ပေးဆပ်ခွင့် ရခဲ့ရင်……

La YeikDecember 10, 20141min13711

အချစ်ကို အဆိပ်သင့် ပန်းသီးလေးတစ်လုံးလို
မစားသုံးခဲ့တဲ့ ကောင်လေးရေ……
ကောင်လေးအတွက်ဆို
ငါ့ရင်မှာ ပျိုးခဲ့တဲ့သစ်ပင်ကို
ဆောင်းရာသီ နံနက်ခင်းလေးမှာ
အနွေးဓါတ်လေး လွှမ်းခြုံပေးဖို့
လောင်စာထင်းလေးအဖြစ်နဲ့ပဲ
ပေးဆပ်ခွင့်ရရင်
ကျေနပ်မိမှာပါ…….

 

heart_tree_by_jonodry-d5ri6wh

11 comments

  • တောင်ပေါ်သား

    December 10, 2014 at 1:35 pm

    ဟိုအဖွားကြီးနဲ့များ ကွာပကွယ် ၊ 🙂

    အင်းးးးး ဒါနဲ့ ဒီကောင်လေး အတော်မိုက်ပါ့နော် ၊

    ဒီလိုမျို းလေး ရှိနေရက်နဲ့

    • La Yeik

      December 10, 2014 at 3:40 pm

      အဲဒလို ဂျစ်ဒါဘာ အူးတောင်ပေါ်သားရယ်…

  • ဖားသက်ပြင်း

    December 10, 2014 at 1:43 pm

    အချစ် ဆိုတာ အေးကြင်ဗျ…

    အေးကြင် ဆိုတာရော သိလား..
    မျိုချလိုက်ရင် လည်ချောင်းထဲ အေးပီး ကြင်သွားတဲ့ အရည်ကိုပြောတာ…
    ပြီးတော့ အေးကြင် က သိပ် သစ္စာရှိတာကလား …
    ပညာရှိတေကတော့ စိတ်ရွှင်လန်းတက်ကြွစေတဲ့ ဆေးတမျိုး ဆိုလား…ခေါ်ကြသဗျ..
    ကျုပ်ကတော့ ဟိုဘောလုံးဆြာလေး ခေါ်သလို အေးကြင်လို့ပဲ ခေါ်တယ်…

    အာဟိ…

    😛

    မနေ့ညက အေးကြင်နဲ့ ချိန်းတွေ့တာ … ည၁၁နာရီ ထိုးသွားပါတယ်ဆို..

    • တောင်ပေါ်သား

      December 10, 2014 at 1:48 pm

      နာလည်း ညက အဲအရည်နဲ့ ချိန်းတွေ့တာ ထမင်းလွတ်သွားတယ် ၊ 🙂

    • La Yeik

      December 10, 2014 at 3:42 pm

      မီးက မိန်းခေး ဆိုဒေါ့ အေးကြင်နဲ့ ဒိတ်လုပ်လို့ ဖစ်သေးပါဘူး အူးလေးရယ်….

  • Mr. MarGa

    December 10, 2014 at 1:48 pm

    ဆောင်းတွင်းတောင် မအေးမှတော့
    လောင်စာထင်းလည်း… ချောင်ထိုးခံရပြီ….

    • La Yeik

      December 10, 2014 at 3:44 pm

      အဲဒါ….အဲဒါပြောတာ
      အဲနီညို ဖျက်လို့ပေါ့ အူးလေးရဲ့… ဒိပြင်ဆို အိုစကေပီ…

  • ပေးဆပ်ခွင့်ရချင်လို့. . .
    ကျနော်ချစ်တဲ့ ကောင်မလေးကို. . .
    အရင်ဆုံး အပိုင်သိမ်းပစ်မယ် စိတ်ကူးနေတယ်

    :k:

    • La Yeik

      December 15, 2014 at 12:37 pm

      မဖွေးတဖွေး လား 🙂

  • ခင် ခ

    December 15, 2014 at 4:14 pm

    ပေးဆပ်တုန်း မင်းမယူရင်
    ရယူဖို့ ငါနိုးထရလိမ့်မယ်
    စဉ်စားတွေဝေ နေနေသေးရင်
    ဝေးကွာတာ မမြင်ရက်ဘူးထင်
    အကြင်သက်ဦးခင်။

    • La Yeik

      December 15, 2014 at 4:49 pm

      အူးခင်ခ ကဗျာလေးက ပိုတောင် ကောင်းသေး….:k:

Leave a Reply