၂၀၂ဝ ရောက်ဝန်ဆောင်မှု

etoneAugust 18, 20101min952

fwd mail လေးကရတာ ဘယ်သူရေးတာလဲတော့မသိဘူး သဘောကျလို့ share လိုက်တယ် ။

————-

>> ၂၀၂ဝ ရောက်ဝန်ဆောင်မှု >> >> >> >> တစ်နေ့ထက်တစ်နေ့ တိုးတက်လာတဲ့ ကမာ္ဘကြီးမှာ နည်းပညာဆိုင်ရာ တိုးတက်မှုတွေနဲ့ အတူ အချက်အလက် စုဆောင်းထားရှိမှု ကလည်း တိကျခိုင်မာလာပါတယ်။ >> အဲဒါနဲ့ ပတ်သတ်တဲ့ ဟာသလေးတစ်ခုကို forward mail တစ်ခုရလို့ မြန်မာမှု ပြန်ပြုထားပါတယ်.. >> ၂၀၂ဝ မှာဖြစ်လာမယ့် ဝန်ဆောင်မှုကို သိချင်တယ်ဆိုရင် >> >> အော်ပရေတာ။ “ကျနော်တို့ ဆိုင်ကို ခေါ်ဆိုမှုအတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့ …” >> >> စားသုံးသူ။ “ဟဲလို…. ကျွန်တော် မှာစရာရှိ…” >> >> အော်ပရေတာ။ “ဆရာရဲ့ စွယ်စုံသုံးကဒ် နံပါတ်လေး သိခွင့် ရှိမလား ခင်ဗျာ..” >> >> စားသုံးသူူ။ “အဲဒါ..အာ. ခဏ.. ၈၈၉၈၃၆၄၈၅၀၃၇၂၆၂၉ ၂၃၇၂ -၄၈၈ -၄၂၇၂ …” >> >> အော်ပရေတာ။ “ဟုတ်ကဲ့ပါ ဦးတင်ရွှေ ခင်ဗျာ.. ဆရာ့ရဲ့ အိမ်လိပ်စာကတော့ ၂၃ အလင်္ကာလမ်း ဖြစ်ပြီး ရုံးဖုန်း ၄၆၈၂၇၂၉ နဲ့ မိုဘိုင်းဖုန်း ဝ၆၉၃၈၃၇၂ရ ဖြစ်ပါတယ်။ ခု ဆရာ ဘယ်နံပါတ်က ခေါ်နေတာပါလဲ ခင်ဗျာ..” >> >> စားသုံးသူ။ “အိမ်ကပေါ့ကွ။ မင်းဘယ်လိုလုပ် ငါ့ဖုန်းနံပါတ်တွေ အကုန်သိနေတာလဲ…” >> >> အော်ပရေတာ။ “ကျနော်တို့က စနစ်အားလုံးနဲ့ ချိတ်ဆက်ထားလို့ပါ ဆရာ..” >> >> စားသုံးသူ။ “ထားပါတော့… ခု ပင်လယ်စာ ပီဇာ မှာ ချင်လို့ .. ရမလား…” >> >> အော်ပရေတာ။ “အဲဒါ ဆရာ့ အတွက် သိပ်မကောင်းပါဘူး..” >> >> စားသုံးသူ။ “ဟ.. ဘာဖြစ်လို့တုန်းကွ…” >> >> အော်ပရေတာ။ “ဆရာ့ရဲ့ ဆေးစစ်ချက်မှတ်တမ်း အရ၊ အခု ဆရာ့မှာ သွေးတိုးရှိနေတဲ့ အပြင် ကိုလက်စတော ပါဝင်မှုလည်းများနေပါတယ်…” >> >> စားသုံးသူ။ “ဘာဖြစ်တယ်!!.. ဒါဆိုရင် မင်းကဘာကို စားသင့်တယ် ထင်လဲ…” >> >> အော်ပရေတာ။ “ဆီပါဝင်မှုနည်းတဲ့ ဂျပန်စတိုင် ပီဇာ ကို စမ်းစားကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်.. ဆရာ ကြိုက်မှာပါ…” >> >> စားသုံးသူ။ “မင်းက ဘာဖြစ်လို့ ငါကြိုက်မယ်လို့ သေချာပြောနိုင်ရတာလဲ…” >> >> အော်ပရေတာ။ ” ပြီးခဲ့တဲ့ အပတ်က ဆရာ နိုင်ငံပိုင် စာကြည့်တိုက်ကနေ စာအုပ်တစ်အုပ် ဌားထားပါတယ်။ စာအုပ်နာမည်က ” ထင်ရှားသော ဂျပန်စတိုင် ဟင်းလျာများ ” မို့လို့ပါ..” >> >> စားသုံးသူ။ “ဟား.. ဟုတ်ပြီ. ဟုတ်ပြီ. ငါ အရှုံးပေးပြီ… ငါ့ကို မိသားစုစာ (၃) ခု ပေးစမ်းကွာ.. ဘယ်လောက်ကျလဲ…” >> >> အော်ပရေတာ။ “ဟုတ်ကဲ့.. ခုဟာကတော့ ဆရာ့ မိသားစု (၁၀) ယောက်လုံးစာ လုံလောက်ပါတယ်… စုစုပေါင်း ၄၉.၉၉ ဒေါ်လာပါ…” >> >> စားသုံးသူ။ “အကြွေးဝယ်ကဒ်နဲ့ ပေးလို့ရလား..” >> >> အော်ပရေတာ။ “ဆရာ ကျနော်ကို လက်ငင်းငွေသားနဲ့ ရှင်းပေးစေချင်ပါတယ်… ဆရာ့ အကြွေးဝယ်ကဒ်က သုံးခွင့်ပြုထားတဲ့ ပမာဏထက် ကျော်နေပါပြီ။ နောက်ပြီး ဆရာ ဘဏ်ကို ပေးစရာ ၃၄၇၆.၄၅ ဒေါ်လာ ရှိနေတာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကတည်းကပါ… အဲဒါ ဆရာ့အိမ်ဌားခ တွေမပါသေးပါဘူး…” >> >> စားသုံးသူ။ “ဒါဆို မင်းဆီက လာပို့တဲ့လူ မလာခင် ငါက ဒီနားက အေတီအမ် စက်မှာ သွားပြေးထုတ်ထားရမယ် ထင်တယ်…” >> >> အော်ပရေတာ။ “ဆရာ ထုတ်လို့ရမှာ မဟုတ်ပါဘူး.. မှတ်တမ်းတွေအရ၊ ဆရာ ဒီနေ့အတွက် ခွင့်ပြုပမာဏကို ထုတ်ယူပြီး ဖြစ်နေပါပြီ…” >> >> စားသုံးသူ။ “ကိစ္စမရှိပါဘူး.. ပီဇာကို သာရောက်အောင် ပို့လိုက်ပါ.. ငါ့ဆီမှာ ငွေသားရှိပါတယ်… ဒါနဲ့ ဘယ်လောက် ကြာမလဲကွ…” >> >> အော်ပရေတာ။ “(၄၅) မိနစ်လောက်တော့ ကြာပါမယ်ဆရာ..ဆရာ မစောင့်နိုင်ဘူး ဆိုရင်တော့ ဆရာ့ဆိုင်ကယ်ကို စီးပြီး လာယူလို့ရပါတယ်… >> >> စားသုံးသူ။ “ဘာ!!!” >> >> အော်ပရေတာ။ “စနစ်တွေမှာ ဖော်ပြထားတဲ့ အသေးစိတ် အချက်အလက်တွေအရ၊ ဆရာ့မှာ ဆိုင်ကယ်တစ်စီးရှိပြီးတော့ မှတ်ပုံတင်နံပါတ် ၉၂၇၃၄၈ ….. >> >> စားသုံးသူ။ “?????????” >> >> အော်ပရေတာ။ “ဘာအလိုရှိသေးပါသလဲ ဆရာ..” >> >> စားသုံးသူ။ ” မရှိဘူး !! စကားမစပ် ကိုလာ (၃) လုံးလောက် ကြော်ငြာအနေနဲ့ မပေးနိုင်ဘူးလား..” >> >> အော်ပရေတာ။ “သာမန်အားဖြင့်တော့ ပေးနိုင်ပါတယ်.. ဒါပေမယ့် မှတ်တမ်းတွေအရ..ဆရာ့မှာ ဆီးချို…..” >> >> စားသုံးသူ။ “***%&$%%### $##$%%@!)))” >> >> အော်ပရေတာ။ “ဆရာ ပြောတာဆိုတာ ကိုကြည့်ပြောရင် ကောင်းပါမယ်.. ဆရာ ၁၉၈ရ ဇူလိုင်လ (၁၅) ရက် တုန်းက ဆရာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုမှု အတွက် အပြစ်ဒဏ်ချခံရဖူးတာ အမှတ်ရပါ..” >> >> စားသုံးသူ။ မူးလဲသွားပါတယ်…

2 comments

  • alfred

    August 18, 2010 at 3:55 pm

    တော်တော်ရယ်ရပါတယ်။ တင်ပေးတာကိုလည်းကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အဲစနစ်ရဖို့ နောက်နှစ်ပေါင်း ငါးဆယ်လောက်စောင့်ရအုန်းမယ်ထင်တယ်။ စာရင်းလိမ်တွေမို့လို့လေ။ 😛 ဒါတောင် အခုစလုပ်မှနော်။ နို့မို့ဆို အကန့်အသတ်မရှိပဲ။ 😀

  • kai

    August 18, 2010 at 8:23 pm

    ယူအက်စ်မှတော့ အဲဒါမျိုူးပြသနာတက်နိုင်ခြေတွေရှိလို့..ပရိုက်ဗေစီဆိုပြီး လှိမ့်အော်နေကြတာဗျ။
    ဖေ့စ်ဘုတ်ကိုလည်း ဒါကြောင့် ပရိုက်ဗေစီ လုပ်ပါ။ ကာကွယ်ပါ ဝိုင်းအော်နေကြတာ။
    ဒါပေမဲ့ကြည့်ရတာ..အခြေအနေမကောင်းဘူး..။ အဲဒီလို ဖြစ်လာနိုင်တာပဲ..။

Leave a Reply