ဆောင်းအရိပ် ရနံ့ပန်း

ကာရံDecember 5, 20141min835

ဆောင်းအရိပ် ရနံ့ပန်း

တစ်ဖက်မှာ ကြွေနေတယ်
တစ်ဖက်မှာတော့ ဝေနေပြန်သေးတယ်
အခြေအနေတစ်ခဏမှာ ရနံ့လေးများ အပြိုင်ကြဲလို့ပေါ့

နွမ်းလို့ပဲ ကြွေတာလား
လွမ်းလို့ပဲ ဝေတာလား
မေတ္တာလှိုင်းကလေး အစုန်အဆန်မို့ အချစ်ကမ်းနံဘေးမှာ
အနမ်းလေးများ ပျံ့ကြဲလေရော့သလား

ဟော ဟိုမှာ မိုးသားကလေး အပြေးသွားနေကြပြီ
အမုန်းပြိုတော့မလိုနဲ့ ပုန်းကာငိုရော့လေတော့မယ်
ဆောင်းခိုငှက်ကလေးများဖြတ်အပြေးမှာ
ရနံ့လေးများလွင့်ပြယ်ပြီမို့ နှောင်းအတိတ်တစ်ဘက်ကမ်းက
ဆောင်းအရိပ်ရနံ့ပန်းကလေး နွမ်းလို့လည်းကြွေ
လွမ်းလို့လဲဝေခဲ့ပြီလေ

ကာရံ ၆ ့၁၂ ့၂၀၁၄

5 comments

  • တောတွင်းပျော်

    December 5, 2014 at 10:52 pm

    ကဗျာလေးဖတ်လိုက်ရတော ့
    မြင်ကွင်းလေးတစ်ခု ရီဝေဝေ ပြန်မြင်မိတယ်။
    အတိတ်တစ်ချိန်တုံးဆီ ကပေါ ့။

    ကာရံနဲ ့ ကဗျာကလှတယ်။

  • မြစပဲရိုး

    December 6, 2014 at 4:33 am

    ကြောင်ကြီး တို့ ဆီမတော့ ဆောင်းအရိပ် အလှနှင်း ကြောင့်
    ကြောင်ကြီး နှင်းပိပြီး အမြီးကုပ် နေရရှာလေပြီ။ :))

  • ကြွေလွင့် ပန်း

    December 6, 2014 at 9:25 am

    သည်(ဒီ)ဆောင်းရယ်
    မပီသတဲ့ဆောင်းရယ်မလား နှင်းတွေလဲမဝေတော့ဘူး
    ရွက်သစ်တွေ တစ်ခက်သစ်ဝေပြန်ပေပေါ့
    မိုးပွင့်ရယ် အခွင့်အခါမသင့်လို့ မကြွေတော်ပေဘူး
    တော်ရာမှာ မပျော်သာလဲ သင့်သလိုနေရတာပ
    နှင်းပွင့်တွေ နမ်းရှိုက်ပါစေပေါ့။

    ဆောင်းရနံ့ ရှူရှိုက်စေလေဖို့
    ချယ်ရီတွေငုံလို့ရယ်ဖူး စိန်ပန်းတွေရဲဗလောင်းနီလို့
    လေနဲ့အတူ လှမ်းလို့ရယ်မြူးတော့တယ်
    ဆောင်းအတု ဂန္ဒမာပန်းရနံ့တွေရယ်နဲ့
    သူရယ်လေ… မြူး။

  • ကဗျာကို ဘာသာစကားနဲ့ချည်း မရေးကြနဲ့ဗျ…
    တခြား ကြားခံပစ္စည်းတွေနဲ့ လှစ်ဟဖော်ပြကြ…ဖို့ အကြီးအကျယ် မျှော်လင့်တယ်ဗျ

  • ကာရံ

    December 6, 2014 at 4:38 pm

    ဟုတ်ကဲ့ပါ မောင်အလင်းဆက်ရယ်

Leave a Reply