မှားတတ်တယ်။

aye.kkDecember 11, 20141min1125

ဆားမပါတဲ့ဟင်း

နေလာရင်ပျောက်တဲ့နှင်းလို။

အသိမ်အဖျင်းများတဲ့ စပါးခင်း

ငှက်တောင် ခြေမနင်းဘူးပေါ့နော်။

ပြေးနေတဲ့ရေလှိုင်း

ကမ်းစပ်နဲ ့တွေ ့မှပြေသလို။

အရာရာကို….

အလေးမထားရင်တော့…

လေးစားမှုဆိုတာကွယ်ပျောက်တယ်။

စိတ်ဆိုတဲ့အသိတရား

သတိမထားပဲ…

လွှတ်ထားရင်တော့ မှားတတ်တယ်။။

5 comments

  • ခင်ဇော်

    December 12, 2014 at 1:33 pm

    မှားတတ်တယ် လို့ သတိထားထားပြီး ဆက်ဆက်မှားနေတော့တာပဲ။

    :a:

      • aye.kk

        December 15, 2014 at 10:42 am

        အလင်းဆက်က
        အားလုံးကိုကူညီတတ်သူ
        ချစ်ခင်ပြီးစပြောင်တတ်တဲ့ သူလို ့ပဲအန်တီမြင်ပါတယ်။

  • aye.kk

    December 12, 2014 at 1:39 pm

    အမှားကင်းစင်
    သီလလွင်ပြင်
    မှန်မြင်နိုင်ကြောင်း
    ဆုမွန်တောင်း။။

Leave a Reply