အယ်ဒီတာ့သင်ပုန်း – ဇန်နဝါရီ ၂၀၁၅

kaiDecember 12, 20141min31332

မျိုးစောင့် ဥပဒေများဟုဆိုသော ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း။မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း၊ တလင်တမယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကြမ်းများကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မြန်မာ လွှတ်တော်သို့ တင်သွင်းခဲ့ပြီဖြစ်သည်။
အဆိုပါဥပဒေတို့ အတည်ဖြစ်ပါက မြန်မာ့လူမှုရေးဘဝတခုလုံးအပြင် တိုင်းရေးပြည်ရေးခြေအနေတို့များစွာပြောင်းသွားမည်ဖြစ်ပါသည်။
မျိုးစောင့်ဥပဒေများသည် လူနည်းစုကိုးကွယ်ရာဘာသာတရားများနှင့် မတူကွဲပြားတိုင်းရင်းသားများကို လွှမ်းခြုံ၍ ဗမာဓလေ့ပြုပစ်ခြင်းဆန်လွန်းနေသည်ထင်ပါသည်။

တလင်မယားအများ

မြန်မာ့ရှေးကာလက တဦးအလုပ်လုပ်လျှင် တအိမ်ထောင်လုံးစားဝတ်နေရေးလောက်ငှသည့် ဝင်ငွေရှိ၍ အင်အားရှိသူ ယောက်ျားမှသာလုံခြုံစိတ်ချမှုပေးနိုင်ပေရာ အိမ်ထောင်ဦးစီးလင်ယောကျာ်းသည် တင်ကျွေးထားနိုင်လျှင် ဇနီးတယောက်ထက်ပို၍လက်ထပ်ယူနိုင်သည့် ဓလေ့ဖြစ်ခဲ့သည်။
သက်ဦးဆံပိုင်ဘုရင်စနစ်တွင် ဘုရင်သည် မိဘုရားနှင့်ကိုယ်လုပ်တော်တို့ကို တင်ကျွေးစောင့်ရှောက်ထားရသူဖြစ်လေသည်။ စားဝတ်နေရေးနှင့် ဘဝလုံခြုံမှုကိုပါတာဝန်ယူထားနိုင်သောဘုရင်ထံသို့ မိမိသမီးအချောလှကိုဆက်သပေးအပ်မည့်သူများလည်း တန်းစီစောင့်နေပေလိမ့်မည်။
ဤသို့အားဖြင့် “ယောက်ျားေကောင်း မောင်းမတထောင်”ဆိုကာ မင်းသားဘဝမှာပင် မောင်းမများစွာထားနိုင်ခွင့် ယောကျာ်းသားတို့ ရခဲ့ကြသည်။ သေလွန်သည်ပင် နတ်ပြည်တွင် နတ်သားသည် နတ်သမီးတဖက်လေးငါးရာနှင့် စံနေနိုင်ဟန် ညွှန်းဆိုပြုခဲ့ကြပါသေးသည်။
ဥပဒေအရ ယောက်ျားမှာ ဇနီးတဦးထက်ပိုယူပါလျှင် နောက်တဦးမှာ မယားပြိုင်ဖြစ်ကာ ဥပဒေအရတရားဝင်သော်လည်း မိန်းမမှာမူ လင်ယောကျာ်းတယောက်ထက်ပို၍ တပြိုင်ထဲယူခွင့်မရှိ၊ လင်ပြိုင်ထားခွင့်မရပေ။ မြန်မာနိုင်ငံတွင်ကျင့်သုံးနေသော အဆိုပါစနစ်( Polygamy) အား တိုးတက်ပြီးနိုင်ငံများတွင် ကျင့်သုံးကြသည်ကိုမတွေ့ရပေ၊ အစ္စလမ်မစ်နိုင်ငံများနှင့် မြန်မာနိုင်ငံတွင်(သာ)ကျင့်သုံးကြပါ၏။
အဆိုပါမြန်မာ့ရှေးရိုးစွဲထုံးတမ်းစဉ်လာသည် အိမ်သူများကို ထိခိုက်မှုကြီးစွာ စိတ်သောကများစွာရောက်စေခဲ့သည်ဟုဆိုနိုင်ပါသည်။

ချစ်သူနေခြင်း၊ Living Together (LT)

မြန်မာတို့၏ LTသည် အနောက်တိုင်းနှင့်အဓိပ္ပါယ်အဖွင့်မတူဟုဆိုရပေမည်။ မြန်မာပြည်တွင် ကျားနှင့်မ မိမိသဘောအလျှောက် (လက်မထပ်ပဲ)အတူတူတအိုးတအိမ် နေထိုင်နိုင်သော ဝန်းကျင်နှင့်ဓလေ့လည်းမရှိ၊ အခြေအနေလည်းမပေးသေးပေ။
လူရွယ်၊လူငယ်များ ကိုယ်ပိုင်ဝင်ငွေရှာ ရပ်တည်နိုင်၍ ချစ်သူနှင့်အတူနေနိုင်သော အလုပ်အကိုင်အခွင့်အလန်း၊ စီးပွားရေးအခြေအနေကောင်းတို့လည်းမဖွံ့ဖြိုးသေးပေ။
အနောက်နိုင်ငံသားတို့LT နေကြရာတွင် တရားဝင်လက်ထပ်ထိမ်းမြားခြင်း၏ကြီးလေးသောတာဝန်ယူရမှု၊ မိဘဆွေမျိုးအသိုင်းအဝိုင်းပေါင်းစည်းဆက်ဆံရမှု၊ အမြတ်ခွန်ဆောင်မှု၊ ဝင်ငွေနှင့် ကျမ်းမာရေးအာမခံ အစိုးရထောက်ပံ့ပြေးတို့ကို တွက်ချက်ထိန်းညှိကြရခြင်းအပါအဝင် အချင်းချင်း အပြန်အလှန် စိတ်ဓာတ်အခြေအနေတို့ကို လေ့လာနိုင်အောင် လက်မထပ်ကြမီ အတူတကွနေကြည့်ခြင်းမျိုးသဘောပါဝင်ပါသည်။ ချစ်သူနှင့်အတူနေခြင်းမှသည် မွေးလာသည့်သားသမီးများအတွက်လည်း ဥပဒေတို့အရ သတ်မှတ်ပြဌာန်းချက်များ၊ အစိုးရမှထောက်ပံ့ကူညီမှုများရှိသည်။ လက်ထပ်ခြင်းဟူသည် ပုရိသ၊ဣတိ္ထယ ၂ဦးနှင့်သာဆိုင်သည်မဟုတ်၊ ဆိုင်ရာအသိုင်းအဝိုင်း ပါဝင်ပေါင်းစည်းကြရပေရာ မပေါင်းစည်းမီ သင့်၏မသင့်၏ကို လက်တွေ့ကျကျ ကွင်းဆင်းလေ့လာခြင်းမည်ပါသည်။
ရှေးမြန်မာတို့၏ ၃နှစ်၃မိုးစောင့်ကြည့်လေ့လာ၍ရည်းစားထားကြသောသဘောထက် သာလွန်ချောမွေ့သော လက်တွေ့လုပ်ဆောင်မှုတည်း။
ယခုခေတ် မြန်မာ့LT ဟုသည် မိဘနှင့်အတူ မှီခိုနေသူတိုု့အိမ်မှခဏလစ်ထွက်လာပြီး ခိုးစားနေခြင်း များကြသည်ဟုသာဆိုရပေမည်။ သို့တည်းမဟုတ် ငွေကြေး၊အာဏာရှိသူတို့က အငယ်အနှောင်းထားကာ အပျော်ပေါင်းသင်းနေသည်များသာရှိပေသည်။
အနောက်နိုင်ငံတို့၏ LT အခြေအနေကိုသေချာမသိမူပဲ ရုတ်လမ်း၊ စုတ်လမ်း၊ မှုတ်လမ်းနှင့်သွားကြသည်သာဖြစ်သည်။
တလင်တမယားစနစ်သည် ဥပဒေဖြစ်ခဲ့ပါလျှင် ထိုထိုအခြေအနေများအတွက် အတိုင်းအတာတခုအထိ သက်ရောက်မည်ထင်မိပါ၏။ ချစ်သူနေခြင်းပြုမည့်သူတို့ပိုများလာမည့်ဟန်ရှိ၏။

အငယ်မယား

China ပြည်၊ဂန္ဓလရာဇ် စိန့်တိုင်းဒေသတွင် “သားတဦးမွေးစနစ်”ကြောင့် သားယောက်ျားလေးအယူများ၍ ပုရိသပေါများနေရာ သူတို့၏တိုးတက်လာသောစီးပွားရေးနှင့်အညီ အိမ်ထောင်ဖက်ရှာရန်အရွယ်ရောက်ကြကုန်သော် ကျား/မ ဦးရေကွာဟမှုကို ခံစားကြရပြီဖြစ်သည်။
ဤတွင် အိမ်နီးချင်း ပြည်မြန်မာကိုမြင်လေသည်။
မြန်မာပြည်တွင်ကား တိုင်းပြည်ဝင်ငွေစီးပွားမကောင်းရသည့်ကြား ကျားမအချိုးချလျှင် မဦးရေသိသာစွာများပြားလျှက်ရှိပေရာ စိနပြည်သား ကျားများကို ဆွဲဆောင်နေသကဲ့သိုဖြစ်ချေ၏။
ဤသို့ဖြင့် လူကုန်ကူးမှု၊ လိင်ကျွန်ဝယ်မှု၊ အငယ်မယားအဖြစ် တဦးထက်မက ယူခြင်းတို့ ဖြစ်လာသည်။
အသိသညာနွမ်းပါးလှသော နယ်စပ်ဒေသနေ မြန်မာများအနေဖြင့် ကမ္ဘာ့အချမ်းသာဆုံးတိုင်းပြည်ဖြစ်လာနေသော စိန့်တိုင်းပြည်သားများအား ခုခံခွင့်ရှိမှုအားနည်းပါလိမ့်မည်။
ထိုအခြေအနေကို မြန်မာ့လူဝင်မှုကြီးကြပ်ရေးဥပဒေအသစ်တို့ပြဌာန်းခြင်းနှင့်အတူ တလင်တမယားစနစ်ဖြင့် ထိန်းညှိရမည်မှာအသေအချာဖြစ်တော့သည်။ ဤသို့အားဖြင့် စိနတိုင်းသားများအတွက်၎င်း၊ မူးယစ်ဆေးနှင့်သယံဇာတတို့ကြောင့် ငွေကြေးချမ်းသာနေသော ပုဂ္ဂိုလ်များအား၎င်း၊ မြန်မာ့နည်း မြန်မာ့ဟန်စပွန်ဆာပေးသည်ဆိုကာ ဝါးစားမြိုချနေသူများအပါအဝင် ဝင်ငွေကောင်းသော အစိုးရအရာရှိကြီးအချို့များအား၎င်း ဥပဒေတို့သက်ရောက်ခြင်းခံရမည်။

ပြည့်တန်ဆာ

ပြည့်တန်ဆာဟုသည် တိုင်းပြည်၏တန်ဆာဟုပြဆိုသည်လည်းရှိသည်။ ဂေါတမဗုဒ္ဓဘုရားရှင်လက်ထက်တော်က တိုင်းပြည်အတွင်းရှိ ငယ်ရွယ်လှပလွန်းသူကို ဘေးတပါးတိုင်းပြည်များမှမင်းညီမင်းသားများသိမ်းပိုက်လိုမူ၍ ပြဿနာဖြစ်လွန်းသဖြင့် မင်းမိန့်ဖြင့်  အလှည့်ကျအသုံးတော်ခံစေခြင်းအားဖြင့် တိုင်းပြည်၏ရတနာ၊အလှတန်ဆာအနေဖြစ်သည်မှစပြီး ပြည့်တန်ဆာဟုခေါ်တွင်ကြောင်းလည်းဖတ်ခဲ့ဖူးသည်။
ဘုရားရှင်ထံတွင်လွတ်လပ်စွာတရားနာဥပုသ်သီလစောင့်နိုင်ရန်အတွက် ဥတ္တရာအမျိုးသမီးမှ မိမိ၏ခင်ပွန်းအား ဖျော်ဖြေရန်အခကြေးငွေပေးခေါ်ယူပေးသော ပြည့်တန်ဆာသီရိမာသည်ကား ထင်ရှားသော ပုံဝတ္ထုဖြစ်ပါသည်။
ဤဒွန္ဒယာ လူ့ယဉ်ကျေးမှု၌ လိင်လုပ်သားဟူသည် အစောဆုံးသော ပရောဖက်ရှင်နယ်အလုပ်ဖြစ်သည်။ ကာမဘုံသား လူသားရှိနေသမျှ ပြည့်တန်ဆာရှိနေမည်ဖြစ်သတည်း။
ယခုခေတ်တွင်ကမ္ဘာ့နိုင်ငံတိုင်းလိုလိုပင် ပြည့်တန်ဆာနှင့် လိင်ဖျော်ဖြေမှုလုပ်ငန်းတို့အားမည်သို့မျှနှိမ်နင်း၍မရမူပဲ သာ၍ထွန်းကားခြင်းပင်ရောက်နေဟန်ရှိပါသည်။
အမေရိကပြည်ထောင်စု၏ နီဗားဒါးပြည်နယ်မြို့နယ်အချို့တို့သည် ပြည့်တန်ဆာနှင့် လိင်လုပ်ငန်းကိုတရားဝင်ခွင်ြ့ပုထားကာ ပြည်နယ်အစိုးရမှ နှစ်စဉ်ဘီလီယံချီသောအခွန်ရသည့်လုပ်ငန်းဖြစ်ပေသည်။
မြန်မာပြည်သည် တိုးရစ်ဇင်ဖွံ့ဖြိုးလာပြီဖြစ်၍ ထိုင်းဥပမာယူရလျှင် လိင်လုပ်ငန်းနှင့်မူးယစ်ဆေးဖက်သို့ ယိမ်းသွားမည်ဟုထင်မြင်သာသည်။ သို့ဖြစ်၍ မြန်မာပြည်တွင် ပြည့်တန်ဆာလုပ်ငန်းကို ယဉ်ကျေးမှု့မျက်နှာဖုံးတပ်ကာ စုံကန်ငြင်း(ပြ)ကြမည့်အစား နယ်စပ် ပြည်နယ်မြို့နယ်အချို့တွင် တရားဝင်ခွင့်ပြုသင့်သည်။
သို့မှသာရောဂါဘယကူးစက်မှုထိမ်းချုပ်နိုင်မည့်အပြင် မဖွံ့ဖြိုးသောနယ်များကို စည်ကားဖွံ့ဖြိုးလာအောင်လုပ်ခြင်းမည်ပါလိမ့်မည်။ အမှောင်ထဲမှ လာဘ်ငွေ၊ထိုးငွေ၊ ရာဇဝတ်မှုများလည်း တရားဝင်အခွန်အဖြစ်ရောက်ကာ လိင်မှုခင်းလျှော့လူနေမှုဘဝအဆင့်ရှိလာမည်ဖြစ်သည်။
ထိုထိုဥပဒေတို့ကို ပြုခြင်းကိုကန့်ကွက်(ပြ)ခြင်းသည် အမည်နာမအားဖြင့် လူကြီးသူကောင်းသဖွယ်မြင်ရဟန်ရှိသော်ငြား ဘဝမှန်အဖြစ်မှန်ကိုကားမျက်မှောက်ပြုသင့်လှပေသည်။
အဖြစ်မှန်မှာ မြန်မာ-စိနပြည်-ထိုင်းနယ်စပ်တလျှောက်ရှိ အမျိုးကောင်းတိုင်းရင်းသူများ ဘဝကိုကြည့်ရန်သာရှိတော့သည်။ တလင်တမယားဥပဒေသည် ပြည့်တန်ဆာများ လိင်လုပ်ငန်းများကို ကိုင်လှုပ်မည်မှာအသေအချာဖြစ်ပါ၏။

ထုံးတမ်းစဉ်လာ

မြန်မာတို့၏ ခေတ်နောက်ကျလွန်းနေသော ရှေးရိုးဓလေ့အေ့ခြခံဆွဲထားသည့် ဥပဒေများကို ဖြုတ်နှုတ်တပ်ကာ ပြင်ဆင်သင့်လှပါသည်။
ပြင်ဆင်ရာတွင် ချုပ်ချယ်လိုက်ခြင်း ပိုတိုး၍ကြပ်ပေးလိုက်ခြင်းများအစား ပွင့်လင်းမြင်သာ၊ ဖွင့်၍ လွယ်ကူလိုက်နာရလွယ်သော ဥပဒေများသာပြုသင့်သည်။ နိုင်သမျှဖြေလျှော့ပေးသင့်လှသည်ဟူလို။
အခြားကမ္ဘာ့နိုင်ငံများနှင်ယှဉ်ထိုးချိန်ဆကာ ဥပဒေတို့ပြုသင့်လှပါသည်။
မြန်မာဟူသည် အခြားတပါးလူမျိုးတိုင်းသားယဉ်ကျေးမှုများနှင့် သာလွန်ထူးခြား ယဉ်ကျေးမှုမြင့်မြတ်ရှိကာရပ်တည်နေသည်မဟုတ်။ ဗုဒ္ဓဘာသာအဆုံးအမတို့အခြေခံကာ အိနိ္ဒယနှင့် ဂန္ဓလရာဇြ်ပည်မှဆွဲယူ ပြင်ဆင်ထားသည်များမဟုတ်လော။
သို့ဖြစ်၍  မြန်မာမှန်လျှင် သေတမ်းစာမရေးနိုင်သောဥပဒေများအား၎င်း၊ တလင်မယားအများ ထားနိုင်သောဥပဒေအား၎င်း၊  ပြင်ဆင်ခြင်း ပြုခြင်းကိုထောက်ခံပါ၏။  မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ ကို စိစစ်ဖြေလျှော့ခြင်းကိုလက်ခံပါ၏။
သို့သော်…

သံဃာနှင့်လောကီ

ဥပဒေပြုခြင်း ပြဌာန်းရန်တိုက်တွန်းခြင်းဟူသည် သာသနာ့ဝန်ထမ်းတို့အလုပ်မဟုတ်ပေ။ အထူးသဖြင့် အိမ်ထောင်မှုကိစ္စ၊လူမှုရေးကိစ္စစသည့် လောကီရေးတို့ကို ဆရာတော်သံဃာတော်များ နားလည်သဘောပေါက်ရန် အခြေအနေအခွင့်မရှိပါသဖြင့် လွန်စွာသိမ်မွေ့သောဥပဒေပြုခြင်းအထိမူ ဝင်ရောက်တို့ထိခြင်းငှာမဖြစ်သင့်ဟုသာဆိုချင်သည်။ သာသနာ့ဝန်ထမ်းသည် နိုင်ငံရေးတွင်ပါဝင်ပါတ်သက်ခြင်းလုံးဝမပြုရဟုကားမဆိုလို။ နိုင်ငံအရေးကိုပါဝင်ပါတ်သက်သင့်သည်။ မဲပေးခွင့်လည်းရှိရမည်။ သို့သော် သာသနာ့ဝန်ထမ်းသည် လောကုတ္တရာအရေး သာသနာရေး၌သာ(သာ) ပရောဖက်ရှင်နယ်ဖြစ်ပေလိမ့်မည်။ ပရိုသည် ကိုယ်ကျွမ်းကျင်ရာအလုပ်၌သာပျော်မွေ့ဝင်ပါ ဆောင်ရွက်ပါလျှင် ကောင်းမွန်သောရလဒ်ထွက်မည်သာဖြစ်လေသည်။
ယခုကဲသို့ ရဟန်းသံဃာများဖြင့်ဖွဲ့စည်းထားသော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ တိုက်တွန်းချက်အရ ဖြစ်ပေါ်လာသော မျိုးစောင့်ဥပဒေများသည် နိုင်ငံရေးကစားမှုနွယ်ကာ  အဂတိလိုက် ဘက်ယိမ်းမှုရှိနေမည်ဟု သေချာပေါက်ပြောနိုင်ပါသည်။
အခြားလုပ်ကိုင်စရာ ဥပဒေပြုစရာတပုံတပင်ရှိလျှက်နှင့် ယခုကဲ့သို့ မတည်မငြိမ်မှုဖြစ်စေသော ဥပဒေပြုမှုများသည် ဒီမိုတိုင်းပြည်နုနုအတွက် မုန်တိုင်းထန်စေရန် လက်ဆကိုက်လွန်းနေသည်ဟု ထင်သည်။

အထူးသဖြင့် လူကြိုက်များနိုင်မည့်တလင်တမယားဥပဒေနှင့်တွဲလျှက်ပါလာသော ကျန်ဥပဒေကြမ်း၃ခုကို သတိထားသင့်သည်။ ထိုဥပဒေပြုစုသူတိုက်တွန်းသူတို့သည် မည်သည့်အဖွဲ့အစည်း မည်သူတို့နည်းဆိုသည်ကိုလည်း သိသင့်သည်။ တရားမျှတမှုရှိသလော၊ မူရင်းစိတ်စေတနာမှန်၏လော သာတူညီမျှမှုရှိ၏လော နှင့်သုံးသပ်ရမည်။
သာသနာဝန်ထမ်းဟူသည် ကွန်ဆာဗေးတစ်(ရှေးရိုးစွဲ)သူများ အများစုဖြစ်၍ အဆိုပါအသိုင်းအဝိုင်းမှ ဥပဒေပြုပါလျှင် ရှေးစွန်းစွဲကာ ညာဖက်ယိမ်းလွန်းနေမည်ကိုလည်း သတိပြုသင့်သည်။
နိုင်ငံရေးတွင် ဖက်ညီမျှမှု ချိန်ခွင်လျှာပျက်ပါလျှင် တိုင်းပြည်အဆိုးဖက်ရောက်တတ်ပေသည်။

တရားမျှတ ခွင့်တူညီမျှ

ဥပဒေတို့မည်သည် လူသားတို့ကို ခွင့်တူညီမျှဖြစ်စေရေးဦးတည်ကာ လွယ်အောင်ရှင်းအောင်လှုပ်လွယ်အောင်ဖြစ်ရပေမည်။ လူသားတို့နေထိုင်မှုတွင် အဆင်ပြေချောမွေ့ရေးသားဦးတည်၍ ပြုပြင်ပြင်ဆင်ခြင်း ဖြုတ်သင့်ဖြတ်သင့်သည်များ စဉ်ဆက်မပြတ်ပြုကိုပြုသွားရမည်။
ဥပဒေကြောင့် လူဖြစ်တည်ရခြင်းထက် လူကြောင့်ဥပဒေဖြစ်တည်ရမည်။
ဒီမိုကရေစီစနစ်သို့ဦးတည်သွားနေပါလျှင် တတ်နိုင်သမျှ ထိန်းချုပ်ထားမှုကန့်သတ်ထားမှုတို့ကို ဖယ်၍ပယ်၍ပြုသောဥပဒေတို့သာပြုသင့်သည်။ လူနည်းစုတို့ကိုလည်းအကာအကွယ်ပေးရပေမည်။ တည်ပြီးသောဥပဒေတို့ကိုလည်း ပြတ်ပြတ်သားသား စိုးမိုးမှုရှိရန်စောင့်ရှောက်ရပေမည်။
မြန်မာတို့၏ ဥပဒေပြုလွတ်တော်အမတ် ၆၅၉နေရာတွင် အမျိုးသမီး၂ဝကျော်သာရှိရာ ဥပဒေပြုခြင်းတွင်ပင် ကျားမ အချိုးလွန်စွာလွဲချော်နေပေရာ ထိုသို့သောအချက်ကို ဦးစားပေးဖြေရှင်းသင့်လှသည်။
အိမ်ထောင်တခုတွင် “မောင်တထမ်း မယ်တရွက်”သွားလျှင် တိုးတက်ပါ၏။
တိုင်းပြည်တွင် ကျားမ ခွင့်တူညီမျှပါဝင်လှုပ်ရှားနိုင်ပါလျှင် များလူခတ်သိမ်းငြိမ်းချမ်းသာယာဝပြောမည်ဖြစ်ပါသည်။ ယခုမြန်မာနိုင်ငံတွင် ထုတ်ပြန်ထားသော အကြိုသန်းခေါင်စာရင်းအရ လူ ၁၀ဝ တွင်အမျိုး သား ၄၈ ဦးနဲ့ အမျိုးသမီး ၅၂ ဦးဖြင့် “မ”အချိုးများနေသည်ကိုတွေ့ရသည်။

အမျိုးသမီးတို့အားနေရာပေးပါ။ ချုပ်ချယ်မှုများကို လျှော့ပစ်ပါ။
သမိုင်းဦးဘုံမြေခေတ်က မိခင်အုပ်ထိန်းသောခေတ်တွင် သာ၍တိုးတက်ခဲ့သည်ဆိုလေသည်။
၂၀၁၅နှင့်အလွန်တွင် အဖမြန်မာပြည်ကို အမိတို့ တန်းတူညီမျှနေရာရောက်ကာ အုပ်ချုပ်ဦးဆောင်ကြသည်ကို မြင်ရလို၏။

32 comments

  • pooch

    December 12, 2014 at 12:35 pm

    အကုန်မှန်နေတော့လည်း ကန့်ကွက်ရန်မရှိ ထောက်ခံပါတယ် သူကြီး :mrgreenn:

    ဒါတွေသာ အကုန်ပြင်နိုင် လုပ်နို်င်ရင်တော့ မဝေးတော့တဲ့အနာဂတ်မှာ ရွှေပြည်တော်ကြီးရဲ့ တစိတ်တပိုင်းပုံပေါ်လာဖို့ အိမ်မက်မက်လို့ ရကောင်းပါရဲ့

    နောက်တဆင့်အရေးကြီး ကျန်နေသေးတာက စစ်ပွဲတွေရပ် အမုန်းတရားတွေ ခဝါချ
    အချင်းချင်း လက်ဆွဲနှုတ်ဆက်နို်င်တဲ့နေ့ရောက်ဖို့
    ဘာသာတိုင်း အပြန်အလှန် အချင်းချင်း လေးစားတတ်ဖို့
    လူတွေကို လူတွေလို ဆက်ဆံတတ်ဖို့

  • ခင်ဇော်

    December 12, 2014 at 12:42 pm

    ဘာပြောရမှန်းတောင် မသိတော့ဝူးးး၊
    :mrgreenn:

  • ခင် ခ

    December 12, 2014 at 3:11 pm

    ဘာမှဆိုဖွယ်ငြင်းဖွယ်မရှိပါသကား။ သို့သော် ဤသို့ဤပုံဖြစ်လာလတ္တံမူရန်ကား အိမ်မက်မဟုတ်မှ တော်လိမ့်မည်သာတည်း။

    • kai

      December 12, 2014 at 3:54 pm

      ဆိုတော့.. မျိုးစောင့်ဥပဒေကြမ်းတွေ. အတည်ဖြစ်သွားမယ်.. ထင်လို့လားဟင်င်…။
      အကြမ်းအားဖြင့်.. အဲဒီဥပဒေအကုန်(အကုန်)သာ အတည်ဖြစ်သွားရင်.. ဒီမိုကရေစီအရေး.. ဦးကျိုးသွားပြီလို့.. တိုက်ရိုက်ပြောရမယ်..။
      စောင့်ကြည့်ကြယုံ..။ :i:

  • kai

    December 12, 2014 at 3:58 pm

    Prostitution Revenue Worldwide$186.00 Billion

    Havocscope calculates the world’s prostitution revenue by adding up the estimated market values from countries where prostitution revenue is available. The revenue estimates comes from a wide range of sources, such as public health programs, law enforcement initiatives and other criminal justice programs, as well as media reports. The source for the individual country’s sex trade revenue is available by clicking on the number figure. Click on the country name to see all of the country’s threat assessments regarding the black market.

    VALUE in U.S. DOLLARS

    China$73 Billion
    Spain$26.5 Billion
    Japan$24 Billion
    Germany$18 Billion (Legal Industry)
    United States$14.6 Billion
    South Korea$12 Billion
    India$8.4 Billion
    Thailand$6.4 Billion
    Philippines$6 Billion

    ======
    Accurate figures are hard to come by, but there is a general consensus that the last two decades have seen a resurgence in the international sex industry, including street prostitution, the voluntary or forced migration of women to work in the sex industry and the proliferation of lap dancing clubs. What is certain is that the sex industry is hugely profitable. A European Parliament report from 2004 estimated the global sex industry to be worth $5,000 billion to $7,000 billion.3 Some of the transnational corporations involved, such as Hugh Heffner’s Playboy and lap dancing chains owned by Spearmint Rhino and Foxy Lady, are well known. However, many apparently more respectable companies make huge profits from providing telephone lines and cable and satellite programmes, and being the internet providers for the sex industry. These include GM Motors (through DirecTV), Time Warner, News International (EchoStar satellite, AT&T) and hotel chain Marriot International.

    • kai

      December 12, 2014 at 4:04 pm

      မြန်မာ့ဂျီဒီပီ Gross domestic product: 51.92 billion USD (2011) နဲ့နှိုင်းကြည့်ဖို့ပါပဲ..။
      အခုတိုးရစ်ဇင် တောက်လျှောက်တက်လာတာမို့.. လိင်လုပ်ငန်းတွေတောက်လျှောက်တက်လာမယ်လို့.. မြင်မိတယ်..။

  • ရှေးခေတ် ဘုရင်တွေ မောင်းမဆိုတဲ့ မိန်းမတွေအများကြီးနဲ့ ရုတ်ရုတ် ရုတ်ရုတ် ရှုပ်ရှုပ် ရှုပ်ရှုပ် လုပ်ခဲ့တာ

    ရှေးခေတ် ဘုရင်မတွေရော
    မောင်းထီးတွေ ဘာတွေနဲ့ တအုံးအုံး တရုန်းရုန်း ရှိခဲ့သေးလား မသိ

    :k:

  • 2015 မှာ အဖမြန်မာပြည်ကို အမိတို့ တန်းတူညီမျှအုပ်ချုပ်တာ မြင်ရချင်တယ်ဟုတ်

    ဆုတောင်းလေ
    ဆုတောင်းးးး

    :k:

    • kai

      December 13, 2014 at 10:14 am

      မျိုးစောင့်ဥပဒေတွေထဲ. အဆိုး..အကောင်းရောသမမွှေ.. ရောင်တော်ပြန်နဲ့… ရောလွှတ်ထားတာမှာ… လွှတ်တော်ထဲ..ဆန့်ကျင်ရဲသူရှိပါ့မလား.. တွေးနေမိ…။
      ဒီတခါဦးကျိုးရင်တော့.. မြန်မာပြည်အနာဂါတ်… ရင်လေးစရာ….။

      ဆိုတော့… ၂၀၁၅မှာ..
      ဦးဝီရသူကို.. သမ္မတအဖြစ်..အဆိုပြုကြောင်း..။ :k:

      • ဖားသက်ပြင်း

        December 13, 2014 at 12:43 pm

        ကိုကိုဝီသာ သမ်မဒ ဖြစ်ရင် ကျော် ဟာရကိရိလုပ်ပလိုက်မယ်..
        မနေဘူး..
        ဗမာပြည်ဇုတ်…
        :'(

        • Wow

          January 8, 2015 at 1:46 pm

          အူးဇင်းဝီ ကြက်မာပါဇေ… မလိုသူဒွေ လုပ်ချင်ရာလုပ်ပေ့စေ :mrgreen:

  • မြစပဲရိုး

    December 13, 2014 at 5:44 pm

    Attitude … Attitude … Attitude
    ဘယ်သူ က အဓိက တာဝန် အရှိဆုံးလဲ။
    မိဘ (သို့) ဆရာ 🙄
    သတင်း နှစ်ပုဒ်ပါ။

    (၁) http://www.bbc.co.uk/news/world-asia-30408313 10 Dec 14
    . ဖြူဖြူကျော်သိန်း ကပြောတယ်။
    . ကော်ပီသီချင်းတွေ ဟာ copyright နဲ့ ငြိစွန်းတာ ဒီအကြောင်း တွေ ကို ကျောင်း က သင်မပေးလို့ တဲ့။

    “When I started my career, I had no idea that we were stealing the songs,” Phyu Phyu Kyaw Thein tells me.
    “We were never taught in our school curriculum any rights. Intellectual property rights, copyright, human rights we’ve never heard about all that.”

    (၂) http://www.bbc.co.uk/news/world-asia-30444228 12 Dec 14
    ကိုရီယန် အဲလိုင်း head က တောင်းပန်သွားတယ်။
    သူ့သမီး ရဲ့ လုပ်ဆောင် ချက် အပြုအမူ တွေဟာ သူ့ရဲ့ သမီး အပေါ်ကို အသေအချာပညာပေး ဆုံးမမှု အားနည်းခဲ့ မှု ကြောင့် ပါတဲ့။

    On Friday afternoon Ms Cho bowed in apology when she spoke to reporters outside a government building, where she was due to meet transport officials.
    “I sincerely apologise,” she said, adding that she planned to say sorry personally to affected crew members.
    Hours earlier her father called a press conference and said he was apologising “as a father and head of Korean Air”.
    He called his daughter’s conduct “foolish”, and added: “I beg the people to blame me for the current situation, because everything is my fault… I failed to properly educate my daughter.”

    • kai

      December 13, 2014 at 6:51 pm

      ဘုရား..တရား..သံဃာ..မိဘ..ဆရာ .. အနန္တော အနန္တငါးပါးပါဆိုမှ အရီးလတ်ရယ်..။
      မြန်မာတွေ ပြောပြောနေတာပဲ…။
      အစဉ်အတိုင်းတာဝန်ရှိသပေါ့…။ :k:

      အဲ..
      အိုဘားမားသမီးတွေကို နှိမ်ပြောမိတဲ့.. ကွန်ဂရက်ဝိုးမန်င်းကတော့.. သူမှားတာမို့.. သူ့တာဝန်သူယူပြီး..အလုပ်ပါနှုတ်ထွက်ပေးလို်က်တယ်..။ :k:
      Congressional Staffer Resigns After Disparaging Comments About Obama Girls
      “After many hours of prayer, talking to my parents, and re-reading my words online I can see more clearly just how hurtful my words were,” Lauten wrote. “I’d like to apologize to all of those who I have hurt and offended with my words, and I pledge to learn and grow (and I assure you I have)from this experience.”

  • uncle gyi

    December 13, 2014 at 11:42 pm

    ဒီမှာအဲလိုနုတ်ထွက်ပေးဆို
    ဘယ်သူမှမရှိတော့လို့
    သူကြီးလာအုပ်ချုပ်မှာလား

  • လုံမလေးမွန်မွန်

    December 14, 2014 at 10:29 am

    ခု ပြောနေကြတယ်.. မယားငယ်ယူရင် (၇) နှစ်.. မုဒိန်းမှုဆို (၃) နှစ်ဆိုတော့ မုဒိန်း (၂) ခါကျင့်ရင်တောင် တန်သေးတယ်တဲ့… မုဒိန်းမှုတွေကို တင်းကျပ်သင့် မကျပ်သင့်.. 🙁

    • kai

      December 14, 2014 at 2:28 pm

      အသိမမှားရင် မြန်မာပြည်က ကမ္ဘာမုဒိန်းမှုအမြင့်ဆုံးဖြစ်တဲ့နိုင်ငံစာရင်းမှာပါတယ်..။
      အဲ..
      မယားငယ်ရှာရအလွယ်ဆုံး တိုင်းပြည်လည်းဖြစ်လောက်ပါပေတယ်..။
      ချင့်စဉ်းစားပေါ့..ချင့်.. ချင့်…။ :k:

  • ဝင့်ပြုံးမြင့်

    December 14, 2014 at 7:48 pm

    .မြန်မာပြည်မှာ ဥပဒေတစ်ခု ပြောင်းလာဖို့ဆိုတာ အခြေအနေ အချိန်အခါ ကလည်းပေးဦးမှ။ ရလာတဲ့ အခွင့်အရေးလေးကို လက်လွတ်ခံလိုက်ရင် နောင်ဘယ်တော့မှ ထပ်ဖြစ်ဖို့ မလွယ်ဘူး။ အခုက သံဃာတွေ ဦးဆောင်လုပ်လည်း ဒါကိုဖြစ်အောင် ဆက်တွန်းရမှာပဲ။ တရားမျှတတဲ့ ဥပဒေပေါ်ထွက်အောင် ဥပဒေနားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေကို အားကိုးရမှာပဲ။
    —-
    .တစ်လင်တစ်မယားစနစ် ပြဌာန်းလိုက်ရင် မျိုးစောင့်ဥပဒေက မလိုအပ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အစ္စလာမ်တွေက ပိုပြီးတော့ မျိုးချစ်စိတ်ကြီးတယ်။ မြန်မာအမျိုးသမီးထက် အစ္စလာမ် အမျိုးသမီးကို သူတို့ပိုတန်ဖိုးထားတယ်။ မြန်မာမကို ယူတာက အငယ်အဖြစ်ယူကြတာများတယ်။ တစ်ယောက်ပဲ ယူရမယ် ဆိုရင် သူတို့ လူမျိုးအချင်းချင်းကိုပဲ အားပေးပါလိမ့်မယ်။ ပြီးတော့ သူတို့မှာ လူမျိုးရေး ဝါးမျိုလိုစိတ် တကယ်ပဲရှိတယ်။ မိန်းမကို အထင်သေးစိတ် တကယ်ပဲရှိတယ်။ အခု တစ်လင်တစ်မယားစနစ် ပြဌာန်းလိုက်ရင် သူတို့လည်း အပိုမလုပ်တော့ပါဘူး။ မြန်မာအမျိုးသမီးတစ်ယောက်ကို ယူပြီး ကိုယ်ရှာသမျှ သူ့လက်ထဲ ပုံအပ်မယ့် အစ္စလာမ် များများစားစား မရှိနိုင်ဘူး။ သိပ်ကပ်စေးနဲတဲ့လူမျိုး။

    .နောက်တစ်ခုက တစ်လင်တစ်မယားစနစ်ပြဌာန်းလိုက်ရင် သဘောတရားအားဖြင့် LT ထွန်းကားလာမှာရယ်၊ မိန်းကလေးတွေ စောင့်ထိန်းတဲ့ယဉ်ကျေးမှု ပျက်စီးမှာရယ်ကို ကြောက်တဲ့လူတွေရှိတယ်။ ဒီလို မဖြစ်ပါဘူး။ တစ်လင်တစ်မယားစနစ်ပြဌာန်းလိုက်ရင် စောင့်ထိန်းတဲ့မိန်းကလေးတွေလည်း ပိုတန်ဖိုးရှိလာမယ်။ စောင့်ထိန်းရကျိုး နပ်မယ်။ ခေတ်ရေစီးကြောင်းအရ နားလည်မှုနဲ့ သွားတဲ့မိန်းကလေးတွေလည်း သိက္ခာကျတာမျိုး လျော့နည်းသွားပါလိမ့်မယ်။ နှစ်လမ်းမောင်းစနစ် ဖြစ်သွားတာပါ။ ဒီတစ်လမ်းကြောင့် ဟိုတစ်လမ်း တန်ဖိုးကျသွားတာမျိုး မဟုတ်ပါဘူး။ အခုက ဘယ်သူမှ LT မနေရဲဘူး။ နေတာကို ယောက်ျားလေး အသို်က်အဝန်းက သိသွားရင် မိန်းကလေး ခွေးဖြစ်သွားမှာပေါ့။ ပြီးတော့တစ်ခါ မြန်မာယောက်ျားလေးတွေရဲ့ ရင်ထဲမှာ စောင့်ထိန်းမှုကို တန်ဖိုးထားတာမျိုးက ရှိနေတယ်။ အပျိုစစ်စစ် ဆိုတာထက် ဘယ်လိုပြောမလဲ၊ အလိမ်မခံချင်တာရယ်၊ ပြီးတော့ ကိုယ်ချစ်တဲ့သူကို ချစ်လွန်းလို့ မထိရက်တာရယ် ဒါမျိုး ရှိတယ်။ ဥပမာပြောရရင် ဒီရွာထဲမှာ ဂီဂီ ဖြစ်နိုင်တယ်။ ပြီးတော့ မျှစ်မတို့ဆိုရင်လည်း အရမ်းထတာ။ သူကပဲ ထိန်းသွားတာ။ ဒီလိုမျိုး မြန်မာအမျိုးသားလေးတွေရဲ့ စိတ်ထဲမှာ ဒါရှိနေတယ်။ အဲဒီတော့ LT စနစ်ကို သူတို့ လက်သင့်မခံနိုင်ဘူး။ ဒီတော့ LT ထွန်းကားမှာကြောက်ပြီး တစ်လင်တစ်မယားစနစ် ကို မလိုလားတာမျိုး ဖြစ်သွားရင် မကောင်းဘူး။ တစ်လင်တစ်မယားစနစ် ပြဌာန်းလိုက်ရင် နှစ်လမ်းမောင်း ဖြစ်မယ်ဆိုတာ ပြောပြချင်ပါတယ်။ အဓိကက စောင့်ထိန်းတဲ့လူရော မစောင့်ထိန်းတဲ့လူရော တန်ဖိုးကျတာမျိုး မဖြစ်နိုင်ပါဘူး။ နှစ်မျိုးစလုံး ပိုတန်ဖိုးတက်လာမှာပါ။

    • မြစပဲရိုး

      December 15, 2014 at 12:14 am

      ဒီမှာ ပြုံးညီမ နောက် ကို လိုက်ရရင်
      သူများ အသက် မသတ် ရ ဥပဒေ တင်းထင်း ကြီး ရှိပါရက်
      ငါးလောင်းပြိုင် ပေါ်တင် သတ်သွား တာတောင် မဖော်ထုတ် ရဲ တဲ့ နိုင်ငံ မှာ
      အခု ထုတ် ထား တဲ့ ဥပဒေ က တကယ်ဘဲ တည်မတဲ့လား။
      တကယ်တော့ ဥပဒေ အထက်မှာ လူ တစ်စု ထိုင် နေသ၍ ရီဘဲရီနေလိုက်တော့မယ်။

      ကိုယ့် မိန်းကလေး တွေ ကိုဘဲ တွန်းချင်တယ်။
      သူတို့ လို ဘဲ ကော်ပီကက် ရင် ကိုယ့် ကိုယ်ပိုင် အသိဉာဏ် ဆင်ခြင်တုံတရား နဲ့ စောင့်ထိန်းမှု” ကလဲ ဥပဒေ အထက် မှာရှိနေတယ်။
      အဲဒါကို သာ ရအောင် ရှာယူကြလို့။

      ပုံ
      အန်တီလော
      lol:-)))

      PS – ရွာထဲ အိမ်တွေထဲဝင် စကား မပြောနိုင်တာ sorry ပါနော်။
      အားလုံး ကို တောင်းပန်ပါတယ်။

      • ဝင့်ပြုံးမြင့်

        December 15, 2014 at 10:44 pm

        တစ်လင်တစ်မယား ဥပဒေ အတည်ဖြစ်ဖို့ အရေးကြီးပါတယ်။ ဥပဒေအထက်မှာ လူတစ်စု တက်ထိုင်နေပေမယ့် ကမာ္ဘ့ နိုင်ငံရေးသဘောတရားအရ ကြာကြာမထိုင်နိုင်ဘူး။ တစ်ပါတီ အာဏာရှင်စနစ် ပြုတ်ကိုပြုတ်မှာ။ လူတွေ ခေါင်းပြောင်းဖို့ သိပ်အရေးကြီးတယ်။ ခေါင်းပြောင်းဖို့က အခုလို မြန်မာ့အခြေခံလူ့ဘောင် တည်ဆောက်မှု အုတ်မြစ်ကြီးကို အရင်ဖြို ရမှာ။

  • Tint Lwin

    December 15, 2014 at 2:14 pm

    ကောင်းတယ် မကောင်းဘူး
    မှန်တယ် မမှန်ဘူး
    မဆွေးနွေးလိုပါ
    ရှုထောင့်နဲ့ အမြင်ပေါ် မူတည်နေလို့ပါ
    လောကီအမှန်တရားကမတည်မြဲလို့ပါ
    အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး မှန်တယ်မမှန်ဘူး
    ကောင်းတယ်မကောင်းဘူး
    ပြောင်းလဲနေပါတယ်
    တချိန်တုံးက ဟန်မူရာဘီရဲ့ကိုယ်ထားဥပဒေ ကိုလည်း
    အမှန်ဆုံးလို့ ယူဆခဲ့ကြတာလေ
    မျက်စေ့တစ်လုံးကန်းရင် မျက်စေ့တစ်လုံး
    သွားတစ်ချောင်းကြိုးရင် သွားတစ်ချောင်း

    ဂန္နီကပြောတယ် မျက်စေ့တစလုံးကန်းရင်တစ်လုံး
    သွားတစ်ချောင်းကြိုးရင်သွားတစ်ချောင်း
    ရော်ရမယ်ဆိုရင်
    ကမ္မာပေါ်မှာ
    မျက်စေ့ တွေသွားတွေ ရှိတော့မှာမဟုတ်ဘူးလိုပြောတယ်
    ယခုလည်း နိုင်ငံ တွေမှာ ဟန်မူရာဘီရဲ့ ကိုယ်ထား ဥပဒေ
    မသုံးကြပါဘူး မမှန်တော့ဘူးဆိုတဲ့သဘောသက်ရောက်သွားတယ်
    တနည်း
    ဟန်မူရာဘီရဲ့ ကိုယ်ထားဥပဒေ မှားတယ်သက်ရောက်သွားတယ်

    ကိုမင်းကိုနိုင် ပြောဘူးတယ်
    မိဘကိုသားသမီးက ရှိခိုးကန်တော့ရတာ အမြဲတမ်း မှန်သလား
    ကိုယ်သား ဘုန်းကြီးဝတ်ရင် မိဘကပြန် ရှိခိုးရတယ်
    ဆိုလိုချက်က လောကီအမှန်တရား မမြဲတဲ့သဘော

    တချိန်တုံးက ဆိုရှယ်လစ်ပြည်ထောင်စုသမတနိုင်ငံ ကိုဦးတည်ခဲ့ကြတယ်
    ဆိုရှယ်လစ်လမ်းစဉ် သည် မှန်သည်ဆိုတဲ့သဘော
    ကျောင်းစာအုပ်တွေမှာလည်း ဒီအသုံးအနှုန်းတွေ ရေးလို့
    ကျောင်းစာအုပ်ဆိုတာကလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ထုပ်တာ
    ဆိုတော့ မှန်မမှန် သေချာစီစစ်ထားတာလေ
    အဲ
    တချိန်ကျတော့ ဆိုရှယ်လစ်ကိုခဲတံနဲ့ ဖျက်
    အဲဒီတော့ မှားတယ် ဆိုတဲ့သဘော သက်ေရောက်သွားတယ်

    နည်းတူပဲ
    သက်ဦးစံပိုင်တို့ ဘာတို့ညာတို့
    မှန်တယ်မှားတယ် မှန်တယ်မှားတယ်နဲ့
    ဖြတ်ကျော်လာကြတာလေ
    အခုလောလောဆယ် ဒီမိုကရေစီပေါ့

    ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေမှာလည်း
    သူ့ ပြသနာနဲ့သူ
    ယနေ့အထိ့ ဥပဒေ တွေ ဖျက်လိုက်ဆွဲလိုက်
    ပြီးပြည့်စုံပြီ တရားသေ မှန်သွားပြီဟုမဆိုနိုင်

    SWOT analysis ( strength weakness opportunity threat)
    အားသာချက် အားနည်းချက် ခြိမ်းခြောက်မှု အခွင့်အလမ်း အရ
    ဆွေးနွေးရင်သင့်တော်မလား

    တချို့ နိုင်ငံရေးသမားတွေက ဘာသာရေးနဲ့ နိုင်ငံရေးနဲ့
    မပတ်သက်ဘူး ဆိုပါဆို့

    religen ရေးရာတွင် Islam. christianity . hinduism . buddhism
    ဟူ၍ကမ္ဘာကသုံး ကြသည်
    ism ဆိုသည်မှာ
    communism. socialism. feudalism. imperialism ဆိုသည့်
    နိုင်ငံရေးအတွေးအခေါ် တရားသေအယူဝါဒသဘော
    ဟု ဘာသာကြီး လေးဘာသာစာအုပ်ထဲတွင် ဖတ်ဘူးပါသည်
    ထို့ကြောင့် မြန်မာနိုင်ငံတွင်
    Buddhism လို့မသုံးပဲ Buddish လို့သာသုံးနှုန်းခြင်းဖြစ်ပါသည်

    ဆိုလိုချက်ကတော့ ism ပါတဲ့ ဘာသာက
    နိုင်ငံရေးတွင်ပို၍ ပတ်သက်နေသည်ဆိုတဲ့သဘောသက်ရောက်သွား
    ပေမည်
    တနည်းဆိုရသော် Buddish က နိုင်ငံရေးတွင်
    ပါတ်သက်မှုအနည်းဆုံးဘာသာဟုဆိုရပေတော့မည်

    တကယ်အနှစ်သာရတွင်လည်း peace ငြိမ်းချမ်း ရေးကိုဦးတည်သော
    အလောဘကို အခြေခံထားခြင်းသည် သက်သေဟုဆိုရပေမည်
    လောဘကို အခြေခံ၍သာ စစ်ပွဲများဖြစ်ပွားခြင်း
    မငြိမ်းချမ်းခြင်း ဖြစ်ကြလေသည်
    ဒါကိုတော့ စာရှုသူကိုယ်တိုင် မှန်သည်မှားသည်လည်း
    ဆုံးဖြတ်ခွင့်ရှိပါသည်

    သိဒ္ဓတ္ထ သည် bc-623 တွင် မွေးပါသည်
    bc- 543 တွင် ပရိနိဗ္ဗာန်စံပါသည်
    ခရစ်တော်သည် bc- 4 တွင် မွေးပါသည်
    ad-30 တွင် ကားစင်တင်ပြီး သက်တော်စွန်ပါသည်
    သရေခေတ္တရာ မင်း ဆက်သည် bc- 484 တွင် စတင်ပါသည်
    ဟုလေ့လာသိရပါသည်

    bc-200 ခန့်က
    ဂျူးလူမျိုးများ၏ ဒေသဖြစ်သော ဂျေရုဆလင်ကို ဂရိ( စေလုစစ်)
    ဘုရင် စတုတ္ထမြောက် အန်တီယိုကပ် အုပ်ဆိုးခဲ့ လေသည်
    ဂျူးလူမျိုးများကို ခေါမတိုင်းသားများအဖြစ်သို့ သွတ်သွင်းရန်အားထုပ်သူ
    ဖြစ်သည်
    bc-175 တွင်
    ဂျေရုဆလင်မြို့၌ အားကစားရုံကြီးဆောက်လုပ်ပြီး
    ဂျူးလူမျိုးများကို ဂရိလူမျိုးများ၏ ဦးထုပ်ကို ဆောင်း၍
    အားကစားစေသည်
    သူလုပငန်းများကို ဂျူးသစ္စာဖောက် ဂရိအသွင်ဆောင် ယာဆန်
    ဆိုသောယဇ်ဆရာတစ်ဦးက ကူညီအားပေးခဲ့ လေသည်
    သို့သော် ၎င်းတို့၏မျိုးဖျက်လုပ်ငန်းများကို ဟာဒီဆင် hasidim
    ဆိုသော ယဇ်ဆရာတစ်ဦးကကူညီအားပေးခဲ့လေသည်
    ဟာဒီဆင်၏အဓိပ္ပာယ်မှာသန့်ရှင်းသောသူများဟူ၍ ဖြစ်သည်

    bc-170 တွင် အန်တီယိုကပ်သည် အီဂျစ်နှင့်ဖြစ်သည့် စစ်တွင်ပါဝင်လေ
    ရာဂျူးလူမျိုးများက အကြီးအကျယ် ပုန်ကန်ခြားနားလေသည်
    ဂျူးလူမျိုးများကိုးကွယ်သော ယောဟောဝါ ဘုရားကို အန်တီယိုကပဘုရင်
    က ၎င်းတို့ ဂရိလူမျိုးများ ကိုးကွယ်သည့် ဇီးယပ် zeus ခေါ် နတ်ဘုရားဖြင့်
    အတူတူပင်ဖြစ်ကြောင်းပြဖို့
    ကြိုးစားပြန်လေသည်
    တချို့ အလက်ဇင်းဒါးမြို့သား ဂျူးလူမျိုးများက ထိုအယူဝါဒကိုလက်ခံကြလေ
    သည်
    ထိုအခါ အန်တီယိုကပ်ဘုရင်သည် ဂျူးလူမျိုးများ၏ ဘာသာအယူဝါဒကို
    လုံးဝဖျက်ဆီးချေမှုန်းပစ်ဖို့ ဆုံးဖြတ်လိုက်လေသည်
    ထိုဘုရင်သည် ဂျူးလူမျိုးများ၏ယဉ်ကျေးမူဖြစ်သော
    ယျောက်ကျားလေးများ အရေပြားလှီးမင်္ဂလာ နှင့်
    အစားအသောက်ရှောင်ကြဉ်သော ထုံးတန်းဥပဒေများကို
    ပိတ်ပင်တားဆီးလေသည်
    ယျောက်ကျားလေးများအရေပြားလှီးမင်္ဂလာကိုမပြု ရ
    ပြုလျှင်သတ်စေသည်
    ရေဝတီများဝတ်သားမစားရ ထုံးတန်းဥပဒေကို ဝက်သား
    စားသူအားဆုတော်လာဘ်တော်များချီးမြှင်မည်
    ဆိုပြီးဖျက်ဆီးပြန်သည်
    ဂျေရုဆလင်မြို့ပေါ်မှလူများမှာ
    ကြောက်ရွံ့ထိတ်လန့်ပြီး ဘုရင့်အမိန့်ကိုနာခံကြသော်လည်း
    ဂျေရုဆလင်မြု့ပြင်ဘက်တွင်မူ
    ဘုရင့်အမိန့်ကိုခုခံကြလေသည်
    သူရဲကောင်းသတိဖြင့် ဂရိတို့၏ ရက်စက်ငြမ်းကြုတ်မှုများ
    ကိုခုခံသူများမှာ ဟာဒီဆင်များဖြစ်ကြလေသည်
    အကယ်၍ထိုသူများသာ အသက်ပေး၍ စွန့်စားတိုက်ခိုက်ခြင်းမရှိခဲ့
    လျှင် ဂျူးတို့၏ ဘာသာအယူဝါဒသည်လည်းလုံးဝချုပ်ငြိမ်းခဲ့ရပေလိမ့်မည်
    ထိုသို့သာ ဂျူးသာ ကွယ်ပျောက်ခဲ့ပါမူလည်း
    ကမ္ဘာပေါ်တွင် ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာ များသည်လည်း
    ယခုကာလ၌လက်ရှိပုံစံမျိုးဖြင့်
    ဖြစ်တည်နိုင်ရန်အကြောင်းရှိတောမည်မဟုတ်ကြောင်း ရပ်ဆယ်က
    သုံးသပ်ထားလေသည်

    စာအုပ်ညွှန်း A History of Western Philosophy
    page -315-316

    နိုင်ငံရေး နှင့် ဘာသာရေးဆက်နွယ်မှုကို
    စဉ်းစားဖို လမ်းစဖွင့် ပေးရုံပါ
    ကျေးဇူးစာရှုသူ

  • Tint Lwin

    December 15, 2014 at 5:20 pm

    ရောမအင်ပိုင်ယာ တိုးတက်ထွန်းကားလာသောအခါ
    ခေါမ(ဂရိ) တိုင်းသားတို့၏ အတွေးအမြင် လှုပ်ရှားမှုများရပ်
    ဆိုင်းသွားလေသည်။ ရောမမှာ သီးသန့်အတွေးအမြင်
    မထွန်းကားခဲ့။ အရှေ့ဘက်တွင် ဣသရေလတို့၏ ယုဒ အတွေး
    အမြင်( Judaism) ထွန်းကားလျှက်ရှိလေသည်။
    ထိုယုဒ အတွေးအမြင်သည် ဂျူး ( ရေဝတီ ) လူမျိုးများ၏
    ယုံကြည်ကိုးကွယ်ရာ အယူဝါဒဖြစ်သည်။
    ထိုအယူဝါဒသည်ပင် ခရစ်ယန် အယူဝါဒနှင့် အစ္စလာမ် အယူဝါဒ
    တို့ကို လမ်းခင်းပေးသော ပင်မအတွေးအမြင်ဖြစ်လေသည်
    ထိုအချက်ကို R.H.Charle ဆိုသူပညာရှင်က အောက်ပါအတိုင်း
    သုံးသပ်ထားလေသည်
    အကယ်၍သာ ယုဒဝါသည် အန်တီယိုကပ် ဘုရင်လက်ထက်တွင်
    ဘာသာအယူဝါဒအဖြစ် ဖျက်စီးခံရသဖြင့် ပျက်စီးဆုံး ရှုံးခဲ့ပါမူကား
    ခရစ်ယန်အယူဝါဒပေါက်ဖွားရေးအတွက် မျိုးစေကင်းမဲ့ခဲ့ပေလိမ့်မည်
    သို့ဖြစ်ရာ ယုဒဝါဒကိုအသက်ပေး၍ကာကွယ်ခဲ့ကြသော မက္ကာဘီယန်
    အာဇာနည်များ၏ သွေးစက်တို့သည် ခရစ်ယန်ဘာသာပေါ်ပေါက်ရေး
    အတွက် မျိုးစေ့ဖြစ်ခဲ့သည်ဟုဆိုထိုက်သည်
    ထို့ကြောင့် ခရစ်ယန်အယူဝါဒသာမက အစ္စလာမ်အယူဝါဒ၌ လက်ခံထား
    သော ဧကတ္တ ဝါဒ ( ဘုရားတဆူတည်းအယူ) သည် ယုဒဝါဒမှ
    ဆင်းသက်လာသောအယူဖြစ်တော့သည်
    ၎င်း အကြောင်းကြောင့်ပင်
    နေ့ကမ္ဘာပေါ်တွင်ဧကတ္တဣသွာရဝါဒ (Monotheism) သည်
    အရှေ့ အနောက်နိုင်ငံများ၌ ဆက်လက်တည်ရှိနိုင်သည်
    ထိုကျေးဇူးသည် မက္ကာဘီယန် အာဇာနည်များ၏ ကျေးဇူး
    ပင်ဖြစ်သည်ဟု ဆိုထိုက်ပါသည်

    စာအုပ်ညွှန်း — The Apicxypha and Peudepigraph of the Old
    Testment in English. Edt. by R.H.Charlse. Vol. ii page 659

    စဉ်းစါးဖို့လမ်းကြောင်းရုံပါ
    ကျေးဇူး စာရှုသူ

    • ဝင့်ပြုံးမြင့်

      December 15, 2014 at 10:53 pm

      ကိုတင့်လွင်ရေ အခုကတော့ ကမာ္ဘပေါ်မှာ ဘာသာမဲ့ no religion ပေါ့လေ။ အဲဒါလေး ထွန်းကားမယ် ထင်ပါတယ်။ ဘာသာမဲ့ဆိုတာနဲ့ မိစ္ဆာ ဒိဌိလို့ ဘာသာပြန်လို့ မရဘူး။ အခုက တစ်မျိုး တစ်ဘာသာဖြစ်နေတာ။

  • kai

    December 16, 2014 at 8:01 am

    အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကို ကိုယ်စားလှယ်လောင်းအဖြစ် ထည့်သွင်း စဉ်းစားဖို့ ကော်မရှင်ဥက္ကဌ တိုက်တွန်း
    15 December 2014 19:04(+0630) (လွန်ခဲ့သော 13 နာရီ ခန့်က)

    နိုင်ငံရေးမှာ အမျိုးသမီးထု ပိုပါဝင်လာဖို့အတွက် နိုင်ငံရေး ပါတီတွေ အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် လောင်းတွေ ရွေးချယ်တဲ့ အခါ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေကိုလည်း ကိုယ်စားလှယ်လောင်း အဖြစ် ထည့်သွင်း စဉ်းစားကြဖို့ ပြည်ထောင်စု ရွေးကောက်ပဲ ွကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီနေ့ ပြောလိုက်ပါတယ်။

    ဒီနေ့ ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ကျင်းပတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများကြား ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစည်းဝေးမှာ ေရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေး ပြောခဲ့တာပါ။
    ပါတီအတော်များများက ၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးရေးကာလကို ၂ လသာ သတ်မှတ်ပေးထားတဲ့အတွက် အချိန်ကာလနည်းတယ်ဆိုပြီး ပြီးခဲ့တဲ့ ညှိုနှိုင်းအစည်းအဝေးတွေအပြီးမှာ ဝေဖန်မှုတွေ ထွက်ခဲ့ပါတယ်။

    ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေးကာလအဖြစ် ရက်ပေါင်း ၆ဝ သတ်မှတ်တယ်ဆိုတာဟာ “ရေတို” ရွေးကောက်ပွဲ မတိုင်ခင်ကာလအတွက်သာ ရည်ရွယ်သတ်မှတ်ပေးထားတာဖြစ်ကြောင်းနဲ့ တကယ့်ပါတီတွေအတွက် စည်းရုံးရေးကာလဆိုတာဟာ ပြီးခဲ့တဲ့ ၂၀၁ဝ ရွေးကောက်ပွဲပြီးကတည်းက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် လူထုထဲစည်းရုံးရေးဆင်းကြဖို့ ပြင်ဆင်ကြဖို့ ရေရှည်ကာလ စည်းရုံးရေးအချိန်အဖြစ် ခွင့်ပြုထားတာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

    ဒါ့အပြင် ပါတီတွေအနေနဲ့ နိုင်ငံရေးပါတီများကျင့်ဝတ် ဆိုတာကို ပူးပေါင်းရေးဆွဲကြဖို့ အသိပေးခဲ့ပေမယ့် ပါတီတွေဖက်က ပူးပေါင်းရေးဆွဲကြဖို့ ပျက်ကွက်နေကြောင်း ဒါကြောင့် အဲဒီကျင့်ဝတ်တစ်ခုရှိလာဖို့ ပူးပေါင်းရေးဆွဲကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

    RFA Burmese

  • ဦးသု

    December 16, 2014 at 10:59 am

    ရုတ်လမ်း၊ စုတ်လမ်း၊ မှုတ်လမ်းကို အကျယ်တဝင့်ရှင်းပြစေချင်ပါတယ်

  • Tint Lwin

    December 16, 2014 at 12:51 pm

    ဂရိဘုရင် အန်တီယိုကပ်ကို ယခင်၎င်း၏စစ်သူကြီးဖြစ်ခဲ့ သူ
    ယုဒမက္ကာစီး ဆိုသူက ရောမနှင့်ပေါင်းတော်လှန်ပြီးနောက်
    ဂျေရုဆလင်တွင် တထီးတနန်းထူထောင်လေသည် သူ၏မင်း
    ဆက်ကို ဟပ်စမိုးနီးယန်းမင်းဟုခေါ်လေသည်။
    ထိုမင်းဆက်လက်ထက်တွင် ပေါ်ပေါက်လာသောဂျူးလူမျိုးများ၏ အတွေး
    အမြင်များသည် နောင်အခါ ခရစ်ယာန်အယူဝါဒကို လွှမ်းမိုးလေသည်
    ဟပ်စမိုးနီးယန်းမင်းဆက်သည် ဂျူးတို့ကိုကယ်တင်ခဲ့လေသည်
    ထိုအခါမှစ၍ ယုဒအတွေးအခေါ်တွင် မက်ဆိုင်းယား ( Messiah)
    ( မေရှိယလည်းခေါ်သည်) ခေါ်သော ကယ်တင်ရှင် အယူအဆ
    ပေါ်ပေါက်ခဲ့လေသည်။ ဂျူးတို့က ရှိဩ ( Sheol) ခေါ်သော ငရဲသဘောလည်း
    ပေါ်ပေါက်လာသည်
    ဒုစရိုက်(အပြစ်သည်) ကောင်းကင်ဘုံမှကျလာသောအမှုမျိုးမဟုတ်
    လူတွေဖန်တီးသောအမှုမျိုးသာဖြစ်လေသည်။ လူဘဝတွင်အသက်
    ရှင်စဉ်အခါ မကောင်းမှု ဒုစရိုက်( အပြစ် ) ပြုသူတို့အဖို့
    ပျော်ရွှင်ဖွယ်ရာများနဲ့သာ ဆက်ဆံကြပေလိ့်မည်။ သို့သော်
    ထိုသူတို့၏ဝိဉာဏ်သည် ငရဲသိုကျပေလိမ့မည် ထိုအယူအဆသည်လည်း
    ဂျူးလူမျိုးများ၏ အယူအဆပင်ဖြစ်လေသည်။
    ခွင့်လွတ်ခြင်းနှင့်ပတ်သက်၍မူ ဂျူးလူမျိုးများက
    ” သင်တို့အခြင်းခြင်း( လူသားခြင်း) နှလုံးသားမှချစ်ကြကုန်
    တစ်စုံတစ်ယောက် သင်အပေါ်ဝယ် အပြစ်ပြုမူလျှင်လည်း
    ထိုသူအားငြိမ်းချမ်းစွာစကားဆိုလေ သူ့အပေါ်ဝယ်ကောက်ကျစ်လိုသော
    ဆန္ဒမျိုး သင်းနှလုံးသားမှာမမွေးပါနှင့် ထိုသူသတိသံဝေဂရပြီး ဝန်ချပါမူ
    ခွင့်လွတ်ခြင်းဖြင့် သည်းခံပါလော့ ထိုသူအရှက်မရှိ၍ အမှားကို
    ဆက်လက်ပြုနေသည့်တိုင် သင်က ခွင့်လွတ်ခြင်းဖြင့် လက်လျူ
    ရှုပါ သူအားဘုရားသခင်၏အဆုံးအမကိုခံရန် လွှလိုက်ပါ” ဟု
    ဆိုလေသည်
    ထိုအယူအဆသည်လည်းခရစ်ယန်များသို့ ကူးစက်ခဲ့ လေသည်။
    ခရစ်ယာန်ဝါဒသည် ယုဒဝါဒ၏ အကိုင်းအခက်တစ်ခုအဖြစ်
    ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

    စာအုပ်ညွှန်း A Short History of Religions E.E Kellett page 97- 100

    ထိုအယူအဆသညကို ကမ္ဘာ့ပညာရှင်များစွာတို့သည် တညီတညွတ်တည်း
    လက်ခံထားကြပါသည်။ ငြင်းရန်အကြောင်းမရှိပါ
    ဟေဗြဲတို့၏ ဓမ္မဟောင်းကျမ်းစာ သည်သမ္မ ာကျမ်းစာ၏
    ပထမပိုင်းပါဝင်နေပါသည်
    ထိုကျမ်းစာပါအကြောင်းအရာတို့သည် ဂျူးလူမျိုးများ၏ သမိုင်းပင်ဖြစ်လေ
    သည်။ ခရစ်ယာန်များကလည်းထိုအချက်ကို
    လက်ခံထားကြပြီးဖြစ်လေသည်

    စဉ်းစားခန်းဖွင့်ပေးရုံပါ
    ကျေးဇူးစာရှုသူ

  • ဦးကျောက်ခဲ

    December 16, 2014 at 1:16 pm

    ရုတ်လမ်း … ရမ်းလုပ်
    စုတ်လမ်း … စမ်းလုပ်
    မှုတ်လမ်း … မှန်းလုပ်
    နာကွ… ဟီ ဟိ :k:

  • Tint Lwin

    December 16, 2014 at 1:53 pm

    BC-4 ခုနှစ်တွင် ရောမတို့က ယုဒကိုသိမ်းပိုက်ပြီးနောက် ပုန္နီပီလ ( Pontius Pilate) မင်းကို အဝေးမြို့ဝန်ခန့်ထား
    လေသည်။ ထိုမင်းလက်ထက်တွင် ခရစ်တော်ကို ကားစင်တင်၍
    သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
    ရောမတွင်ဆီဇာဩဂတ်စတပ်
    အုပ်စိုးစဉ် ခရစ်တော်ကိုမွေးဖွားသန့်စင်လေသည်။
    ခရစ်ယာန်အယူဝါဒတွင် ‘ ကောင်းကင်နိုင်ငံတော်’ ဆိုသော
    သဘောတရားပါသည်။
    ထိုသဘောတရားသည် သဘောတရားရေးညီညွတ်မူ
    အတွက် အခြေခံ ဖြစ်လေသည်။
    ကျယ်ပြန့်သောရာမအင်ပါယာကြီးအတွက်လည်းစည်းလုံးညီညွတ
    သောဘာသာအယူဝါဒတစ်ခုလိုအပ်သည်။
    သို့မှသာ လူအခြင်းခြင်းအယူဝါဒတူသဖြင့်
    ညီရင်းအစ်ကို သဘောထားပြီး ဆက်ဆံကြပေလိမ့်မည်။
    ထိုအခြေအနေသည် နိုင်ငံရေးစည်းလုံးမှုအတွက် ဘာသာရေးအရ အယူဝါဒညီညွတ်မှု ရှာရမည့်အခြေအနေဖြစ်လေသည်။
    တစ်ခုတည်းသော ဘာသာအယူဝါဒအောက်တွင်
    ရောမအင်ပါယာကြီးတစ်ခုလုံး
    စည်းလုံးမူရှိရန်ဖြစ်လေသည်။
    ထိုအခြေအနေအရပ်ရပ်အတွက်
    အသင့်တောဆုံးဘာသာအယူဝါဒမှာလည်း ခရစ်ယာန်အယူဝါဒပင်ဖြစ်နေ
    လေတော့သည်။

    စာအုပ်ညွှန်း A short History of Religen
    E.E. Kellett page 97-100

    to increase Thinking
    ကျေးဇူးစာရှုသူ

  • မြစပဲရိုး

    December 30, 2014 at 6:43 pm

    Source From – http://burma.irrawaddy.org/news/2014/12/30/69202.html

    ပြည်တွင်းအင်အားကြီး အတိုက်အခံ နိုင်ငံရေးပါတီတခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် မဆုံးဖြတ်ရသေးဘဲ ဖြစ်ပေါ်လာသည့် အခြေအနေ များပေါ် မူတည်၍ ရွေးကောက်ပွဲ ဝင်၊ မဝင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် သည်။

    ယနေ့ ဒီဇင်ဘာလ ၃ဝ ရက်နေ့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ NLD ရုံးတွင် ကျင်းပသည့် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ၏ သတင်းစာ ရှင်းလင်း ပွဲတွင် သတင်းထောက်တချို့၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည် ဖြေကြား လိုက်ခြင်း ဖြစ်သည်။

    “ရွေးကောက်ပွဲကို ဘယ်တော့ ကျင်းပမယ်ဆိုတဲ့ တရားဝင် ကြေညာတဲ့အခါကျရင် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီရွေးကောက်ပွဲမှာ ဝင်ပြီး ယှဉ်ပြိုင်မှာလား ၊ မယှဉ်ပြိုင်ဘူးလားဆိုတာကို တရားဝင် ကြေညာမှာ ဖြစ်ပါတယ်။ ပြောရမှာ အခုချိန်က သိပ်စောပါသေးတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
    ++++++++++++++++++++++++++++++++++++++++++++++++++++++

    Very Very interesting speech.
    Love you and Admire you a lot Daw Aung San Suu Kyi.
    Whatever decision you make, I will follow confidently in the direction of your commands.
    I totally believe in you.

  • naywoon ni

    January 1, 2015 at 12:58 am

    ဘယ်​လို အုပ​ဓေပဲ ပြဌာန်​းဌာန်​း အဲ့ဒိဥပ​ဒေ အသက်​ဝင်​ဖို့လိုပါတယ်​ ။ ခု​တော့ လိုရာဆွဲသုံးဖို့ ကိုးကားစရာ စာအုပ်​အဖြစ်​ပဲ ဖြစ်​​နေတယ်​ ။ လက်​​တွေ့ အသုံးမဝင်​ဘူး ။ ဒါထက်​ ဗမာပြည်​မှာ အသံချဲ့ ဥပ​ဒေက ရှိ​ကောရှိ​သေးရဲ့လား ။ ဖျက်​သိမ်​းတဲ့ ထဲပါသွားပလား ။
    ကျ​နော့ အမြင်​က​တော့ ဥပ​ဒေ အထက်​မှာ ရိုးရာရှိတယ်​ ။ အစဉ်​အလာရှိတယ်​ ။ ​သောက်​သုံးမကျတဲ့ ဓ​လေ့ထုံးစံရှိတယ်​ ။ အာနာရှင်​အသိုင်​းအဝိုင်​းရှိတယ်​ ။ စည်​းကမ်​းမဲ့တဲ့ လူ့အဖွဲ့ အစည်​းရှိတယ်​ ။
    ဥပ​ဒေ ​အောက်​မှာ ဘာမှမသိနားမလည်​တဲ့ ပြည်​သူ​တွေရှိတယ်​ ။ ဟိရိဩတပ္ပ တရားနဲ့ ​နေတဲ့ လူတစ်​စုရှိတယ်​ ။ ဘာမှန်​းမသိပဲ စာအုပ်​ကြီးကို ​ကြောက်​​နေတဲ့ လူ​တွေလဲရှိတယ်​ ။
    ၂၀၁၅ ဟာ ဗမာပြည်​အတွက်​ လမ်​းဆုံတစ်​ခုကို​ရောက်​​နေပြီဆိုရင်​ ဘယ်​လမ်​းခွဲကိုလိုက်​မလဲ ။ ဘယ်​လမ်​းခွဲကိုလိုက်​ပါ ။ ဘယ်​လမ်​းကိုသွားရ​အောင်​လို့ ဘယ်​သူညွှန်​ပြမလဲ ။ ဘယ်​မလဲ အားကိုး​လောက်​တဲ့ ​ခေါင်​း​ဆောင်​ ။ သူ့ထက်​ငါ အာဏာ ရ​ရေးကိုပဲ အ​ရေးစိုက်​တဲ့ သူ​တွေချည်​့ပဲ ။ တိုင်​းပြည်​ ဦး​ဆောင်​မဲ့ လမ်​းပြမဲ့ လမ်​းညွှန်​မဲ့သူမရှိဘူး ။
    ဒီအတိုင်​းသာဆက်​သွား​နေလို့​တော့ ဘာ​တွေဖြစ်​လာမလဲ ​စောင်​့ကြည်​ရုံကလွဲပြီး …………….. 🙂

  • မြစပဲရိုး

    January 8, 2015 at 5:26 am

    The Ladies News Journal
    မုန်းပါတယ် မောင့်ကို
    သရော်စာ – ငွေစန်းရောင်

    ကြံ့ဖွံ့ကို မဲမပေးချင်ရင် NLD တစ်ခုတည်း ရှိတာတော့ မဟုတ်ပါဘူး။ တခြား မဲပေးစရာ ကြိုက်ရာရာပါတီတွေ ရွေးလို့ရသားပဲ။ ဒါပေမဲ့ ကိုယ်ကြိုက်ရာပါတီကို ကိုယ်ကိုယ်တိုင် ရွေးပြီး ပြည်သူက တင်မြှောက်သော အစိုးရတစ်ရပ် ရလာဖို့ အတွက် ၂၀၁၅ မှာတော့ NLD ကိုပဲ တစ်ခဲနက် မဲပေးမှ ရမယ်။ လောလောဆယ် အတိုက်အခံဘက်မှာ သူပဲ အင်အားအကြီးဆုံး ရှိနေပြီး အတိုက်အခံဘက်ကမဲတွေ ဟို တကွဲ သည်တကွဲဖြစ်ကုန်ရင် ဘယ်သူမှ အ ရာမရောက်ဘူး။ ဟိုဘက်က အစိတ်သား အ လေးခိုးထားပြီး သားလည်း ရှိနေတယ်။

    ဒါကြောင့် သည်တစ်ခါ NLD ကိုပေး မယ့်မဲဟာ ဒေါ်စု သမ္မတဖြစ်ဖို့ မဟုတ်ဘူး။ ပင်နီတွေ စင်ပေါ်ရောက်ဖို့မဟုတ်ဘူး။ အမြစ် တွယ်နေတဲ့ စစ်အစိုးရကို ‘ပြည်သူ ဆိုတာ သူ တို့လုပ်ချင်တိုင်း လုပ်လို့ရတဲ့ တစ်ဆင့်နိမ့်လူ သားတွေ မဟုတ်ဘူး’ လို့ အကြောင်းသိအောင် ပြနိုင်ဖို့ အဲသည် မဲကို ပေးရမယ်။ နောင် ကျမှ NLD မကလို့ သူ့ဘိုးအေကြီးပဲလာလာ ကိုယ် မကြိုက်ရင် ဖြုတ်ချလို့ ရတယ် ဆိုတဲ့ စနစ်တစ်ခု ကို အရင် အသက်သွင်းရမှာ။ အခုလူတွေ တက်ရင် အပေါ် မှာပြော ခဲ့တဲ့ သံသရာပဲ ဆက် လည်ဦးမှာ။ ဖြုတ်ချဖို့နေနေသာသာ ကိုယ့် အသက် အိုးအိမ် စည်းစိမ်တောင် အကာအ ကွယ်မရှိဘူး။ သူတို့ကို မတွန်းလှန်နိုင် ဘဲ သည်မြေပေါ်မှာ ရပ်တည်ရှင်သန်ချင်ရင် ရွေး စရာ နှစ်လမ်း ပဲ ရှိတယ်။ ထားရင်နေ၊ သတ် ရင်သေ၊ စေလျှင်မဆိုင်း ပြားပြားဝပ်နေမလား။ ဒါမှမဟုတ် သူတို့ရဲ့ လက်ကိုင်တုတ်အဖြစ် ကိုယ်တိုင်စက်ဆုပ်ခဲ့ဖူးသော အလုပ်တွေ ကို ‘ငါလုပ်တာမဟုတ်ဘူး။ သူတို့ခ်ိုင်းလို့လုပ်ရတာ’ လို့ ဆင်ခြေကလေးပေးပြီး လုပ်နိုင်သလား။ ဒီနှစ်လမ်းမှ မရွေးနိုင်ရင် မနေချင် သွားပေါ့ မတားပါဘူးတဲ့။ ကိုယ်လိုကောင်တွေ မရှိမှ တိုင်းပြည်ကြီး သာယာ ဝပြောမယ်။ အဲ့လိုနဲ့ အပြင်ထွက်သွားခဲ့ရတဲ့ သူတွေက တိုင်းပြည် ရဲ့ ခြောက်ပုံ တစ်ပုံလောက်တောင် ရှိနေတာ ပေါ့နော်။

    ကိုယ်တို့တိုင်းပြည်က လူတွေဟာ ထုံန ပေဂြိုဟ်သားတွေနဲ့ သိပ်တူတာပဲ။ ရခိုင်တွေ ကို ဘင်္ဂါလီသတ်လို့ရှိရင်လည်း ‘အရီးပါးစပ်က ရီးက ဇာဖရိုက်လို့ ပိတ်နီစွာလဲ’ လို့ ရန် ထောင်တယ်။ လက်ပံတောင်းမှာ ဒေါ်ခင်ဝင်း သေတော့ လည်း ‘သူရေးတဲ့ အစီရင်ခံစာကြီးကမှ အသက်မဝင်တာ’ လို့ အပြစ်တင်ပြန် တယ်။ မတရားမှုတစ်ခုခု ဖြစ်လာတိုင်း ခလုတ် ထိမှ အမိတရမယ့်အစား ‘အမေ့ကြောင့် အ မေ့ကြောင့်’ လို့ ပိန္နဲပင်ဆွဲဆွဲထည့်တယ်။ အဲသလို တတပြီး အားကိုးနိုင်ဖို့ အမေ့ကို နေရာရအောင် ကြိုးစားရမယ်လို့ သဘော မပေါက်ဘူး။

    မချစ်တဲ့သူချင်း အတူတူဆို ‘လမ်းခင်းပေးမယ် ပိုက်ဆံချေးမယ်။ ဆေးရုံက ဆရာဝန်တွေခေါ်ပြီး ဆေးအလကား လိုက်ကုပေးမယ်’ ဆိုတဲ့ ဆေးမြီးတို သမားတွေ ကို အောင့်ကာနမ်းမယ့်အစား ‘ဒါတွေဟာ အစိုးရက လုပ်ကိုလုပ်ပေး ရမယ့် အလုပ်တွေ၊ ပြည်သူအတွက် အလုပ်လုပ်မပေးတဲ့ အစိုးရ ပြည်သူကို အကာအကွယ်မပေးတဲ့ အစိုးရကို ပြည်သူက ပြန်ဖြုတ်ချခွင့်ရှိရမယ်’ ဆိုတဲ့သူ ကိုပဲ အောင့်ကာနမ်းဖို့ မကောင်းပါလား။

    တစ်သက်နဲ့တစ်ကိုယ် NLD ကို မဲဆွယ် ပေးဖို့ နည်းနည်းလေးမှ မရည်ရွယ် ပါဘူး။ အဲဒီပါတီက လူတွေနဲ့လည်း ဘယ်သူနဲ့မှ အဆက်အသွယ် မရှိဘူး။ NLD န်ိုင်သွားလို့ တိုင်းပြည်ကြီး မိုးပျံသွားမယ်ဆိုတာ လုံးဝ သံသယ မရှိဘူး။ ဖြစ်ကိုမဖြစ်နိုင်မှန်းသိပြီး သား။ ဒါပေမဲ့ ကိုယ်တို့မှာ အင်္ဂလိပ် လက်အောက် က လွတ်ဖို့ ဂျပန်ကို ခေါ်လာရ သလိုပဲ။ လောလော ဆယ်မှာ ပိုဆိုး ချင်ဆိုးပလေ့စီ။ မလိုချင် နောက်မှ ပြန်တိုက် ထုတ်မယ်။ ပြည်သူ့ ဆန္ဒ အစစ်အမှန်နဲ့ ပြည် သူကို လျစ်လျူမရှုသော အစိုးရတစ်ရပ် ရလာ နိုင်ဖို့အတွက် အလိုက်တော်တန်သင့်ရုံ ခံပွင့် ကို ကုံးလိုက်ကြရုံပဲ ရှိတယ်။ ‘နင့်ချစ်လွန်း လို့ ပေးတာဟုတ်ဘူးနော်။ သူ့ သောက်ညင်ကပ် လွန်းလို့ ပေးရတာ။ မေတ္တာ ပျက်အောင်တော့ လာမလုပ်နဲ့။ ပြီးမှတွေ့မယ်။ ဟွင်းဟွင်း’ ပေါ့။

    ငွေစန်းရောင်

  • manawphyulay

    January 8, 2015 at 9:30 am

    အမျိုးသမီးတို့အားနေရာပေးပါဆိုတာထက် ဦးစားပေးပါဆို ပိုမှန်မလားပဲ။ ချုပ်ချယ်မှုများကို လျှော့ပစ်ပါ။

    ဒါတွေက ခုမှ မဟုတ်ပါဘူး။ အရင်ထဲက ဖြစ်သင့်ပါတယ်။ :mrgreen:

Leave a Reply