​ကောက်​ကျစ်​စာ

ko sixDecember 5, 20141min1948

မနက်​အ​စောကြီး
အခိုးအ​ငွေ့​တွေဟာ
ဂျူး​တွေကိုသတ်​ဖြတ်​ခဲ့တယ်​
အမှန်​တကယ်​နိုင်​ငံသားဆိုတာ
အသက်​တစ်​ခု​တော့
ဝှက်​မထားရဘူး
လူမြင်​ကွင်​းမှာ
တက်​တူးထိုးထားပုံက
အနုသယဆန်​​လှတယ်​
အထားအသိုမှားပြီး
လူဖြစ်​လာခဲ့သလား
ဒါမှမဟုတ်​
​နေရာမှားပြီး​မွေးဖွားခဲ့သလား
ဒီဇင်​ဘာဟာ
ဖက်​နဲ့ထုပ်​ထားရတဲ့အသက်​။
ကိုစစ်​

8 comments

  • kai

    December 5, 2014 at 1:36 pm

    တောင်စွယ်နေကွယ်အပြီး
    ပါးကွက်သားဟာ
    လက်ဝဲသုန္ဒရကိုသတ်​ဖြတ်​ခဲ့တယ်​။

    ​နိုင်​ငံသားဆိုတာ နိုင်ငံတွင်းမှာ
    အသက်​တ​ခု​သာ
    ရခဲ့သူပဲ။

    လူကွယ်ရာမှာ
    ရတုစပ်လိုက်တာက
    အနုအလှဆန်​​လှတယ်​။

    အထားအသိုမှားပြီး
    မဲဇာပို့ခဲ့လေသလား
    ဒါမှမဟုတ်​
    မဲဇာဟာ တခြားတနိုင်ငံလား
    ဒီဇင်​ဘာဟာ
    လွန်ခဲ့တဲ့နှစ်လေးရာက
    ပြာသိုလ။

    ကိုခုနှစ်
    (နောက်တာမဟုတ်ဖူးနော.. ကြိုးစားကြည့်တာ.. :k: )

  • kyeemite

    December 5, 2014 at 2:39 pm

    .ညနေနေဝင်ရီတရောမှာ
    .ဟစ်တလာ သူ့ဖါသူအဆုံးစီရင်တယ်
    .နိုင်ငံခြားဆိုတာ
    .အသက်နှစ်ခုစီရှိသူတွေနေတဲ့အရပ်လား
    .ဘုရားသခင် တို့ကို အထားမှားခဲ့လေသလား
    .လက်နက်မဲ့လူတွေကို
    .လူတွေရှေ့ကြီးမှာ
    .စက်သေနတ်နဲ့ပစ်တာဟာ
    .သူရဲဘောကြောင်လွန်းတယ်
    .ဒီဇင်ဘာဟာ ရှင်ဘုရင်အကျင့်ပျက်လို့
    .အမျက်တော်ရှပြီး
    .အရင်လိုမအေးတော့တာလား။
    .ကိုရှစ်
    .(နောက်တာမဟုတ်ဖူးနော..ကျုပ်လည်းသဂျီးအားကျလို့ ကြိုးစားကြည့်တာ.. :k: )

  • ko six

    December 5, 2014 at 8:25 pm

    ဘာ​ပြောရမှန်​းကိုမသိ​တော့ဘူး
    ရနဲ့၈ တို့ကပို​ကောင်​း​နေလို့ဗျို့

  • မြစပဲရိုး

    December 6, 2014 at 4:07 am

    ဂေါက်စာ

    နေ့လည်ခင်း နေရောင်တွေ က
    . ရောဂါပိုး တွေ သေစေနိုင်သတဲ့။

    အမှန်တကယ် ပြည်သူ ကို ချစ်သူ ဆိုတာ
    ဘဏ္ဍာ တွေ ခိုး မထားရဘူး။

    တိရိစ္ဆာန် တွေကြားထဲ မတော့
    အညှီတစ်အိုး ရဲ့ ပုံစံ က
    တင့်တယ် ပြီး မဟာဆန်လှ တယ်။

    ပုံစံ မှားပြီး
    ပန်းတစ်ပွင့် ဖြစ်လာခဲ့သလား
    ဒါမှမဟုတ်
    ရွက်ကျရာ အပင်ပေါက်ခဲ့တာလား။

    ဒီဇင်ဘာ ဟာ
    . မျှော်လင့်ခြင်း တွေ နဲ့ ဖွင့်ထားတဲ့ တံခါး။

    ပုံ
    .ဒေါ်လေး

    ၆ / ရ / ၈ တို့ ရှေ့ က။
    ဟိ ဟိ တော်သကွာ။
    :)) :)) :))

  • တောတွင်းပျော်

    December 6, 2014 at 12:54 pm

    ဖတ်လို ့ကောင်းတဲ ့ comment ကဗျာလေးတွေနဲ ့
    ဒီပိုစ်က ပိုပြီးမြိုင်လာတယ်ဟ။
    နောက်ရောက်လာမယ် ့ ကိုကိုး ကိုတစ်ဆယ်တို ့လည်း
    မျှော်ရအုံးမယ်။

  • min kyansix

    January 1, 2015 at 10:25 am

    ဒီဇင်ဘာဟာ ဒီမှာတင်ဘဲပြီးဆုံးသွားလို့ သမိုင်းလေးတောင်ဖြစ်သွားပြီ

Leave a Reply