နှလုံးသားတစ်ခု အရင်းပြု
အချစ်ကစားပွဲကို ဝင်ကြမယ်

မထိတထိ ဆော့မလား
ကြေးကြီးပေး ရင်ခုန်မလား
Heartbreaker လုပ်မလား
Healer အဖြစ် နေမလား
ကြိုက်တဲ့နေရာမှာ ကစားပေါ့

နှလုံးသားချင်း လောင်းကြေးထပ်
ခပ်စပ်စပ် ဖြစ်အောင်
အသည်းခွဲတမ်း ဆော့ချင်သလား

နှလုံးသားကိုပဲ တစ်စစီခွဲ
ဘယ်သူ ပို ကွဲနိုင်သလဲ ယှဉ်ကြမလား

ခပ်မာမာ နေတတ်သူအတွက်
နှလုံးသားကို အပြင်ထုတ်
ဘော်လီဘောလို ပုတ်ကစားလို့
ဘယ်လောက်မာလဲ စမ်းကြမလား

အသည်းပေါက်မတတ် ချစ်သူတွေအတွက်
ဖောက်စက်ခုံတွေလည်း အသင့်ရှိရဲ့

ခြွင်းချက်အနေနဲ့
နှလုံးသားနုနု
ထိ ရုံနဲ့တင် သွေးခြည်ဥနိုင်ရင်တော့
အသာလေး ဘေးရှောင်
ခပ်ဝေးဝေးကိုသာပြေး
နှလုံးသားလေး တစ်စစီဆွေးသွားနိုင်လို့

ကစားပွဲရဲ့ အနိုင်အရှုံး
နှလုံးသားနဲ့ပဲ ဆုံးဖြတ်တာမို့
ရှုံးသူရဲ့ နှလုံးသား
နိုင်သူဆီ ပါသွားလိမ့်မယ်

နှလုံးသား လက်မဲ့
ကစားပွဲက ထွက်လာရနိုင်လို့
ကစားပွဲ မဝင်ခင်
သေချာ ပြင်ဆင် ဆုံးဖြတ်ခဲ့ပါလေ…..

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

About Mr. MarGa

Mr. MarGa has written 85 post in this Website..

နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နေမျိုးဗလကျော်သူ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ သီဟသူရ အောင်ဆန်းသူရိယ ဦးမာဃ CJ # 9292010

   Send article as PDF