အမြစ်​ပြတ်​​တော

ko sixDecember 8, 20141min1446

ရုက္ခစိုးက
လူလားနတ်​လားမကွဲပြားဘူး
ကမ္ဘာ​မြေ က​တော့ ​တောင်​စွယ်​​နေကွယ်​လုပြီ
တို့ပဲခူးရိုးမဟာ
အုပ်​ထိန်​းသူရှိရဲ့နဲ့
အပျိုရည်​ပျက်​ခဲ့ရသလား
ဒါမှမဟုတ်​
မင်​းကြိုက်​စိုးကြိုက်​မို့
​တော်​​ကောက်​လိုက်​ကြတာလား
​သေချာတာက​တော့
တရုတ်​ထုတ်​​ဝေါရှိ​လောက်​​တောင်​
စိမ်​း​မှောင်​ခက်​ဖြာမ​နေ​တော့တာ
ငါ့မျက်​လုံးအစွန်း၌
ခပ်​တည်​းတည်​းမြင်​​နေရတယ်​
ကိုစစ်​

6 comments

  • uncle gyi

    December 8, 2014 at 10:15 pm

    တော်ကောက်လိုက်တာကိုဂုဏ်ယူပါလေ

  • Mr. MarGa

    December 9, 2014 at 9:18 am

    မင်းကြိုက် စိုးကြိုက်
    အရိုင်းပန်းလေး ဖြစ်သွားတာကိုးး 🙁

  • ခင်ဇော်

    December 9, 2014 at 3:55 pm

    တို့ သယံဇာတတွေက နယ်ချဲ့ လက်အောက်နေရတာမှ နိုင်ငံ အတွက် တန်ရာတန်ကြေး ပြန်ရသေးးး
    ခုက သူခိုးနဲ့ ဓားရိုးကမ်းတွေ ဆိုတော့လည်းးးးးးးးးးးးး

    :a:

  • kai

    December 9, 2014 at 5:13 pm

    စိနသားတွေ..
    ရုက္ခစိုးနယ်တွေစားကုန်ကြရင်..
    သာကီမနုဿတေတွ ဆက်ဝါးမတဲ့..
    အခုတော့…
    ပါးစပ်ထောင့်စွန်းလေးမှာ
    လျှာသပ် အရသာရှာနေ…။

  • Yae Myae Tha Ninn

    December 11, 2014 at 1:15 pm

    ခုတော့ တပင်ခုတ်ရင် တပင်ပြန်စိုက်ဖို့ လုပ်နေပါတယ်… ဒါပေမဲ့ ကန်တော့နော်.. သူ့အမေလင် အချိန်က အလကားရတာကိုး… 🙁

Leave a Reply