အချစ် ကစားပွဲ

Mr. MarGaDecember 9, 20141min30031

နှလုံးသားတစ်ခု အရင်းပြု
အချစ်ကစားပွဲကို ဝင်ကြမယ်

မထိတထိ ဆော့မလား
ကြေးကြီးပေး ရင်ခုန်မလား
Heartbreaker လုပ်မလား
Healer အဖြစ် နေမလား
ကြိုက်တဲ့နေရာမှာ ကစားပေါ့

နှလုံးသားချင်း လောင်းကြေးထပ်
ခပ်စပ်စပ် ဖြစ်အောင်
အသည်းခွဲတမ်း ဆော့ချင်သလား

နှလုံးသားကိုပဲ တစ်စစီခွဲ
ဘယ်သူ ပို ကွဲနိုင်သလဲ ယှဉ်ကြမလား

ခပ်မာမာ နေတတ်သူအတွက်
နှလုံးသားကို အပြင်ထုတ်
ဘော်လီဘောလို ပုတ်ကစားလို့
ဘယ်လောက်မာလဲ စမ်းကြမလား

အသည်းပေါက်မတတ် ချစ်သူတွေအတွက်
ဖောက်စက်ခုံတွေလည်း အသင့်ရှိရဲ့

ခြွင်းချက်အနေနဲ့
နှလုံးသားနုနု
ထိ ရုံနဲ့တင် သွေးခြည်ဥနိုင်ရင်တော့
အသာလေး ဘေးရှောင်
ခပ်ဝေးဝေးကိုသာပြေး
နှလုံးသားလေး တစ်စစီဆွေးသွားနိုင်လို့

ကစားပွဲရဲ့ အနိုင်အရှုံး
နှလုံးသားနဲ့ပဲ ဆုံးဖြတ်တာမို့
ရှုံးသူရဲ့ နှလုံးသား
နိုင်သူဆီ ပါသွားလိမ့်မယ်

နှလုံးသား လက်မဲ့
ကစားပွဲက ထွက်လာရနိုင်လို့
ကစားပွဲ မဝင်ခင်
သေချာ ပြင်ဆင် ဆုံးဖြတ်ခဲ့ပါလေ…..

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

31 comments

  • surmi

    December 9, 2014 at 10:58 am

    နှလုံးသားအတုတွေရမယ် ……
    ပလပ်စတစ် နှလုံးသားတွေရမယ် ……
    သံချပ်ကာ ကုတ်တက် နှလုံးသားတွေရမယ် ……
    ပုံတူပွား နှလုံးသားစပယ်ယာပတ်စ်တွေရမယ်……
    ရီဆိင်ကယ် အ်ိုဗာဟောင်း တစ်ခါသုံးပြီးသားနှလုံးသားတွေ အမှိုက်ပုံဈေးနဲ့ရမယ် ………
    ရေခဲရိုက် တာရှည်ခံဆေးထိုးပြီးသားနှလုံးသားတွေရမယ် ……
    ဆေးဆိုးပန်းရိုက် အလှဆင်ပြီးသား နှလုံးသားတွေရမယ် ………
    .
    .
    .
    .
    .
    …………………………… ရမယ်
    ………………………………… ရမယ်
    ………………………………………… ရမယ် :mrgreen:

    • Mr. MarGa

      December 9, 2014 at 11:05 am

      good used နှလုံးသား တစ်စုံလောက် 🙂

      • surmi

        December 9, 2014 at 11:12 am

        ဟ သဂျား
        ကျုပ်က နှလုံးသားဘဲရောင်းတာနော်
        နှလုံးသားဆိုတာ တစ်စုံမဟုတ်ဘူးကွယ် ့
        တစ်ခုတည်းပါနော
        မှားမယ် မှားမယ် ဟေးဟေး

        • Mr. MarGa

          December 9, 2014 at 11:17 am

          ဟိုက်ရှ် မေ့သွားတယ်..
          နှလုံးသား တစ်ခုလောက် ဗျာ
          အစားထိုးချင်လို့ :mrgreenn:

    • Mr. MarGa

      December 9, 2014 at 12:08 pm

      ကစားပွဲအကြောင်း ပြောပြတာ
      ငါက ဘေးထွက်နေတယ် 😉

    • Mr. MarGa

      December 9, 2014 at 6:49 pm

      ကဗျာ လို့ နာမည်မတပ်ရဲလို့ပေါ့ ကွယ် 🙁

  • CharTooLan

    December 9, 2014 at 1:13 pm

    အံမယ် အံမယ်……. ညည်းကအသဲကောင်းလို့ပွဲတောင်းနေဒါလား ဟမ်!! 🙂

    • Mr. MarGa

      December 9, 2014 at 3:17 pm

      ပွဲမတောင်းရဲပါဘု ဗျာ…
      မိဖုရား လေးပါးနဲ့တင် လုံလောက်ပါပြီ :mrgreen:

  • ခင်ဇော်

    December 9, 2014 at 3:50 pm

    ရတယ်။
    ကြိုက်တဲ့ အချိန်
    ကြိုက်ရာလူ
    ကြိုက်တဲ့ နည်းနဲ့
    ကစားမယ်။

    :boss:

    ငါ့ အသည်းနှလုံးက …
    .
    .

    .
    .
    .
    .
    .သဖန်းပင်ပေါ်မှာ!!!

    ခင်ဇော် မင်းပိုင်သကွာ!!!

    :mrgreen:

    • Mr. MarGa

      December 9, 2014 at 4:55 pm

      သဖန်းပင်ပေါ်တင်ပြီး ငှက်စာကျွေးထားတာလား 🙂

    • Yae Myae Tha Ninn

      December 10, 2014 at 11:23 am

      စိုးပိုင်သီချင်းလေး သတိရမိတယ်… 🙂

  • sorrow

    December 9, 2014 at 5:13 pm

    ..အသဲနှလုံးတွေ စီးချင်းထိုးတဲ့ပွဲမှာ…ငါကြီးက Star Player ..အဟိဟိ ..

    • Mr. MarGa

      December 9, 2014 at 5:57 pm

      ဒါမျိုးတွေ ရိုးနေပြီဆိုတာ သိပါတယ်လေ… 😀

  • ဖားသက်ပြင်း

    December 9, 2014 at 6:17 pm

    အချစ် က စားပွဲ
    love is table
    လို့ ရုတ်တရက် ဖတ်မိသွားတယ်
    အာဟိ

    • Mr. MarGa

      December 9, 2014 at 6:21 pm

      ဂလောက် spacing ခြားပေးထားရဲ့သားနဲ့
      ဒါ ခီညား တမင်ဖတ်တာ :buu:

      • Ma Ma

        December 10, 2014 at 3:38 pm

        အချစ် က စားပွဲ။
        မှန်သားပဲ။
        မင်္ဂလာဆောင်တဲ့အခါ ကျွေးမွေးဧည့်ခံကြတယ် မဟုတ်လား။ :kwi:

        • Mr. MarGa

          December 10, 2014 at 4:35 pm

          တိန်……….. 🙂

  • kai

    December 9, 2014 at 6:41 pm

    နှလုံး = Heart
    အသည်း = Liver :k:

    • Mr. MarGa

      December 9, 2014 at 6:44 pm

      နှလုံးသား = ချစ်ခြင်းကို(ရံဖန်ရံခါ) ဖော်ညွှန်းရန်သုံးသည့် စိတ္တဇနာမ်… :a:

  • Crystalline

    December 9, 2014 at 8:13 pm

    ညဏ်​မမှီဝူး… နှလုံးက..တုတ်​ထိုးလုပ်​တာကြိုက်​.. အသည်​းက နာစား​နေကျ.. နမ်​့ခမ်​းဆိုင်​မှာ ရှမ်​းတရုတ်​ချက်​​ကောင်​းတယ်​.. :mrgreenn:

    • Mr. MarGa

      December 10, 2014 at 9:30 am

      အသည်းမစားဘူး
      နှလုံးပဲစားတယ်…
      ငိငိ

    • Mr. MarGa

      December 10, 2014 at 9:31 am

      အချစ်အကြောင်းကို ငြင်းချက်မထုတ်လိုကြောင်း :a:

  • CharTooLan

    December 10, 2014 at 9:23 am

    မွန်ပိစိကို စလိုက်အုံးမယ် 😀
    ကျိရဒါ ခဏခဏအယူးလုပ်ခံရလို့ စံဒဖော်ထုတ်တာပဲနေမှာ kwi kwi 😛

      • လုံမလေးမွန်မွန်

        December 10, 2014 at 12:36 pm

        ပို့စ်​ပိုင်​ရှင်​ သုအ​ကျောင်​း သူသိဒယ်​ အိုညိ.. မသိချင်​​ထောင်​​ ​ထောင်​​နေဒါ 😛

        • Mr. MarGa

          December 10, 2014 at 1:42 pm

          ပါစင်နယ် မပါဂျေးး ပါစင်နယ် မပါဂျေးး (ခွက်ဒစ်တူ ဟိုကချင်)

  • Yae Myae Tha Ninn

    December 10, 2014 at 11:26 am

    နယ်စည်းမခြား အဖွဲ့တွေကတော့ အသည်းမမာဖို့လိုတယ်… မာသွားရင် မကြာဘူး… 😛

    • Mr. MarGa

      December 10, 2014 at 1:40 pm

      အသည်းကောင်းမှ…. ပွဲတောင်းပါ :a:

Leave a Reply