက်နာတယ်။ ပိုလိမ္မာလာကြတယ်။
    ဓမ္မဒူတမောင်မယ်တွေဟာ အဲဒီသင်တန်း မတက်ဖူးတဲ့သူတွေထက် ပရဟိတအလုပ်တွေ လုပ်ကြတယ်။
    အခု မြန်မာပြည်မှာ ပရဟိတလုပ်တဲ့ လူငယ်မျိုးဆက်တွေ အဲဒီ သင်တန်းက ပေါက်ဖွားလာတာပဲ။
    ဆရာတော်က ကလေးတွေကို အလွန်နားလည်ပေးနိုင်တယ်။
    သူ့ကျောင်းမှာ ကလေးတွေကို စိတ်ကြိုက်ဆော့ခွင့် ပေးထားတယ်။
    ၃-၄ပေ အမြင့်ငြမ်းတွေကို အိမ်မှာ တက်ရင် တဟဲ့ဟဲ့ အအော်ခံနေရတဲ့ ကလေးတွေဟာ သင်တန်းမှာ မိန်းကလေးရော ယောကျင်္ားလေးတွေပါ တက်လိုက်ဆင်းလိုက် ဆော့ကြတယ်။
    ဒီအရွယ်မို့ဆော့တာပါတဲ့။
    ကြီးလာရင် ဆော့ပါဆိုလို့တောင် မဆော့တော့ဘူး၊
    ဂိမ်းလည်း တန်ရုံပေးဆော့ရင် မိဘက အတင်းအကြပ်တားထားတာထက် ကိုယ့်ဖာသာ ထိန်းပြီး အလွန်အကျွဲမဖြစ်တော့ဘူးလို့ပြောတယ်။
    ၈-၉-၁ဝတန်းကလေးတွေ ဆိုတာ မိဘမသိအောင်ကို ခိုးလုပ်ချင်တဲ့ စိတ်ရှိတယ်။ တခါတလေ မိဘက သိရက်နဲ့ မသိယောင်ဆောင်ပြီး နေပေးလိုက်သင့်တာ ရှိတယ်။
    ဒါကို ပူပူဆူဆူမလုပ်ပဲ သူ့အရွယ်ရဲ့ ဓလေ့ပါလားလို့ နားလည်၊တကြိမ်တခါကို ခွင့်လွှတ်ပေးလိုက်ရင် မိဘသားသမီး၊ဆရာတပည့်ကြား ပြေလည်သွားလိမ့်မယ်။
    အဲသလိုတွေ ပြောတဲ့ ဆရာတော်ပါ။
    ဘုန်းကြီးဆိုတိုင်း လူညံ့တွေပါလို့ တော့ မမြင်စေလိုပါ။

  • padonmar

    December 6, 2014 at 9:28 pm

    ပလာတာကို ခြေနဲ့နင်းတယ်ဆိုလို့ ဖွဘုတ်မှာ လက်ဖက်ညွန့်လေးတွေကို အိတ်ထဲမှာ ခြေထောက်နဲ့ နင်းသိပ်နေတာ မြင်ပြီး မစားတော့ပါဘူး ပြောနေကြတယ်။
    တကယ်တော့ အစားအသောက်တော်တော်များများ ခြေနဲ့ အနင်းခံလာရတာပါပဲ။
    ဆန်စက်မှာဆို ဆန်တွေကို ခြေထောက်နဲ့ပဲ နင်းတက်နေတာပဲ။
    ဝိုင်လုပ်တဲ့ လုပ်ငန်းတွေမှာ စပျစ်သီးတွေကို စည်ထဲမှာ ဖိနပ်စီးပြီး နင်းရတယ်လို့ ကြားဖူးတယ်။

  • padonmar

    December 6, 2014 at 9:31 pm

    မောင်ယဿ ကိုတော့ ထောက်ခံပါကြောင်း။
    ကလေးတွေရင်ထဲ အမုန်းပင်တွေ မစိုက်ပေးစေလိုပါ။
    ဆရာဆရာမတွေ သတိချပ်သင့်ပါတယ်။

  • uncle gyi

    December 6, 2014 at 11:22 pm

    ဘယ်သူဘာပြောပြောခလေးတွေပို့ပြီးသင်ပေးသင့်တဲ့နေရာတခုပါ

Leave a Reply