မနက်​အ​စောကြီး
အခိုးအ​ငွေ့​တွေဟာ
ဂျူး​တွေကိုသတ်​ဖြတ်​ခဲ့တယ်
အမှန်​တကယ်​နိုင်​ငံသားဆိုတာ
အသက်​တစ်​ခု​တော့
ဝှက်​မထားရဘူး
လူမြင်​ကွင်းမှာ
တက်​တူးထိုးထားပုံက
အနုသယဆန်​​လှတယ်
အထားအသိုမှားပြီး
လူဖြစ်​လာခဲ့သလား
ဒါမှမဟုတ်
နေရာမှားပြီး​မွေးဖွားခဲ့သလား
ဒီဇင်​ဘာဟာ
ဖက်​နဲ့ထုပ်​ထားရတဲ့အသက်​။
ကိုစစ်

ko six

About ko six

ko six has written 99 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014