ဟေ့သူငယ်ချင်း

ရဲရဲသာလျှောက် အနားမှာအားပေးနေတဲ့သူရှိတယ်
ဘာမှမဖြစ်လို့ စိတ်မညစ်ပါနဲ့ သူသူငါငါလမ်းကြမ်းမို့
အခက်အခဲဆိုတာ ဆေးခါးတစ်ခွက်ပါ သူငယ်ချင်း

အတိတ်ကအရိပ်ဆိုးကို ခေါက်သိမ်းလိုက်စမ်း
အနာဂတ်ကိုမျှော်ကြည့် အလင်းတမ်းများ ပြေးလွားနေတယ်
မသေချာတဲ့ရုပ်ဝတ္တုကို မခင်တွယ်ပါနဲ့
အမြင်ဆိုတာ လတ်ဆက်မှ အောင်မြင်မှာပေါ့

ဇွဲ စိတ်ဓာတ် မာန သဘာဝကပေးတာမဟုတ်ဘူးနော်
ပေဖြစ်တုန်းခဏပေါ့ကွာ မထောင်လွားလိုက်ပါနဲ့
အကျနာလို့ လဲမထဘူးဆိုရင် အမြဲအရှုံးဆိုခင်တွယ်နေလိမ့်မယ်

အိပ်မက်ထဲမှာပျော်မနေပါနဲ့ မက်ခဲ့ရင်လဲ
အနိုင်ယူလိုက်ပါ အကြင်နာရေစင်လေးက မင်းနဲ့ငါတို့အတွက်
အားဆေးဆိုရင်လေ ………..

ကာရံ ၇့ ၁၂့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..