သူ ဆိုသော သူ

မာနကိုအသာခွ အတ္တဦးထုပ်ဟန်လုပ်ကာဆောင်း
ဒေါသလမ်းကြားလျှောက်လမ်းသူ . . . .
မတရားခြင်းကိုအသာကြည့် မောဟပူပူလေးတစ်ခွက်ကို
သောကကင်းကင်း သောက်ချင်သူ . . . .

တဏာရမက် လောင်မီးစာလေး
ဖိတ်ယိုကာစီး ကင်းဝေးသီလ
စောင့်ထိန်းခက်မို့ သစ္စာဆိုသော
အရိပ်လေးအောက် တူလျှောက်စေချင်
လူဖြစ်တစ်ခဏ ဆုံဆည်းဘဝ
အပူရယ်ကင်း မြူ နှင်းလည်းကြေ ွ
နှလုံးသားလေး လန်းပါစေ . . . .

ကာရံ ၁၁ ့၁၂ ့၂၀၁၄


About ကာရံ

ကာ ရံ has written 191 post in this Website..