အဖြေမှန်သော ပုစ္ဆာ တစ်ပုဒ်

aye.kkDecember 10, 20141min19322

အစဆိုတာ….

အားလုံးအတွက်

အကောင်းဆုံးပါ ။

အစဆိုတာ…

ပြန်စလို ့ရရင်….

ကောင်းမှာလို ့ခံယူတတ်ကြလို ့ပါ ။

အစဆိုတာကောင်းမှ

အနှောင်းဆိုတာက သေချာပါတယ် ။

အဆုံးဆိုတာ…

ပြီးဆုံးပြီဆိုတဲ့သဘော…

ပြင်လို ့မရတဲ့ နောင်တဆိုတဲ့သဘောပါ ။

အစနဲ ့အဆုံးဆိုတဲ့…

နှစ်ခုကြားမှာ…

မေတ္တာဆိုတဲ့ကြိုးနဲ့သာ

လျှောက်လှမ်းခဲ့ကြရင်…

အားလုံးအတွက်က

အကောင်းဆုံးနဲ ့အသေအချာဆုံးဖြစ်တဲ့

အဖြေမှန်သော ပုစ္ဆာ တပုဒ် ကိုသာရမှာပါ ။။

 

 

 

 

 

 

22 comments

  • kyeemite

    December 10, 2014 at 3:45 pm

    .မေတ္တာလမ်းကလေးလျှောက်ပါ့မယ် :))

  • aye.kk

    December 10, 2014 at 3:55 pm

    ကျေးကျေးပါ ။
    သေချာတာက မေတ္တာလမ်းက အဖြောင့်ဆုံးလမ်းမို ့ပါပဲ။။

  • အစ ဆိုတာ တချိန်မှာ ဆုံးရလိမ့်မယ်ဆိုတဲ့ နိမ်တ်ပါ။

    ပုစ္ဆာဆိုတာကတော့ အဖြေမှန်ထွက်သွားရင်
    မေးတဲ့သူ သိက္ခာကျစေပါတယ်
    ဖြေတဲ့သူလည်း သိက္ခာကျပါတယ်
    လွယ်လွယ်လေး မေး လွယ်လွယ်လေး ဖြေနိုင်တယ်ဆိုပြီး

    ဆိုတော့
    မောင်သူရဆိုတဲ့ချာတိတ်က
    ခက်ခဲတဲ့ ပုစ္ဆာတွေကို စိတ်ဝင်စားပါတယ်

    :k:

  • aye.kk

    December 10, 2014 at 5:05 pm

    အလင်းဆက်ရေ
    လွယ်ရိုးရှင်းတဲ့ပုစ္ဆာတစ်ပုဒ်ပါ။
    ဒါပေမယ့်ထားဘို ့မလွယ်တဲ့မေတ္တာကြောင့် ပုစ္ဆာတွေက
    အဖြေမှားနေကြတာကို ဉာဏ်ဆင်ခြင်နိုင်အောင်လို ့ပါ ။

  • uncle gyi

    December 10, 2014 at 10:21 pm

    ဘဝမှာ
    ပြန်စလို့ရရင်လေ
    ဆိုတဲ့အတွေးမဖြစ်ရအောင်
    အစကတည်းက
    ဘာလုပ်လုပ်
    အကောင်းဆုံးသာလုပ်ပါ

    • aye.kk

      December 11, 2014 at 8:53 am

      အန်ကယ်ကြီး
      ပြောပြတာမှန်ပါတယ်။ကျေးဇူးပါ။
      ပြန်စလို ့ရရင်..
      ဆိုတဲ့အတွေးမဖြစ်ရအောင် အစကတည်းကဘာပဲလုပ်လုပ်
      အကောင်းဆုံးသာလုပ်ပါဆိုတာ မှန်ကန်တဲ့အတွေးခေါ်ရှိဘို ့က အဓိကကြပါတယ်။
      မေတ္တာစွမ်းရည်မြင့်မားတဲ့ဓတ်ခံရှိသူတွေက အများအားဖြင့်ဉာဏ်ရည်မြင့်မားကြပါတယ်။
      တော်ယုံအမှားပြုလုပ်ဘို ့ဆိုတာခဲယဉ်းလှပါတယ်။
      ဘာအလုပ်ပဲလုပ်လုပ် မေတ္တာရှေ့ထားလုပ်ရင် မမှားဘူးလို ့ဆိုစကား ရှိပါတယ်။

  • မစုဉာဏ်

    December 11, 2014 at 12:41 am

    တခါတလေလည်း ..အစမကောင်းလို ့ အမှားတွေလုပ်၊ နောင်တ တရားတွေ လက်ဝယ်ပိုက်မိပြီးမှ
    ပိုမို ကောင်းမွန်တဲ့ လမ်းကို ရှာဖွေသွားမိတတ်တာမျိုး လဲ ဖြစ်တတ်ပါတယ်။
    အချိန်မီ ပြန်ပြင်ချင်တဲ့ စိတ်တော့ရှိဖို ့လိုတာပေါ ့လေ။ ကျွန်မကတော့ ခုထိ စမ်းတဝါးဝါးပဲ။
    🙂

    • aye.kk

      December 11, 2014 at 9:10 am

      မစုဉာဏ်
      ပြောတာမှန်ပါတယ်။ကျေးဇူးပါ။
      လုပ်ပြီးသွားတဲ့အမှားကသင်ခန်းစာယူတတ်ရင်
      အချိန်မှီပြန်ပြင်ချင်တဲ့စိတ်ရှိရင် ပိုမိုကောင်းမွန်တဲ့လမ်းရှာဖွေတွေ ့နိုင်ပါတယ်။
      လောကကိုဦးဆောင်နေတာစိတ်လို ့အမကနားလည်ထားပါတယ် ။
      စိတ်ဆိုတာ လောဘဒေါသမောဟတွေ ဖုံးလွှမ်းနေလို ့အမှန်မမြင်နိုင်ကြပါဘူး။
      အမှန်မမြင်သမျှ လုပ်နေတာတွေက အမှားများပါလိမ့်မယ်။ ဒါက အမယူဆတာပါ။
      မေတ္တာကစိတ်ကိုစင်ကြယ်စေလို ့မေတ္တာဆိုတဲ့ကြိုးပေါ်မှာ လျှောက်လှမ်းနိုင်ကြရင် အမှားမရှိတဲ့
      ပုစ္ဆာမှန်အဖြေတစ်ပုဒ် ထွက်မှာ အသေအချာ လို ့ဆိုချင်မိတာပါ။

  • ဝင့်ပြုံးမြင့်

    December 11, 2014 at 1:20 am

    .ဂွတိုက်တယ်လို့ပဲ ဆိုချင်ဆို။ အမအေးရေ ကျမကတော့ လက်ဆုပ်လက်ကိုင်ပြသလို့ မရတဲ့ မေတ္တာ ဆိုတာကို မယုံဘူး။ ကျမ ယုံတာ တရားမျှတမှုပါပဲ။ ဒါက လူကလုပ်တာ။ လက်ဆုပ်လက်ကိုင်ပြလို့ရတယ်။ မိသားစုတစ်စုမှာတောင် သားသမီးကို မိဘက ဘက်လိုက်ရင် ဒီသားသမီးတွေ မငြိမ်းချမ်းဘူး။ မိသားစုတစ်စုကနေ တိုင်းပြည်အဆင့်ထိ အရေးကြီးဆုံးက တရားမျှတမှုလို့ပဲ ကျမ ယုံပါတယ်။ အယုတ်အလတ်အမြတ် ခွဲခြားလွန်းတဲ့ ဘာသာရေးမှာကော တရားမျှတမှု ဆိုတာ တင်းပြည့်ကျပ်ပြည့် ရှိနိုင်ပါ့မလား။

    • CharTooLan

      December 17, 2014 at 1:26 pm

      ရက်စ် အံတီဝင့်ရဲ့ဒီအဆိုကို ပိုးစိုးပက်စက်ထောက်ခံဒယ်
      မိသားစုမှာဒေါင် တရားမျှတမှုမရှိရင် မညိမ်းချမ်းဘူးဒဲ့
      ကြားစေ့ချင်ထှာ

  • aye.kk

    December 11, 2014 at 9:31 am

    ဝင့်ပြုံးမြင့်
    ညီမခံယူမှုကိုလည်း အမလေးစားပါတယ် ။ကျေးဇူးတင်တယ်။
    နာမ်ဝါဒီမယုံကြည်ပဲ ရုပ်ဝါဒီကိုသာ အမအရင်တုန်းက ကျင့်သုံးခဲ့တာပါ။
    အမကိုမိသားစုတွေကတောင် ကွန်မြူ နစ်မလို ့ခေါ်ခဲ့ရပါတယ် ။
    ဘယ်အရာမှာဆို အမကလက်တွေ ့ကျလွန်းပြီး ခေါင်းမာတဲ့သူပါ ။
    အခုနားလည်လာတာက မသိတတ်တဲ့ရုပ်တရားကို မှီပြီးသိတတ်တဲ့နာမ်တရားကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတာကိုပါ ။ သိတတ်တဲ့နာမ်တရားက တရားမျှတမှုကို လိုလားတဲ့ ညီမရဲ ့စိတ်ကို
    လေးစားချစ်ခင်မိရပါတယ် ။ အမလည်း ထပ်တူထပ်မျှ ပါပဲ။
    ကိုယ်ပြုလုပ်တဲ့အလုပ်အတိုင်းမှာ တန်ပြန်အကျိုးသက်ရောက်မှုရရှိပါတယ် ။ ကိုယ်ပြုလုပ်တဲ့အလုပ်က ကံပါပဲ။
    အစနဲ ့အဆုံးနှစ်ခုကြားမှာ အလည်ကနေ တည့်တည့်မတ်မတ် လျှောက်နိုင်ဖို ့ဆိုတာကလည်း မေတ္တာဆိုတဲ့ ကြိုးပါပဲ။

  • Yae Myae Tha Ninn

    December 11, 2014 at 12:49 pm

    အစအဆုံး ပြန်စ ဆို မစ ချင်ဘူး… သိပြီးသားတွေ ပြန်သိရမှာ… ရင်ခုန်ဖို့ မကောင်းတော့ဘူး… အဲထဲမှာပဲ ကိုယ်မကြိုက်သလောက် အပိုင်းလေးတွေပဲ ပြန် စ လို့ ရရင် ပိုကောင်းမယ်…

  • aye.kk

    December 11, 2014 at 7:57 pm

    ဘယ်လိုပဲစစ
    မေတ္တာကြိုးစကတော့ အကောင်းဆုံးပါ။

  • aye.kk

    December 14, 2014 at 4:01 pm

    လုံမလေး
    မေတ္တာဆိုတဲ့ အခိုင်မာဆုံး ကြိုးနဲ့သာဆက်ပြီး
    လျောက်လှမ်းနိုင်ပါစေလို့….။

  • Tint Lwin

    December 17, 2014 at 10:24 am

    Buddish ရဲ့လမ်းစဉ်က Middle way အလယ် အလတ်လမ်းစဉ်ပါ။
    ပစ္စုတ်ပန် ယခုလက်ရှိ အလည်တည်တည်ကို ကြည့်ရှု ဆင်ချင်
    တဲ့သဘော
    အစတွေ အဆုံးတွေကိုတော့ ကျွန်တော်မဆွေးနွေးလိုပါ
    လက်ရှိ ပစ္စုပန် အခြေအနေ အချိန်အခါသည်သာ အခွင့်အရေးရရှိနေခြင်း
    ကိုဆိုလိုသည့် သဘော
    အတိတ်က ပြီးခဲ့သည့်ကိစ္စကိုပြန်ပြင်ချင်လို့ မရသည့်သဘော
    မနက်ဖြန်မှလုပ်မည် ဆိုပြီး အနာဂတ်ကို ယုံကြည်အားကိုး၍မရ
    မရေရာ မသေချာသည့်သဘော
    အချိန် နှင့် ဒီရေသည် လူကိုမစောင့် တဲ
    ဆရာ အောင်သင်းကလည်း
    Life is a made up of time.
    ဘဝဆိုတာ အချိန်တွေနှင့်ဖွဲ့စည်းထားခြင်းဖြစ်သည်တဲ့
    apple ပိုင်ရှင် စတိဂျော့ကလည်း မသေချင်သေးဘူ
    တရက်လောက်တော့နေချင်သေးသည်တဲ့
    ညီအကို မောင်နှမတို
    buddish ရဲ့ဂုဏ်တော်ထဲ မှာလဲ
    ဝိဇ္ဇာစရဏသပ္ပန္ဓော တဲ့
    ဝိဇ္ဇာ ဟူသော အသိနှင့် စရဏ ဟူသောအကျင့်ကို တပြိုင်နက်တည်း
    ကျင်သည်တဲ့
    မနက်ဖြန်မှ နောက်မှ လုပ်မည် မရှိဘူးတဲ့
    မနက်ဖြန်မှဆိုမသေချာဘူး ဆိတဲ့သဘောပေါ့နော်
    သိပံ္ပ မှာဆို Licture နဲ့ Pretical ကိုတွဲလုပ်တဲ့သဘောသက်ရောက်သွား
    မလားမသိ
    မေတ္တာ ဆိုတာကို အသေးစိတ်ဘာသာပြန်ပေးသင်တယ်ထင်တယ်
    ကိုယ်ထင်ရာကိုယ်ယူ ကိုယ်မြင်ရာကိုယူလို့ရတယ်လေ
    ကုသိုလ် ဆိုတာကိုပဲ အမျိုးမျိုးကွဲးနေတာလေ
    ဥပမာ
    အစ္စလာမ်ဘာသာမှာဆို နွားကိုလည်လှီးသတ်ရင် ကုသိုလ်ရတယ်ဆိုတာ
    မျိုးလေ ။ သတ်သူရဲ့ခန္ဓာကိုယ်မှာ သွေများပေကျံနေရင်ကုသိုယ်
    ပိုရတယ်ဆုတာမျိုးလေ

    မှန်တယ် မမှန်ဘူး ကောင်းတယ်မကောင်းဘူးလို့ ဆိုလိုချက်မသက်ရောက်
    ဘူးနော်

    စကားလုံးအသုံးအနှုန်းတူပေမဲ့ အမြင် အယူအဆကွာခြားနိုင်တယ်ဆိုတာ
    ကိုမြင်အောင်ပြောပြတာ

    စဉ်းစား တွေးခါ်မှု တိုးတက်နိုင်ပါစေ
    ကျေးဇူး စာရှုသူ

    • kai

      December 17, 2014 at 11:36 am

      အဘိဓမ္မာမှာ.. စိတ်က..အဲ..နာမ်ကလည်းဖြစ်တဲ့နေရာပျက်သတဲ့..။ ဥပါဒ်၊ဌီ၊ဘင်(ဖြစ်တယ်၊ တည်တယ်၊ပျက်တယ်)ပေါ့..။
      ရွေ့ယူလို့မရဘူးဗျ..။
      အဲ… မေတ္တာဆိုတာကိုတော့.. ဒို့ဗမာတွေ.. ဘယ်လိုပို့လွှတ်နေကြတယ်မသိ..။
      ပို့သလားမမေးနဲ့.. ပို့ပြီးရင်းပို့တာ..တချို့ဆိုနေ့တိုင်း..

      အဲလိုဆိုတော့…
      မကောင်းတာလုပ်ရင်..မကောင်းတာဖြစ်မယ်ဆိုတဲ့.. ထေရာဝါဒလောကကြီးထဲ..
      မကောင်းတာတွေချည်းလှိမ့်လုပ်နေတဲ့.. အာဏာရှင်ကြီးတွေများ.. ဘုန်းလည်းကြီး..အသက်လည်းရှည်..
      ကြည့်ရတာ.. ပို့လွှတ်လိုက်တဲ့..မေတ္တာတွေ..သူ့ဆီသွားစုလို့ထင်တယ်..။
      မကောင်းတာတွေတသက်လုံးလုပ်.. ကောင်းတာတွေချည်းရ..ဖြစ်..။
      သာဓုပါမေတ္တာရေ..။ :k:

      • aye.kk

        December 17, 2014 at 1:45 pm

        သူကြီး
        သိတာလေးချပြဆွေးနွေးပြပါရစေနော်..။
        မေတ္တာပေမဆိုတာ
        လူတိုင်းထားနိုင်ဘို ့မတတ်စွမ်းသာတဲ့အတွက်မလွယ်ကူနိုင်ပါ။
        တဏှာပေမနဲ ့ဂေဟသီတပေမတို ့က
        ကုသိုလ်မေတ္တာအစစ်တွေမဟုတ်ကြလို ့ပါ။
        အရိယာပုဂ္ဂိုလ်ကလွှဲရင် အားလုံးကပုထုဇဉ်တွေပါ
        ပုထုဇဉ်တွေမှာက တဏှာ၊ရာဂ၊လောဘတွေနဲ ့နေနေတာမို ့အကုသိုလ်အမျိုးအစား
        (ဝါ)မေတ္တာတုတွေသာ ။

      • CharTooLan

        December 17, 2014 at 2:00 pm

        အာ့အရင်ဘOက ကုသိုလ်ကံအကြီးယီးဂျောင့်လေ….. သဂျီးမင်းယတ်
        ဆက်စွဲလိုက်ပါအုံး သုံးကိုခွဲ…. 😛

  • aye.kk

    December 17, 2014 at 1:35 pm

    တင့်လွင်
    မေတ္တာ=ချစ်ခြင်း
    မေတ္တာနဲ ့အနက်တူအသွင်တူတာက=ပေမ
    မေတ္တာပေမ=အဆင့်အတန်း၊မိန်းမယောင်္ကျား၊ပုဂ္ဂိုလ်သတ္တဝါ
    မရွေးချယ်ဘဲ အဒေါသကုသိုလ်စေတနာပြဌာန်းတာကိုမေတ္တာအစစ်အမှန်ခေါ်ပါတယ်။
    ချစ်ခြင်းမှာ
    အဆင့်အတန်းသုံးမျိုးရှိပါတယ်။ကျမသိတာရှင်းပြချင်ပါတယ်။
    ၁။တဏှာပေမ
    ၂။ဂေဟသီတပေမ
    ၃။မေတ္တာပေမ
    တဏှာပေမနဲ ့ဂေဟသီတပေမ နှစ်မျိုးလုံးက မေတ္တာအစစ်မဟုတ်ပါ။
    တဏှာရာဂလောဘအရင်းခံသောကြောင့် အကုသိုလ်အမျိုးအစား (ဝါ)မေတ္တာတုသာဖြစ်ပါတယ်။။
    အဲလောက်ဆို ငါ့မောင်သဘောပေါက်မယ်ထင်မိပါတယ်။။

  • ခင် ခ

    December 17, 2014 at 4:14 pm

    တစ်ခါတလေ အကောင်းဆုံးလို့ယူဆပြီး စခဲ့တဲ့ အစတွေဟာ အဆုံးရဲ့ ရလာဒ်မကောင်းသွားတာမျိုးလဲ ကြုံရတတ်တယ်ဗျ။ အဲဒီအခါကျ ပြန်မစချင်ဘူးလေ မစမိရင်ကောင်းသား တွေးမိတယ်။

  • aye.kk

    December 17, 2014 at 4:48 pm

    ခင်ခရေ..
    မောင်လေးအယူအဆမှန်ပါတယ်။
    အစ်မအနေနဲ ့ဆိုလိုချင်တဲ့သဘောက…
    အစကပြန်စလို ့ရရင်..ဆိုတာ
    ကိုယ်နားလည်သိတတ်စအရွယ်ကတည်းကလို ့
    ဆိုလိုချင်တာပါ ။ အဆုံးဆိုတာ ကိုယ်ရဲ ့နေဝင်ချိန်လေးပါ ။
    ဒါကအစ်မဆိုလိုချင်တဲ့သဘောပါ။
    အဲဒီနှစ်ခုကြားထဲမှာ..
    မေတ္တာပေမဆိုတဲ့ချစ်ခြင်းထားရှိခဲ့ကြရင် အဖြေမှန်တဲ့ပုစ္ဆာတစ်ပုဒ်
    ထွက်လာမှာ အမှန်ပါဘဲ ။
    အမှားဆိုတာကကဘယ်သူမှအမှားမကင်းကြလို ့ပါ။
    အရင်တုန်းက အစ်မမိဘတွေ ချမ်းသာခဲ့ပါတယ်။
    အဆင့်အတန်းခွဲခြားမှုတွေကြားမှာ
    အစ်မနဲ ့အစ်မသူငယ်ချင်းတို ့နှစ်ဦးရဲ ့ဂေဟသီတပေမဆိုတဲ့
    ချစ်ခြင်းတရားတွေပျက်စီးခဲ့ကြရဘူးတယ်။
    မေတ္တာပေမဆိုတဲ့ မေတ္တာအစစ်အမှန် မဟုတ်ခဲ့လို ့ပါ။
    အဲဒါကို မှားယွင်းမှုလို ့အစ်မကထင်မြင်မိပါတယ်။

Leave a Reply