အော်တော့ ရ အိမ်ကြား… ၈ အိမ်ကြား.. မွေးလာတော့…အဟိ အဟိ

alinsettDecember 11, 20142min31535

 

အဟိ။ ဂွိဂွိ ။

 

 

မောင်သူရတို့ရပ်ကွက်ထဲက ဒေါ်ဖွားမေတို့ ပြောပြောနေတာ ကြားဖူးတယ်ဗျ။

စကားပုံတစ်ခုပါ။

.ပြောတော့ဖြင့် မိုးလားလေလား ရလဒ် ထွက်လာတော့လည်း ဘာမှ မဟုတ်ပါဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးကို ပြောတာ. . .

စကားက နည်းနည်းတော့ ကြမ်းတယ်ဗျ။
ဘာတဲ့ !!!!

 

”အော်တော့ဖြင့် (၇) အိမ် ကြား (၈) အိမ် ကြား. . . မွေးလာတော့ (၁)ပေါင်တောင် မပြည့်ဘူး” တဲ့။

 

အဲ့စကားပုံနဲ့တော့ မတင်စားလောက်ပါဘူးနော့။
စကားကြို ခံထားတာ။

:k:

။ ။ ။ ။ ။ ။

 

ဒီလိုပါ။
လာမယ့် ၂၀၁၅ ဇန်နဝါရီလ ဒုတိယပတ်လောက်မှာ လုပ်ဖြစ်မယ့် ရွာသူားတွေ တွေ့ကြ ဆုံကြ ပလုံကြ အဲလေ. .

ဂဇက်အကြိုက်ဆုံး စာမူဆုတွေဘာတွေ ပေးကြ. . .

ကဗျာချစ်သူဆုလက်ကျန်တွေလည်း ပေးဦးမယ်ပေါ့ဗျာ. . .
.ပြီးတော့ မနက်ပိုင်း တွေ့ဆုံ ဆုပေး ပျော်ကြရွှင်ကြ ပြီးတာနဲ့ သန်လျင်ဘက်က သဘာဝတရားရိပ်သာဆီ စုသွားပြီး

အများကောင်းမှု အကြောင်းပြုပြီး လှူကြ ဒါန်းကြမယ်လို့လည်း ကြားတယ်။

(အဲ ကျနော်ပြောတာလို့ မပြောနဲ့။ ကျနော်က လူကြီးတွေ ဆွေးနွေးတာကို ချောင်း နားထောင်ထားတာဗျ။ )

အဲ့ဒီနေ့မှာ အလှူလုပ်တာက တစ်ပိုင်း။ မနက်ဆင်း ဆုပေးတွေ့ဆုံ နေ့လည်ခင်းကျ အလှူချီတက် ဆိုပြီး

.ပေါင်း လုပ်တာကို မောင်သူရတော့ သဘောကျတယ်ဗျ။

နယ်ကနေ တကူးတက လာကြမယ့်ရွာသူားတွေလည်း သဘောကျကြမယ်ထင်တယ်။

.နှစ်ပွဲခွဲရင် နှစ်ခါ အချိန်ယူ ပြင်ဆင်ပြီး လာကြရမှာကိုး။  အခုတော့ တစ်ရက်ထဲ နှစ်ချက်ပြတ်။

😆

 

 

.(တွေ့ဆုံပွဲမှတော့ မဟုတ်… ကိုယ့်ချင်းကိုယ့်ချင်း နီးစပ်ရာ ချိန်းချက် သောက်ကြ. . .အဲလေ. . .

ချိန်းချက်တွေ့ဆုံကြတာတွေတော့ ရှိမှာပေါ့။

ဒါမယ့် တစ်နှစ်တစ်ခါ လုပ်တဲ့ တွေ့ဆုံပွဲကြီးလိုတော့ မိတ်ဆွေ မများ/ မစည်ကားဘူးပေါ့။)

ဆုပေးတွေ့ဆုံပွဲကြီးလိုမျိုးသာ မရှိရင် မောင်သူရတို့လို

(အောင်ရဲလင်းနဲ့တူလွန်းလို့ အပြင်ထွက်တာနဲ့ ဝိုင်းဆွဲမယ်/ ဖက်နမ်းမယ်တကဲကဲ ဖြစ်နေလို့) ပွဲလမ်းသဘင် သွားလေ့သွားထ သိပ်မရှိတဲ့

ခပ်ချောချောလေးကို ဘယ်သူ မြင်ဖူးတော့မတုန်း !!! ကဲ။

:k:

 

 

အဲ ပြောကောင်စကောင်းနဲ့ လျှာဘရိတ်မအုပ်နိုင်ပဲ လျှောက်ပြောမိတာ. . .

 

ပြောလိုရင်းက ဘာပါလိမ့် ???

 

 

အဲ. . . ဒီလိုဗျ. . .

 

 

အဲ့ဒီ တွေ့ဆုံပွဲကြီးမှာ ဆင်တူဝတ်ကြမယ်လို့ ရည်ရွယ်ပြီး. . . .

.မောင်သူရတို့ လူငယ်တချို့ တိုင်ပင်ပြီး ဂဇက်တွေ့ဆုံပွဲတွေမှာ တူညီဝတ်ဖို့ရအောင်

အမှတ်တရ ရှပ်အကျင်္ ီလေးတွေ ချုပ်မယ်ဆိုပြီး စီစဉ်တာလေ. . .

 

.ပြောတော့သာ မောင်သူရတို့. . .လူငယ်တချို့. . .

အမှန်တော့ အရပ်ကူပါ လူဝိုင်းပါ။

 

တစ်ရွာလုံး အုံးအုံးကြွပ်ကြွပ် . . .

လူကြီးတွေလည်း အေးအေးမနေရ. . .

 

အကြံပေးပါဦး. . .
.ငွေစိုက်ပါဦး. . .

 

အကျင်္ ီဒီဇိုင်း ဆွဲပြီးတော့လည်း နှစ်မျိုးထဲက တစ်မျိုး ရွေးထုတ်ပေးပါဦးဆိုပြီး မဲတွေ ပေးရသေး. . .

:k:

ဆိုတော့ …..

ဒီရွာသူားတွေ အမှတ်တရ တူညီဝတ်ဆင်မှာကို

ဒီရွာသူားတွေကပဲ …

ဝိုင်းဝန်းစီစဉ်တာပါပဲ။

 

 

အခုဆို တစ်ရွာလုံး အင်္ကျီဆင်တူ ဝတ်မယ့်အရေး ပွက်လောရိုက်သွားအပြီးမှာ ….

ရလဒ်အဖြစ် လုပ်ငန်းစဉ် ပုံစံလေး ထွက်လာပါပြီ။

 

 

 

 

 

 

 

 

GZ-Shirt

 

 

 

 

 

 

 

 

 

 

 

 

 

GZ-Shirt

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

————

အင်္ကျ ီကို အဖြူရောင်လေး ဆင်တူဝတ်ကြမယ် လို့ အတည်ပြုလိုက်တယ်ခင်ဗျ။

 

(အဖြူရောင်က ရှာဝယ်ရတာလည်း လွယ်တယ်။

လူကြီးလူငယ်/ အသက်အရွယ်/အသားအရောင် မရွေး ဝတ်ပျော်တာလည်းပါတယ်။ )

(တကယ်လို့ အဖြူရောင် ဝယ်လို့မရမှ (ရတော့ရမှာပါ) မရတဲ့အဆုံးမှာ အပြာ(ရင့်ရင့်မဟုတ်) ကို

ဒုတိယ ဦးစားပေး ဝယ်ယူပါမယ်။ )

 

———

 

အကျင်္ ီ အဖြူခံလေးပေါ်မှာ ဂဇက်လိုဂိုကို

ေ.ရှေ့ခြမ်း ဘယ်ဘက် နှလုံးသားရှိရာ အထက်နားမှာ. . . ခပ်သေးသေး တစ်ခု. . .

 

အကျင်္ ီရဲ့ ကျောဘက်ခြမ်းမှာတော့ …

အထက်နားမှာ. . .

MYANMAR  CITIZEN   JOURNALIST  ဆိုတဲ့ စာသားကို

အတန်းလိုက်ပဲ လေးလက်မလောက် တန်းပြီး ရိုက်နှိပ်ထားမယ်။

 

အကျင်္ ီရဲ့ ညာဘက် လက် / လက်စည်းနားမှာ www.myanmargazette.net ဆိုတဲ့ စာသားလေးကို

ခပ်သေးသေး တစ်ကြောင်း ရေးထားမယ်။

 

 

————

အကျင်္ ီအဖြူ အဆိုပါ တံဆိပ်ရိုက်အနေအထားကို

.ကော်လာပါတဲ့ စပို့ရှပ်အဖြစ် အရင် စီစဉ်ကြည့်မယ်။

ဒါပေမယ့် ကော်လာပါရင် အင်္ကျီက ဈေးများသွားနိုင်တယ်။

.ကော်လာနဲ့ တံဆိပ်ရိုက်အပြီး တစ်ထည်ကို လေးထောင်ကျပ်ကျော်သွားနိုင်တယ်လို့ စုံစမ်း သိရှိထားတယ်။

 

ဆိုတော့ ဈေးနှုန်းကို သေချာအောင် စစ်ဆေး စုံစမ်းပြီး…

တစ်ထည် သုံးထောင်လောက်နဲ့ ရောင်းလို့ရမှ ကော်လာနဲ့ လုပ်ပါမယ်။

တကယ်လို့ ကော်လာနဲ့က တစ်ထည် သုံးထောင်ကျော်(သိ်ု့မဟုတ်) .လေးထောင်လောက် ရောင်းရလောက်အောင် ကုန်ကျမယ်ဆိုရင် . . .

ကော်လာ မပါပဲ လုပ်ပါမယ်။

.ကော်လာမပါရင် အခု စုံစမ်းရသလောက် ၂၅၀ဝ လောက် ကျနိုင်ပါတယ်။

(ကော်လာ ပါပါ မပါပါ ဒီဇိုင်းနဲ့အရောင်ကိုတော့ အပေါ်မှာ ပြထားတဲ့အတိုင်းပဲ ဖြစ်အောင် လုပ်ပါမယ်။

ဒီဇိုင်း တစ်မျိုး တစ်ရောင်ထဲသာ ထုတ်ပါမယ်။ အားလုံး ဆင်တူ ဝတ်လို့ ရအောင်ပါ။ )

 

ဈေးနှုန်းကိုတော့ ဘယ်လောက် ကျမယ်ဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။

 

အင်္ကျ ီ ဝယ်ယူ တံဆိပ်ရိုက်အပြီးမှာမှ

ဘယ်လောက် ရောင်းမယ်ဆိုတာ အတိအကျ ပြောနိုင်ပါမယ်။
အားလုံး သက်တောင့်သက်သာ ဝယ်နိုင်မယ့် ဈေး ဖြစ်အောင်ရယ်

အရည်အသွေး အညံ့စားကြီးမဖြစ်အောင်ရယ်ကို တတ်နိုင်သလောက် ညှိယူပါ့မယ်။

 

—–

 

တလက်စထဲ. . .
လာမယ့် တနင်္ဂနွေနေ့မနက်ပိုင်းမှာ . . .
အလင်းဆက်တို့ အင်္က ျီ စီစဉ်ရေး တာဝန်ခံတွေ အဝယ်တော် ထွက်ကြပါမယ်။
”တွေ”သာ ထည့်ထားတာ အဲ့နေ့ မအားကြဘူးဆိုတာကြောင့် ကျနော်နဲ့ …

မဂရင်းရိုစ့်ပဲ သွားမယ့်သူရှိသေးတယ်။ အဟိ။

အဲဒါ အောင်ရဲလင်းထက်တောင် အောင်ရဲလင်းနဲ့ ပိုတူတဲ့ ကျနော်နဲ့အတူ. . .
ဘယ်သူတွေ လိုက်ပါဆောင်ရွက်ပေးမလဲလို့. . .အဖော်ခေါ်ပါတယ်။
(ဈေးဆစ်ကျွမ်းသူ အလိုရှိ အဟိ)
လိုက်ပေးနိုင်တဲ့သူ ရှိရင် ပိုကောင်းတာပေါ။

လူအင်းအားများတော့ ပျော်စရာလည်း ကောင်း  အားလည်းရှိ။

အဲဒီနေ့မှာပဲ တစ်ခါထဲ အထည်ဝယ် တလက်စထဲ တံဆိပ်ရိုက်ဖို့ အပ်ခဲ့မှာပါ။

 

ဒီဇင်ဘာလ တတိယပတ်ထဲ ကြိုဝယ်ကြဖို့ အဆင်ပြေအောင်ပါ။

 

:k:

FB မသုံးဖြစ်တဲ့ ရွာသူားတွေ သိအောင်… အဲ့ဒါ လာပြောတာ။
ဂွစ်ဂွစ်

 

35 comments

  • တောင်ပေါ်သား

    December 11, 2014 at 9:26 am

    အနော်က အဝယ်မတော်ဘူး ၊

    အရောင်းပဲ တော်တာ ၊ 🙂

  • kyeemite

    December 11, 2014 at 10:54 am

    .တကယ်တော့ ဒီကိစ္စန က သဂျီးဆိုဒ်ကိုပရိုမိုးရှင်းလုပ်တာပဲကွ :dd:
    .အကျင်္ ီကုန်ကျစရိတ်ကို သဂျီးဆီကတောင်းကွာ..ပြီးတော့ ရွာသူားတွေကိုအလကားဝေ..ဒါဗျဲ :k:

  • ခင်ဇော်

    December 11, 2014 at 12:52 pm

    ကျန်တာ တော့ ပြောစရာမရှိပါဝူးးး
    ခေါင်းစဉ်က ခုမှ ကြားဖူးတယ်။
    ဟိ။
    အသစ်ပဲ။

    :mrgreenn:

    ဒါမဲ့ ဒီ စကား စ ပြောတဲ့သူဟာ ကလေးမွေးလို့ နာကျင်ရတဲ့ ဒုက္ခကို မသိတဲ့ ကိုယ်ချင်းမစာတတ်သူဖြစ်ရမယ်။
    ဘယ်နှစ်ပေါင်ပဲ ဖြစ်ဖြစ် မွေးရတာတော့ တူတူပဲ လေ၊။
    နာကျင် နှုန်း တူတူပါပဲကွီ

    🙂

  • မွသဲ ( 17082011 )

    December 11, 2014 at 6:07 pm

    အောင်မဲလင်းရယ် အဲ့ အောင်ရဲလင်းရယ် ဒလိုနေရာမျိုးဖွေးဖွေးခေါ်သွားရမှာမဟုတ်ဖူးလားဟယ် သူပါရင်အရဂါးရချင်ရမှာ

  • Tint Lwin

    December 12, 2014 at 2:46 pm

    ကျွန်တော်လည်းတထည်လိုချင်တယ် ဘယ်ကိုဆက်သွယ်ရမှာလဲ

  • ခင် ခ

    December 12, 2014 at 3:31 pm

    အကယ်လို့ ပွဲလုပ်တဲ့နေ့မှ ပွဲမှာဝယ်ဖြစ်တယ်ဆိုရင်ကော အကျင်္ချွတ်လဲရမှာလားဟင်! အဲဒါလေး တွေးမိတယ်ဗျ။ မဖြစ်မနေဝတ်ကြရမယ်ဆိုရင် နယ်ကသူတွေကို နယ်အရောက် ကြိုပို့စနစ်နဲ့ ရောင်းမှာလား?
    ကျွန်တော် အမှတ်တရအနေနဲ့ တစ်ထည်တော့ဝယ်မယ်နော်။

    • တကယ်လို့ ပွဲနေ့မနက်မှ ဝယ်ဖြစ်တယ်ဆိုရင်. . .
      အဲ့ဒီ တွေ့ဆုံရာနေရာမှာ (စားသောက်ဆိုင်မှာ)
      သန့်စင်ခန်းတော့ ရှိမှာပါ။
      အဲ့ဒီထဲ ခဏ ဝင် လဲရင် ရမယ်ထင်။

      အဲ့ဒီထဲကြီးတော့ ဝင် မလဲချင်ဘူးဆိုလည်း
      ဘာဖြစ်လဲ
      စားပွဲမှာထိုင်ပြီး
      အပေါ်က ထပ်ဝတ်လိုက်မှာပေါ့။

      :k:

      နယ်အရောက် ပို့ ကြိုရောင်းတဲ့အထိတော့
      လုပ်ဖို့ အချိန်မရတော့ဘူး လေးခရယ်. . .

      ပွဲလာမှ ဝယ်မယ့်သူဝယ်
      ကြိုဝယ်ဖို့ကတော့ ရန်ကုန် နေသူတွေပဲ အန်တီမမနဲ့
      အန်တီဒုံတို့ဆီမှာ ကြုံသလိုဝင်ဝယ်ရမှာ

      ဒါတောင် ဒီကြားထဲ အချိန်က သိပ်မရှိတော့. .

      😆

      • ခင် ခ

        December 13, 2014 at 8:21 pm

        အင်းးးးးးးး

        • လေးခရေ…
          မန်းလေးက…မိတ်ဆွေတွေအတွက်တော့…အထူး services အနေနဲ့…
          ပို့ပေးပါ့မယ်.. ။
          မန်းလေးရောက်ရင်..သဂျားက..တာဝန်ယူပြီး…လာပေးပါလိမ့်မယ်.. ။

          အဲဒါ..ပြန်လာပြောတာ..

          😆

  • ရွှေတိုက်စိုး

    December 12, 2014 at 4:14 pm

    ကျုပ်အတွက် တစ်ထည် Medium
    ကျုပ် အုပ်ထိန်းသူအတွက်တစ်ထည် Lady Medium
    ကျုပ်သမီး တစ်နှစ်ခွဲ ကလေးဆိုဒ် တစ်ထည်.. ဒါဘဲ..

  • Ma Ma

    December 12, 2014 at 4:34 pm

    ဒိဇိုင်းလေး လှတယ်။
    အဖြူရောင်ကိုလည်း သဘောကျတယ်။
    ဒီအပတ် တနင်္ဂနွေတော့ မအားလို့ မလိုက်နိုင်တာ ခွင့်လွှတ်ပါ။

    • ရပါတယ်… တီတီမမ

      အဲ့နေ့…လောလောဆယ်…
      ကျနော်ရယ်..
      မဂလူးကိုစ့်(ဟုတ်ပေါင်)ဂရင်းရိုစ့်…ရယ်…
      မိုးမင်းသားရယ်…
      သုံးယောက်တော့… သွားဖို့ စီစဉ်ထားတယ်..
      နောက်ထပ် ဘယ်သူလိုက်ဦးမလဲလို့…

      :k:

  • Kaung Kin Pyar

    December 12, 2014 at 5:19 pm

    ဆက်ဆက်…
    ခုစာကလေးကြော်…ခုဆီထမင်းလို့တော့ မထင်ဘာနဲ့ညှော်…
    ကောင်းကင်ပြာကို ကော်လံပါရင် Medium ပေးပါ…။
    T-Shirt ဆိုရင် XL ပေးပါ…။ (ဒဂေါက်ကွေးများ ရောက်သွားမားမသိ…)
    ဘိုလိုဖစ်ဖစ် XL ပေးပါ…။

  • လုံမလေးမွန်မွန်

    December 14, 2014 at 10:49 am

    နာက ကလေးမွေးတာလားလို့ အပြေးလာကျိတာ.. အင်းကျီဖစ်နေတာကိုး…
    ဘိုပဲဖစ်ဖစ် ဝတ်မယ်အေ.. နာ အိုတီဆင်းရမှာမို့.. မလိုက်တော့ဝူး.. လိုက်ရင်လည်း ဘာမှ အသုံးမကျလောက်ပါဘူးရယ်. နာက ဈေးမဆစ်တတ်ဝူးဟ.. :mrgreen:

    • အဆင်ပြေခဲ့ပြီ..မွန်မလုံလုံ..

      ————

      ဂဇက်တံဆိပ်ရိုက် အင်းကျီ ဝယ်ပြီးပြီ။တံဆိပ်ရိုက်ဖို့အပ်ခဲ့ပြီ။
      တံဆိပ်ရိုက်အပြီးအစီးကို ၂၀၀ဝ ကျပါတယ်။
      အကျင်္ ီက colour တံဆိပ်။ အသားကောင်းတာ။ယိုးဒယားမိတ်စစ်တယ်ထင်ရတာကို ပလာဇာ သုံးထပ်လောက်က မရေတွက်နိုင်သော ဆိုင်ပေါင်းစုံကို မေးမြန်းစစ်ဆေးပြီး စိတ်တိုင်းကျတဲ့ colourတံဆိပ်ကိုမှ ဝယ်ယူလိုက်ပါတယ်။
      မနက် ၁ဝ နာရီက ပလာဇာကို စ ပတ်တာ။
      ဆိုင်တော်တော်များများထဲ ဝင် မေးပြီး ဈေးနှုန်းတွေ အသားကောင်း မကောင်းတွေကို မဂရင်းရိုစ့်နဲ့ ခြေတိုအောင် လျှောက်ကြည့်/မေးမြန်း/အားမနာ လျှာမကျိုး စစ်ပြီးမှ ဝယ်ခဲ့ပါတယ်။

      အပြီးအစီးကို ၂၀၀ဝ စွန်းစွန်းလေး ကျသင့်တဲ့အတွက် ၂၅၀ဝ ကျပ် ရောင်းပါ့မယ်ခင်ဗျ။

      ကိုရွှေတိုက် သမီးတော်လေးအတွက်လည်း ဆိုဒ်အသေးတစ်ထည် ပါပါတယ်ခင်ဗျ။

      ကိုကြောင်ဝတုတ် ကျနော့်ကို ဆက်သွယ်ပါခင်ဗျ။ (ကျနော် ဖုန်းဆက်တာ ဖုန်းမှားနေတယ်ပဲ ပြောလို့ပါ)

      မန်းလေးက မိတ်ဆွေတွေထဲ တွေ့ဆုံပွဲမလာဖြစ်သူတွေရှိရင် ဒါမှမဟုတ် ကြိုဝယ်ယူချင်သူတွေ ရှိရင် ကျနော့်ကို ပြောပါခင်ဗျ။
      ပါဆယ်ထုတ်ပြီး ပို့ပေးပါ့မယ်။
      မန်းလေးရောက်ရင် ပါဆယ်ကို သဂျားလေး တာဝန်ယူပြီး ရောင်းပေးပါလိမ့်မယ်ခင်ဗျ။

      အထည် ၇ဝ အပ်ခဲ့ပါတယ်။
      အော်ဒါမှာတဲ့ အရည်အတွက်ထက် ၁ဝ ထည်ပဲ ပိုလုပ်ထားပါတယ်။
      တကယ်လို့ လိုချင်သေးသူရှိရင် (သေချာရင်)ဒီအပတ်ထဲ ထပ်ပြောပါ။ မလောက်ဘူးထင်ရင် ထပ်ဝယ်ဖို့ စီစဉ်ပါမယ်။

      လာမယ့် ဆန်းဒေး ဒီဇင်ဘာ တတိယပတ်နောက်ပိုင်းမှာ အန်တီပဒုမ္မာနဲ့ အန်တီမမတို့ဆီမှာ ကြိုဝယ်လို့ရပါလိမ့်မယ်ခင်ဗျ။

      —————

      • အဖြူရောင်လေးပဲ…ဝယ်ခဲ့ပါတယ် ။
        .ကော်လာတော့ မပါဘူး ။ကော်လာပါတာတွေ ပတ် ရှာသေးတယ်။
        .ဈေးက.. အကျင်္ ီဖိုးတင်.. ၃၅၀ဝ လောက် ဖြစ်နေလို့.. ။ တံဆိပ်ရိုက်တာနဲ့ ဘာနဲ့ဆို.. လေးထောင်လောက် ရောင်းမှ ဖြစ်မှာဆိုတော့လေ။ တစ်ထည်ထဲ ဝယ်ကြရင်တော့ ကိစ္စမရှိပေမယ့်…
        သုံးလေးထည် ဝယ်မယ့်သူတွေအတွက်.. တနင့်တပိ်ုးဖြစ်နေမှာစိုးလို့… ကော်လာမပါတာလေးပဲ.. ။
        သက်တောင့်သက်သာလေး ဝယ်လို့ရအောင်…

        :kwi:

  • manawphyulay

    December 18, 2014 at 8:58 am

    စာရင်းမပိတ်နဲ့ဦးလေ
    မနောကို ပစ်ထားခဲ့ကြတယ်ပေါ့ဟုတ်လား။

    မနောလည်း စမောဆိုက် ယူမယ် ဒါဗြဲ….

    • တကယ် စမောဆိုဒ်လားဗျ။

      စမောဆိုဒ် စာရင်းပေးထားတာ မွန်မွန်ပဲရှိတယ်
      ဆိုတော့ ဝယ်လာခဲ့တာ စမော နှစ်ထည်ပဲ ပါတယ်။
      မွန်မွန်နဲ့ မမမနော တစ်ယောက်တစ်ထည်ပေါ့။

      သွား ထပ်ဝယ်ဖို့ တံဆိပ်ထပ်ရိုက်ဖို့တို့ ကျနော်မအားတော့ဘူး။
      စီစဉ်ကြည့်ဦးမယ်။

      အော်ဒါစာရင်း အထည် ၆ဝ လောက်ရှိတာကို
      ဆယ်ထည် ပိုပြီး ၇ဝ အပ်ထားတယ်။
      လောက်ငှမယ် ထင်ပါရဲ့

  • ဖားသက်ပြင်း

    December 18, 2014 at 9:45 am

    မီဒယံ နှစ်​ထည်​​ပေးပါ

  • တိန်
    အခုမှ ပြောတယ်
    တချိန်လုံးတော့ နောက်တိနောက်တောက် လုပ်နေပြီး
    :k:

    ok
    ရအောင် စီစဉ်ပေးမယ်

    • ဖားသက်ပြင်း

      December 18, 2014 at 11:26 am

      ​ပြောချင်​ပါတယ်​
      အမျိုးသမီးက ကွန်​ဖမ်​းမ​ပေး​သေးလို့
      ငိငိ

  • ဦးကြောင်ကြီး

    December 18, 2014 at 12:33 pm

    မွပ်စိုက်ကျီးများ အယေးလုပ်လို့…

  • CharTooLan

    December 18, 2014 at 12:34 pm

    ငါပြောထားတဲ့ ဒဇိုင်းလေးရလားဟမ် 😀

Leave a Reply